တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) စတုတ္ထအကြိမ်မြောက်အစည်းအဝေး ပိတ်ပွဲအခမ်းအနား မကျင်းပမီ ပြည်သူ့ခန်းမဆောင်၏ မြင်ကွင်းအား ၂၀၂၆ ခုနှစ် မတ် ၁၂ ရက် က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) စတုတ္ထအကြိမ်မြောက်အစည်းအဝေး ပိတ်ပွဲအခမ်းအနား မကျင်းပမီ ပြည်သူ့ခန်းမဆောင်၏ မြင်ကွင်းအား ၂၀၂၆ ခုနှစ် မတ် ၁၂ ရက် က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဟေးလုံကျန်းပြည်နယ်တွင် သတ်မှတ်ချက်နှင့်ပြည့်မီသည့် ပြည်သူများသည် မည်သည့် လျှောက်လွှာမျှ တင်သွင်းရန် မလိုဘဲ အချို့သော ဆေးဝါးကုသမှု အကူအညီများနှင့် အခြား ထောက်ပံ့မှုများကို ရရှိနိုင်သည်။ ထောက်ပံ့မှုများရရှိနိုင်ရန်အတွက် လိုအပ်သော အချက်အလက်များကို အစိုးရဌာနများက အပြန်အလှန် မျှဝေထားခြင်း ဖြစ်သည်။

ပြည်နယ်အဆင့် စည်းကမ်းစစ်ဆေးရေးအဖွဲ့အစည်းများသည် ဤပြောင်းလဲမှုကို အားဖြည့်တွန်းအားပေး ဖော်ဆောင်ခဲ့သည်။ ၎င်းတို့သည် ပြည်သူ့ရေးရာဌာနများအား ဌာနနှင့် အဖွဲ့အစည်းပေါင်း ၃၃ ခုကို ချိတ်ဆက်ပေးသည့် အချက်အလက် မျှဝေရေး ကွန်ရက်တစ်ခု တည်ဆောက်ရန် တွန်းအားပေးခဲ့ရာ မကြာခဏ အသုံးပြုလေ့ရှိသော အကူအညီပေးရေး ဝန်ဆောင်မှု ၁၂ ခုကို လျှောက်လွှာတင်ရန် မလိုဘဲ ဆောင်ရွက်ပေးနိုင်ခဲ့သည်။

အဆိုပါ အစီအမံသည် တရုတ်ကွန်မြူနစ်ပါတီ (CPC) ၏ မိမိကိုယ်ကိုယ် ကြီးကြပ်ကွပ်ကဲသည့်စနစ်က ပြည်သူ့ဝန်ဆောင်မှုများကို မည်သို့ တိုးတက်ကောင်းမွန်စေကြောင်းနှင့် အကျိုးခံစားခွင့်များသည် အမှန်တကယ်လိုအပ်နေသူများထံသို့ ရောက်ရှိနိုင်ရေး မည်သို့ အာမခံချက်ပေးကြောင်း ပြသသည့် လက်တွေ့ကျသော စံနမူနာတစ်ခုဖြစ်သည်။

ပြည်သူများ၏ လူနေမှုဘဝကို လက်တွေ့ကျကျ မြှင့်တင်ပေးခြင်းဖြင့် ပြည်သူ့ယုံကြည်မှုကို ရယူခြင်းသည် ပါတီအား ဘက်ပေါင်းစုံမှ တင်းကျပ်စွာ စီမံခန့်ခွဲခြင်း၏ ထင်ရှားသော လက္ခဏာတစ်ရပ်ဖြစ်သလို တရုတ်ကွန်မြူနစ်ပါတီ ၂၀ ကြိမ်မြောက် ဗဟိုကော်မတီ၏ ပဉ္စမအကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေး၏ အရေးကြီးသော အစီအစဉ်တစ်ရပ်လည်း ဖြစ်သည်။ ပေကျင်းမြို့၌ အောက်တိုဘာ ၂၆ ရက်က စတင်ကျင်းပခဲ့သည့် အဆိုပါ အရေးပါသော အစည်းအဝေးတွင် ပါတီအား ဘက်ပေါင်းစုံမှ တင်းကျပ်စွာ စီမံခန့်ခွဲမှုကို  ဇွဲလုံ့လဖြင့် ခိုင်မာစွာဆောင်ရွက်ရေးဆိုင်ရာ အဓိက ကိစ္စရပ်များအပေါ် တရုတ်ကွန်မြူနစ်ပါတီ  (CPC) ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက် မူကြမ်းကို သုံးသပ်ဆွေးနွေးလျက်ရှိသည်။

ပြည်သူများအပေါ် ထားရှိသည့် ကတိကဝတ်

တရုတ်ကွန်မြူနစ်ပါတီ ဖွဲ့စည်းပုံပဋိညာဉ်၌ ပါတီသည် ပြည်သူ့တာဝန်ကို ထမ်းဆောင်ရန် ကတိပြုထားပြီး အလုပ်သမားလူတန်းစားနှင့် တတ်နိုင်သမျှ အများဆုံးသော ပြည်သူလူထု၏ အကျိုးစီးပွားမှအပ သီးသန့်ကိုယ်အကျိုးစီးပွားဟူ၍ မရှိဟု ပြဋ္ဌာန်းထားသည်။

ကိုယ်ကျိုးမရှာခြင်းကြောင့် တရုတ်ကွန်မြူနစ်ပါတီသည် ဘက်ပေါင်းစုံမှနှံ့စပ်စွာ မိမိကိုယ်ကိုယ် ပြုပြင်ပြောင်းလဲရေး စိတ်ဓာတ်ကို ထိန်းသိမ်းထားနိုင်သကဲ့သို့ မိမိ၏ ပြဿနာများကို လျင်မြန်စွာသိရှိ၊ ဖြေရှင်းနိုင်ခြင်းဖြင့် ပါတီဝင်များအား မည်သည့် အကျိုးစီးပွားအုပ်စု၊ အာဏာအုပ်စု သို့မဟုတ် အခွင့်ထူးခံ လူတန်းစားကမျှ သားကောင်အဖြစ် ပစ်မှတ်ထားခြင်း သို့မဟုတ် အဂတိလိုက်စားစေခြင်းတို့မှ တားဆီးပေးနိုင်ပေသည်။

၂၀၁၂ ခုနှစ်မှစ၍ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန်သည် "ပြည်သူသန်းပေါင်း ၁,၄၀၀ ၏ မျှော်လင့်ချက်များကို ပျက်စီးစေမည့်အစား ထောင်ဂဏန်းရှိသည့် လူနည်းစုကိုသာ ထိုက်သင့်သည့်ပြစ်ဒဏ်ပေးမည်" ဆိုသည့် ခိုင်မာသော သန္နိဋ္ဌာန်ဖြင့် မကြုံစဖူး အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုကို ဦးဆောင်ခဲ့သည်။ အဆိုပါ လှုပ်ရှားမှုသည် အဆင့်မြင့်နှင့် အောက်ခြေအဆင့် အဂတိလိုက်စားသော အရာရှိများကို အဓိက ပစ်မှတ်ထား ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ပြည်သူလူထု၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ခြင်း

သမ္မတ ရှီကျင့်ဖိန်က ပါတီဝင်များအား “ပြည်သူ့အကျိုးပြုနိုင်ခြင်းသည် ၎င်းတို့၏ အကြီးမားဆုံးသော နိုင်ငံရေးအောင်မြင်မှုရလဒ် ဖြစ်သည်" ဆိုသည်ကို စွဲစွဲမြဲမြဲ မှတ်သားထားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ပိုမိုကောင်းမွန်သော စီမံခန့်ခွဲမှုကို တည်ဆောက်ခြင်း

အစိုးရဝန်ထမ်းအရာရှိများအနေဖြင့် အဂတိမလိုက်စားဝံ့စေရန်၊ အဂတိလိုက်စားရန် အခွင့်အရေးနှင့် အလိုဆန္ဒ မရှိစေရန်အတွက် တစ်ပြိုင်နက်တည်း ဘက်ပေါင်းစုံမှ ဟန်ချက်ညီညီ ဆောင်ရွက်သွားရန် သမ္မတ ရှီကျင့်ဖိန်က အကြိမ်ကြိမ် တိုက်တွန်းခဲ့သည်။

မိမိကိုယ်ကိုယ် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဆောင်းပါးတွင် သမ္မတ ရှီကျင့်ဖိန်က ပါတီ၏ ကျင့်ဝတ်ကို မြှင့်တင်ရန်၊ စည်းကမ်းထိန်းသိမ်းရေးနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးတို့အား တင်းကျပ်စွာ ဆောင်ရွက်ရေး ကြိုးပမ်းသွားကြရန် တိုက်တွန်းခဲ့ပြီး ပါတီ၏ မိမိကိုယ်ကိုယ် ကြီးကြပ်ကွပ်ကဲမှုကို ပြည်သူ၏ကြီးကြပ်မှုနှင့် ပေါင်းစပ်၍ ပါတီ၏ မိမိကိုယ်ကိုယ် ပြုပြင်ပြောင်းလဲရေးကို ပိုမိုနက်ရှိုင်းစွာ တွန်းအားပေး ဆောင်ရွက်ရန် အလေးထားပြောကြားခဲ့သည်။ (Xinhua)

သတင်းအပြည့်အစုံအား အောက်ပါလင့်ခ်မှတစ်ဆင့် ကြည့်ရှုနိုင်ပါသည်။

english.news.cn/20261027/0d733a1f475746f0b170f91c34e84490/c.html

-----------------------------

(English Version)

Explainer: Why the CPC puts people's well-being at the heart of self-governance

In northeast China's Heilongjiang Province, eligible residents can receive certain forms of medical assistance and other support without submitting an application. Government departments share the information needed to provide the benefits.

The provincial bodies responsible for disciplinary inspection helped drive the change. They prompted civil affairs departments to build a data-sharing network connecting 33 departments and institutions, enabling 12 frequently used assistance services to be provided without applications.

The initiative offers a concrete example of how the self-supervision of the Communist Party of China (CPC) improve public services and help ensure that benefits reach those who most need them.

Earning public trust through tangible improvements in people's lives is a defining feature of the CPC's full and rigorous self-governance, which is high on the agenda of the fifth plenary session of its 20th Central Committee. The key meeting, which opened Monday in Beijing, is considering a draft decision of the CPC Central Committee on major issues concerning strengthening full and rigorous Party self-governance with perseverance.

COMMITMENT TO THE PEOPLE

The CPC constitution commits the Party to serving the people, and states that it has no special interests of its own apart from those of the working class and the broadest possible majority of the people.

Without seeking self-interest, the CPC can keep its spirit of thorough self-reform, and by swiftly detecting and resolving its own problems, the Party can prevent any interest group, power group or privileged stratum from preying on or corrupting its members.

Chinese President Xi Jinping, also general secretary of the CPC Central Committee, has led an unprecedented anti-corruption campaign since 2012, driven by a determination to "offend a few thousand rather than fail 1.4 billion." The campaign has targeted corrupt officials at both high and low levels.

SAFEGUARDING PEOPLE'S INTERESTS

Xi has called on Party members to bear in mind that "benefiting the people is their greatest political achievement."

BUILDING BETTER GOVERNANCE

On several occasions, Xi has called for taking simultaneous, coordinated, and comprehensive steps to ensure that officials do not have the audacity, opportunity or desire to become corrupt.

In his article on the Party's self-reform, Xi urged efforts to improve Party conduct, enforce discipline, and fight corruption, while integrating Party self-supervision with public oversight to deeply advance the Party's self-reform.

english.news.cn/20261027/0d733a1f475746f0b170f91c34e84490/c.html

Photo Caption:This photo taken on March 12, 2026 shows the Great Hall of the People ahead of the closing meeting of the fourth session of the 14th National People's Congress (NPC) in Beijing, capital of China. (Xinhua/Li Yan)