ပြင်သစ်နိုင်ငံ မြို့အများအပြား၌ အကြီးစား ချီတက်ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ရာ ပဲရစ်မြို့ လမ်းမပေါ်၌ ဆန္ဒပြသူများက အမှိုက်ပုံးများဖြင့် လမ်းများ ပိတ်ဆို့ခြင်းအား ရဲများက တားဆီးနေသည်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ပြင်သစ်နိုင်ငံ မြို့အများအပြား၌ အကြီးစား ချီတက်ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ရာ ပဲရစ်မြို့ လမ်းမပေါ်၌ ဆန္ဒပြသူများက အမှိုက်ပုံးများဖြင့် လမ်းများ ပိတ်ဆို့ခြင်းအား ရဲများက တားဆီးနေသည်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပဲရစ်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံ နေရာအများအပြားတွင် မကြာသေးမီရက်က ဆန္ဒပြလှုပ်ရှားမှုများ ဖြစ်ပွားခဲ့ပြီး မြို့တော် ပဲရစ်နှင့် အခြားသောဒေသများ၌ အကြမ်းဖက်ဆူပူမှုများ ပေါ်ပေါက်ခဲ့သည်။ ပြင်သစ်သမ္မတ မက်ခရွန်သည် အောက်တိုဘာ ၁၈ ရက်တွင် ရုပ်မြင်သံကြားမိန့်ခွန်းပြောကြားကာ ဆန္ဒပြမှုများအတွင်း အကြမ်းဖက်မှုများကို ပြစ်တင်ရှုတ်ချခဲ့ပြီး တစ်ချိန်တည်းမှာပင် အစိုးရအနေဖြင့် လူငယ်များ၏ စိုးရိမ်ပူပန်မှုများကို တုံ့ပြန်ရန်အတွက် အစီအမံများကို လေ့လာသုံးသပ်မည်ဟု ပြောကြားခဲ့သည်။

ပြင်သစ်နိုင်ငံ၌ ယခုအကြိမ် အကြီးစားဆန္ဒပြမှုများ ဖြစ်ပွားရခြင်း မီးစမှာ ပညာရေးအရင်းအမြစ်ရှားပါးမှုစသည့် ကိစ္စရပ်များကြောင့်ဖြစ်ပြီး ထိုဆန္ဒပြလှုပ်ရှားမှုများသည် တဖြည်းဖြည်း တစ်နိုင်ငံလုံးသို့ ပျံ့နှံ့ကာ တောင်သူလယ်သမားများ၊ မြို့သူမြို့သားများ စသည့် လူအုပ်စုများပါ ဆက်တိုက် ပူးပေါင်းပါဝင်လာခဲ့သည်။ ဆန္ဒပြတောင်းဆိုမှုများသည် လူနေမှုစရိတ်မြင့်တက်မှုနှင့် ပြည်သူ့ဝန်ဆောင်မှုအဆင့်အတန်း ကျဆင်းမှုတို့ကို အဓိကထားပြီး ပြင်သစ်နိုင်ငံ ရင်ဆိုင်နေရသော ဘဏ္ဍာရေးအကျပ်အတည်း၊ လူမှုဖူလုံရေးဖိအား၊ နိုင်ငံရေးအစွန်းရောက်မှု စသည့် ဆန့်ကျင်ဘက်အခြေအနေမျိုးစုံ ရောထွေးယှက်နွယ်နေသည့် စီမံခန့်ခွဲမှုဆိုင်ရာ အကျပ်အတည်းကို ထင်ရှားစေသည်ဟု မီဒီယာများနှင့် သုံးသပ်သူများက ဖော်ပြကြသည်။

ပညာရေးပြဿနာ - ဆန္ဒပြမှု မီးစ

ပြင်သစ်နိုင်ငံတွင် မကြာသေးမီတစ်လအတွင်း ဆန္ဒပြမှုများ အဆက်မပြတ် ဖြစ်ပွားခဲ့သည်။ ပြင်သစ်မီဒီယာများ၏ ဖော်ပြချက်အရ ထိုသို့ဖြစ်ပွားခြင်း၏ရင်းမြစ်မှာ စက်တင်ဘာလလယ်တွင် ပဲရစ် တောင်ပိုင်း ဆင်ခြေဖုံးရပ်ကွက် ကရက်တေး (Créteil) ရှိ အထက်တန်းကျောင်းတစ်ကျောင်းတွင် ကျောင်းသားများ သပိတ်မှောက်မှုကြောင့်ဖြစ်သည်။ သင်ကြားရေးဆရာ နေရာလစ်လပ်၍ အစားထိုးသင်ကြားပေးသူမရှိခြင်း စသည့် ပညာရေးအရင်းအမြစ်ရှားပါးမှုကိစ္စရပ်များကို ကျောင်းသားများသည် ကန့်ကွက်ခဲ့ကြသည်။ ယင်းနောက်ပိုင်း ဆန္ဒပြပွဲများသည် တစ်နိုင်ငံလုံးသို့ ပျံ့နှံ့ခဲ့သည်။

လူငယ်များ၏ တောင်းဆိုချက်များသည် ကျောင်းအဆောက်အအုံများ ဟောင်းနွမ်းမှု၊ စာသင်ခန်းများ ကျဉ်းကျပ်မှု၊ ကာလကြာရှည်စွာ သင်ကြားရေးဆရာရှားပါးမှု၊ သင်ရိုးညွှန်းတမ်းအစီအစဉ် ဆီလျော်မှုမရှိခြင်း စသည့် ကိစ္စရပ်များကို အဓိကအာရုံစိုက်ကြပြီး အစိုးရအား ပညာရေးအရင်းအမြစ် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရန်နှင့် ပညာရေးတန်းတူညီမျှမှုကိုအာမခံရန် တောင်းဆိုခဲ့ကြသည်။ ပြင်သစ်မီဒီယာများ၏ ဖော်ပြချက်အရ အစိုးရအား ပညာရေး ထောက်ပံ့ကူညီပေးမှုတွင် ယူရို ၁၀ ဘီလီယံ အသုံးပြုရန် ဆန္ဒပြသူများက တောင်းဆိုခဲ့ကြသည်။

မက်ခရွန်က အောက်တိုဘာ ၁၈ ရက် မိန့်ခွန်းတွင် လူငယ်များ၏ စိုးရိမ်ပူပန်မှုများအပေါ် နားလည်ကြောင်း ဖော်ပြခဲ့ပြီး အစိုးရအနေဖြင့် လာမည့်ရက်သတ္တပတ်အတွင်း ကျောင်းသား၊ ဆရာ၊ အလုပ်သမားသမဂ္ဂ စသည်တို့နှင့် တုံ့ပြန်မှုအစီအမံများကို ပူးတွဲလေ့လာပြီး လူငယ်များ၏ စိုးရိမ်ပူပန်မှုများကို တုံ့ပြန်မည်ဟု ပြောကြားခဲ့သည်။

ဆန္ဒပြတောင်းဆိုမှုများ၏ နောက်ကွယ်တွင် ပြင်သစ်ပညာရေးကဏ္ဍ၏ ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ ပြဿနာများ ရှိနေကြောင်း ပြင်သစ်လူမှုဗေဒပညာရှင်၊ Université de Paris VIII ပညာရှင် Fabien Chang က ယူဆသည်။ “ဒီတောင်းဆိုချက်တွေက အချိန်ကြာမြင့်စွာ ဖြည့်ဆည်းပေးခြင်း မခံရဘဲ ပြဿနာတွေကလည်း ရေရှည်တည်ရှိနေတာကြောင့် မကျေနပ်ချက်တွေ ပေါက်ကွဲထွက်လာရတာ ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

ပြင်သစ်နိုင်ငံ မြောက်ပိုင်း Wasquehal ရှိ လောင်စာဆီဆိုင်တစ်ခုကို ၂၀၂၆ ခုနှစ် မတ်လ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ပြင်သစ်နိုင်ငံ မြောက်ပိုင်း Wasquehal ရှိ လောင်စာဆီဆိုင်တစ်ခုကို ၂၀၂၆ ခုနှစ် မတ်လ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပြည်သူတို့၏ လူနေမှုဘဝ ဝန်ထုပ်ဝန်ပိုး - ပဋိပက္ခများကို ပိုမိုကြီးထွားစေသည့် အကြောင်းရင်း

အကယ်၍ ပညာရေးကဏ္ဍ၏ တောင်းဆိုချက်များအပေါ် တုံ့ပြန်မှုမရှိပါက သက်ဆိုင်ရာ လူအုပ်စုများ၏ ဒေါသမှာ စွမ်းအင်စျေးနှုန်းမြင့်တက်မှုနှင့် ပြည်သူ့ဝန်ဆောင်မှုများ လျှော့ချမှုအပေါ် ပြည်သူများ၏ မကျေနပ်မှုနှင့် ထပ်ဆင့်ပေါင်းစပ်သွားကာ ဆန္ဒပြလှုပ်ရှားမှုများတွင် လူအုပ်စုအမျိုးမျိုး ပူးပေါင်းပါဝင်လာစေမည့် အခြေအနေမျိုးကို ဖြစ်ပေါ်စေနိုင်ကြောင်း ပြင်သစ်မီဒီယာများက ယင်းမတိုင်ခင်ကပင် ထောက်ပြခဲ့သည်။

ယင်းခန့်မှန်းချက်သည် ယင်းနောက်ပိုင်းတွင် မှန်ကန်ကြောင်း သက်သေပြခဲ့သည်။ စက်တင်ဘာလဆန်းတွင် ဆိုရှယ်မီဒီယာ၌ ဓာတ်ဆီစျေးနှုန်းမြင့်တက်မှုကို ကန့်ကွက်ကာ ပြည်သူလူထုအား အောက်တိုဘာလ ၁၇ ရက်တွင် “စုဝေးကြရန်” နှိုးဆော်ထားသော ဗီဒီယိုတိုတစ်ခု ပေါ်ထွက်ခဲ့ပြီး ထို့နောက် ကျယ်ပြန့်စွာ ပျံ့နှံ့ခဲ့ကြောင်း၊ ယင်းဆန္ဒပြစည်းရုံးမှုသည် လူအုပ်စုအများအပြား၏ တုံ့ပြန်မှုကိုရရှိခဲ့ပြီး အလုပ်သမားသမဂ္ဂအဖွဲ့အစည်းအချို့ပါ ပူးပေါင်းပါဝင်လာခဲ့ကာ ဆန္ဒပြတောင်းဆိုချက်များတွင် လူနေမှုစရိတ်လျှော့ချရေး၊ ပညာရေးနှင့် ပြည်သူ့ဝန်ဆောင်မှုများ တိုးမြှင့်ရေး စသည်တို့ ပါဝင်ကြောင်း ပြင်သစ်သတင်းစာ Le Parisien ၏ ဖော်ပြချက်အရ သိရသည်။

ယခုလ ၁၇ ရက်တွင်မူ ဆန္ဒပြလှုပ်ရှားမှုများမှာ ပဲရစ်၊ လီယွန်း၊ လိုင်လီ၊ မာဆေး၊ ဘောရ်ဒိုး ၊ စတရာ့စ်ဘူရ် စသည့် မြို့များစွာသို့ ပျံ့နှံ့သွားခဲ့သည်။ ပြင်သစ်အစိုးရ၏ ခန့်မှန်းချက်အရ တစ်နိုင်ငံလုံး၌ ခန့်မှန်းခြေ လူဦးရေ ၅၅၀,၀၀၀ ခန့် ပါဝင်ဆင်နွှဲခဲ့ပြီး စီစဉ်သူဘက်ကမူ လူဦးရေ ၈ သိန်းအထိရှိသည်ဟု ဆိုသည်။

မြို့အချို့တွင် အကြမ်းဖက်ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။ ပဲရစ် နေရာအများအပြား၌ ကားများမီးရှို့ခြင်း၊ ဆိုင်ခန်းများဖျက်ဆီးခြင်း စသည့် ဆူပူသောင်းကျန်းမှုများ ဖြစ်ပွားခဲ့ပြီး လီယွန်းရှိ ခရီးသွားလုပ်ငန်းဌာနခွဲတစ်ခုမှာ ထိုနေ့တွင် မီးရှို့ခြင်းနှင့် လုယက်ခြင်းခံခဲ့ရသည်။ မာဆေးနှင့် လိုင်လီရှိ မြို့တော်ခန်းမများကို ဆန္ဒပြသူများက ဝင်ရောက်ကျူးကျော်ကာ ဖျက်ဆီးခဲ့သည်။

ပြင်သစ်ပြည်ထဲရေးဝန်ကြီးဌာန၏ စာရင်းဇယားများအရ အောက်တိုဘာ ၁၇ ရက် နိုင်ငံတစ်ဝန်း ဆန္ဒပြလှုပ်ရှားများအတွင်း လူပေါင်း ၂,၃၉၇ ဦး ဖမ်းဆီးခြင်းခံခဲ့ရပြီး ရဲတပ်ဖွဲ့ဝင်နှင့် လက်နက်ကိုင်တပ်ဖွဲ့ဝင် ၉၉၇ ဦး ဒဏ်ရာရရှိခဲ့ကာ ၎င်းတို့အနက် ၇ ဦးမှာ ဒဏ်ရာပြင်းထန်ခဲ့ကြောင်း၊ ဆိုင်လုပ်ငန်းရှင်ရာပေါင်းများစွာ ပြင်းထန်သော ပစ္စည်းဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။ အောက်တိုဘာ ၁၇ ရက်က ဆန္ဒပြလှုပ်ရှားမှုများ ထိန်းမနိုင်သိမ်းမရဖြစ်ခဲ့၍ ပြင်သစ်နိုင်ငံအတွင်း ဆယ်စုနှစ်များစွာတစ်လျှောက် အဆိုးရွားဆုံးသော အကြမ်းဖက်ဖြစ်ရပ်များအနက် တစ်ခုအဖြစ် ဖြစ်ပေါ်ခဲ့သည်ဟု မီဒီယာအချို့က ထောက်ပြခဲ့သည်။

အစိုးရအနေဖြင့် “ကြိုတင်ခန့်မှန်းမှု မလုံလောက်” ၍ လုံခြုံရေးတပ်ဖွဲ့များကို လုံလောက်စွာ ဖြန့်ကြက်နိုင်ခဲ့ခြင်းမရှိကြောင်း၊ ရဲတပ်ဖွဲ့များသည် အောက်တိုဘာ ၁၇ ရက် အကြမ်းဖက်ဆန္ဒပြမှုများကို ရင်ဆိုင်တုံ့ပြန်ရာတွင် ဒေသအချို့၌ အခြေအနေကို ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးခဲ့ရကြောင်း ပြင်သစ်ပြည်ထဲရေးဝန်ကြီး Laurent Nuñez က အောက်တိုဘာ ၁၉ ရက်တွင် ပြင်သစ်မီဒီယာ၏ မေးမြန်းမှုကို လက်ခံဖြေကြားစဉ် ပြောကြားခဲ့သည်။

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ အမျိုးသားလွှတ်တော်၌ ပြင်သစ်ဝန်ကြီးချုပ် Sébastien Lecornu က အယုံအကြည်မရှိ အဆိုအပေါ်မဲပေးမှုမတိုင်မီ အချေအတင်ဆွေးနွေးမှုတွင် မိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ အမျိုးသားလွှတ်တော်၌ ပြင်သစ်ဝန်ကြီးချုပ် Sébastien Lecornu က အယုံအကြည်မရှိ အဆိုအပေါ်မဲပေးမှုမတိုင်မီ အချေအတင်ဆွေးနွေးမှုတွင် မိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

စီမံခန့်ခွဲမှုစွမ်းရည် ချို့ယွင်းမှု - မငြိမ်မသက်မှုများ၏ အခြေခံအရင်းအမြစ်

ပြင်သစ်နိုင်ငံသည် မကြာသေးမီတွင် ဆန္ဒပြလှုပ်ရှားမှုများ ဆက်တိုက်ဖြစ်ပွားပြီး ဒေသအချို့တွင် ဆူပူသောင်းကျန်းမှုများကို ဖြစ်ပေါ်ခဲ့ခြင်းသည် ပြင်သစ်နိုင်ငံ ရင်ဆိုင်နေရသော အဓိက စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်နှစ်ရပ်ကို ထပ်မံ၍ ပေါ်လွင်ထင်ရှားလာစေခဲ့သည်ဟု လေ့လာသုံးသပ်သူများက ယူဆကြသည်။

ပထမမှာ ဘဏ္ဍာရေးအကျပ်အတည်းနှင့် လူမှုဖူလုံရေးပုံစံတို့အကြား ပဋိပက္ခမှာ တစ်နေ့တစ်ခြား ပိုမိုထင်ရှားလာနေခြင်းဖြစ်သည်။ စီးပွားရေးတိုးတက်မှုနှေးကွေးခြင်း၊ လူဦးရေ အိုမင်းမှုနှင့် ကြွေးမြီဖိအားများကို ရင်ဆိုင်နေရသော ပြင်သစ်အစိုးရအနေဖြင့် လက်ရှိ လူမှုဖူလုံရေးယန္တရားကို ချိန်ညှိပါက ပြည်သူများ၏ အကျိုးစီးပွားမျှော်မှန်းချက်များကို လွယ်ကူစွာ ထိခိုက်စေနိုင်ပြီး၊ မူဝါဒချိန်ညှိမှုများကို ရှောင်ရှားပါက ရေရှည်ဘဏ္ဍာရေးဖိအားများမှာ ပိုမို သက်သာရန် ခက်ခဲလာမည်ဖြစ်သည်။

လက်ရှိတွင် ပြင်သစ်နိုင်ငံ၏ အများပြည်သူ့ကြွေးမြီမှာ မြင့်မားနေပြီး အစိုးရအနေဖြင့် ပညာရေးရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်ကုန်ကျစရိတ်လျှော့ချရေး    စသည့် ကဏ္ဍများအတွက် ဘတ်ဂျက်မှာ အကန့်အသတ်ရှိကြောင်း၊ ဘဏ္ဍာရေးအခက်အခဲများက ပြည်သူ့တောင်းဆိုချက်များအပေါ် အစိုးရ၏ တုံ့ပြန်နိုင်စွမ်းကို ကန့်သတ်ထားပြီး လူမှုရေးဆိုင်ရာ မကျေနပ်မှုများကို ပိုမိုဆိုးရွားစေခဲ့ကြောင်း ပဲရစ် နိုင်ငံရေးလေ့လာမှုဆိုင်ရာ အင်စတီကျုမှ     ပြင်သစ်နိုင်ငံရေးပညာရှင် Aurélien Dubuisson က ပြောကြားခဲ့သည်။

ဒုတိယမှာ နိုင်ငံရေးအစွန်းရောက်မှုများ ပိုမိုဆိုးရွားလာပြီး အုပ်စုအသီးသီးအနေဖြင့် အပေးအယူသဘောတူညီမှုရရှိရန် ခက်ခဲသောကြောင့် အစိုးရ၏ စီမံခန့်ခွဲမှုစွမ်းရည်ကို ပိုမိုကန့်သတ်နေခြင်းဖြစ်သည်။ ယခုအကြိမ် ဆန္ဒပြမှုအတွင်း ပြင်သစ်အာဏာရအုပ်စုနှင့် လက်ယာယိမ်း နိုင်ငံရေးသမားများက အဆိုပါ အကြမ်းဖက်မှုလုပ်ရပ်များကို လက်ဝဲယိမ်းအုပ်စု၏ လှုံ့ဆော်ဖျက်ဆီးမှုကြောင့်ဟု အပြစ်တင်ခဲ့ကြပြီး လက်ဝဲယိမ်းကမူ အစိုးရ၏ တုံ့ပြန်မှု မသင့်လျော်ခြင်း၊ အကြမ်းဖက်ဥပဒေစိုးမိုးရေးတို့ကြောင့်ဖြစ်သည်ဟု ပြစ်တင်ဝေဖန်ခဲ့သည်။

မက်ခရွန်အစိုးရနှင့် လက်ဝဲယိမ်း၊ လက်ယာယိမ်းတို့ အပါအဝင် အတိုက်အခံအုပ်စုအားလုံးသည် လက်ရှိအကျပ်အတည်းအခြေအနေအတွက် တာဝန်အချို့ကို ထမ်းဆောင်သင့်ပြီး ဘက်အသီးသီးမှာ တစ်နေ့တစ်ခြား ဆိုးရွားလာနေသော ဘဏ္ဍာရေးအကျပ်အတည်းကို ပူးပေါင်းကိုင်တွယ်ဖြေရှင်းခြင်းမဟုတ်သော နိုင်ငံရေးပြိုင်ဆိုင်မှုများအပေါ် ပိုမိုစိတ်အားထက်သန်နေကြကြောင်း အမေရိကန် The New York Times က သတင်းဖော်ပြထားသည်။ ပြင်သစ်နိုင်ငံရေးပါတီများအကြား အပေးအယူပြုလုပ်မှု အစဉ်အလာ နည်းပါးပြီး အာဏာရပါတီတင်ပြသည့် ပြုပြင်ပြောင်းလဲရေးအစီအစဉ်များသည် အတိုက်အခံပါတီများနှင့် အခြားအကျိုးစီးပွားအုပ်စုများ၏ အတားအဆီးများနှင့် မကြာခဏ ကြုံတွေ့ရလေ့ရှိကြောင်း ဗြိတိန်သတင်းစာ The Guardian ကလည်း ယင်းမတိုင်ခင်ကပင် မှတ်ချက်ပြုရေးသားခဲ့သည်။

ပြင်သစ်နိုင်ငံသည် “သံသရာဆိုး” ထဲသို့ ရောက်ရှိနေပြီး လူမှုရေးဝန်းကျင်မှာ “ခဲယမ်းမီးကျောက်ပုံး” ပမာ …… မီဒီယာနှင့် ပညာရှင်အများအပြားက ပြင်သစ်နိုင်ငံ၏ လက်ရှိအခြေအနေနှင့် အနာဂတ် အလားအလာများအပေါ် စိုးရိမ်ပူပန်လျက်ရှိသည်။ ယင်းအရာအားလုံးသည် အမှောင်ထု ပိုမိုသိပ်သည်းလာသည့် ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်လာပြီး ပြင်သစ်နိုင်ငံသည် လူမှုရေးယိုယွင်းကျဆင်းမှုအဆင့်တွင် ရှိနေကာ “ထွက်ပေါက်မရှိ လမ်းဆုံး” ဆီသို့ ဦးတည်နေသည်ဟု ပြင်သစ်လူမှုဗေဒပညာရှင် Jérôme Fourquet က ပြောကြားခဲ့သည်။ (Xinhua)

..........................................

(Chinese Version)

国际观察|法国社会动荡背后的现实矛盾和深层困境

新华社巴黎10月19日电 题:法国社会动荡背后的现实矛盾和深层困境  新华社记者孙毅  

法国多地日前爆发抗议示威活动,首都巴黎等地出现暴力骚乱。法国总统马克龙18日发表电视讲话,谴责抗议中的暴力行为,同时称政府将研究措施回应青年群体的关切。  

法国此次爆发大规模抗议示威的导火索是教育资源匮乏等问题,抗议活动逐渐蔓延至全国,农民、市民等群体相继加入。媒体和分析人士表示,抗议诉求集中于生活成本上涨和公共服务水平下降,凸显法国面临财政危机、福利承压、政治极化等多重矛盾交织的治理困境。  

教育问题:抗议导火索  

法国近一个月来抗议活动不断。据法国媒体报道,源头是9月中旬巴黎南郊克雷泰伊一所高中发生学生罢课。学生们抗议教师岗位空缺而无人代课等教育资源匮乏问题。此后,抗议活动蔓延至全国。  

青年群体的诉求主要聚焦校舍破旧、教室拥挤、师资长期短缺、课程安排不合理等问题,要求政府加大教育资源投入,保障教育公平。据法媒报道,抗议者要求政府提供100亿欧元用于支持教育。  

马克龙在18日的讲话中对青年群体的焦虑表示理解,称政府将在未来一周与学生、教师、工会等共同研究应对措施,回应青年群体关切。  

法国社会学家、巴黎第八大学学者法比安·张认为,抗议诉求背后是法国教育领域的结构性问题。“这些诉求一直得不到满足,问题长期存在,不满情绪才会爆发。”

民生负担:矛盾倍增器  

法国媒体此前指出,若教育领域的诉求无法得到回应,相关群体的愤怒或将与民众对能源价格高涨、公共服务削减的不满叠加,进而引发抗议活动的跨群体动员。  

这一判断随后应验。据法国《巴黎人报》报道,9月初,社交媒体上出现一条抗议油价上涨、动员民众在10月17日“集结”的短视频,并被广泛传播。这一抗议动员获得多个群体的响应,部分工会组织也加入其中,抗议诉求包括降低生活成本、提升教育和公共服务等。  

本月17日,抗议示威活动在巴黎、里昂、里尔、马赛、波尔多、斯特拉斯堡等多座法国城市蔓延。法国政府估计,全国约55万人参加示威,组织方则称当天全国抗议人数达80万。  

部分城市发生暴力冲突。巴黎多处出现焚烧车辆、打砸商铺等乱象,里昂旅游局一分支机构当天遭纵火和抢劫,马赛、里尔的市政厅遭抗议者闯入和破坏。  

法国内政部统计,在17日的全国抗议活动中,有2397人被捕,997名警察和宪兵受伤,其中7人伤势严重,数百家商户遭受严重财产损失。有媒体指出,17日的抗议活动失控,酿成法国国内数十年来最严重的暴力事件之一。  

法国内政部长努内兹19日接受法国媒体采访时说,政府“预判不足”,没有部署足够治安力量,警方在应对17日暴力抗议时在部分地区失去对局面的控制。  

治理失能:动荡总根源  

分析人士认为,法国近来抗议活动持续并在部分地区引发骚乱,再次暴露法国面临的两大治理问题。  

一是财政危机与福利模式之间的矛盾日益突出。面对经济增长放缓、人口老龄化和债务压力,法国政府若调整现有福利机制,则容易触及民众的利益预期;若回避政策调整,长期财政压力则愈发难以缓解。  

巴黎政治学院法国政治学者奥雷利安·迪比松表示,目前法国公共债务高企,政府在满足教育投入、降低能源成本等方面的预算空间有限。财政困境限制了政府回应民生诉求的能力,加剧了社会不满。  

二是政治极化加剧,各派难以形成妥协,进一步制约了政府治理能力。在此次抗议期间,法国执政阵营和极右翼政治人物将暴力行为归咎于极左翼团体的煽动破坏,而极左翼则指责政府应对失当、暴力执法。  

美国《纽约时报》报道说,马克龙政府和包括极左翼、极右翼在内的反对派均应为当前困局承担部分责任,各方更热衷于政治博弈,而非共同应对日益严重的财政危机。英国《卫报》此前也评论说,法国政党间缺乏妥协传统,执政党提出的改革方案往往会遭到在野党和其他利益团体的阻挠。  

法国陷入“恶性循环”、社会氛围堪比“火药桶”……不少媒体和学者对法国的当前状况和未来走向感到忧虑。法国社会学家热罗姆·富尔凯说,这一切都发生在暮色沉沉的氛围之中,法国处在社会衰败阶段,正走向一条“死胡同”。(完)

图说1:这是2026年3月11日在法国北部的瓦斯凯勒拍摄的一处加油站。受美国和以色列与伊朗军事冲突影响,欧洲多国油价攀升明显,加大欧洲民众生活成本压力。新华社发(塞巴斯蒂安·库尔吉摄)

图说2:2025年9月10日,法国多座城市发生大规模游行示威。图为在法国巴黎街头,警察阻止示威者用垃圾桶封锁街道。新华社发(奥雷利安·莫里萨尔摄)

图说3:2025年10月16日,在位于法国巴黎的国民议会,法国总理勒科尔尼在不信任动议投票前的辩论环节发言。新华社发(奥雷利安·莫里萨尔摄)