စပိန်နိုင်ငံ ဗလန်စီယာမြို့တွင်ကစားခဲ့သည့် ဗလန်စီယာနှင့် ဘာစီလိုနာအသင်းတို့၏ စပိန်လာလီဂါဘောလုံးပွဲတွင် ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေသည့် ဘာစီလိုနာအသင်းမှ လာမင်းယမားလ်(ဝဲ)နှင့် ရာဖင်ညာတို့ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
စပိန်နိုင်ငံ ဗလန်စီယာမြို့တွင်ကစားခဲ့သည့် ဗလန်စီယာနှင့် ဘာစီလိုနာအသင်းတို့၏ စပိန်လာလီဂါဘောလုံးပွဲတွင် ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေသည့် ဘာစီလိုနာအသင်းမှ လာမင်းယမားလ်(ဝဲ)နှင့် ရာဖင်ညာတို့ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)

ချန်ပီယံလိဂ် လက်ရှိချန်ပီယံ ပီအက်စ်ဂျီအသင်းကို အောက်တိုဘာ ၂၀ ရက်တွင် ကစားရမည့် ချန်ပီယံလိဂ်အဝေးကွင်းပွဲစဥ်မတိုင်မီ ဘာစီလိုနာ အရန်အသင်းမှ အသက် ၁၈ နှစ်အရွယ် နောက်ခံလူ အဲလက်စ်ကမ်ပို့စ်နှင့် အီဂျစ်တိုက်စစ်မှူး ဟမ်ဇာ အဗ္ဗဒဲလ်ကာရင်မာဒီတို့နှစ်ဦးကို ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်ခ်က အသင်းသို့ ခေါ်ယူခဲ့သည်။

ပီအက်စ်ဂျီနှင့်ကစားရမည့်ပွဲတွင် ဘာစီလိုနာအသင်း၌ နောက်ခံကစားသမားသုံးဦးဖြစ်သည့် အန်ဒရီးယက်စ် ခရစ္စတန်ဆန်၊ အဲရစ်ဂါဆီယာနှင့်      ဂျူလက်စ်ဟွမ်ဒီတို့ကမူ ပါဝင်နိုင်မည်မဟုတ်ပေ။ ဂါဆီယာနှင့် ဟွမ်ဒီတို့မှာ အောက်တိုဘာ ၁၇ ရက်က ရီးရဲလ်ဘက်တစ်ကို အ​ဝေးကွင်း၌ ၅-၂ ဂိုးဖြင့်အနိုင်ရခဲ့သည့်လာလီဂါပွဲတွင် ဒဏ်ရာကိုယ်စီရခဲ့ခြင်းကြောင့် ပီအက်စ်ဂျီအသင်းနှင့်ပွဲကို လွဲချော်မည်ဖြစ်သည်။

ကမ်ပို့စ်မှာ ယခုရာသီတွင် ဘာစီလိုနာ အရန်အသင်း၌ ပွဲထွက်ကစားသမားအဖြစ် ပုံမှန်ကစားခွင့်ရနေသလို နောက်တန်းမှဘောလုံးကို ရှေ့သို့ပေးပို့၍ ကစားကွက်တည်ဆောက်ပေးနိုင်ရုံသာမက လေထဲမှဘောလုံးများကို ကောင်းစွာကိုင်တွယ်ကစားနိုင်စွမ်းရှိကာ ခံစစ်ပိုင်းဆိုင်ရာတာဝန်များကို ကျွမ်းကျင်ပိုင်နိုင်စွာ ကစားနိုင်သူအဖြစ် သတ်မှတ်ခံထားရသည်။

အက်ဘ်ဒယ်ကာရင်ကမူ အယ်အာလီအသင်းမှ ဘာစီလိုနာအသင်းသို့ အမြဲတမ်းစာချုပ်ဖြင့် ပြောင်းရွေ့လာပြီး နောက်ပိုင်းမှစ၍ ယခုရာသီတွင် ဘာစီလိုနာအရန်အသင်း၌သာမက အသင်းကြီးတွင်ပါ ကစားခွင့်ရခဲ့သူဖြစ်သည်။ အက်ဘ်ဒယ်ကာရင်မှာ လွန်ခဲ့သည့်သီတင်းပတ်က စပိန်ဘောလုံးလောက၌ စတုတ္ထတန်းအဆင့်ပြိုင်ပွဲဖြစ်သည့် RFEF Second Federationပြိုင်ပွဲတွင် ဘာစီလိုနာ အရန်အသင်းအတွက် ပါဝင်ကစားခဲ့ပြီး အူတီဘိုအသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် ဂိုးသွင်းယူနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

..........................

(English version)

FC Barcelona youngsters called into squad for PSG Champions League game

MADRID, Oct. 19 (Xinhua) -- FC Barcelona coach Hansi Flick has called up 18-year-old Barca Atletic defender Alex Campos and Egyptian forward Hamza Abdelkarimmade to his squad ahead of Tuesday's Champions League tie away to reigning European champion Paris Saint-Germain.

Flick is without three defenders - Andreas Christensen, Eric Garcia and Jules Kounde - with Garcia and Kounde picking up injuries in Saturday's 5-2 win away to Real Betis.

Campos has been a regular starter for Barca Atletic this season and is described as a player who is reliable in his defensive duties, strong in the air and comfortable playing the ball out from the back.

Abdelkarim has featured for both the first team and the reserves this season since making his move from Al Ahly permanent. He played for Barca Atletic this past weekend in the RFEF Second Federation, the fourth tier of Spanish football, scoring in a 2-1 win over Utebo. ■

Photo caption: Barcelona's Lamine Yamal (R) and Raphinha celebrate a goal during the Spanish La Liga football match between Valencia CF and FC Barcelona in Valencia, Spain, Sept. 6, 2026. (Str/Xinhua)