
ပေကျင်း၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက ၂၀၂၆ ခုနှစ် ဒါကာ လူငယ်အိုလံပစ်အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမား ၆၆ ဦးပါဝင်သော တရုတ်အသင်းအား အောက်တိုဘာ ၂၀ ရက်၌ ကြေညာလိုက်သည်။ ၎င်းအသင်းအနေဖြင့် ဆီနီဂေါနိုင်ငံ၌ အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၁၃ ရက်အထိ ကျင်းပမည့် အဆိုပါအားကစားပြိုင်ပွဲ၌ အားကစားနည်း ၂၁ မျိုး၊ ပြိုင်ပွဲအမျိုးအစား ၄၉ မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်ထားကြောင်း သိရသည်။
စုစုပေါင်း ၁၂၁ ဦးပါဝင်သော တရုတ်ကိုယ်စားလှယ်အဖွဲ့တွင် အမျိုးသား အားကစားသမား ၁၆ ဦးနှင့် အမျိုးသမီး အားကစားသမား ၅၀ ဦး ပါဝင်ပြီး ၎င်းတို့က ပြေးခုန်ပစ်၊ ရေကူးနှင့် စားပွဲတင်တင်းနစ် အပါအဝင် အားကစားနည်းအမျိုးမျိုး၌ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
"ပြိုင်ပွဲစတင်ဖို့ ၁၁ ရက်ပဲ လိုပါတော့တယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့နဲ့ အကောင်းဆုံး ကြိုးစားအားထုတ်ဖို့ လိုအပ်ပါတယ်။ အားကစားသမားအားလုံး စိတ်တည်တည်ငြိမ်ငြိမ်နဲ့ အကောင်းမြင်စိတ်ထားကာ ပြိုင်ပွဲမှာ မိမိတို့ရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြသနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်" ဟု တရုတ်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်ဖြစ်သူ တရုတ်နိုင်ငံ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ကျန်းကျားစိန့် က ပြောကြားခဲ့သည်။
"နိုင်ငံကို ကိုယ်စားပြုယှဉ်ပြိုင်ခွင့်ရမယ့် ဒီအခွင့်အရေးအတွက် အရမ်းစိတ်လှုပ်ရှားမိသလို ကျေးဇူးလည်း တင်မိပါတယ်။ ကျွန်မရဲ့ ရည်မှန်းချက်ကတော့ ချန်ပီယံဆု ရယူဖို့ပါပဲ။ ဒါ့အပြင် တခြားနိုင်ငံတွေနဲ့ ဒေသတွေက အားကစားသမားတွေနဲ့ မိတ်ဆွေဖွဲ့နိုင်ဖို့လည်း မျှော်လင့်ပါတယ်" ဟု စားပွဲတင်တင်းနစ် အားကစားသမား ရောင်ရွေ့ရွှမ် က ပြောကြားခဲ့သည်။
စတုတ္ထအကြိမ်မြောက် နွေရာသီ လူငယ်အိုလံပစ်အားကစားပြိုင်ပွဲဖြစ်သည့် ၂၀၂၆ ဒါကာ လူငယ်အိုလံပစ်ပြိုင်ပွဲတွင် အားကစားနည်း ၂၅ မျိုး၌ အားကစားသမား ၂,၇၀၀ ဝန်းကျင် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ထိုပြိုင်ပွဲကို ဒါကာ၊ ဒိုင်ယာမ်နီယာဒီယိုနှင့် ဆာလီမြို့တို့တွင် ကျင်းပသွားမည်ဖြစ်ပြီး အာဖရိကမြေပေါ်တွင် ကျင်းပသည့် ပထမဆုံးသော အိုလံပစ်ပြိုင်ပွဲလည်းဖြစ်ကြောင်း သိရသည်။ (Xinhua)
..........................
(English Version)
China sends 66 athletes to Dakar 2026 Youth Olympic Games
BEIJING, Oct. 20 (Xinhua) -- China on Tuesday announced a 66-athlete squad for the Dakar 2026 Youth Olympic Games, with the team set to compete in 49 events across 21 sports at the Games in Senegal from Oct. 31 to Nov. 13.
The 121-member delegation includes 16 male and 50 female athletes, who will compete in sports including athletics, swimming and table tennis.
"We are now 11 days away from the opening of the Games. We need to believe in ourselves and be determined to do our best. I hope all the athletes will stay calm, keep a positive mindset and show their best in competition," said Zhang Jiasheng, China's chef de mission and deputy director-general of the General Administration of Sport of China.
"I'm really excited and grateful for this opportunity to represent my country. My goal is to win the title, and I also hope to connect with athletes from other countries and regions," said table tennis player Yao Ruixuan.
Dakar 2026, the fourth edition of the Summer Youth Olympic Games, will bring together around 2,700 athletes competing in 25 sports. The event will be held in Dakar, Diamniadio and Saly, marking the first Olympic event to take place on African soil. ■
Photo caption: China has announced a 66-athlete squad for the Dakar 2026 Youth Olympic Games on Oct. 20, 2026. (Xinhua/Sun Fei)








4966b37cc24b93e454695e40fad2ba235cd6a165.content.article_card.avif)