ကိဗ်၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)

အကယ်၍ အမေရိကန်နှင့် ရုရှားဘက်က ယူကရိန်းအား စစ်ပွဲကာလအတွင်း ရွေးကောက်ပွဲကျင်းပရန် တောင်းဆိုပါက ၎င်းအနေဖြင့် သမ္မတအဖြစ် ပြန်လည် အရွေးခံရန် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ယူကရိန်းသမ္မတ ဇယ်လန်းစကီးက အောက်တိုဘာ ၁၈ ရက်တွင် မီဒီယာများ၏ မေးမြန်းမှုကို လက်ခံဖြေကြားစဉ် ပြောကြားခဲ့သည်။

သမ္မတရွေးကောက်ပွဲ ကျင်းပ/မကျင်းပ ဆုံးဖြတ်ရာတွင် ပထမဦးစားပေးအနေဖြင့် ယူကရိန်းပြည်သူများ၏ ရွေးချယ်မှုကိုလိုက်နာရမည်ဟု ဇယ်လန်းစကီးက ထိုနေ့တွင် အမေရိကန် ရုပ်သံလွှင့် ကုမ္ပဏီ (ABC) ၏ မေးမြန်းမှုကို လက်ခံဖြေကြားစဉ်က ဆိုခဲ့သည်။ အကယ်၍ အမေရိကန်နှင့် ရုရှားက စစ်ပွဲအတွင်း ရွေးကောက်ပွဲကျင်းပရန် ယူကရိန်းအား အတင်းအကျပ် တောင်းဆိုပါက ယူကရိန်းအနေဖြင့် အနည်းဆုံး ရက် ၆၀ ကြာ အပစ်အခတ်ရပ်စဲရန် လိုအပ်မည်ဖြစ်ကြောင်း၊ ယူကရိန်းအနေဖြင့် အပစ်အခတ်ရပ်စဲရေးကာလအတွင်း ဥပဒေများကို ပြင်ဆင်ရေးဆွဲရန်နှင့် လိုအပ်သော လုံခြုံရေးအခြေခံအဆောက်အအုံများ ပြင်ဆင်ရန် အစွမ်းကုန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုခဲ့သည်။

ဇယ်လန်းစကီးက ရွေးကောက်ပွဲတွင် ယူကရိန်းစစ်တပ်မှပုဂ္ဂိုလ်များ ပါဝင်နိုင်ပြီး မဖြစ်မနေ ပါဝင်ရမည် ဖြစ်ကြောင်းကိုလည်း ပြောကြားခဲ့သည်။

လွန်ခဲ့သည့် နှစ်ဆန်းပိုင်းမှစ၍ အမေရိကန်သမ္မတ ထရမ့်နှင့် ၎င်း၏အဖွဲ့သည် ယူကရိန်းအာဏာပိုင်များနှင့် “စစ်ပွဲကာလရွေးကောက်ပွဲ” “ဇယ်လန်းစကီး၏ ထောက်ခံမှုနှုန်း” နှင့် “တရားဝင်မှု” စသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ အကြိမ်များစွာ ပြင်းထန်သော စကားစစ်ထိုးမှုများ ဖြစ်ပွားခဲ့သည်။ ထရမ့်က ယူကရိန်းအား အမြန်ဆုံး အပစ်အခတ်ရပ်စဲရန်နှင့် သမ္မတရွေးကောက်ပွဲ ကျင်းပရန် တောင်းဆိုခဲ့သည်။ ထရမ့်သည် ယခုလ ၁၀ ရက်တွင် “ယူကရိန်းက သမ္မတ ပြောင်းသင့်တယ်” ဟု ဆိုကာ ရုရှား-ယူကရိန်း ပဋိပက္ခအဆုံးသတ်ရေးတွင် ဇယ်လန်းစကီးအနေဖြင့် လုံလောက်စွာ လုပ်ဆောင်နိုင်မှုမရှိကြောင်း အရိပ်အမြွက် ဖော်ပြခဲ့သည်။

ယူကရိန်းနိုင်ငံ၏ အမြင့်ဆုံးလွှတ်တော် Verkhovna Rada သည် လွန်ခဲ့သည့်နှစ် ဖေဖော်ဝါရီလ ၂၅ ရက်တွင် “စစ်ပွဲကာလအတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်မည်မဟုတ်” ဟူသော အဆိုပြုချက်ကို အတည်ပြုခဲ့ပြီး ယူကရိန်းသည် “ဘက်စုံ တရားမျှတပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး” အာမခံချက် ရရှိပြီးနောက်တွင် အမြင့်ဆုံးလွှတ်တော်၏ ဆုံးဖြတ်ချက်အတိုင်း ရွေးကောက်ပွဲကျင်းပရန် ကြေညာမည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ထိုကြေညာချက်တွင် သမ္မတအသစ် ကျမ်းသစ္စာကျိန်ဆိုခြင်းမပြုမီ ဇယ်လန်းစကီးသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း အာဏာကို ဆက်လက်ကျင့်သုံးရမည်ဟုလည်း ဖော်ပြထားသည်။

ဇယ်လန်းစကီးသည် ၂၀၁၉ ခုနှစ် မေလတွင် ယူကရိန်းသမ္မတအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး တာဝန်သက်တမ်းမှာ ၂၀၂၄ ခုနှစ် မေလအထိ ဖြစ်သည်။ ယူကရိန်းအကျပ်အတည်းသည် ၂၀၂၂ ခုနှစ် နွေဦးတွင် အစွမ်းကုန်မြင့်တက်ခဲ့ပြီးနောက် နိုင်ငံမှာ စစ်ရေးအခြေအနေသို့ ရောက်ရှိနေသောကြောင့် မူလက ၂၀၂၄ ခုနှစ် မတ်လတွင် ကျင်းပမည့် သမ္မတရွေးကောက်ပွဲအသစ်ကို စီစဉ်ထားသည့်အတိုင်း ကျင်းပနိုင်ခြင်းမရှိခဲ့ပေ။ (Xinhua)

..........................

(Chinese Version)

泽连斯基称若乌“被要求”举行战时选举他将竞选连任

新华社基辅10月18日电(记者李东旭)乌克兰总统泽连斯基18日接受媒体采访时称,若美国和俄罗斯方面要求乌方在战争期间举行选举,他将竞选连任总统。  

泽连斯基当天在接受美国广播公司采访时说,是否举行总统选举首先要遵从乌克兰人民的选择。如果美国和俄罗斯坚持要求乌在战争期间举行选举,那么乌克兰还需要至少60天的停火。乌克兰将在停火期间尽最大努力修改法律并准备必要的安全基础设施。  

泽连斯基还表示,要确保乌军人员“能够而且必须”参加选举。  

自去年年初以来,美国总统特朗普及其团队与乌克兰当局就“战时选举”“泽连斯基支持率”和“合法性”等问题多次爆发激烈口水战。特朗普呼吁乌方尽快停火并举行总统选举。特朗普本月10日称“乌克兰应该换个总统”,暗示泽连斯基在结束俄乌冲突方面做得不够。  

乌克兰最高拉达(议会)去年2月25日通过有关“战时无法举行选举”的议案,并发表声明称乌克兰将在“全面、公正和持久和平”获得保障后,依照最高拉达决定宣布举行选举。声明还表示,在新总统就职前,泽连斯基必须依照宪法规定继续行使权力。  

泽连斯基2019年5月就任乌克兰总统,任期至2024年5月。乌克兰危机于2022年春全面升级后,因国家进入战时状态乌未如期举行原定于2024年3月的新一届总统选举。(完)