ရွှေလီ (ယူနန်)၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)
တရုတ်-မြန်မာနယ်စပ် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့ မျက်နှာချင်းဆိုင်ရှိ မြန်မာနိုင်ငံ မူဆယ်ဒေသ၌ စက်သုံးဆီဆိုင်တစ်ဆိုင်သည် အောက်တိုဘာ ၂၀ ရက် ညနေပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အဆိုပါဆီဆိုင်၌ လောင်စာဆီ အများအပြား သိုလှောင်ထားကြောင်း သိရသည်။
မြန်မာဘက်၏ တောင်းဆိုချက်အရ ရွှေလီဒေသခံ မီးသတ်ကယ်ဆယ်ရေး အင်အားစုသည် အရေးပေါ် ပြည်ပသို့ ထွက်ခွာ၍ မီးငြှိမ်းသတ်ရေး လုပ်ငန်းတွင် အားဖြည့်ဆောင်ရွက်ခဲ့သည်။ ရွှေလီမြို့ ကော်မန် မီးသတ်ကယ်ဆယ်ရေးစခန်းမှ ယာဉ် ၃ စီး လူ ၁၅ ဦး အလျင်အမြန် ထွက်ခွာ၍ ကျယ်ဂေါင် ကော်မန်ဂိတ်မှတစ်ဆင့် ပြည်ပသို့ ထွက်ခွာကာ မီးငြှိမ်းသတ်ကယ်ဆယ်ရေးတွင် ပါဝင်ခဲ့သည်။ တက်ဟုန်း မီးသတ်ကယ်ဆယ်ရေး အဖွဲ့ခွဲကလည်း ထို့နောက် ယာဉ် ၁၄ စီး လူ ၅၃ ဦးဖြင့် သွားရောက်အားဖြည့်ကူညီခဲ့သည်။
အောက်တိုဘာ ၂၀ ရက် ညနေ ၄ နာရီအထိ တရုတ်ဘက် မီးသတ်ကယ်ဆယ်ရေး အင်အားစုသည် အမြှုပ်မီးသတ်ဆေး ၁၈ တန် အသုံးပြုခဲ့ပြီးဖြစ်ကြောင်း၊ အချင်းဖြစ်ပွားရာနေရာ၌ မီးလောင်မှု အခြေအနေကို ထိရောက်စွာ ထိန်းချုပ်နိုင်ခဲ့ကြောင်း၊ လက်ရှိတွင် လူထိခိုက်သေဆုံးမှု မတွေ့ရှိရသေးကြောင်း သိရသည်။ (Xinhua)
---------------------
(Chinese Version)
中缅边境缅甸侧一加油站起火 中方消防救援力量出境参支援扑救
10月20日中午,位于中缅边境云南省瑞丽市当面的缅甸木姐地区一处加油站发生火灾,该加油站储存有大量汽油。应缅方请求,瑞丽当地消防救援力量紧急出境增援扑救, 瑞丽市国门消防救援站迅速出动3车15人,经姐告国门口岸出境参与扑救,德宏州消防救援支队随后增派14车53人驰援。截至20日16时,中方消防救援力量已使用泡沫灭火剂18吨,现场火势得到有效控制,暂未发现人员伤亡。
记者:赵珮然、周磊








