ရွှေလီ (ယူနန်)၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)

အောက်တိုဘာ ၂၀ ရက် နေ့လယ်ပိုင်းတွင် မြန်မာနိုင်ငံ မူဆယ်ဒေသ စက်သုံးဆီဆိုင်တစ်ဆိုင်တွင် ရုတ်ခြည်း မီးလောင်မှုဖြစ်ပွားခဲ့သည်။ မြန်မာနိုင်ငံဘက်၏ တောင်းဆိုမှုအရ တရုတ်နိုင်ငံ ယူနန်ပြည်နယ် တက်ဟုန်း မီးသတ်ကယ်ဆယ်ရေးအဖွဲ့အင်အားစုက အရေးပေါ် ပြည်ပသို့ ထွက်ခွာ၍ ကော်မန်ကိုဖြတ်သန်းကာ မီးလောင်ကျွမ်းမှု အချင်းဖြစ်ပွားရာနေရာသို့ အပြေးအလွှား သွားရောက်ကူညီခဲ့သည်။ နာရီအနည်းငယ်အကြာ မီးငြှိမ်းသတ်မှုများ ကြိုးပမ်းဆောင်ရွက်ပြီးနောက် အချင်းဖြစ်ပွားရာနေရာ၌ ညနေ ၆ နာရီ ၄၀ မိနစ်ခန့်တွင် မီးအားလုံး ငြှိမ်းသတ်နိုင်ခဲ့သည်။ တရုတ်ဘက် ကယ်ဆယ်ရေးအင်အားစုသည် ည ၈ နာရီ ၁၀ မိနစ်တွင် တရုတ်နိုင်ငံသို့ ဘေးကင်းလုံခြုံစွာ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

----------------

(Chinese Version)

中缅边境木姐突发火灾!中国消防跨境驰援 现场明火全部扑灭 中方救援人员安全返回中国境内

10月20日午间,缅甸木姐地区一加油站突发火灾。应缅方请求,云南德宏消防救援力量紧急出境,跨越国门驰援灭火。经过数小时奋战,现场明火于18时40分许全部扑灭,中方救援人员于20时10分安全返回中国境内。

记者:赵珮然、周磊