အာမေးနီးယားနိုင်ငံ မြို့တော် ယေရေဗန်၌ ကျင်းပသော ၈ ကြိမ်မြောက် ဥရောပ နိုင်ငံရေးအသိုက်အဝန်း ခေါင်းဆောင်များအစည်းအဝေးသို့ တက်ရောက်လာသော ယူကရိန်း သမ္မတ ဇယ်လန်းစကီးအား ၂၀၂၆ ခုနှစ် မေ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အာမေးနီးယားနိုင်ငံ မြို့တော် ယေရေဗန်၌ ကျင်းပသော ၈ ကြိမ်မြောက် ဥရောပ နိုင်ငံရေးအသိုက်အဝန်း ခေါင်းဆောင်များအစည်းအဝေးသို့ တက်ရောက်လာသော ယူကရိန်း သမ္မတ ဇယ်လန်းစကီးအား ၂၀၂၆ ခုနှစ် မေ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

ပထမဦးစွာ ရုရှားရေနံ တင်ပို့မှု "ဖြေလျှော့ခြင်း" ထို့နောက် ဒုံးကျည်တိုက်ခိုက်မှုဆိုင်ရာ ကြိုတင်သတိပေးချက်များ ပေးပို့မှုကို "ဖြတ်တောက်ခြင်း" ခံရသည်၊ ယခု “Starlink” ဝန်ဆောင်မှု အသုံးပြုသည့် တာမီနယ်လ်များ၏ အင်တာနက်အမြန်နှုန်း ကန့်သတ်မှုခံရပြန်သည်…မကြာသေးမီရက်ပိုင်းအတွင်း အမေရိကန်နှင့် ယူကရိန်း၏ ဆက်ဆံရေး အကြိမ်ကြိမ် လှိုင်းထန်ခဲ့ခြင်းဖြစ်သည်။ ယူကရိန်း သမ္မတ ဇယ်လန်းစကီးက ၎င်းအား အမေရိကန် သမ္မတ ထရမ့်က "သစ္စာဖောက်လိုက်" သလို ခံစားရကြောင်း အောက်တိုဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။

ထို့အပြင် ၎င်းက ယူကရိန်းအနေဖြင့် ရုရှားနိုင်ငံ၏ ရေနံချက်စက်ရုံများကို တိုက်ခိုက်မှုများ ပြန်လည်စတင်မည်ဟု မီဒီယာသတင်းထောက်များအား ပြောကြားခဲ့သည်။

"Starlink" အမြန်နှုန်းကန့်သတ်ခြင်း

ယူကရိန်း အရာရှိများနှင့် စစ်ဘက်သတင်းရင်းမြစ်များ၏ အောက်တိုဘာ ၁၄ ရက် ထုတ်ဖော်ပြောကြားချက်အရ အမေရိကန် ဘီလျံနာ အီလွန်မက်စ် ပိုင်ဆိုင်သည့် SpaceX ကုမ္ပဏီသည် လွန်ခဲ့သည့်ညက ယူကရိန်းဘက်က အသုံးပြုနေသည့် "Starlink" ဂြိုဟ်တုအင်တာနက်စနစ် တာမီနယ်လ်များကို အမြန်နှုန်းကန့်သတ်မှု ဆောင်ရွက်ခဲ့ကြောင်း၊ အထူးသဖြင့် စစ်ရေးသုံး "Starshield" ၏ ဒရုန်းတာမီနယ်လ်များတွင် အမြင့်ဆုံးကန့်သတ်ချက်မှာ တစ်နာရီ မိုင် ၁၀၀ (ကီလိုမီတာ ၁၆၀.၉ ခန့်) ဖြစ်ကြောင်း သိရသည်။

ယင်းကို ယူကရိန်းစစ်တပ်က ကြိုတင်ပြင်ဆင်မှုမရှိဘဲ ရင်ဆိုင်လိုက်ရပြီး မစ်ရှင်များစွာ ရပ်တန့်သွားခဲ့သည်။ အချို့တပ်ဖွဲ့တွင် ဒရုန်းများသည် အမြန်နှုန်း တစ်နာရီလျှင် ကီလိုမီတာ ၈၀ အောက်၌ပင် ထိန်းချုပ်သူများနှင့် "ဆက်သွယ်မှု ပြတ်တောက်ခဲ့" ကြောင်းသတင်းပို့ခဲ့သည်။ အမြန်နှုန်းကန့်သတ်မှုကြောင့် ယူကရိန်းစစ်တပ်၏ဒရုန်းများဖြင့် ရုရှားအား တာလတ်ပစ် တိုက်ခိုက်နိုင်စွမ်း၊ ရုရှားဒရုန်းများကို ကြားဖြတ်ဟန့်တားသည့် လေကြောင်းကာကွယ်မှုစစ်ဆင်ရေးနှင့် ရှေ့တန်း ထောက်ပံ့ပို့ဆောင်ရေးတို့ကို လုပ်ဆောင်ရာ၌ များစွာ အနှောင့်အယှက်ဖြစ်ခဲ့သည်။

ဇယ်လန်းစကီးသည် ဗြိတိန်နိုင်ငံသို့ အောက်တိုဘာ ၁၄ ရက်တွင် လာရောက်လည်ပတ်စဉ် ဗြိတိန်သတင်းထောက်များ၏ တွေ့ဆုံမေးမြန်းမှုကို လက်ခံဖြေကြားရာ၌ အီလွန်မက်စ်အား "Starlink" ဝန်ဆောင်မှု ပြန်ပေးရန် တိုက်တွန်းခဲ့ပြီး အမြန်နှုန်းကန့်သတ်မှုသည် "ကြီးမားသောအမှား" ဖြစ်သောကြောင့် "လူအများအပြား ထိခိုက်ဆုံးရှုံးမှု ဖြစ်ပေါ်စေလိမ့်မည်" ဟု ပြောကြားခဲ့သည်။ သို့သော် အမြန်နှုန်းကန့်သတ်မှုကို မည်သူ့အား အပြစ်တင်ရမည်ဆိုသည်ကိုမူ ၎င်းက ပြောကြားခဲ့ခြင်း မရှိပေ။

CNN သတင်းဌာန၏ ဖော်ပြချက်အရ ယခုအကြိမ် အမြန်နှုန်းကန့်သတ်မှုမှာ "သိသာထင်ရှားသည့် အေးတိအေးစက်နိုင်သည့်ဆက်ဆံမှု" တစ်ခုဖြစ်သည်မှာ ယုံမှားသံသယဖြစ်ဖွယ်မရှိကြောင်း၊ ယူကရိန်း အရာရှိတစ်ဦးက ဤကဲ့သို့သောကိစ္စမျိုးသည် အိမ်ဖြူတော်၏ လမ်းညွှန်မှုဖြင့်သာ ဖြစ်ပွားနိုင်သည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

"Starlink" အား အသုံးပြုမှုမှာ အရပ်ဘက်နှင့် ကာကွယ်ရေးဆိုင်ရာ လုပ်ဆောင်မှုများအတွက်သာ ဖြစ်ပြီး အမှန်ပင် SpaceX ကုမ္ပဏီ၏ စီမံခန့်ခွဲမှုအောက်တွင် ရှိကြောင်း၊ သို့သော် ယူကရိန်းဘက်မှ ထိုးစစ်ဆင်သည့် စစ်ရေးလှုပ်ရှားမှုများတွင် အားထားနေရသည့် "Starshield" စစ်မြေပြင်ဆက်သွယ်ရေးစနစ်မှာမူ "အမေရိကန်အစိုးရ၏ ပိုင်ဆိုင်မှုဖြစ်ပြီး အမေရိကန်အစိုးရက ထိန်းချုပ်ခြင်းဖြစ်ကြောင်း၊ အမြန်နှုန်း သို့မဟုတ် အသုံးပြုမှုဆိုင်ရာ မည်သည့်ကန့်သတ်ချက်မဆို အမေရိကန်စစ်တပ်က ဆုံးဖြတ်ပြီး နောက်ဆုံးတွင် အမေရိကန် သမ္မတက ဆုံးဖြတ်ချက်ချသည်" ဟု အီလွန်မက်စ်က ပို့စ်တင်၍ ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံ ကိဗ်မြို့ Dniprovskyi ခရိုင်ရှိ အဆောက်အဦများ ဒုံးကျည်တိုက်ခိုက်ခံရပြီး မီးခိုးများတက်လာသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ယူကရိန်းနိုင်ငံ ကိဗ်မြို့ Dniprovskyi ခရိုင်ရှိ အဆောက်အဦများ ဒုံးကျည်တိုက်ခိုက်ခံရပြီး မီးခိုးများတက်လာသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ယူကရိန်း၏ ကြေကွဲခြင်း

ယူကရိန်း သမ္မတ၏ အကြံပေးပုဂ္ဂိုလ် Beskrestnov ၏ ပြောကြားချက်အရ အမြန်နှုန်းကန့်သတ်မှုသည် "တိုက်ဆိုင်မှု မဟုတ်ဘဲ လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ဆက်စပ်နေခြင်း" ဖြစ်သည်။ ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာနမှ အချို့သော အရာရှိများက အမေရိကန်၏ မကြာသေးမီက လှုပ်ရှားဆောင်ရွက်မှုများသည် ရုရှားအား အကူအညီပေးသကဲ့သို့ ဖြစ်နေကြောင်း တိတ်တဆိတ် ပြစ်တင်ဝေဖန် ပြောဆိုခဲ့ကြသည်။

ရုရှားစစ်တပ်က ပဲ့ထိန်းဒုံးကျည်များဖြင့် ယူကရိန်း မြို့တော် ကိဗ်ကို တိုက်ခိုက်သည့်အခါ ယူကရိန်းဘက်က အနောက်နိုင်ငံမဟာမိတ်များထံမှ ကြိုတင်သတိပေးချက်များကို နှစ်ရက်ဆက်တိုက် မရရှိခဲ့ကြောင်း ယူကရိန်း အရာရှိများက အောက်တိုဘာ ၁၃ ရက်တွင် ဖော်ပြခဲ့ပြီး အမေရိကန်ဘက်က "ပံ့ပိုးမှု ဖြတ်တောက်ခြင်း" ဖြစ်နိုင်သည်ဟု အရိပ်အမြွက် ပြောကြားခဲ့သည်။ ထိုနေ့တွင်ပင်  ထရမ့်က အမေရိကန်အနေဖြင့် ယူကရိန်းအား ထောက်လှမ်းရေးသတင်းအချက်အလက်များ ဆက်လက် မျှဝေနေဆဲဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

Kyiv Post သတင်းများအရ ရုရှားဘက်မှ အောက်တိုဘာ ၁၃ ရက် ညပိုင်းက ယူကရိန်းနိုင်ငံသို့ ဒုံးကျည် ၃၉ စင်း နှင့် ဒရုန်း ၁၂၈ စင်း ပစ်လွှတ်ခဲ့ရာ ကိဗ်နှင့် အခြားဒေသများရှိ စွမ်းအင်အဆောက်အအုံအများအပြား ထိမှန်ကာ လူဦးရေ အနည်းဆုံး ခြောက်သိန်းအတွက် လျှပ်စစ်မီး ပြတ်တောက်ခဲ့ရသည်ဟု ခန့်မှန်းကြောင်း ဇယ်လန်းစကီးက အောက်တိုဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။ ရုရှားဘက်မှ ထရမ့် ကြေညာခဲ့သည့် "စွမ်းအင်ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး" ကို ပြောင်ပြောင်တင်းတင်း လျစ်လျူရှုခဲ့ကြောင်း ၎င်းက ထောက်ပြခဲ့ပြီး အမေရိကန်က ယူကရိန်းအား ရုရှားနိုင်ငံ၏ ရေနံချက်စက်ရုံများကို တိုက်ခိုက်ခြင်း မပြုရန် တောင်းဆိုခြင်းမှာ "မမျှတ" ကြောင်း ပြောကြားခဲ့သည်။

ရုရှားနှင့် ယူကရိန်းတို့ ချက်ချင်း "စွမ်းအင်ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး" ဖော်ဆောင်မည်ဟု အောက်တိုဘာ ၁၁ ရက်တွင် ထရမ့်က ကြေညာခဲ့သည်။ ယင်းကို ယူကရိန်းဘက်က ကြိုတင် လုံးဝမသိရှိခဲ့ဟု Kyiv Independent သတင်းများအရ သိရသည်။ အမေရိကန်ပြည်တွင်း ဆီဈေးနှုန်းများ ငြိမ်သက်စေရန် မျှော်လင့်ချက်ဖြင့် ထရမ့်သည် ရုရှားဒီဇယ်လောင်စာ တင်ပို့မှုအပေါ် ပိတ်ဆို့အရေးယူမှုများ ဖြေလျှော့ကြောင်း အောက်တိုဘာ ၉ ရက်တွင် ကြေညာခဲ့သည်။ ယူကရိန်းအနေဖြင့်ကြည့်မည်ဆိုလျှင် ယင်းမှာ ရုရှားဘက်အား ငွေကြေးရရှိအောင် ကူညီနေခြင်းဖြစ်သည်။

ဗြိတိန်သတင်းထောက်တစ်ဦး၏ တွေ့ဆုံမေးမြန်းမှုကိုဖြေကြားစဉ် ထိုသတင်းထောက်က ဇယ်လန်းစကီးအား အမေရိကန်နှင့် ရုရှားတို့ ဒီဇယ်လောင်စာ ရောင်းဝယ်ဖောက်ကားမှုဆိုင်ရာ သဘောတူညီချက်တစ်ရပ် ရရှိကြောင်း ထရမ့်က ကြေညာခဲ့ပြီးနောက် "သစ္စာဖောက်ခံရသည်" ဟူသော ခံစားချက်ရှိ၊မရှိ မေးမြန်းခဲ့ရာ "အမှန်ပဲ၊ ဟုတ်ပါတယ်၊ ကျွန်တော်တို့ကြားမှာပေါ့" ဟု ၎င်းက ပြန်လည်ဖြေကြားခဲ့သည်။

ထရမ့်အနေဖြင့် စစ်မှန်သည့် "ကြားနေမှု" မရှိသည့်အပြင် "ကျွန်တော်တို့ဘက် မဟုတ်တဲ့ အခြားတစ်ဖက်မှာ ရပ်တည်ဖို့ ရွေးချယ်တာက ကြေကွဲစရာကောင်းတယ်" ဟု ဇယ်လန်းစကီးက ပြောကြားခဲ့သည်။

ယူကရိန်းသည် "သဘောတူညီချက်တစ်ရပ် ရရှိနိုင်မည့် ခေါင်းဆောင်အသစ်တစ်ဦးကို ပြောင်းလဲသင့်သည်" ဟု ထရမ့်က အောက်တိုဘာ ၁၀ ရက်တွင် လူသိရှင်ကြား ပြောကြားခဲ့ခြင်းနှင့်ပတ်သက်၍ ဇယ်လန်းစကီးက အမေရိကန်၏ ဖိအားပေးမှုကြောင့် မိမိအနေဖြင့်ရာထူးမှ နုတ်ထွက်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။ အီလွန်မက်စ်ကလည်း "ဇယ်လန်းစကီး ထွက်သွားသင့်ပြီ" ဟု လူမှုကွန်ရက်ပေါ်တွင် အောက်တိုဘာ ၁၄ ရက်၌ ရေးသားဖော်ပြခဲ့သည်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ရေနံထွက်ပစ္စည်း လွှဲပြောင်းသယ်ဆောင်သည့်စခန်းတစ်ခုအား ၂၀၂၆ ခုနှစ် ဩဂုတ် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ရေနံထွက်ပစ္စည်း လွှဲပြောင်းသယ်ဆောင်သည့်စခန်းတစ်ခုအား ၂၀၂၆ ခုနှစ် ဩဂုတ် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အကြိမ်ကြိမ် အပြောင်းအလဲ ဖြစ်ပေါ်နေ

ယမန်နှစ် ထရမ့် အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိလာသည့်အချိန်မှစ၍ ရုရှား-ယူကရိန်း ပဋိပက္ခတွင် အလျှော့ပေးရန် ယူကရိန်းအား ထပ်ခါတလဲလဲ ဖိအားပေးခဲ့သော်လည်း ယခုနှစ် နွေရာသီတွင် ၎င်း၏ ရပ်တည်ချက်မှာ ပြောင်းလဲသွားပြီး ဇယ်လန်းစကီးကို "ရဲရင့်သည်" ဟုပင် ချီးကျူးခဲ့ကြောင်း Kyiv Post သတင်းတွင် ဖော်ပြထားသည်။

ထရမ့်က အမေရိကန်သည် ယူကရိန်းအား "Patriot" ဒုံးကျည်ကာကွယ်ရေးစနစ်များ ထုတ်လုပ်ရန် အခွင့်အာဏာ ပေးမည်ဟု ပြောကြားခဲ့ပြီး မကြာမီတွင်ပင် ရုရှား-ယူကရိန်း ပဋိပက္ခ အဆုံးသတ်ရေး ကြိုးပမ်းမှုများကို တိုးမြှင့်ကာ စက်တင်ဘာလတွင် ပထမဆုံးအကြိမ်အဖြစ် သမ္မတ၏ အထူးကိုယ်စားလှယ်ကို ကိဗ်မြို့သို့ စေလွှတ်ခဲ့ကြောင်း၊ သို့သော် ရက်သတ္တပတ်အနည်းငယ်အတွင်း အမေရိကန်-ရုရှား ဒီဇယ်လောင်စာသဘောတူညီချက်မှ "Starlink" အမြန်နှုန်းကန့်သတ်မှုအထိ အမေရိကန်-ယူကရိန်း ဆက်ဆံရေးမှာ လျင်မြန်စွာ ဆိုးရွားလာခဲ့ကြောင်း သိရသည်။

Kyiv Independent ၏ အောက်တိုဘာ ၁၄ ရက် အယ်ဒီတာ့အာဘော်တွင် ထရမ့်က ယူကရိန်းကို "စွန့်ပစ်နေသည်" ဟု အကြိမ်ကြိမ် စွပ်စွဲခံခဲ့ရသော်လည်း လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း အခြေအနေမှာ "စွန့်ပစ်ခြင်း" ထက်ပင် ပိုမိုဆိုးရွားသွားပြီး ၎င်းက "ဤစစ်ပွဲတွင် ရုရှား အနိုင်ရရှိအောင် တက်တက်ကြွကြွ ကူညီနေသည်" ဟု ဖော်ပြခဲ့သည်။

အမေရိကန်နိုင်ငံသည် ယူကရိန်းဘက်မှ ရုရှားရေနံချက်စက်ရုံများအား တိုက်ခိုက်မှုကို ရပ်တန့်ရန် ဖိအားပေးသည့်အနေနှင့် ယူကရိန်းအား ပံ့ပိုးပေးနေသည့် ထောက်လှမ်းရေးသတင်းအချက်အလက်နှင့် အခြားပူးပေါင်းဆောင်ရွက်မှုများကို ကန့်သတ်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့သည်ဟု လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ဥရောပနှင့် ယူကရိန်း အရာရှိများက ပြောကြားခဲ့ကြောင်း၊ ဤခြိမ်းခြောက်မှုသည် လက်တွေ့ဖြစ်လာနိုင်ပြီဖြစ်ကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။

ထရမ့်သည် အမေရိကန် လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲ၏ ဖိအားအောက်တွင် အမေရိကန် ဆီဆိုင်များတွင်ဆီလျော့နည်းပြတ်လပ်လာခြင်းနှင့် ဆီဈေးနှုန်း အဆမတန်မြင့်တက်ခြင်းများအတွက် ယူကရိန်း၏ ရုရှားရေနံချက်စက်ရုံများကို လေကြောင်းတိုက်ခိုက်မှုအပေါ် အပြစ်တင်ခဲ့သော်လည်း ကျွမ်းကျင်ပညာရှင်အများစုက အမေရိကန်နှင့် အစ္စရေးတို့၏  ဖေဖော်ဝါရီလကုန်ပိုင်းက အီရန်အား ကြီးမားသော တိုက်စစ်ဆင်မှုများ စတင်ခဲ့ခြင်းကြောင့် ဟော်မုဇ်ရေလက်ကြားတွင် အကျပ်အတည်းဖြစ်ပေါ်မှုသည်သာ အဓိကအကြောင်းရင်းဖြစ်သည်ဟု ယူဆကြကြောင်း အမေရိကန်မီဒီယာများအပါအဝင် လူထုသဘောထားတွင် ထောက်ပြထားသည်။

အမေရိကန် Axios သတင်းဝက်ဘ်ဆိုက်နှင့် ဗြိတိန် Financial Times တို့၏ အစောပိုင်း ဖော်ပြချက်များအရ ဇယ်လန်းစကီးသည် ယခင်က ရုရှားနိုင်ငံ၏ရေနံချက်စက်ရုံများကို တိုက်ခိုက်မှုရပ်တန့်ရန် အကြိမ်ကြိမ် ငြင်းဆိုခဲ့ကြောင်း၊ ထို့ကြောင့် ထရမ့်က ဒေါသထွက်ကာ ရုရှားနှင့် ဒီဇယ်လောင်စာ ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်တစ်ရပ် ရရှိရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇယ်လန်းစကီးက အောက်တိုဘာ ၁၄ ရက်တွင် Financial Times နှင့် တွေ့ဆုံမေးမြန်းမှုတွင် "(ရုရှား) ရေနံချက်စက်ရုံတွေအပေါ် တိုက်ခိုက်မှု အတားအဆီးတွေကို ဖယ်ရှားပြီးပြီ" ဟု ပြောကြားခဲ့သည်။ (Xinhua)

-----------------------------

(Chinese Version)

观天下|松绑、断供和限速,泽连斯基称“遭到背叛”

  新华社北京10月15日电 先是俄罗斯石油出口获“松绑”,接着导弹袭击预警遭“断供”,再是“星链”服务终端限速……近日,美国和乌克兰关系风波频生。乌克兰总统泽连斯基14日称,感受到了美国总统特朗普的“背叛”。

  他还告诉媒体记者,乌克兰将恢复对俄罗斯炼油厂的打击。

“星链”限速

  据乌克兰官员和军方消息人士14日披露,过去一晚,美国亿万富豪马斯克名下太空探索技术公司对乌方运行中的“星链”卫星互联网系统终端实施限速,对象是“星链”军用版“星盾”的无人机终端,上限为每小时100英里(约合160.9公里)。

  乌军猝不及防,多项任务中断。有部队反映,无人机甚至在时速不到80公里时就与操控人员“断联”。限速严重妨碍乌军无人机对俄中程打击能力、拦截俄军无人机的防空作战以及前线后勤补给。

  泽连斯基14日访问英国时接受英国记者采访,呼吁马斯克恢复“星链”服务,称限速是“大错”,“会造成大量人员损失”。但他没有说限速应该怪谁。

  按照美国有线电视新闻网的说法,这次限速无疑是“明显的冷遇”,一名乌克兰官员说,这样的事情只有在白宫指示下才会发生。

  马斯克发文说,“星链”用途限于民用和防御性活动,的确归太空探索技术公司管,但乌方进攻性军事行动依赖的“星盾”战场通信系统“属于美国政府、由美国政府掌控,任何关于速度或使用的限制由美军且最终由美国总统决定”。

乌方“痛心”

  按照乌克兰总统顾问别斯克列斯特诺夫的说法,限速“并非偶然,而与当前政治局势相关”。一些乌国防官员私底下抱怨,美方近日的种种举动,如同帮助俄罗斯。

   乌克兰官员13日说,乌方连续两天在俄军弹道导弹袭击乌首都基辅时未收到西方伙伴的早期预警,暗示美方“断供”。特朗普当天回应称,美方仍在与乌方共享情报。

  据《基辅邮报》报道,泽连斯基14日估计,俄方前一晚向乌克兰发射39枚导弹和128架无人机,击中基辅等地多处能源设施,导致至少60万人断电。他指认俄方公然无视特朗普宣布的“能源停火”,称美国要求乌方不得袭击俄炼油厂“不公平”。

  特朗普11日宣布俄乌即刻实施“能源停火”,按照《基辅独立报》的说法,乌方事先对此毫不知情。9日,特朗普宣布放松对俄罗斯柴油出口制裁,以期平抑美国油价。在乌方看来,这是在帮助俄方获得资金。

  接受英国记者采访时,泽连斯基被问及对特朗普宣布美俄达成柴油供应协议后是否有“遭到背叛”的感觉。他说:“真的,是的,在我们之间。”

  泽连斯基称,特朗普没有真正“中立”,“选择站在另一边,而不是我们这边,令人痛心”。

  就特朗普10日公开表示乌克兰应该“换个能达成协议的新领导人”,泽连斯基说,他不会屈从美国压力而下台。马斯克14日在社交媒体上写道:“泽连斯基该走人了。”

频现转折

  《基辅邮报》说,自去年再次入主白宫以来,特朗普反复施压乌方,要求乌方在俄乌冲突中让步,但今年夏天他的立场发生转变,甚至称赞泽连斯基“勇敢”。特朗普表示,美国将授权乌方生产“爱国者”导弹防御系统,随后加大结束俄乌冲突的努力,并于9月首次派总统特使访问基辅,但短短几周后,从美俄柴油协议到“星链”限速,美乌关系迅速变得糟糕起来。

  《基辅独立报》14日一篇社论称,特朗普曾多次被指“抛弃”乌克兰,但过去几天的情况比“抛弃”更糟糕,他“正积极帮助俄罗斯赢得这场战争”。

  美国有线电视新闻网报道,过去几天,欧洲和乌克兰官员披露,美国威胁限制对乌情报及其他合作,以施压乌方停止袭击俄罗斯炼油厂。这一威胁可能已经成为现实。

  包括美国媒体在内,有舆论指出,特朗普在美国国会中期选举压力下,把美国加油站供应短缺和油价飙升归咎于乌克兰空袭俄炼油厂,但多数专家认为,美国和以色列2月底对伊朗发起大规模军事行动导致霍尔木兹海峡困局才是主要原因。

  据美国阿克西奥斯新闻网站和英国《金融时报》早前报道,泽连斯基先前多次拒绝停止袭击俄炼油厂,令特朗普不快,才决定与俄方达成柴油交易。

  泽连斯基14日接受《金融时报》采访时说:“对攻击(俄罗斯)炼油厂的阻碍已经解除。”(胡若愚)

图说1:5月4日,乌克兰总统泽连斯基在亚美尼亚首都埃里温出席第八届欧洲政治共同体领导人会议。新华社记者陈俊锋摄

图说2:9月17日凌晨,乌克兰首都基辅市第聂伯区遭多枚导弹袭击并升起浓烟。新华社记者李东旭摄

图说3:这是8月24日在美国纽约拍摄的油品转运站。新华社记者张凤国摄