
ပေကျင်း/ပဲရစ်၊ ဩဂုတ် ၈ ရက် (ဆင်ဟွာ)
ယူနက်စကိုအဖွဲ့ (UNESCO) က ပေကျင်းမြို့အား ၂၀၂၉ ခုနှစ်အတွက် “ကမ္ဘာ့ ဗိသုကာလက်ရာမြို့တော်” အဖြစ် ဩဂုတ် ၅ ရက်တွင် တရားဝင် ဂုဏ်ပြုချီးမြှင့်လိုက်ရာ ပေကျင်းမြို့သည် ဤဂုဏ်ဒြပ်ကိုရရှိသည့် ကမ္ဘာ့စတုတ္ထမြောက်မြို့ ဖြစ်လာခဲ့သည်။
“ကမ္ဘာ့ ဗိသုကာလက်ရာမြို့တော်” ဆိုသည်မှာ ယူနက်စကိုနှင့် ကမ္ဘာ့ဗိသုကာပညာရှင်များအသင်း (UIA) တို့ ပူးပေါင်း၍ တည်ထောင်ထားသော ကမ္ဘာလုံးဆိုင်ရာ ဂုဏ်ပြုချီးမြှင့်မှု ယန္တရားတစ်ခု ဖြစ်သည်။ သုံးနှစ်တစ်ကြိမ် ယူနက်စကိုက ကမ္ဘာ့ဗိသုကာပညာရှင်များညီလာခံ ကြီးမှူးကျင်းပမည့် အိမ်ရှင်မြို့တော်ကို “ကမ္ဘာ့ ဗိသုကာလက်ရာ မြို့တော်” အဖြစ် သတ်မှတ်ပေးသည်။ ဤဂုဏ်ဒြပ်ကို မည်သို့ ရွေးချယ်သနည်း။ အကဲဖြတ်ရွေးချယ်ခံရခြင်း၏ အနှစ်သာရက မည်သည်ကို ဆိုလိုသနည်း။ ပေကျင်းမြို့သည် ဗိသုကာလက်ရာ၏ ပကတိအလှတရားကို မည်သို့ ပြသထားသနည်း။
“ကမ္ဘာ့ ဗိသုကာလက်ရာမြို့တော်” အဖြစ် မည်သို့ အကဲဖြတ်ရွေးချယ်သနည်း
လုပ်ထုံးလုပ်နည်းများအရ ကမ္ဘာ့ဗိသုကာပညာရှင်များညီလာခံ ကြီးမှူးကျင်းပသည့်နေရာကို ကြိုတင်ရွေးကောက်လေ့ရှိသည်။ ယူနက်စကို- ကမ္ဘာ့ဗိသုကာပညာရှင်များအသင်း တို့၏ “ကမ္ဘာ့ ဗိသုကာလက်ရာမြို့တော်” ပူးတွဲကော်မတီသည် ညီလာခံကျင်းပရန် လျှောက်ထားသည့် မြို့များအနက် ကိုယ်စားလှယ်မြို့သုံးမြို့အား ဆန်ခါတင်ရွေးချယ်ပြီးနောက် ကမ္ဘာ့ဗိသုကာပညာရှင်များအသင်း၏ အဖွဲ့ဝင် ကိုယ်စားလှယ်များညီလာခံမှတစ်ဆင့် လာမည့် ကမ္ဘာ့ဗိသုကာပညာရှင်များညီလာခံအား ကြီးမှူးကျင်းပမည့်မြို့အား ထပ်မံရွေးချယ်ခြင်း ဖြစ်သည်။ နောက်ဆုံးတွင် ယူနက်စကို အထွေထွေညွှန်ကြားရေးမှူးချုပ်က အဆိုပါမြို့အား ညီလာခံကျင်းပသည့်နှစ်တွင် “ကမ္ဘာ့ဗိသုကာလက်ရာမြို့တော်” ဂုဏ်ဒြပ်ကို တရားဝင် ကြေညာအပ်နှင်းပေးခြင်း ဖြစ်သည်။
၂၉ ကြိမ်မြောက် ကမ္ဘာ့ ဗိသုကာပညာရှင်များ ညီလာခံသည် ၂၀၂၆ ခုနှစ် “ကမ္ဘာ့ ဗိသုကာလက်ရာမြို့တော်” ဖြစ်သည့် စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် ဇူလိုင် ၂ ရက်က ကျင်းပပြီးစီးခဲ့သည်။ ယင်းညီလာခံပိတ်ပွဲအခမ်းအနားတွင် ပေကျင်းမြို့ ဒုတိယမြို့တော်ဝန် ထန်ဝန်ဟုန်၊ တရုတ်နိုင်ငံ ဗိသုကာပညာရှင်အသင်း ဥက္ကဋ္ဌ ရှိုးလုန်တို့က ဘာစီလိုနာမြို့ မြို့တော်ဝန် Jaume Collboni နှင့် ညီလာခံအလံကို လွှဲပြောင်းလက်ခံလိုက်ရာ ၂၀၂၉ ခုနှစ် ၃၀ ကြိမ်မြောက် ကမ္ဘာ့ ဗိသုကာပညာရှင်များ ညီလာခံသည် “ပေကျင်းအချိန်” ကျရောက်လာတော့မည့် အမှတ်သင်္ကေတဖြစ်ခဲ့သည်။
ပေကျင်းသည် ရီယိုဒီဂျနေးရိုး (၂၀၂၀)၊ ကိုပင်ဟေဂင် (၂၀၂၃)၊ ဘာစီလိုနာ (၂၀၂၆) ပြီးလျှင် စတုတ္ထမြောက် ဤဂုဏ်ဒြပ်ကို ရရှိခဲ့သော မြို့ဖြစ်သည်။ ယင်းမှာ ၁၉၉၉ ခုနှစ်၌ ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ ဗိသုကာပညာရှင်များ ညီလာခံကို လက်ခံကျင်းပပြီးနောက် ပေကျင်းသည် ကမ္ဘာလုံးဆိုင်ရာ ဗိသုကာလောက၏ ထိပ်တန်းအခမ်းအနားပွဲကြီးကို ထပ်မံ တာဝန်ယူကျင်းပရခြင်းလည်း ဖြစ်သည်။
“ပေကျင်းက နှစ်ပေါင်း ၃,၀၀၀ ကျော် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးသမိုင်းကို ပိုင်ဆိုင်ထားတဲ့အပြင် ယူနက်စကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်နေရာ များစွာကိုလည်း ပိုင်ဆိုင်ထားပါတယ်” ဟု ယူနက်စကိုအဖွဲ့ ယဉ်ကျေးမှုဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူးချုပ် Nayef Al-Fayez က ဆင်ဟွာသတင်းထောက်၏ စာလွှာဖြင့် မေးမြန်းမှုကို လက်ခံဖြေကြားရာတွင် ပြောကြားခဲ့သည်။
“သမိုင်းဝင် လမ်းတွေနဲ့ ရပ်ကွက်တွေကို အဆင့်မြှင့်တင်ခြင်း၊ မြို့ပြပြန်လည်ရှင်သန်ခြင်း၊ ဂေဟစနစ်ပြန်လည်မွမ်းမံခြင်းနဲ့ အများပြည်သူနေရာ တည်ဆောက်ခြင်း စတဲ့ သက်ဆိုင်ရာအစီအမံတွေကတစ်ဆင့် ပေကျင်းမြို့ဟာ အဆောက်အဦတွေအနေနဲ့ ပင်ကိုယဉ်ကျေးမှု ထိန်းသိမ်းထားတဲ့တစ်ပြိုင်နက်တည်းမှာပဲ မြို့ပြစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘယ်လိုဖော်ဆောင်နေသလဲဆိုတာကို ပြသထားပါတယ်” ဟု ၎င်းက ဆိုသည်။
အကဲဖြတ်ရွေးချယ်ခံရခြင်း၏ အနှစ်သာရက မည်သည်ကို ဆိုလိုသနည်း
“ကမ္ဘာ့ ဗိသုကာလက်ရာမြို့တော်” ဟူသော ဂုဏ်ဒြပ်ရရှိခြင်းမှာ ပထမအနေဖြင့် နိုင်ငံတကာ ဗိသုကာလောကက ပေကျင်း၏ အမွေအနှစ်ထိန်းသိမ်းမှု၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်မှုနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရှာဖွေကြိုးပမ်းမှုအပေါ် အသိအမှတ်ပြုနေခြင်းပင်ဖြစ်သည်။ တစ်ချိန်တည်းတွင်ပင် ယင်းဂုဏ်ဒြပ်က ထိုက်သင့်သည့် တာဝန်နှင့် နိုင်ငံတကာဖလှယ်ရေး ပလက်ဖောင်း ဟူသော လုပ်ဆောင်ချက်စွမ်းရည်အား တာဝန်ထမ်းဆောင်ရမည်ဟူသော အဓိပ္ပာယ်ကို ဖော်ဆောင်ပေသည်။
“ကမ္ဘာ့ ဗိသုကာလက်ရာမြို့တော်” အဖြစ် ရွေးချယ်ချီးမြှင့်မှုကို ခံရသည့် မြို့အနေဖြင့် ကမ္ဘာ့ဗိသုကာပညာရှင်များ ညီလာခံကို တာဝန်ယူလက်ခံကြီးမှူးကျင်းပရမည်သာမက တစ်နှစ်ပတ်လုံးသော အစီအစဉ်များကို ရေးဆွဲရန်လည်း လိုအပ်ပေသည်။ ထို့အပြင် ဒေသခံ လူမှုအသိုင်းအဝိုင်း၊ အထူးသဖြင့် လူငယ်မျိုးဆက်သစ်များက ယင်းလှုပ်ရှားမှုများနှင့် ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေး လုပ်ငန်းများတွင် ပါဝင်လာစေရန်အတွက် စည်းရုံးလှုံ့ဆော်ပေးမည့် စင်မြင့်တစ်ခုကိုလည်း ပံ့ပိုးပေးရမည် ဖြစ်သည်။
Nayef Al-Fayez က ဤဂုဏ်ဒြပ်သည် ပေကျင်းမြို့အတွက် အရေးကြီးသော အခွင့်အလမ်းတစ်ရပ်ကို ဖန်တီးပေးထားရာ ၎င်း၏ ဗိသုကာ အမွေအနှစ်များနှင့် ခေတ်ပြိုင် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး ရလဒ်များကို ပြသနိုင်သည့်အပြင် တစ်နှစ်တာ ယဉ်ကျေးမှု၊ ပညာရေးနှင့် ပညာရပ်ဆိုင်ရာ လှုပ်ရှားမှုများမှတစ်ဆင့် နိုင်ငံတကာ အသိုက်အဝန်းနှင့် အပြန်အလှန် ဆက်ဆံဖလှယ်နိုင်စေသည်ဟု ယူဆသည်။
ဤနိုင်ငံတကာစင်မြင့်ကို အမှီပြု၍ ပေကျင်းမြို့အနေဖြင့် ကမ္ဘာ့ဗိသုကာနယ်ပယ်တွင် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုကို ပိုမိုမြှင့်တင်နိုင်ရန်လည်း မျှော်လင့်ရသည်။ ယခုနှစ် ဇူလိုင်လတွင် ဘာစီလိုနာမြို့၌ ကျင်းပခဲ့သည့် ကမ္ဘာ့ ဗိသုကာပညာရှင်များအသင်း (UIA) ၏ အဖွဲ့ဝင် ကိုယ်စားလှယ်များ ညီလာခံတွင် ချင်းဟွာတက္ကသိုလ် ဗိသုကာကျောင်းအကြီးအကဲ ကျန်းလိသည် ကမ္ဘာ့ဗိသုကာပညာရှင်များအသင်း၏ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ပြီး ယင်းမှာ တရုတ်ဗိသုကာပညာရှင်တစ်ဦးအနေဖြင့် အဆိုပါရာထူးတာဝန်ကို ပထမဆုံးအကြိမ် ထမ်းဆောင်ခြင်း ဖြစ်သည်။
ပေကျင်းက မည်သည်တို့ကို ပြသသွားမည်နည်း
ပေကျင်းမြို့ မြို့ပြစီမံကိန်းနှင့် သဘာဝသယံဇာတရေးရာ ကော်မရှင်၏ စီမံကိန်းရေးရာထိပ်တန်းပညာရှင်၊ ပေကျင်းမြို့ပြစီမံကိန်း ဒီဇိုင်းနှင့် သုတေသနဌာန အကြီးအကဲ ရှီရှောင်တုန်း က “ပေကျင်း၏ ဗိသုကာလက်ရာယဉ်ကျေးမှုက တစ်မူထူးခြားပြီး ပြည့်စုံမှုရှိတယ်” ဟု ပြောကြားခဲ့သည်။ ပေကျင်းသည် တစ်ခုတည်းသော အထင်ကရ အဆောက်အအုံများကို စုပုံထားခြင်းမဟုတ်ဘဲ ဗဟိုဝင်ရိုးလမ်း၊ တားမြစ်မြို့တော်၊ ဟူထုန့် (ခေါ်) လမ်းသွယ်လေးများနှင့် စိဟော်ယွမ့် (ခေါ်) ထောင့်ကျကျနေအိမ်ခြံဝင်းများ၊ တောင်သုံးတောင်နှင့် ဥယျာဉ်ငါးခု စသည်တို့ အတူတကွ ပေါင်းစပ်ဖွဲ့စည်းထားသည့် “သဘာဝတောတောင်ရေမြေ - မြို့ပြဝင်ရိုး - လမ်းကြား၊ လမ်းသွယ်များဖွဲ့စည်းပုံ - နေအိမ်ခြံဝင်းအနေအထား - အများပြည်သူသုံးအဆောက်အအုံ” တို့ အပြန်အလှန် လွှမ်းခြုံပါဝင်နေသည့် နေရာအနေအထားစည်းစနစ် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ရှီရှောင်တုန်းက “ကမ္ဘာ့ ဗိသုကာလက်ရာမြို့တော်” ဂုဏ်ဒြပ်ကို ရရှိခြင်းသည် ပေကျင်းအနေဖြင့် ကမ္ဘာကြီးကို ထူးချွန်သော ဗိသုကာလက်ရာများကို ပြသနိုင်ရုံသာမက တစ်မူထူးခြားသည့် မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး အတွေ့အကြုံတစ်မျိုးကိုလည်း ပိုမိုတင်ဆက်ပြသနိုင်မည် ဖြစ်ကြောင်း၊ ယင်းမှာ မြို့ပြတည်ဆောက်မှုသမိုင်း နှစ်ပေါင်း ၃,၀၀၀ ကျော်ရှိပြီး မြို့တော်အဖြစ် တည်ထောင်ခဲ့သည့် သမိုင်းနှစ်ပေါင်း ၈၀၀ ကျော် ရှိသည့် အလွန်တရာကြီးမားလှသော မြို့တော်ကြီးတစ်မြို့အနေဖြင့် သမိုင်းဝင် ယဉ်ကျေးမှုကို ကာကွယ်ထိန်းသိမ်းသည့်တစ်ချိန်တည်းတွင် ခေတ်ပြိုင်ဘဝနှင့် အနာဂတ် စိန်ခေါ်မှုများကို မည်ကဲ့သို့ စဉ်ဆက်မပြတ် တုံ့ပြန်ဆောင်ရွက်လျက်ရှိသည်ကို တင်ဆက်ပြသခြင်းပင် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ အင်ဂျင်နီယာရင်း အကယ်ဒမီ ပညာရှင်၊ ပေကျင်း ဗိသုကာပညာရှင်အသင်း ဥက္ကဋ္ဌ ချွေးခိုင်က ၂၉ ကြိမ်မြောက် ကမ္ဘာ့ဗိသုကာပညာရှင်အသင်းညီလာခံ၌ ပေကျင်းပြခန်းအကြောင်း မိတ်ဆက်ပြောကြားရာတွင် ပေကျင်းသည် ရိုးရာအစဉ်အလာမြို့ပြ၏ဉာဏ်ပညာများက ခေတ်ပြိုင်လူနေမှုဘဝအတွင်း မည်သို့ ဝင်ရောက်လာသည်အား တင်ဆက်ပြသသွားမည်ဖြစ်ကြောင်း၊ ဗိသုကာပညာရှင်များသည် သမိုင်းဆိုင်ရာ အကာအကွယ်ပေးမှု၊ မြို့ပြပြန်လည်ဆန်းသစ်မှု၊ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုနှင့် အများပြည်သူသုံးနေရာ တည်ဆောက်မှုတို့တွင် လူသားတို့၏ စစ်မှန်သော လိုအပ်ချက်များအား မည်ကဲ့သို့ တုံ့ပြန်ဆောင်ရွက်နေကြသည်ကို ပြသသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရှေးဟောင်းမြို့တော် တစ်ခုလုံးအား ကာကွယ်ထိန်းသိမ်းခြင်းနှင့် လမ်းများ၊ ရပ်ကွက်များအား အဆင့်မြှင့်တင်ခြင်း၊ စိဟော်ယွမ့် (ခေါ်) ထောင့်ကျကျနေအိမ်ခြံဝင်းများနှင့် ဟူထုန့် (ခေါ်) လမ်းသွယ်လေးများ၏ အလိုက်အထိုက် ပြုပြင်မွမ်းမံခြင်း၊ ယဉ်ကျေးမှု အမွေအနှစ် အဆောက်အအုံများအား အသက်သွင်းအသုံးချခြင်း စသည်တို့မှစတင်၍ ပေကျင်းမြို့သည် သမိုင်းဝင်မြို့တော်တစ်မြို့အနေဖြင့် သမိုင်း၏အမှတ်တရများကို ထိန်းသိမ်းထားနိုင်သလို စစ်မှန်မှု၊ သက်သောင့်သက်သာရှိမှုနှင့် ဂုဏ်သိက္ခာရှိသော ခေတ်ပြိုင်လူနေမှုဘဝကိုပါ မည်ကဲ့သို့ လက်ခံပါဝင်နိုင်စေခြင်းဆိုသည့် ထူးချွန်သော နည်းလမ်းများကို ပံ့ပိုးပေးထားပါသည်။
ပေကျင်း ဗိသုကာပညာရှင်အသင်း ဒုတိယ ဥက္ကဋ္ဌ တုန်ကုန်းက “ကျွန်တော်တို့ ရည်မှန်းချက်က ပေကျင်း၏ဗိသုကာလက်ရာတွေကို ကမ္ဘာကမြင်တွေ့စေရုံသာမက ဒီပေကျင်းဗိသုကာလက်ရာ အဆောက်အဦတွေရဲ့ နောက်ကွယ်က ယဉ်ကျေးမှု၊ လူနေမှုဘဝနဲ့ ဆန်းသစ်မှုအင်အားတွေကို နားလည်စေဖို့လည်း ဖြစ်ပါတယ်” ဟု ဆိုသည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
热点问答|“世界建筑之都”北京将让世界看到什么
新华社北京/巴黎8月7日电 热点问答|“世界建筑之都”北京将让世界看到什么 新华社记者陈旭 张百慧
联合国教科文组织5日正式授予北京2029年“世界建筑之都”称号。北京成为全球第四座获此殊荣的城市。
“世界建筑之都”是联合国教科文组织与国际建筑师协会联合设立的全球性荣誉机制。每三年,联合国教科文组织指定世界建筑师大会的主办城市为“世界建筑之都”。该称号如何评出?获评意味着什么?北京如何展示建筑之美?
“世界建筑之都”如何评出
依照惯例,世界建筑师大会主办城市由提前选举产生。联合国教科文组织-国际建筑师协会“世界建筑之都”联合委员会预先从申办城市中遴选出三个候选城市,再由国际建筑师协会会员代表大会从中选出下一届世界建筑师大会的主办城市。最后,由联合国教科文组织总干事正式宣布,该城市将在大会举办当年被授予“世界建筑之都”称号。
7月2日,第29届世界建筑师大会在2026年“世界建筑之都”西班牙巴塞罗那落下帷幕。在大会闭幕式上,北京市副市长唐文弘、中国建筑学会理事长修龙与巴塞罗那市长科利博尼完成大会会旗交接,标志着2029年第30届世界建筑师大会将进入“北京时间”。
北京成为继里约热内卢(2020)、哥本哈根(2023)、巴塞罗那(2026)后,第四个获此殊荣的城市。这也是继1999年首次承办世界建筑师大会后,北京再次承办全球建筑界最高级别盛会。
“北京拥有超过3000年的城市发展历史,并拥有多处联合国教科文组织世界遗产。”联合国教科文组织文化助理总干事纳伊夫·法耶兹在接受新华社记者书面采访时表示,“通过历史街区更新、城市再生、生态修复以及公共空间建设等相关举措,北京展现了建筑如何在保护文化身份的同时,为城市可持续发展作出贡献。”
获评意味着什么
获得“世界建筑之都”称号,首先意味着国际建筑界对北京在遗产保护、城市发展实践以及可持续发展探索方面的认可。同时,这一称号也意味着承担相应的责任和国际交流平台的功能。
获评“世界建筑之都”的城市不仅要负责主办世界建筑师大会,还需策划全年的活动,并为动员当地社区、特别是青年一代参与活动以及文化遗产保护工作提供平台。
法耶兹认为,这一称号为北京提供了一个重要机遇,使其能够展示自身的建筑遗产和当代城市发展成果,并通过为期一年的文化、教育及专业活动,与国际社会展开交流互动。
依托这一国际平台,北京也有望进一步提升中国在全球建筑领域的影响力。在巴塞罗那今年7月举办的国际建筑师协会会员代表大会上,清华大学建筑学院院长张利当选国际建筑师协会主席,这是中国建筑师首次担任该职务。
北京将展示什么
北京市规划和自然资源委员会总规划师、北京市城市规划设计研究院院长石晓冬说,“北京的建筑文化独特而完整”,并非单体地标建筑的堆砌,而是由中轴线、紫禁城、胡同四合院、三山五园等共同构成的“山水环境-城市轴线-街巷肌理-院落空间-公共建筑”相互嵌套的空间秩序。
石晓冬表示,获得“世界建筑之都”称号,北京不仅可以向世界展示一批优秀建筑,更可以呈现一种独特的城市发展经验:一座拥有3000多年建城史、800多年建都史的超大城市,如何在保护历史文明的同时,持续回应当代生活与未来挑战。
中国工程院院士、北京建筑师学会理事长崔愷在第29届世界建筑师大会上介绍北京展区时表示,北京将呈现传统城市智慧如何进入当代生活,展示建筑师如何在历史保护、城市更新、绿色发展和公共空间建设中回应人的真实需求。
从老城整体保护与街区更新、四合院和胡同的适应性改造、文物建筑的活化利用等,北京提供了如何使历史城市既保有记忆,又能够容纳真实、舒适而有尊严的当代生活的优秀方案。北京建筑师学会副理事长董功说:“我们的目标,不仅是让世界看到北京的建筑,也要让世界了解北京建筑背后的文化、生活与创新力量。”(完)
1. 这是4月27日拍摄的暮色中的故宫角楼(手机照片)。新华社记者 徐金泉 摄
2. 这是7月27日在北京鼓楼拍摄的北京中轴线景色。新华社记者 谢晗 摄
3. 3月19日拍摄的景山公园的景色。新华社发(李梦岚 摄)








