တရုတ်နိုင်ငံ ဟဲနန်ပြည်နယ် နီဟယ်ဝါး ရေလွှမ်းမိုးမှု ထိန်းသိမ်းရေးဒေသအတွင်းရှိ ဝူယန်ခရိုင် ပေဝူသုမြို့နယ် ထျန်လီကျေးရွာတွင် တောင်သူများက မျိုးစေ့ချစက်ထဲသို့ မျိုးစေ့များ ဖြည့်တင်းပေးနေကြသည်ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဟဲနန်ပြည်နယ် နီဟယ်ဝါး ရေလွှမ်းမိုးမှု ထိန်းသိမ်းရေးဒေသအတွင်းရှိ ဝူယန်ခရိုင် ပေဝူသုမြို့နယ် ထျန်လီကျေးရွာတွင် တောင်သူများက မျိုးစေ့ချစက်ထဲသို့ မျိုးစေ့များ ဖြည့်တင်းပေးနေကြသည်ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကျိန့်ကျိုး၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

တိုင်ဖွန်းမုန်တိုင်း “Dolphin” သက်ရောက်မှုကြောင့် တရုတ်နိုင်ငံ ဟဲနန်ပြည်နယ်သည် ၂၀၂၆ ခုနှစ် သြဂုတ် ၁၃ ရက်တွင် ဝူယန်ခရိုင်အတွင်းရှိ နီဟယ်ဝါး ရေလွှမ်းမိုးမှုထိန်းသိမ်းရေးဧရိယာကို ဖွင့်လှစ်အသုံးပြုခဲ့သည်။

ရေလွှမ်းမှု၏ သက်ရောက်မှုကြောင့် ထိုဒေသအတွင်းရှိ တရုတ်မူ (mu) ၁၂၅,၀၀၀ ကျယ်ဝန်းသော လယ်ယာမြေများ အတိုင်းအတာအမျိုးမျိုးဖြင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။ ရေများ ပြန်လည် ကျဆင်းသွားပြီးနောက် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကို အလျင်အမြန် ပြန်လည် နာလန်ထူစေရန်၊ စိုက်ပျိုးရာသီချိန်မလင့်စေဘဲ အချိန်မီ မျိုးစေ့ချစိုက်ပျိုးမှုကို အာမခံနိုင်ရန်အတွက် ဝူယန်ခရိုင်သည် အင်အားများ စုစည်းကာ အမျိုးအစားအလိုက် မူဝါဒများ ချမှတ်ဆောင်ရွက်ပြီး သဘာဝဘေးသင့် ကောက်ရိုးများကို ဘက်စုံ အသုံးချခြင်းနှင့် လယ်ယာမြေများကို နက်ရှိုင်းစွာ ထွန်ယက်၍ ပြန်လည် စိုက်ပျိုးခြင်းလုပ်ငန်းများကို ညှိနှိုင်းစီစဉ် တွန်းအားပေးဆောင်ရွက်လျက်ရှိသည်။

ယခုအခါ နီဟယ်ဝါး ရေလွှမ်းမိုးမှု ထိန်းသိမ်းရေးဒေသအတွင်း၌ ဒေသခံ တောင်သူများက စိုက်ပျိုးရာသီချိန်မလင့်စေဘဲလယ်ကွင်းများတွင် မျိုးစေ့ချ စိုက်ပျိုးခြင်းနှင့် မြေဩဇာ ကျွေးခြင်းများ အပြေးအလွှား ပြုလုပ်နေကြပြီး လယ်ယာစက်ပစ္စည်းများ သွားလာလှုပ်ရှားနေသည့် စည်ကားအလုပ်များသော မြင်ကွင်းကို သတင်းထောက်က တွေ့မြင်ခဲ့ရသည်။ (Xinhua)

…………………

(Chinese Version)

河南舞阳:滞洪区里农事忙

新华社照片,郑州,2026年11月13日

受台风“白海豚”影响,河南省于2026年8月13日启用了位于舞阳县境内的泥河洼滞洪区。受洪水影响,区内12.5万亩农田出现不同程度受灾情况。 洪水退去后,为快速恢复农业生产、抢抓农时保播种,舞阳县集中力量、分类施策,统筹推进受灾秸秆综合利用和农田深耕复耕工作。记者在如今的泥河洼滞洪区里看到,当地农民正抢抓农时,在田间播种施肥,农机穿梭往来,呈现一片繁忙景象。

图说1:11月12日,在位于泥河洼滞洪区内的舞阳县北舞渡镇田李村,农民为播种机补料。 新华社记者 李嘉南 摄

图说2:11月12日,在位于泥河洼滞洪区内的舞阳县北舞渡镇田李村,农机在进行播种作业(无人机照片)。新华社记者 李嘉南 摄