
ပေကျင်း၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)
မြို့ပြနှင့် ကျေးလက်ဒေသများရှိ ပြည်သူအားလုံးကို လွှမ်းခြုံနိုင်ပြီး တရားမျှတမှု၊ တစ်ပြေးညီဖြစ်မှု၊ လုံခြုံစိတ်ချရမှု၊ စနစ်တကျစီမံခန့်ခွဲနိုင်မှုနှင့် ရေရှည်တည်တံ့မှုရှိသော အလွှာစုံလူမှုလုံခြုံရေးစနစ်တစ်ရပ်ကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရန်နှင့် လူမှုလုံခြုံရေးစနစ် ပြုပြင်ပြောင်းလဲမှုများကို ပိုမိုချဲ့ထွင်နိုင်စေရန် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က နိုဝင်ဘာ ၁၂ ရက်က တိုက်တွန်းပြောကြားခဲ့သည်။
လီချန်သည် အလွှာစုံလူမှုဖူလုံရေးစနစ် တိုးတက်ကောင်းမွန်ရေးနှင့် လူမှုဖူလုံရေးကာကွယ်စောင့်ရှောက်မှု ကွန်ရက် ပိုမိုခိုင်မာအားကောင်းလာစေရေးအတွက် နိုင်ငံတော်ကောင်စီက လေ့လာဆွေးနွေးပွဲတစ်ရပ်ကို ဦးဆောင်ကျင်းပပေးစဉ် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးဖြစ်ပြီး လုပ်ငန်းဆောင်တာများပါ ပြည့်စုံကောင်းမွန်သည့် လူမှုဖူလုံရေးစနစ်ကို အခြေခံအားဖြင့် တည်ထောင်နိုင်ခဲ့ပြီဖြစ်ပါသည်။ သို့သော်လည်း လူဦးရေဆိုင်ရာ ဖွဲ့စည်းပုံပြောင်းလဲမှုများ၊ နည်းပညာတိုးတက်မှုများနှင့် အလုပ်အကိုင်ပုံစံ အမျိုးမျိုးကွဲပြားလာမှုတို့ကြောင့် လူမှုဖူလုံရေးစနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခင်ကထက် ပိုမိုမြင့်မားသည့် လိုအပ်ချက်များနှင့် စိန်ခေါ်မှုအသစ်များ ပေါ်ပေါက်လာကြောင်း လီချန်က ပြောကြားခဲ့သည်။
နိုင်ငံ၏ လက်တွေ့အခြေအနေများကို အခြေခံ၍ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်မှုနှင့် လက်တွေ့ဖြစ်နိုင်ခြေရှိမှုတို့အကြား မျှတစွာ ချိန်ညှိဆောင်ရွက်ရမည်ဖြစ်ကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လူမှုဖူလုံရေးအဆင့်အတန်းကိုလည်း တဖြည်းဖြည်း မြှင့်တင်သွားရမည်ဖြစ်ကြောင်း ၎င်းက အလေးထားပြောကြားခဲ့သည်။
ထို့ပြင် အစိုးရ၊ အလုပ်ရှင်များ၊ ပြည်သူတစ်ဦးချင်းစီနှင့် လူမှုအဖွဲ့အစည်းတို့၏ တာဝန်ဝတ္တရားများကို ရှင်းလင်းစွာ သတ်မှတ်ရန် လိုအပ်ကာ သက်ဆိုင်သူအားလုံးအကြား တာဝန်များကို သင့်လျော်စွာ ခွဲဝေထမ်းဆောင်စေပြီး ရေရှည်အပြန်အလှန် ကူညီထောက်ပံ့ရေးစနစ်တစ်ရပ် ဖော်ဆောင်ရန် လိုအပ်ကြောင်းကိုလည်း လီက ပြောကြားခဲ့သည်။ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းနှင့် အကာအကွယ်ပေးခြင်းတို့ကို ဆောင်ရွက်ရုံသာမက ပြည်သူလူထုအလွှာအသီးသီးနှင့် ကွဲပြားခြားနားသော လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ထောက်ပံ့ပေးသည့် ပုံစံကိုလည်းမျိုးစုံ ဖော်ဆောင်ပေးသင့်ကြောင်းကိုပါ လီက ဖြည့်စွက်ပြောကြားခဲ့သည်။
လူမှုဖူလုံရေးစနစ်အတွင်း အားနည်းချက်များနှင့် လိုအပ်ချက်များရှိနေသည့် ကဏ္ဍများကို အမြန်ဆုံးဖြေရှင်းရန်၊ လုပ်ငန်းခွင်အခြေပြု အပိုဆောင်းပင်စင်အစီအစဉ်များတွင် ပါဝင်ခွင့်ရရှိသူဦးရေ တိုးချဲ့ရန်၊ တစ်ဦးချင်းပင်စင်အစီအစဉ်ကို ပိုမိုဆွဲဆောင်မှုရှိလာစေရန်၊ ပုဂ္ဂလိကကျန်းမာရေးအာမခံလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးပေးရန်နှင့် ရေရှည်စောင့်ရှောက်မှုအာမခံစနစ်ကို တစ်ဆင့်ချင်း တိုးမြှင့်အကောင်အထည်ဖော်ရန် လီချန်က တိုက်တွန်းခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20261112/2ba28750b6c94baaacdbdb1d8d542a08/c.html
………………………………………………
(English version)
Chinese premier calls for improving multi-tiered social security system
BEIJING, Nov. 12 (Xinhua) -- Chinese Premier Li Qiang on Thursday called for further deepening social security reform and improving a multi-tiered social security system that covers the entire population in both urban and rural areas and is fair and unified, safe and well-regulated, and sustainable.
Li made the remarks while presiding over a State Council study session on improving the multi-tiered social security system and further strengthening the social security safety net.
China has basically established the world's largest and fully functional social security system. Yet changes in the demographic structure, technological progress and diverse forms of employment have placed new and higher demands on the development of the social security system, Li said.
He noted that the country must proceed from its own realities, balance doing the best with doing what is possible, and raise social security levels steadily as the economy develops.
Li also underlined the need to clarify the responsibilities of the government, employers, individuals and society, so that responsibilities are properly shared and a long-term mechanism of mutual assistance is formed. While meeting basic needs and providing a safety net, the system should offer more varied forms of provision to meet people's multi-tiered and diverse needs.
He called for accelerating efforts to address weak links, expand coverage of enterprise annuities, make the personal pension scheme more attractive, support the growth of commercial health insurance, and steadily advance the long-term care insurance system.
https://english.news.cn/20261112/2ba28750b6c94baaacdbdb1d8d542a08/c.html
Photo caption : Chinese Premier Li Qiang meets the press after the closing of the first session of the 14th National People's Congress (NPC) at the Great Hall of the People in Beijing, capital of China, March 13, 2023. (Xinhua/Yue Yuewei)








