အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော်၌ အမေရိကန် သမ္မတ ထရမ့် (ဝဲဘက် ဒုတိယ) က ယူကရိန်း သမ္မတ ဇယ်လန်းစကီး (ဝဲဘက် တတိယ) အား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၇ ရက်တွင် ကြိုဆိုနေစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော်၌ အမေရိကန် သမ္မတ ထရမ့် (ဝဲဘက် ဒုတိယ) က ယူကရိန်း သမ္မတ ဇယ်လန်းစကီး (ဝဲဘက် တတိယ) အား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၇ ရက်တွင် ကြိုဆိုနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)

အမေရိကန်သမ္မတ ထရမ့်က အောက်တိုဘာ ၁၀ ရက်တွင် "ယူကရိန်းသမ္မတ ပြောင်းသင့်သည်" ဟု ပြောကြားခဲ့ပြီး ယူကရိန်းသမ္မတ ဇယ်လန်းစကီးသည် ရုရှား-ယူကရိန်း ပဋိပက္ခကို အဆုံးသတ်ရာတွင် လုံလောက်စွာ ဆောင်ရွက်ခြင်းမရှိကြောင်း အရိပ်အမြွက်ပြောကြားခဲ့သည်။ ထရမ့်သည် ဇယ်လန်းစကီးကြောင့် အမေရိကန်နိုင်ငံ၌ ဒီဇယ်ဈေးနှုန်း မြင့်တက်လာသည်ဟုလည်း တစ်ချိန်တည်းတွင် ပြစ်တင်ပြောဆိုခဲ့သည်။

ထရမ့် မည်သည့်အရာများကို ပြောကြားခဲ့သနည်း။ ထို့အပေါ် နိုင်ငံအသီးသီးက မည်သို့ ရှုမြင်သနည်း။ အမေရိကန်၏ ဖိအားပေးမှုနည်းဗျူဟာများက အကျိုးသက်ရောက်မှုရှိပါမည်လော။


ထရမ့် မည်သည့်အရာများကို ပြောကြားခဲ့သနည်း

အောက်တိုဘာ ၁၀ ရက်တွင် အိမ်ဖြူတော်၌ သတင်းထောက်တစ်ဦးက ထရမ့်အား "အမေရိကန်နိုင်ငံက ရုရှားဒီဇယ်ကုန်သွယ်မှုအပေါ်  ပိတ်ဆို့အရေးယူထားတာကို ဖြေလျှော့ပေးလိုက်တာက ယူကရိန်းစစ်ပွဲကို ရှည်ကြာစေမယ် လို့ ဝေဖန်သူတွေက ယူဆနေပါတယ်" ဟု ပြောဆိုမေးမြန်းခဲ့သည်။

ထရမ့်က "ဇယ်လန်းစကီးက ဒီစစ်ပွဲကို အဆုံးသတ်ဖို့ အခွင့်အရေးများစွာ ရရှိခဲ့ပေမဲ့ သူက ဒါကို မလုပ်ဆောင်ခဲ့ပါဘူး။ သူက တစ်ကမ္ဘာလုံးအတွက် ပြဿနာ ဖန်တီးပေးချင်နေတယ်၊ ဒီဇယ်လောင်စာနဲ့ပတ်သက်လို့ ကျုပ်တို့ရဲ့ လယ်သမားတွေနဲ့ မွေးမြူရေးသမားတွေအတွက် ပြဿနာဖန်တီးချင်နေတယ်။ ကျုပ်တို့က သူ့ကို ဘာမဆို လုပ်နိုင်တယ်လို့ ပြောထားပေမဲ့ ရုရှားရေနံသန့်စင်စက်ရုံတွေကို မတိုက်ခိုက်ဖို့ ပြောထားတယ်။ သူကတော့ တိုက်ခိုက်လိုက်တာပဲ။ အကောင်းဆုံးကတော့ သူဒါကို ချက်ချင်းရပ်တန့်ရမယ်" ဟု ဖြေကြားခဲ့သည်။

ထရမ့်က "ယူကရိန်းအနေနဲ့ သမ္မတအသစ်တစ်ဦး ပြောင်းလဲဖို့အချိန်တန်ပြီ" ဟုလည်း ပြောကြားခဲ့သည်။

ထို့နောက် ထရမ့်သည် ရုရှား-ယူကရိန်း ပဋိပက္ခဖြစ်ပွားခဲ့ချိန်မှစ၍ ဇယ်လန်းစကီးသည် ယူကရိန်းတွင် ရွေးကောက်ပွဲ မကျင်းပခဲ့ခြင်းကို ထပ်မံဝေဖန်ပြောကြားခဲ့ပြီး "သူ့အနေနဲ့ ရွေးကောက်ပွဲတွေ ကျင်းပခဲ့သင့်တယ်... တကယ်ဆို ဒီစစ်ပွဲကို သူ ပြေလည်အောင် ဖြေရှင်းလို့ရတယ်… ပြီးတော့ သဘောတူညီမှုရရှိနိုင်တဲ့ အခွင့်အရေးတွေလည်း သူ့မှာ အကြိမ်ပေါင်းများစွာ ရှိခဲ့တယ်" ဟု ပြောကြားခဲ့သည်။

ထို့အပေါ် အမေရိကန် Axios သတင်းဝက်ဘ်ဆိုက်က "နှစ်နိုင်ငံခေါင်းဆောင်တွေဟာ ယမန်နှစ်က အိမ်ဖြူတော်အငြင်းပွားမှုနောက်ပိုင်း အဆိုးရွားဆုံး အကျပ်အတည်းကို ရောက်ရှိသွားခဲ့တယ်" ဟု သုံးသပ်ခဲ့သည်။

မကြာသေးမီရက်ပိုင်းက ထရမ့်နှင့် ဇယ်လန်းစကီးတို့သည် အမေရိကန်နိုင်ငံက ရုရှားဒီဇယ်ကုန်သွယ်မှုအပေါ် ပိတ်ဆို့အရေးယူမှုများ ဖြေလျှော့ခြင်းနှင့်ပတ်သက်၍ ငြင်းခုံမှုများ ဖြစ်ပွားခဲ့သည်။ အမေရိကန် CNN သတင်းဌာနက အမေရိကန်အစိုးရအရာရှိတစ်ဦး၏ သတင်းကို ကိုးကားဖော်ပြခဲ့ရာတွင် ထရမ့်သည် ယူကရိန်းဘက်က ရုရှားရေနံသန့်စင်စက်ရုံများကို ဆက်တိုက်တိုက်ခိုက်နေမှုကြောင့် ဇယ်လန်းစကီးအပေါ် "အလွန်ဒေါသထွက်နေကြောင်း" ၊ ယင်းမှာ ထရမ့်က ရုရှားဒီဇယ်ကုန်သွယ်မှုအပေါ် ပိတ်ဆို့အရေးယူမှုများကို ဖြေလျှော့ရန် ဆုံးဖြတ်ခဲ့သည့် အကြောင်းရင်းများအနက် တစ်ခုဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ဇယ်လန်းစကီးကမူ ဤဆောင်ရွက်ချက်သည် ရုရှားနိုင်ငံအတွက် "လက်ဆောင်" တစ်ခုဖြစ်ပြီး "ပျော့ညံ့သည့် ဆုံးဖြတ်ချက်" တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ "သစ္စာဖောက်ခံလိုက်ရသည်" ဟု ခံစားနေရကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ထို့ပြင် သတင်းမီဒီယာများစွာ၏ ဖော်ပြချက်အရ အမေရိကန်သမ္မတ၏ အထူးကိုယ်စားလှယ် Steve Witkoff နှင့် ထရမ့်၏သမက် Jared Kushner တို့က ယူကရိန်းအား သတိပေးခဲ့ကြပြီး အကယ်၍ ၎င်းတို့က သတိပေးချက်ကို မလိုက်နာဘဲ ရုရှားရေနံသန့်စင်စက်ရုံများအား တိုက်ခိုက်မှုများကို ရပ်တန့်ခြင်းမပြုပါက အမေရိကန်က ထောက်လှမ်းရေးအကူအညီများ ပေးအပ်ခြင်းကို ရပ်တန့်နိုင်သည်ဟု သတိပေးခဲ့ကြောင်း ဖော်ပြခဲ့သည်။

နောက်ဆုံးသတင်းများတွင် ထရမ့်သည် အောက်တိုဘာ ၁၁ ရက်တွင် လူမှုကွန်ရက်၌ ပို့စ်တင်ကာ ယခုအချိန်မှစ၍ ရုရှား-ယူကရိန်း ပဋိပက္ခသည် "စွမ်းအင်ဆိုင်ရာ အပစ်အခတ်ရပ်စဲမှု" အခြေအနေသို့ ရောက်ရှိပြီး နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြကြောင်း ဖော်ပြထားသည်။

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော်၌ အမေရိကန် သမ္မတ ထရမ့် (ယာဘက်) က ယူကရိန်း သမ္မတ ဇယ်လန်းစကီးနှင့် တွေ့ဆုံဆွေးနွေးနေသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - Xinhua/AP)
အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော်၌ အမေရိကန် သမ္မတ ထရမ့် (ယာဘက်) က ယူကရိန်း သမ္မတ ဇယ်လန်းစကီးနှင့် တွေ့ဆုံဆွေးနွေးနေသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - Xinhua/AP)

နိုင်ငံ အသီးသီးက မည်သို့ တုံ့ပြန်ကြသနည်း

"သမ္မတ ထရမ့်က ယူကရိန်းနိုင်ငံအနေနဲ့ သမ္မတအသစ်တစ်ဦး လိုအပ်တယ်လို့ ပြောကြားခဲ့တယ်။ ပထမဆုံးအနေနဲ့ ကျွန်တော်အရိုးသားဆုံး ပြောပါရစေ၊ သမ္မတ ထရမ့်ခင်ဗျ ဘယ်ခေါင်းဆောင်ကို ရွေးချယ်မလဲဆိုတာ ကျွန်တော်တို့ရဲ့ လူမှုအသိုင်းအဝိုင်း၊ ကျွန်တော်တို့ရဲ့ပြည်သူတွေကသာ ဆုံးဖြတ်သင့်တာပါ" ဟု ဇယ်လန်းစကီးက အောက်တိုဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်။

ထို့အပြင် ဇယ်လန်းစကီးက ယူကရိန်းသည် စစ်ပွဲနဲ့ရင်ဆိုင်နေရသောကြောင့် ယခုအချိန်တွင် ရွေးကောက်ပွဲကျင်းပရန်မှာ "အလွန်ခက်ခဲ" သည်ဟုလည်း ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Andrii Sybiha က အောက်တိုဘာ ၁၀ ရက်တွင် လူမှုကွန်ရက်ပေါ်၌ ပို့စ်တင်ကာ "ဇယ်လန်းစကီးက ပြည်သူတွေရဲ့ထောက်ခံမှုကို ရရှိထားပြီး ပြည်သူများက ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်" ဟု ဖော်ပြခဲ့သည်။

အမေရိကန်တွင် ထရမ့်၏ထောက်ခံသူများက ဇယ်လန်းစကီးသည် သင့်လျော်သောခေါင်းဆောင်မဟုတ်ဟု ယူဆကြသည်။ ဒီမိုကရက်များကမူ ထရမ့်က ရုရှားဒီဇယ်ကုန်သွယ်မှုအပေါ် ပိတ်ဆို့အရေးယူမှုများ ဖြေလျှော့ခြင်းသည် ပျော့ညံ့ပြီး ယုတ္တိအလျဉ်းမရှိကြောင်း ဝေဖန်ပြောဆိုကာ ရုရှားနိုင်ငံအပေါ်  သဘောထားတင်းမာသည့်မူဝါဒကို ပြန်လည်ကျင့်သုံးရန် တောင်းဆိုခဲ့ကြသည်။

ရုရှားဖက်ဒရယ်လုံခြုံရေးကောင်စီ ဒုတိယအကြီးအကဲ Dmitry Medvedev က ထရမ့်၏ သက်ဆိုင်ရာ သဘောထားပြောဆိုချက်များသည် ယူကရိန်းအခြေအနေအပေါ် လက်တွေ့အကျိုးသက်ရောက်မှုရှိမည် မဟုတ်ကြောင်း၊ ယူကရိန်းဘက်က ဥရောပထံမှ ငွေကြေးနှင့် လက်နက်ကိရိယာ အကူအညီများကို ဆက်လက်တောင်းခံနေဦးမည်ဖြစ်ပြီး ရုရှားဘက်က ဤကိစ္စအပေါ် "အလွန်အကျွံအကောင်းမြင်ခြင်း မပြုသင့်ကြောင်း"  ပြောကြားခဲ့သည်။

ဥရောပဘက်တွင် ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Johann Wadephul က ဂျာမနီဘက်က ယူကရိန်းသမ္မတအပေါ်  "အပြည့်အဝထောက်ခံမှု" ရပ်တည်ချက်ကို ပြောင်းလဲမည်မဟုတ်ကြောင်း အောက်တိုဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်။

ဗြိတိန်ဝန်ကြီးချုပ် Andy Burnham ကလည်း အောက်တိုဘာ ၁၀ ရက်တွင် ယူကရိန်းကို အပြည့်အဝထောက်ခံကြောင်း အလေးပေးပြောကြားခဲ့ပြီး "လွန်ခဲ့သည့် ၂၄ နာရီက ယူကရိန်းအတွက် အလွန်တရာခက်ခဲခဲ့တယ်" ဟု ဆိုခဲ့သည်။  

အမေရိကန်က ရုရှားဒီဇယ်လောင်စာကုန်သွယ်မှုအပေါ်  ပိတ်ဆို့အရေးယူမှု ဖြေလျှော့ခြင်းနှင့် ယူကရိန်းအား “သမ္မတအသစ် ပြောင်းလဲရန်” တောင်းဆိုခြင်းသည် စွမ်းအင်ဖူလုံရေးနှင့် ယူကရိန်းပြဿနာတို့တွင် အမေရိကန်နှင့် ဥရောပ၏ သဘောထားကွဲလွဲမှု ပိုမိုကျယ်ပြန့်လာခြင်းကို ပေါ်လွင်စေကြောင်း၊ ယင်းမှာ ယူကရိန်းအကျပ်အတည်း ဖြေရှင်းရေးအတွက် မသေချာမရေရာမှုအသစ်များ ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း လူထုသဘောထားက ယူဆထားသည်။    

 

အမေရိကန်၏ ဖိအားပေးသည့်နည်းဗျူဟာက အကျိုးသက်ရောက်မှုရှိပါမည်လော

၂၀၂၅ ခုနှစ်တွင် အိမ်ဖြူတော်သို့  ပြန်လည်ရောက်ရှိလာသည့် ထရမ့်သည် ဇယ်လန်းစကီးနှင့် သဘောထားကွဲလွဲမှုများ ဆက်တိုက် ဖြစ်ပေါ်ခဲ့သည်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်တွင် ထရမ့်က လူမှုကွန်ရက်ပေါ်၌ ဇယ်လန်းစကီးကို "တိုက်ခိုက်ပြောဆိုမှုများ" ရေးသားဖော်ပြခဲ့ရာ ၎င်း၏ "တစ်ခုတည်းသော ကျွမ်းကျင်မှုမှာ 'တယောထိုးသကဲ့သို့' (အမေရိကန်ဘက်ကို) လက်ခုပ်ထဲတွင် စိတ်ကြိုက်ခြယ်လှယ် လှည့်စားနေခြင်း ဖြစ်သည်" ဟု ပြောကြားခဲ့သည်။ ထို့နောက် သီတင်းပတ်တစ်ပတ်ခန့်အကြာတွင် ထရမ့် နှင့် အိမ်ဖြူတော်သို့ ခရီးစဉ်ရောက်ရှိလာသည့် ဇယ်လန်းစကီး တို့သည် မီဒီယာများရှေ့တွင် ပြင်းထန်စွာ အငြင်းပွားမှု ဖြစ်ပွားခဲ့သည်။

ယခုနှစ်အတွင်း ထရမ့် က ရုရှား-ယူကရိန်း ပဋိပက္ခအဆုံးသတ်ရေး ကြိုးပမ်းမှုတွင် ဇယ်လန်းစကီးအနေဖြင့် "စွမ်းဆောင်ရည်မရှိကြောင်း"  အကြိမ်ကြိမ် လူသိရှင်ကြား ဝေဖန်ပြောဆိုခဲ့သည်။

"ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိရေးကို ဟန့်တားနေသူမှာ ရုရှားသမ္မတ ပူတင် မဟုတ်ဘဲ ဇယ်လန်းစကီးသာ ဖြစ်တယ်"၊ "ပူတင် က သဘောတူညီချက် ရရှိဖို့ လိုလားနေပြီး ဇယ်လန်းစကီးနဲ့ သဘောတူညီမှုရရှိဖို့က အလွန်တရာ ခက်ခဲတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

ယူကရိန်း ကိဗ် အပြည်ပြည်ဆိုင်ရာ လူမှုဗေဒသုတေသနဌာနက အောက်တိုဘာ ၆ ရက်တွင် ထုတ်ပြန်သည့် သဘောထားစစ်တမ်း အစီရင်ခံစာတွင် ယူကရိန်းပြည်သူ ၇၁ ရာခိုင်နှုန်းခန့်သည် စစ်ပွဲကာလတွင် ရွေးကောက်ပွဲ ကျင်းပခြင်းကို ကန့်ကွက်ကြောင်း ဖော်ပြထားသည်။ အဆိုပါ သုတေသနဌာနက ယခုနှစ် စက်တင်ဘာလတွင် ထုတ်ပြန်ခဲ့သည့် သဘောထားစစ်တမ်း ရလဒ်တစ်ရပ်တွင်လည်း ယူကရိန်းပြည်သူထက်ဝက်ကျော်သည် ဇယ်လန်းစကီး ကို ယုံကြည်သည်ဟု ဖော်ပြထားသည်။

ယူကရိန်းနိုင်ငံအတွင်း အမေရိကန်အစိုးရအပေါ်  မျှော်လင့်ချက်ထားမှုများသည် ဆက်တိုက်ကျဆင်းလျက်ရှိသည်။ အဆုံးစွန်ဖိအားပေးခြင်းသည် ထရမ့်၏ လုပ်ထုံးလုပ်နည်းဖြစ်ပြီး ယူကရိန်းပြည်သူများမှာ ယင်းကို အစောကြီးကတည်းက အလေ့အကျင့်ရနေပြီဖြစ်ကြောင်း၊ ယူကရိန်းသည် အမေရိကန်အပေါ် မှီခိုအားထားမှုကို လျှော့ချနေပြီး ထရမ့် အသုံးပြုနိုင်သည့် "ကိရိယာများ" လည်း လျော့ကျနေကာ ဖိအားပေးနည်းဗျူဟာသည် ယူကရိန်းအပေါ် အကျိုးသက်ရောက်မှု မရှိကြောင်း အသက် ၄၈ နှစ်ရှိ ကိဗ်မြို့ခံ မီခလာ က ဆင်ဟွာကို ပြောကြားခဲ့သည်။ (Xinhua)

-----------------------------

(Chinese Version)

热点问答|特朗普喊话乌克兰“换总统”,各方作何反应

新华社北京10月11日电 热点问答|特朗普喊话乌克兰“换总统”,各方作何反应   新华社记者段敏夫 李东旭 许炜凯   

美国总统特朗普10日称“乌克兰应该换个总统”,暗示乌总统泽连斯基在结束俄罗斯与乌克兰冲突方面做得不够。特朗普同时指责泽连斯基导致美国柴油价格上涨。   

特朗普说了什么?各方对此怎么看?美国的施压策略会起作用吗?     

特朗普说了什么      

10日,有记者在白宫向特朗普提问说,“批评人士认为美国放松对俄柴油贸易制裁将延长乌克兰战争。”   

特朗普回答说:“泽连斯基有多次机会可以结束这场战争,但他没有这么做。他想给全世界制造麻烦,想在柴油燃料问题上给我们的农民和牧场主制造麻烦。我们告诉他可以做任何事,但不要打击俄罗斯炼油厂。他还是那么做了,他最好立刻停下来。”   

特朗普还说:“乌克兰是时候换一个新总统了。”   

随后,特朗普再次批评泽连斯基自俄乌冲突爆发以来一直没有在乌克兰举行选举,“他应该举行选举……他本可以解决这场战争,而且他很多次都能达成协议。”   

对此,美国阿克西奥斯新闻网评论称,“两国领导人陷入了去年白宫争吵以来最严重的危机”。   

近日,特朗普和泽连斯基围绕美国放松针对俄罗斯柴油贸易的制裁发生争执。美国有线电视新闻网援引一名美方官员的消息报道说,特朗普因乌克兰持续袭击俄炼油厂对泽连斯基“非常恼火”,这是特朗普决定放松对俄柴油贸易制裁的原因之一。   

泽连斯基则表示,此举是给俄罗斯的“礼物”,是“软弱的决定”。他感到“被背叛”。   

另据多家媒体报道,美国总统特使威特科夫和特朗普女婿库什纳警告乌克兰,若其不听从警告停止袭击俄炼油厂,美方可能停止提供情报支援。   

最新消息说,特朗普11日在社交媒体发文称,即刻起,俄乌冲突进入“能源停火”状态,双方均已同意。          

各方如何反应      

泽连斯基11日说,“特朗普总统说,乌克兰需要一位新总统。首先,恕我直言,特朗普总统,选择哪位领导人,应由我们的社会、我们的人民决定”。   

泽连斯基还说,乌克兰处于战争状态,现在举行选举“真的很难”。   

乌克兰外长瑟比加10日在社交媒体发文说,“泽连斯基拥有人民的支持,人民有权作出决定”。   

在美国,特朗普的支持者认为泽连斯基并非合适的领导人。民主党人则批评特朗普放松针对俄罗斯柴油贸易的制裁软弱且毫无道理,他们呼吁重新执行对俄强硬政策。   

俄联邦安全会议副主席梅德韦杰夫表示,特朗普的相关表态不会对乌克兰局势产生实质性影响,乌方仍将持续向欧洲争取资金和武器装备援助,俄方对此不应“过度乐观”。   

欧洲方面,德国外长瓦德富尔11日称,德方将继续维持对乌克兰总统的“全力支持”立场不变。英国首相伯纳姆10日强调完全支持乌克兰,称“过去24小时对乌克兰而言十分艰难”。   

舆论认为,美国放松对俄柴油贸易制裁并要求乌克兰“更换总统”凸显美欧在能源安全和乌克兰问题上的分歧进一步扩大,这将给解决乌克兰危机带来新的不确定性。       

美国的施压策略会起作用吗      

自2025年重返白宫以来,特朗普和泽连斯基分歧不断。2025年2月19日,特朗普在社交媒体发文“炮轰”泽连斯基,称其“唯一擅长的就是‘像拉小提琴一样’把(美方)玩弄于股掌之上”。约一周后,特朗普与到访白宫的泽连斯基在媒体面前爆发激烈争吵。   

今年以来,特朗普多次公开指责泽连斯基在结束俄乌冲突的努力中“表现不佳”,称“阻挠达成俄乌和平协议的人是泽连斯基,而不是俄总统普京”“普京希望达成协议,而与泽连斯基达成协议要‘困难得多’”。   

乌克兰基辅国际社会学研究所10月6日发布的民调报告显示,约71%的乌克兰民众反对在战时举行选举。该研究所今年9月发布的一份民调结果曾显示,超过半数的乌克兰民众对泽连斯基表示信任。   

乌克兰国内对美国政府抱有的期待持续下降。现年48岁的基辅市民米科拉告诉新华社记者,极限施压是特朗普的一贯作风,乌民众对此早已习惯。乌克兰正在减少对美国的依赖,特朗普能使用的“工具”正在减少,施压策略对乌不起作用。(完)

图说1:图说1:2025年10月17日,在美国首都华盛顿白宫,美国总统特朗普(左二)欢迎乌克兰总统泽连斯基(左三)。新华社记者胡友松摄

图说2:2025年8月18日,美国总统特朗普(左三)在华盛顿白宫与乌克兰总统泽连斯基(左二)举行会晤。新华社/美联