အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အမေရိကန်လွှတ်တော်အဆောက်အအုံနှင့် ယာဉ်သွားလာမှုဆိုင်ရာ ဆိုင်းဘုတ်ကို ၂၀၂၆ ခုနှစ် ဇွန် ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အမေရိကန်လွှတ်တော်အဆောက်အအုံနှင့် ယာဉ်သွားလာမှုဆိုင်ရာ ဆိုင်းဘုတ်ကို ၂၀၂၆ ခုနှစ် ဇွန် ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံသည် “ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း အာကာသထိန်းချုပ်ရေးလက်နက်များ” ဖြန့်ကြက်ထားပြီးဖြစ်ကြောင်း အမေရိကန် လေတပ်ဝန်ကြီး Troy Meink က စက်တင်ဘာ ၁၄ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ ဤသည်မှာ အမေရိကန်က ၎င်းအနေဖြင့် အာကာသအတွင်း “တိုက်ခိုက်နိုင်စွမ်း” ရှိကြောင်း ပထမဆုံးအကြိမ် ဝန်ခံလိုက်ခြင်းလည်းဖြစ်သည်။ အမေရိကန်၏ ပြောဆိုချက်သည် နိုင်ငံတကာ အသိုင်းအဝိုင်း၏ အထူးအာရုံစိုက်မှုကို ဖြစ်ပေါ်စေခဲ့ပြီး  အာကာသအတွင်း စစ်အင်အား တိုးချဲ့ပြင်ဆင်မှု ရပ်တန့်ရန် အမေရိကန်ကို ဘက်ပေါင်းစုံက တိုက်တွန်းနေကြပြီး နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် အာကာသ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ပူးတွဲ ထိန်းသိမ်းရန် တောင်းဆိုလျက်ရှိသည်။

အမေရိကန်သည် လာမည့် ၅ နှစ်အတွင်း အာကာသတပ်ဖွဲ့၏ အရွယ်အစားကို နှစ်ဆတိုးချဲ့ကာ လူအင်အား ၂၅,၀၀၀ ခန့်အထိ ရောက်ရှိစေရန် စီစဉ်ထားပြီး ယင်းအနက် အသစ်တိုးလာသည့် သုံးပုံနှစ်ပုံခန့်ကို တိုက်ခိုက်ရေးတပ်ဖွဲ့ ကွပ်ကဲမှုဌာနတွင် အဓိကထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမေရိကန် အေပီသတင်းဌာနက အမေရိကန် အာကာသတပ်၏ တိုက်ခိုက်ရေးတပ်ဖွဲ့ ကွပ်ကဲရေးမှူး Gregory Gagnon ၏ ပြောကြားချက်ကို ကိုးကား၍ သတင်းဖော်ပြခဲ့သည်။ Gagnon က “ကျွန်တော်တို့ စစ်ရေးစွမ်းရည် ပိုင်ဆိုင်ထားခြင်းဟာ ဟန့်တားနိုင်စွမ်းကို အားကောင်းစေဖို့ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ရုရှား သမ္မတ၏ သတင်းပြန်ကြားရေးဆိုင်ရာ အတွင်းရေးမှူး Dmitry Peskov က စက်တင်ဘာ ၁၅ ရက်တွင် မော်စကို၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ရုရှားသည် အာကာသအတွင်း လက်နက်မဖြန့်ကြက်ရေး ရပ်တည်ချက်ကို ဆက်လက် ကျင့်သုံးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ “အာကာသမှာ လက်နက်တွေ မရှိသင့်ဘူးလို့ မော်စကိုက ယူဆပါတယ်” ဟု Peskov က ပြောကြားပြီး အာကာသတွင် အပြည့်အဝ စစ်ရေးကင်းစင်ရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက ကျယ်ပြန့်သော သဘောတူညီမှု ရရှိရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်၏ “အာကာသကို ငြိမ်းချမ်းစွာ အသုံးပြုခြင်း” မူလရည်ရွယ်ချက် ပြောင်းလဲလာနေပြီဖြစ်ကာ ရေရှည်တွင် အာကာသလက်နက်များ ဖြန့်ကြက်ခြင်းသည် အမေရိကန်၏ အမျိုးသားအကျိုးစီးပွားနှင့် ကိုက်ညီမှုရှိမရှိမှာ ဆက်လက် ဆွေးနွေးစရာပင်ဖြစ်ကြောင်း ဗြိတိန် The Guardian သတင်းစာက စက်တင်ဘာ ၁၅ ရက်တွင် အာကာသပညာရှင် Jonathan McDowell ၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြထားသည်။ McDowell က “ဒါက မှားနေတယ်၊ အမေရိကန်ဘက်က နောက်တစ်လှမ်း ဆုတ်ပြီး ဒီကိစ္စကို ပြန်လည် သုံးသပ်ဖို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။

ဗြိတိန်အစိုးရက စက်တင်ဘာ ၁၅ ရက်တွင် ပြင်ဆင်ခဲ့သော “ဗြိတိန် အာကာသမဟာဗျူဟာ” မူဝါဒစာတမ်းတွင် နိုင်ငံစုံ ညှိနှိုင်း၍ သဘောတူညီထားသော ဥပဒေများ၊ စံနှုန်းများနှင့် စည်းမျဉ်းများသည် နိုင်ငံအသီးသီးက အာကာသလှုပ်ရှားမှုများ ဆောင်ရွက်ရာတွင် ဘုံမူဘောင်တစ်ခု ပေးအပ်နိုင်ပြီး သက်ဆိုင်ရာ ယန္တရားများ အားကောင်းလာခြင်းသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်နှင့် အထင်မှားမှုများ၊ ပဋိပက္ခများနှင့် အခြေအနေ မမျှော်လင့်ဘဲ အဆင့်မြင့်တက်လာခြင်း အန္တရာယ်များကို လျှော့ချရန် ယုံကြည်မှုနှင့် သေချာရေရာမှုကို ပိုမို ဖြည့်ဆည်းပေးနိုင်ကြောင်း၊ ဗြိတိန်အနေဖြင့် အာကာသပြင်ပ စစ်လက်နက်ပြင်ဆင်မှု အပြိုင်အဆိုင် ပြုလုပ်ခြင်း တားဆီးရန် ကုလသမဂ္ဂနှင့် သက်ဆိုင်သည့် လုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်မည်ဖြစ်ကြောင်း ထောက်ပြထားသည်။

ကင်ညာနိုင်ငံ နိုင်ရိုဘီတက္ကသိုလ်မှ နိုင်ငံတကာရေးရာ ပညာရှင် Lemmy Nyongesa Mulaku က ၁၉၆၇ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည့် “အာကာသပြင်ပ စာချုပ်” သည် အာကာသပြင်ပကို စူးစမ်းရှာဖွေခြင်းနှင့် အသုံးပြုခြင်းဆိုင်ရာ အခြေခံမူများကို အတည်ပြုပေးခဲ့ပြီး အာကာသပြင်ပတွင် နျူကလီးယားလက်နက်များနှင့် အခြား အစုလိုက်အပြုံလိုက် သေဆုံးထိခိုက်နိုင်သော လက်နက်များ ဖြန့်ကြက်ခြင်းကို အတိအလင်း ကန့်သတ်ထားကြောင်း၊ အမေရိကန်၏ “ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း အာကာသထိန်းချုပ်ရေးလက်နက်များ” ဖြန့်ကြက်ခြင်းသည် လက်ရှိ နိုင်ငံတကာ စာချုပ်များကို ဖျက်ဆီးခြင်းဖြစ်ပြီး အာကာသ အပျက်အစီးများ ပြုတ်ကျခြင်းနှင့် အရပ်သားဘက်သုံး ဆက်သွယ်ရေးကို အနှောင့်အယှက်ဖြစ်စေမည့် အန္တရာယ်ကို တိုးမြှင့်စေကာ အာကာသ စစ်လက်နက်ပြင်ဆင်ရေး ပြိုင်ဆိုင်မှုအသစ်ကိုပင် ဖြစ်ပေါ်စေနိုင်ကြောင်း ပြောကြားခဲ့သည်။

ပါကစ္စတန် သမ္မတဟောင်း၏ သတင်းပြန်ကြားရေးဆိုင်ရာ အတွင်းရေးမှူး Qamar Bashir က အမေရိကန်၏ ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း အာကာသလက်နက်များ ဖြန့်ကြက်ထားပြီးဖြစ်ကြောင်း ဝန်ခံခြင်းကို နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် သတိပြုသင့်ကြောင်း ထောက်ပြခဲ့သည်။ အာကာသသည် ခေတ်သစ် လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသည့် လမ်းကြောင်းပြစနစ်၊ ဆက်သွယ်ရေး၊ မိုးလေဝသ၊ သိပ္ပံသုတေသန စသည့် အဓိကကျသော အခြေခံအဆောက်အအုံများကို ဆောင်ကြဉ်းထားရာ စစ်ရေးဆိုင်ရာ ဖြန့်ကြက်မှုကို အာကာသအထိ တိုးချဲ့ခြင်းသည် လူသားများကို “ထိန်းချုပ်မရသော” အကျိုးဆက်များနှင့် ရင်ဆိုင်စေနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက စက်တင်ဘာ ၁၅ ရက် ပုံမှန် သတင်းစာရှင်းလင်းပွဲ၌ တရုတ်အနေဖြင့် အာကာသပြင်ပကို ငြိမ်းချမ်းစွာ အသုံးပြုခြင်းနှင့် အာကာသပြင်ပ လုံခြုံရေးကို ထိန်းသိမ်းခြင်းကို အမြဲတစေ လိုက်နာဆောင်ရွက်ပြီး အာကာသပြင်ပ လက်နက်တပ်ဆင်ခြင်း၊ စစ်မြေပြင်အဖြစ် ပြုလုပ်ခြင်းနှင့် လက်နက်ပြင်ဆင်မှု အပြိုင်အဆိုင်ပြုလုပ်မှုတို့ကို ဆန့်ကျင်ကြောင်း၊ အမေရိကန်အနေဖြင့် အာကာသပြင်ပတွင် စစ်အင်အား တိုးချဲ့ပြင်ဆင်မှု ရပ်တန့်ရန်နှင့် ကမ္ဘာ့ မဟာဗျူဟာ တည်ငြိမ်မှုကို လက်တွေ့ကျသော ဆောင်ရွက်မှုများဖြင့် ထိန်းသိမ်းရန် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။ (Xinhua)

...............................

(Chinese Version)

综合消息|国际社会敦促美方停止在外空扩军备战

新华社北京9月17日电 综合新华社驻外记者报道:美国空军部长特洛伊·迈因克14日透露,美国已经部署了“在轨太空控制武器”。这是美国首次承认其在太空具备“进攻能力”。美方言论引发国际社会高度关注,多方敦促美国停止在外空扩军备战,呼吁国际社会共同维护外空和平与安全。  

美联社援引美国太空军作战部队司令格雷戈里·加尼翁的话报道说,美国计划在未来5年内将太空部队的规模扩大一倍,达到约2.5万人,其中约三分之二的增员将集中在作战部队司令部。加尼翁说:“我们具备军事能力是为了增强威慑力。”

俄罗斯总统新闻秘书佩斯科夫15日在莫斯科举行的新闻发布会上表示,俄罗斯将继续奉行不在太空部署武器的立场。“莫斯科认为,太空中不应有武器。”佩斯科夫说,俄罗斯期待国际社会能就太空全面非军事化达成广泛共识。  

英国《卫报》15日援引航天专家乔纳森·麦克道尔的话报道说,美国“和平利用太空”的初衷正在转变,长远看,部署太空武器是否符合美国国家利益仍待商榷。麦克道尔表示,“这是错误的,希望美方后退一步,重新审视这个问题。”

英国政府15日更新的《英国太空战略》政策文件指出,多边商定的法律、标准和规范有助于为各国开展太空活动提供共同框架,加强相关机制将为促进商业发展,降低误判、冲突和局势意外升级风险注入更多信心和确定性。英国将积极参与联合国相关工作,防止外层空间军备竞赛。  

肯尼亚内罗毕大学国际问题学者莱米·尼翁盖萨·穆拉库表示,1967年签署的《外层空间条约》确立了探测及使用外层空间基本原则,对在外层空间部署核武器和其他大规模杀伤性武器等作出明确限制。美国部署“在轨太空控制武器”是对现有国际条约的侵蚀,将增加太空碎片坠落和干扰民用通信的风险,甚至将引发新一轮太空军备竞赛。  

巴基斯坦前总统新闻秘书卡马尔·巴希尔指出,美国承认已部署在轨太空武器应引起国际社会警觉。太空承载着支撑现代社会发展的导航、通信、气象、科研等关键设施,将军事部署延伸至太空可能使人类面临“无法掌控”的后果。  

中国外交部发言人郭嘉昆15日在例行记者会上表示,中国一贯坚持和平利用外空、维护外空安全,反对外空武器化、战场化和军备竞赛,敦促美方停止在外空扩军备战,以实际行动维护全球战略稳定。(完)

图说:这是6月7日拍摄的美国首都华盛顿国会大厦和交通标志。新华社记者 李睿 摄