အမေရိကန် ဝါရှင်တန်မြို့ရှိ လွှတ်တော်အဆောက်အဦကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန် ဝါရှင်တန်မြို့ရှိ လွှတ်တော်အဆောက်အဦကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

အမေရိကန်လွှတ်တော် ဒီမိုကရက်တစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်များက လာမည့်နှစ် ဇန်နဝါရီလတွင် ဒီမိုကရက်တစ်ပါတီဝင်များ လွှတ်တော်ကို တရားဝင် ထိန်းချုပ်နိုင်ပြီးနောက် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို အပါအဝင် ထရမ့်အစိုးရ၏ အဆင့်မြင့်အရာရှိများစွာမှာ စုံစမ်းစစ်ဆေးမှုနှင့် စွဲချက်တင်မှု ပစ်မှတ်များ ဖြစ်လာနိုင်ကြောင်း အတည်ပြုပြောကြားခဲ့သည်ဟု အမေရိကန်မီဒီယာများ၏ နိုဝင်ဘာ ၁၂ ရက် သတင်းအရ သိရသည်။

အမေရိကန် Fox News Channel ၏ သတင်းဖော်ပြချက်အရ ယခုသီတင်းပတ်တွင် ကာကွယ်ရေးဝန်ကြီး Pete Hegseth အား စွဲချက်တင်ရန် ကြိုးပမ်းမှု မအောင်မြင်ခဲ့သော်လည်း ဒီမိုကရက်တစ် ပါတီဝင်များ၏ ကြီးကြပ်စစ်ဆေးရေး အစီအစဉ်သည် Hegseth တစ်ဦးတည်းကိုသာ ပစ်မှတ်ထားခြင်းမဟုတ်ကြောင်း သိရသည်။ အမေရိကန် အောက်လွှတ်တော်နှင့် အထက်လွှတ်တော်မှ ဒီမိုကရက်တစ်ပါတီ ထိပ်ပိုင်းလွှတ်တော်အမတ်များက ၎င်းတို့အနေဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်နှင့် လွှတ်တော်တွင် ကြားနာပွဲများ ကျင်းပရန် စဉ်းစားနေပြီး စွဲချက်တင်ခြင်းလုပ်ငန်းစဉ်ကိုလည်း စတင်နိုင်ကာ ပစ်မှတ်များတွင် မာကိုရူဘီယို၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Howard Lutnick ၊ အိမ်ဖြူတော်ရုံး အရာရှိချုပ် Stephen Miller နှင့် အမေရိကန်အစိုးရ၏ နယ်စပ်ရေးရာဌာန တာဝန်ရှိပုဂ္ဂိုလ် Tom Homan တို့ ပါဝင်ကြောင်း Fox News Channel သို့ အတည်ပြုပြောကြားခဲ့သည်။

ဒီမိုကရက်တစ် လွှတ်တော်အမတ်များစွာ၏ သဘောထား ထုတ်ဖော်ပြောဆိုချက်အရ ဒီမိုကရက်တစ် ပါတီဝင်များသည် လွှတ်တော်တွင် ၎င်းတို့၏ လူများစုနေရာအား အသုံးချကာ ထရမ့်အစိုးရအပေါ် ကြီးကြပ်မှုနှင့် စုံစမ်းစစ်ဆေးမှု အတိုင်းအတာကို တိုးချဲ့နိုင်သည်ဟု သတင်းတွင် ဖော်ပြထားသည်။ အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အောက်လွှတ်တော်တွင် ဖက်ဒရယ်အစိုးရ၏ အရပ်သားအရာရှိများအား စွဲချက်တင်မှုကို ရိုးရှင်းသော လူများစုမဲဖြင့် အတည်ပြုနိုင်သော်လည်း အထက်လွှတ်တော်တွင် ၎င်းကအပြစ်ရှိကြောင်း ဆုံးဖြတ်ကာ ရာထူးမှ ဖယ်ရှားရန်အတွက်မူ မဲအများစုဖြစ်သော မဲအရေအတွက် သုံးပုံနှစ်ပုံ ရရှိရန် လိုအပ်သည်။

ဒီမိုကရက်တစ် ပါတီဝင်များသည် သက်တမ်းဝက်ရွေးကောက်ပွဲတွင် အောက်လွှတ်တော်နှင့် အထက်လွှတ်တော် နှစ်ရပ်လုံးကို ပြန်လည်သိမ်းပိုက်ပြီးနောက် ပါတီနှစ်ရပ်အကြား ပဋိပက္ခမှာ ပိုမိုပြင်းထန်လာခဲ့သည်။ ဒီမိုကရက်တစ်ပါတီဝင်များက ထရမ့်နှင့် ၎င်း၏ အစိုးရအဆင့်မြင့်အရာရှိများကို စုံစမ်းစစ်ဆေးမည်ဟု အကြိမ်ကြိမ် ခြိမ်းခြောက်ပြောဆိုခဲ့ပြီး ဖြစ်သည်။ ရီပက်ဘလစ်ကန်ပါတီဝင်များကမူ ဒီမိုကရက်တစ်ပါတီဝင်များ၏ ထရမ့်အစိုးရအရာရှိများကို ပစ်မှတ်ထားသော စွဲချက်တင်မှုများသည် နိုင်ငံရေးရည်ရွယ်ချက်ရှိသည်ဟု ပြစ်တင်ပြောဆိုခဲ့သည်။

ဖလော်ရီဒါပြည်နယ်မှ ရီပက်ဘလစ်ကန်ပါတီဝင် အောက်လွှတ်တော်အမတ်နှင့် အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌ Brian Mast က ဒီမိုကရက်တစ် ပါတီဝင်များသည် "သမ္မတက ခန့်အပ်သူတိုင်း" ကို စွဲချက်တင်ရန် စိတ်ပိုင်းဖြတ်ထားပြီး ထိုသူများအပေါ် စွဲချက်တင်မှုကို သက်သေအထောက်အထားဖြင့် ထောက်ခံနိုင်ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဖြစ်ကြောင်း မီဒီယာများသို့ ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ထရမ့်က Hegseth အား ဒီမိုကရက်များ၏ စွဲချက်တင်မှုမှာ "ဆိုးရွားစွာရှုံးနိမ့်" ခဲ့သည်ဟု နိုဝင်ဘာ ၁၀ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်တင် ပြောဆိုခဲ့ပြီး တစ်ချိန်တည်းတွင် ဒီမိုကရက်များသည် စွဲချက်တင်ခြင်းကို နိုင်ငံရေးလက်နက်သဖွယ် အသုံးပြုနေသည်ဟု ပြစ်တင်ပြောဆိုခဲ့သည်။

၎င်းသည် နိုဝင်ဘာ ၁၂ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်များဆက်တိုက်တင်ကာ ဒီမိုကရက်များကို "အကျင့်ပျက်ခြစားပြီး ဆိုးညစ်သည်" ဟု ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ရီပက်ဘလစ်ကန်များအနေဖြင့် "ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်ရန်" တောင်းဆိုခဲ့သည်။ ထို့ပြင် ၎င်းအနေဖြင့် ဒုတိယသမ္မတ JD Vance အား အမေရိကန် ဒေသအသီးသီးရှိ ဒီမိုကရက်များ အုပ်ချုပ်သော မြို့များနှင့် ပြည်နယ်များတွင် "ဖြစ်ပွားနေသော အကြီးစား အကျင့်ပျက်ခြစားမှုနှင့် ရာဇဝတ်မှုများ" အပေါ် အပြည့်အဝ အာရုံစိုက်ရန် ညွှန်ကြားထားပြီးဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ (Xinhua)

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော်ကို ၂၀၂၆ ခုနှစ် ဇွန် ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော်ကို ၂၀၂၆ ခုနှစ် ဇွန် ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

---------------------

(Chinese Version)

美媒披露特朗普政府多名高层面临民主党调查和弹劾

新华社华盛顿11月12日电 据美国媒体12日报道,国会民主党高层证实,明年1月民主党人正式掌控国会后,包括国务卿鲁比奥在内的特朗普政府多名高级官员可能成为调查和弹劾目标。  

美国福克斯新闻频道报道称,尽管本周针对国防部长赫格塞思的弹劾未能成功,但是民主党人的监督调查计划远不止针对赫格塞思一人。众议院和参议院的民主党高层议员对福克斯新闻频道证实,他们正在考虑展开调查和举行国会听证会,并可能启动弹劾程序,目标包括鲁比奥、商务部长霍华德·卢特尼克、白宫办公厅主任斯蒂芬·米勒和美国政府边境事务主管汤姆·霍曼。  

报道称,多位民主党议员的表态显示,民主党人可能利用自己在国会中的多数席位,扩大对特朗普政府的监督和调查力度。根据美国宪法,众议院只需简单多数票,就可以通过对联邦政府文职官员的弹劾案;但要在参议院定罪并将其免职,则需要获得三分之二多数票。  

民主党人在中期选举中夺回参众两院后,两党斗争加剧。民主党人已多次放话要调查特朗普及其政府高层官员。共和党人指责民主党针对特朗普政府官员发起的弹劾行动具有政治动机。佛罗里达州共和党籍众议员、众议院外交事务委员会主席布赖恩·马斯特日前对媒体表示,民主党人决心弹劾“任何由总统任命的人”,无论针对这些人的指控是否有证据支持。  

美国总统特朗普10日在社交媒体上发文,称民主党针对赫格塞思的弹劾“惨败”,同时指责民主党将弹劾作为政治武器。他12日在社交媒体连续发帖痛斥民主党,称其“腐败且邪恶”,呼吁共和党人“奋力抗争”,并称已要求副总统万斯把全部注意力集中在美国各地民主党执政城市和州“正在发生的大规模腐败与犯罪”上。(完)

图说1:这是11月3日在美国华盛顿拍摄的国会大厦。新华社记者李睿摄

图说2:这是6月7日在美国首都华盛顿拍摄的白宫。新华社记者李睿摄