
ပေကျင်း၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)
လက်ရှိ ပထဝီနိုင်ငံရေးအခြေအနေ တင်းမာမှုများက ဒီဇယ်ဈေးနှုန်းကို ဆက်တိုက်မြင့်တက်စေလျက်ရှိရာ ဥရောပနှင့် အမေရိကန် စသည့် ဖွံ့ဖြိုးပြီး စီးပွားရေးနိုင်ငံများရှိ လူမှုစီးပွားနှင့် လူနေမှုဘဝကို ဆိုးရွားစွာ ရိုက်ခတ်လျက်ရှိသည်။ အမေရိကန် စွမ်းအင်အချက်အလက် စီမံခန့်ခွဲမှုဌာန အချက်အလက်များအရ အမေရိကန်နိုင်ငံ မော်တော်ယာဉ်သုံး ဒီဇယ်ဆီ၏ ပျမ်းမျှလက်လီဈေးနှုန်းသည် ယမန်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက မကြာခင်က ၇၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့သည်။ ထို့ပြင် ဥရောပ၏ ဒီဇယ်ဈေးနှုန်းသည်လည်း စံချိန်တင်မြင့်မားခဲ့သည်။
ယခုအကြိမ် ဒီဇယ်ဈေးနှုန်းမြင့်တက်မှုကို မည်သည့်အကြောင်းအချက်များက တွန်းအားပေးနေပါသနည်း။ ဥရောပနှင့် အမေရိကန်တို့၏ အရန်သိုလှောင်ထားသော ရေနံများကို ပမာဏအများအပြား ထုတ်ရောင်းပေးရန် စီစဉ်ခြင်းက အကျိုးရှိမည်လော။ ဤသို့ ရေနံရှားပါးပြတ်လပ်မှု အခြေအနေက ကမ္ဘာ့စီးပွားရေးကို မည်သို့သော သက်ရောက်မှု ဖြစ်စေနိုင်သနည်း။
ဈေးနှုန်းများ အဘယ်ကြောင့် ခုန်တက်နေသနည်း
လက်ရှိ ကမ္ဘာ့ဒီဇယ်ဈေးကွက် ရင်ဆိုင်နေရသည့် အဓိကပြဿနာများမှာ "သယ်ယူပို့ဆောင်၍ မရခြင်း" "သန့်စင်ရန် မဖြစ်နိုင်ခြင်း" နှင့် "သိုလှောင်မှု မလုံလောက်ခြင်း" ဟူသော သုံးချက်ဖြစ်သည်။
အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ၏ အကြီးတန်း စွမ်းအင်လေ့လာသုံးသပ်သူ ဒေးဗစ်မာတင်က မကြာသေးမီရက်တွင် ယခုနှစ် ပထမ ၈ လအတွင်း ကမ္ဘာ့ပင်လယ်ရေကြောင်း ဒီဇယ်တင်ပို့မှုပမာဏသည် တစ်နေ့လျှင် ပျမ်းမျှ စည်ပေါင်း ၄.၇ သန်းရှိခဲ့ရာ ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၀ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ပင်လယ်ရေကြောင်း ဒီဇယ်တင်ပို့မှု ကျဆင်းခြင်းသည် ယခုနှစ် ဒုတိယနှင့် တတိယသုံးလပတ်များတွင် ဆက်လက် ကျယ်ပြန့်လာသည့် အခြေအနေများ ဖော်ပြလျက်ရှိသည်။
ကမ္ဘာ့စွမ်းအင်ကုန်သွယ်မှုတွင် ဒီဇယ်နှင့် ရေနံစိမ်းတို့၏ ဈေးကွာဟမှုကို "ဈေးနှုန်းအက်ကြောင်း (crack spread)" ဟု ခေါ်ဆိုသည်။ ဤအညွှန်းကိန်းသည် ရေနံသန့်စင်စက်ရုံများ၏ အမြတ်စုစုပေါင်းကို အကြမ်းဖျင်း ကိုယ်စားပြုပြီး ရောင်းလိုအားနှင့် ဝယ်လိုအား ကျပ်တည်းမှုရှိ၊ မရှိကို ထင်ဟပ်ဖော်ပြနေသည့် အဓိကသော့ချက်လည်း ဖြစ်သည်။
ပုံမှန်အခြေအနေတွင် ဒီဇယ် ဈေးနှုန်းအက်ကြောင်းသည် တစ်စည်လျှင် ကန်ဒေါ်လာ ၁၅ မှ ၃၀ ကြားရှိသည်။ ယခုနှစ်အတွင်း ဤဈေးကွာဟမှုသည် ဆက်လက်ကျယ်ပြန့်လာပြီး စက်တင်ဘာလတွင် အမေရိကန် မက္ကဆီကိုပင်လယ်ကွေ့ ကမ်းရိုးတန်းနှင့် အနောက်မြောက်ဥရောပတို့၏ ဒီဇယ်ဈေးနှုန်းအက်ကြောင်းသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၀၀ ထက်ကျော်လွန်ခဲ့သည်။ ယင်းမှာ လက်ရှိစွမ်းအင်ဈေးကွက်၏ အခြေအနေကို ထင်ဟပ်နေပြီး ဆိုလိုသည်မှာ ရေနံစိမ်းမှသည် ကုန်ချောဆီများအထိ ရှားပါးပြတ်လပ်မှုများ ဖြစ်ပေါ်လာရာ အနာဂတ်ဈေးနှုန်းများ ခုန်တက်လာမှုသည် လက်တွေ့ထုတ်လုပ်မှုနှင့် လူနေမှုဘဝများတွင်ပါ ထိခိုက်လာနေပြီဖြစ်သည်။
ဒီဇယ်သယ်ယူပို့ဆောင်ရေး အဟန့်အတားဖြစ်နေချိန်တွင် ကမ္ဘာ့ရေနံသန့်စင်နိုင်စွမ်းသည်လည်း ရိုက်ခတ်မှုဒဏ် ခံစားနေရသည်။ အရှေ့အလယ်ပိုင်းဒေသ စသည့် နေရာများရှိ ရေနံသန့်စင်စက်ရုံများ တိုက်ခိုက်ခံရမှုကြောင့် ကမ္ဘာတစ်ဝန်း ရေနံသန့်စင်စက်ရုံများ၏ ကုန်ချောထုတ်လုပ်မှုပမာဏသည် ယမန်နှစ်အလားတူကာလအဆင့်သို့ မရောက်ရှိနိုင်ချေ။ ဤလက်တွေ့အခြေအနေက ဒီဇယ်ဈေးနှုန်း အကြီးအကျယ် မြင့်တက်သော်ငြားလည်း ရေနံသန့်စင်စက်ရုံများသည် အချိန်တိုအတွင်း ထုတ်လုပ်နိုင်စွမ်းကို တိုးချဲ့၍ လိုအပ်ချက်ကိုဖြည့်နိုင်စွမ်း မရှိကြောင်း ဆိုလိုနေသည်။
ပို၍ပြဿနာဖြစ်သည်မှာ သိုလှောင်မှုပမာဏဖြစ်သည်။ အမေရိကန်၏ ဒီဇယ်သိုလှောင်မှုပမာဏသည် ၁၉၈၂ ခုနှစ်နောက်ပိုင်း အလားတူကာလ၏ အနိမ့်ဆုံးအဆင့်တွင် ရှိနေပြီး ဥရောပ၏ ဒီဇယ်သိုလှောင်မှုပမာဏသည်လည်း ငါးနှစ်ပျမ်းမျှအဆင့်အောက် ကျဆင်းနေကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။
အကြောင်းအရင်းများစွာက လက်ရှိ ကမ္ဘာ့ဒီဇယ်အကျပ်အတည်းကို ပိုမိုဆိုးရွားစေလျက်ရှိသည်။ ယင်းနယ်ပယ် လေ့လာသုံးသပ်သူများက ကမ္ဘာ့ဒီဇယ်ရောင်းလိုအား ကျပ်တည်းမှုအခြေအနေသည် မြောက်ကမ္ဘာခြမ်းတွင် ဆောင်းရာသီကာလ အပူပေးရမည့်အချိန်တွင် ပိုမိုဆိုးရွားလာနိုင်ပြီး ရှားပါးလိုအပ်မှု အခြေအနေသည် ၂၀၂၇ ခုနှစ်အထိ ဆက်လက်ရှိနိုင်သည်ဟု သုံးသပ်ကြသည်။
သိုလှောင်မှုထုတ်လွှတ်ခြင်းက အကျိုးရှိမည်လော
ရက်ပေါင်းများစွာကြာအောင် အမေရိကန်နှင့် ဥရောပတို့အကြား ဒီဇယ်သိုလှောင်မှု ထုတ်လွှတ်ခြင်းနှင့် ပတ်သက်သည့် အငြင်းပွားမှုများကို အများက အာရုံစိုက်လျက်ရှိသည်။
အမေရိကန်၏ ရှုထောင့်မှကြည့်လျှင် ကမ္ဘာ့အကြီးဆုံး ဒီဇယ်တင်ပို့သည့်နိုင်ငံအနေဖြင့် အမေရိကန်သည် ယခုနှစ်အတွင်း ဒီဇယ်တင်ပို့မှု တိုးမြှင့်လာခြင်းကြောင့် ပြည်တွင်းသိုလှောင်မှု စဉ်ဆက်မပြတ်ကျဆင်းလာပြီး ပြည်တွင်းဒီဇယ်ဈေးနှုန်း မြင့်တက်ကာ စီးပွားရေးအပေါ် အဆိုးဘက်သက်ရောက်မှုဖြစ်စေခဲ့သည်။
အမေရိကန်၏ ယခုနှစ် ဒီဇယ်တင်ပို့မှုပမာဏသည် ယမန်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ၂၀ ရာခိုင်နှုန်းကျော် တိုးတက်ခဲ့ပြီး အရှေ့အလယ်ပိုင်းဒေသ စသည့် နေရာများတွင် တင်ပို့မှုကျဆင်းခြင်းကြောင့် ဖြစ်ပေါ်လာသည့် လိုအပ်ချက်ကို အတိုင်းအတာတစ်ခုအထိ ဖြည့်ဆည်းပေးခဲ့သော်လည်း ၎င်း၏ပြည်တွင်းသိုလှောင်မှုပမာဏသည် လျင်မြန်စွာ ကျဆင်းခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။ ထို့ပြင် အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ၏ အချက်အလက်များတွင် အမေရိကန်ဒီဇယ်ဈေးနှုန်းသည် စက်တင်ဘာလဆန်းပိုင်းတွင် တစ်စည်လျှင် ကန်ဒေါ်လာ ၂၀၀ ကို အချိန်အတိုင်းအတာတစ်ခုအထိ ကျော်လွန်ခဲ့ပြီး အမေရိကန်-အီရန် စစ်ပွဲမတိုင်မီအဆင့်ထက် ၉၄ ရာခိုင်နှုန်း မြင့်မားခဲ့သည်။
ထိုမတိုင်မီ အမေရိကန်က ဥရောပအနေဖြင့် ဒီဇယ်သိုလှောင်မှုကို ထုတ်လွှတ်ရန် သဘောမတူလျှင် အမေရိကန်က ဒီဇယ်တင်ပို့မှု ပိတ်ပင်ရန် အကောင်အထည်ဖော်မည်ဟု အဆိုပြုခဲ့သည်။ အမေရိကန်က ဒီဇယ်တင်ပို့မှု မရှိတော့ပါက ၎င်း၏ပြည်တွင်းဒီဇယ်ဈေးနှုန်းသည် အချိန်တိုအတွင်း ကျဆင်းနိုင်သော်လည်း ဥရောပ၏ဒီဇယ်ဈေးနှုန်းမှာမူ မြင့်တက်လာမည်ဖြစ်ကြောင်း Goldman Sachs ကုမ္ပဏီ၏ လေ့လာသုံးသပ်မှုများတွင် ယူဆထားသည်။
ဥရောပ၏ ရှုထောင့်မှကြည့်လျှင် လက်ရှိတွင် ဥရောပ၏ ရေနံသိုလှောင်မှုကို ထုတ်လွှတ်ရောင်းချပေးခြင်းသည် ကမ္ဘာ့လောင်စာဆီဈေးနှုန်းကို လျှော့ချရန် အကျိုးပြုနိုင်သော်လည်း မဟာဗျူဟာမြောက် သိုလှောင်မှုကို ကြိုတင်သုံးစွဲခြင်းသည် ဥရောပ၏ ဆောင်းရာသီ စွမ်းအင်ရှားပါးလိုအပ်ချက်အား ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းကို အန္တရာယ်ဖြစ်စေမည်ဖြစ်သည်။
ယင်းနယ်ပယ်ရှိ လေ့လာသုံးသပ်သူများက အမေရိကန်နှင့် ဥရောပတို့၏ လက်ရှိရင်ဆိုင်နေရသည့်အခြေအနေမှာ "လူတိုင်းက ဒီဇယ်ရှားပါးနေပြီး မည်သူမျှ သိုလှောင်မှုကို ကုန်အောင်သုံးစွဲလိုခြင်းမရှိကြ" ဟု သုံးသပ်ကြသည်။
အကြိမ်ပေါင်းများစွာ အားပြိုင်ပြီးနောက် ဥရောပဘက်က အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ၏ ညှိနှိုင်းဆောင်ရွက်မှုအောက်တွင် မဟာဗျူဟာမြောက် သိုလှောင်ထားသည့် အရန်ရေနံကို ထုတ်လွှတ်ရန် သဘောတူခဲ့ပြီး ကနဦး ရက်ပေါင်း ၂၀ ရက်အတွင်း ဒီဇယ်သိုလှောင်မှု အမြောက်အမြားကို တစ်စုတစ်စည်းတည်း ထုတ်လွှတ်ရောင်းချပေးရန် သဘောတူညီခဲ့သည်။
အရန်သိုလှောင်မှုများကို ပမာဏအများအပြား ထုတ်လွှတ်ရောင်းချပေးခြင်းသည် အတိုင်းအတာတစ်ခုအထိ ဈေးနှုန်းကို "ဖိနှိပ်လျှော့ချနိုင်သည်" မှာ မှန်သော်ငြားလည်း အရှေ့အလယ်ပိုင်းဒေသ၏ ကုန်ချောဆီပံ့ပိုးမှု ဆိုးရွားစွာ အကန့်အသတ်ရှိခြင်းကြောင့် ကမ္ဘာ့ဒီဇယ်ပံ့ပိုးမှုက ဝယ်လိုအားကို မဖြည့်ဆည်းနိုင်သည့် လက်တွေ့ပြဿနာကိုမူ မဖြေရှင်းနိုင်သေးပေ။ ဗြိတိန် Wood Mackenzie အတိုင်ပင်ခံကုမ္ပဏီ၏ အကြီးတန်း ဒုတိယဥက္ကဋ္ဌ အလန်ဂေးလ်ဒါ က အရန်သိုလှောင်မှုများအား ထုတ်လွှတ်ခြင်းသည် ရေတိုသက်သာမှု အစီအမံတစ်ခုသာဖြစ်ပြီး "ယနေ့၏ ရှားပါးလိုအပ်မှုကို အနာဂတ်သို့ ရွှေ့ဆိုင်းလိုက်ခြင်း"သာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လက်တွေ့သက်ရောက်မှု မည်မျှ ကြီးမားနိုင်သနည်း
လူမှုရေး၊ စီးပွားရေးနှင့် လူနေမှုဘဝ ရှုထောင့်မှကြည့်လျှင် ဒီဇယ်ရှားပါးမှုသည် ဓာတ်ဆီရှားပါးမှုထက် "ပိုမိုရှုပ်ထွေးသော" ပြဿနာဖြစ်သည်။
ကုန်တင်ကား သယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုးရေးစက်ယန္တရား၊ ဆောက်လုပ်ရေးစက်ယန္တရား၊ သတ္တုတူးဖော်ရေး စက်ကိရိယာများနှင့် သင်္ဘောအချို့တို့သည် ဒီဇယ်ကို အလွန်အမင်းမှီခိုနေရသည်။ ထို့ကြောင့် ဒီဇယ်ဈေးနှုန်းမြင့်တက်ခြင်းသည် စားသုံးသူများ၏ မော်တော်ယာဉ်မောင်းနှင်မှု ကုန်ကျစရိတ် သက်သက်ကိုသာ မြင့်တက်စေခြင်းမဟုတ်ဘဲ လုပ်ငန်းများ၏ ထုတ်လုပ်မှုလည်ပတ်သည့် ကုန်ကျစရိတ်ကို ရှေးဦးစွာ တိုးမြှင့်စေခြင်းဖြစ်သည်။
အမေရိကန်၏ ဒီဇယ်ဈေးနှုန်း အကြီးအကျယ်ခုန်တက်ပြီးနောက် သက်ရောက်မှုသည် အမေရိကန် လယ်သမားများ၊ ကုန်တင်ကားမောင်းသူများနှင့် ကုန်ထုတ်လုပ်ငန်းကုမ္ပဏီများထံသို့ ကူးစက်ပျံ့နှံ့ခဲ့ပြီးဖြစ်သည်။ အမေရိကန်ကုမ္ပဏီလုပ်ငန်းအချို့သည် မော်တော်ယာဉ်အသုံးပြုမှု လျှော့ချခြင်း၊ ပို့ဆောင်ရေးလမ်းကြောင်းများ ပေါင်းစည်းခြင်း စသည့်နည်းလမ်းများဖြင့် လောင်စာကုန်ကျစရိတ် မြင့်တက်မှုကို ကိုင်တွယ်ဖြေရှင်းလာကြကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။ အမေရိကန် စွန့်ပစ်ပစ္စည်းစီမံမှုလုပ်ငန်းတစ်ခု၏ တာဝန်ရှိသူတစ်ဦးက ယခုအခါ "မလိုအပ်သော ကုန်တင်ကား ထွက်ခွာမှုအကြိမ်တိုင်း" သည် ပိုမိုမြင့်မားသော ကုန်ကျစရိတ်ကို ဆိုလိုကြောင်း ဟုပင် ပြောကြားခဲ့သည်။
ဒီဇယ်ဈေးနှုန်းမြင့်တက်မှုက ထောက်ပံ့ပို့ဆောင်ရေး ကုန်ကျစရိတ်ကို မြှင့်တင်လိုက်ကာ ကုန်စည်ဈေးနှုန်းများလည်း မြင့်တက်လာစေပြီး သာမန်စားသုံးသူများကို ဖိအားဖြစ်စေခဲ့သည်။ စွမ်းအင်ဈေးနှုန်း ရိုက်ခတ်မှုကြောင့် ဥရောပအဓိကနိုင်ငံများ၏ စက်တင်ဘာလ ငွေကြေးဖောင်းပွမှုနှုန်းများသည် အကြီးအကျယ် မြင့်တက်ခဲ့ပြီး စီးပွားရေးတိုးတက်မှုအပေါ် တိုက်ရိုက် ဆိုးကျိုးသက်ရောက်မှု ဖြစ်စေခဲ့သည်။
ပထဝီနိုင်ငံရေး တင်းမာမှုများ အဖန်တလဲလဲဖြစ်ပေါ်ကာ မသေချာမရေရာမှုများ မြင့်တက်လာသည်နှင့်အမျှ ဒီဇယ်ဈေးနှုန်းသည် ဆက်လက်မြင့်တက်လာနိုင်သည်။ ဤသဘောအရကြည့်မည်ဆိုလျှင် ဒီဇယ်ဈေးနှုန်းသည် ကမ္ဘာ့စီးပွားရေးကို စောင့်ကြည့်လေ့လာရန် အရေးကြီးသော အညွှန်းကိန်းတစ်ခုဖြစ်လာပြီဖြစ်သည်။ ဒီဇယ်ဈေးနှုန်း မြင့်တက်မှုသည် ဆီဆိုင်များ၏ ဈေးနှုန်းဆိုင်းဘုတ်ပြားများအပေါ် သက်ရောက်ရုံသာမက ကမ္ဘာ့ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်၏ လည်ပတ်မှုကုန်ကျစရိတ်ကိုလည်း ပို၍ သက်ရောက်မှုရှိပေသည်။
လက်ရှိအခြေအနေမှကြည့်လျှင် အဓိကရေနံထွက်ရှိရာဒေသနှင့် ရေနံသန့်စင်စက်ရုံဒေသများ၏ ထောက်ပံ့မှု ပြန်လည်ကောင်းမွန်မှု မရှိသေးသရွေ့၊ ကမ္ဘာ့ဒီဇယ်သိုလှောင်မှု လုံခြုံသောကြားခံအဆင့်ကို ပြန်လည်တည်ဆောက်နိုင်ခြင်းမရှိသရွေ့ မဟာဗျူဟာမြောက် အရန်သိုလှောင်မှုကို ထုတ်လွှတ်ရုံသက်သက်ဖြင့် ဒီဇယ်အကျပ်အတည်းကို ဖြေရှင်းနိုင်ရန် ခဲယဉ်းလှသည်။
လေ့လာသုံးသပ်သူအချို့က လက်ရှိအခြေအနေသည် ကမ္ဘာ့စွမ်းအင်အသွင်ကူးပြောင်းမှု၏ အရေးကြီးပုံကိုလည်း ပေါ်လွင်စေကြောင်း ပြောကြားကြသည်။ ယခုအကြိမ် ဒီဇယ်ဈေးနှုန်း မြင့်တက်မှုဖြစ်စဉ်တွင် စီးပွားရေးအစုအဖွဲ့အချို့သည် ယခင်က အတော်အတန်အောင်မြင်သော လျှပ်စစ်ဓာတ်အားအသွင်ကူးပြောင်းမှုကြောင့် အခြားစီးပွားရေးအစုအဖွဲ့များထက် ပိုမိုထိရောက်သော "ပြေလျော့ရာကြားခံ" ကို ပိုင်ဆိုင်ထားကြသည်။ (Xinhua)
-----------------------------
(Chinese Version)
经济热点问答|全球柴油价格缘何持续上涨
新华社北京10月5日电 经济热点问答|全球柴油价格缘何持续上涨 新华社记者宿亮
当前地缘局势紧张,推动柴油价格持续走高,给欧美等发达经济体经济社会生活带来严重冲击。美国能源信息局数据显示,美国车用柴油平均零售价近期同比上涨超过70%。另外,欧洲柴油价格也已达到有记录以来最高水平。
这一轮柴油涨价究竟由什么因素驱动?欧美计划大规模释放石油储备有用吗?这种短缺形势会给全球经济带来什么影响?
价格为什么飙升
当前,全球柴油市场面临的主要问题是“运不出来”“炼不出来”和“库存不够”。
国际能源署高级能源分析师大卫·马丁日前表示,今年前8个月,全球海运柴油出口量平均为每日470万桶,同比下降10%。而且,海运柴油出口降幅在今年第二季度和第三季度呈现持续扩大的趋势。
在全球能源贸易中,柴油与原油的差价被称为“裂解价差”。这一指标粗略代表了炼油厂的毛利,也是反映供求关系紧张与否的关键。
正常情况下,柴油裂解价差为每桶15到30美元;今年以来,这一价差持续扩大,9月美国墨西哥沿岸及西北欧柴油裂解价差均超过每桶100美元。这反映出当前能源市场的态势,即短缺已经从原油蔓延到成品油,从期货价格暴涨演化到实际生产生活。
柴油运输受阻的同时,全球炼化能力也受到冲击。由于中东等地炼油厂遇袭,全球炼厂加工量达不到去年同期水平。这种现实意味着,即便柴油价格大涨,炼油厂短时间内也没有能力扩大产能补缺口。
更麻烦的是库存。路透社报道,美国柴油库存处在1982年以来同期最低水平,欧洲柴油库存也低于五年平均水平。
多重因素加剧当前全球柴油困局。业内人士分析,全球柴油供应紧张局面在北半球冬季取暖季到来时或进一步加剧,短缺状况或将持续至2027年。
释放储备有用吗
连日来,美欧关于释放柴油储备的争论一直备受关注。
从美国的角度看,作为全球最大的柴油出口国,美国今年以来柴油出口增加导致库存持续下降,国内柴油价格上涨,对经济造成不利影响。
路透社报道,美国今年柴油出口量同比增长超过20%,在一定程度上填补了中东等地区出口下降造成的缺口,但其国内库存迅速下降。另外,国际能源署数据显示,美国柴油价格9月初一度突破每桶200美元,较美伊战事前水平高出94%。
美国此前提出,如果欧洲不愿意释放柴油储备,美方将实施柴油出口禁令。高盛公司分析认为,一旦美国不出口柴油,其国内柴油价格短期可能下滑,但欧洲柴油价格将上涨。
从欧洲的角度看,尽管当前释放欧洲的石油储备可能有利于降低全球燃料价格,但提前消耗战略储备将危及欧洲应对冬季能源短缺的能力。
业内人士分析,欧美当前面临的状况是“谁都缺柴油、谁都不想把库存用光”。
经过多重博弈,欧洲方面同意在国际能源署协调下释放战略石油储备,并在最初20天内集中释放大量柴油储备。
大规模释放储备的确能够在一定程度上把价格“打下来”,但中东成品油供应严重受限导致全球柴油供不应求的实质性问题并没有解决。英国伍德麦肯兹咨询公司高级副总裁艾伦·盖尔德说,释放储备只是短期缓解措施,不过是把“今天的短缺向未来转移”。
实际影响有多大
从经济社会生活的角度看,柴油短缺比汽油短缺要“更麻烦”。
卡车运输、农业机械、工程机械、矿山设备以及部分船舶都高度依赖柴油。因此,柴油价格上涨首先增加的是企业的生产经营成本,而不是简单增加消费者开车的成本。
美国柴油价格暴涨后,影响已经传导至美国农民、卡车司机和制造业企业。路透社报道,一些美国企业开始通过减少车辆使用、合并配送路线等方式应对燃料成本上涨。一家美国废物处理企业负责人甚至表示,现在“每一次不必要的卡车出动”都意味着更高的成本。
柴油涨价推高物流成本,抬升商品价格,令普通消费者承压。受能源价格冲击,欧洲主要国家9月通胀率均大幅上升,直接对经济增长造成负面影响。
随着地缘紧张局势反复、不确定性上升,柴油价格还可能继续上涨。从这个意义上看,柴油价格已经成为观察全球经济的一个重要指标。柴油价格上涨不仅仅影响加油站的价格牌,更影响全球供应链的运营成本。
从当前来看,只要主要产油区和炼油区的供应没有恢复、全球柴油库存没有重新建立安全缓冲,单纯释放战略储备难解柴油困局。
有分析人士表示,当前局势也凸显了全球能源转型的重要性。在这一轮柴油涨价过程中,部分经济体由于此前较为成功的电气化转型,拥有了相比其他经济体更加有效的“缓冲垫”。(完)
图说1:这是8月24日在美国纽约拍摄的炼油厂。新华社记者 张凤国 摄
图说2:这是8月24日在美国纽约拍摄的油品转运站。新华社记者 张凤国 摄








