ဂျပန်နိုင်ငံ အိုကီနာဝါစီရင်စုရှိ အမေရိကန်စစ်တပ် Futenma စခန်းကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဂျပန်နိုင်ငံ အိုကီနာဝါစီရင်စုရှိ အမေရိကန်စစ်တပ် Futenma စခန်းကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)

“အမေရိကန်ရဲ့ အကျိုးစီးပွားကို ဂျပန်ပြည်သူတွေရဲ့ လူ့အခွင့်အရေးနဲ့ ဂျပန်နိုင်ငံ အချုပ်အခြာအာဏာ အထက်မှာ တင်စီးထားပါတယ်”

ဂျပန်နိုင်ငံ အခြေစိုက် အမေရိကန်စစ်တပ် ရဟတ်ယာဉ်က တိုကျိုမြို့လယ်၌ ဝေဟင်နိမ့်အနေအထားဖြင့် ပျံသန်းခြင်း စသည့် အကြောင်းအရာများကို အဓိကထားဖော်ပြသော မှတ်တမ်းရုပ်ရှင် “တိုကျိုဝေဟင်အထက် မီတာ ၃၀၀” (300 Meters Above Tokyo) ကို အောက်တိုဘာ ၁၀ ရက်တွင် ရုံတင်ပြသပြီးနောက် အဆိုပါ ဗီဒီယိုမှတ်တမ်း တွေ့ဆုံမေးမြန်းမှုနှင့် ထုတ်လုပ်မှုတွင် ပါဝင်ခဲ့သော ဂျပန် Mainichi Shimbun သတင်းစာမှ သတင်းထောက် Hiroyuki Oba က တိုကျိုမြို့တွင် ဆင်ဟွာသတင်းထောက် မေးမြန်းမှုကို ဖြေကြားရာ၌ အထက်ပါအတိုင်း ပြောကြားခဲ့သည်။

မှတ်တမ်းရုပ်ရှင်အမည်ပါ “မီတာ ၃၀၀” မှာ ဂျပန်လေကြောင်းဆိုင်ရာ ဥပဒေစည်းမျဉ်းက လူဦးရေသိပ်သည်းသောဒေသ၌ ဘေးကင်းလုံခြုံစွာ ပျံသန်းရန်အမြင့်ကန့်သတ်တောင်းဆိုချက်ကို ဆိုလိုခြင်းဖြစ်ပြီး ပျံသန်းသောယာဉ်သည်  မူအားဖြင့် အနီးတစ်ဝိုက် အမြင့်ဆုံး အတားအဆီးနေရာများနှင့် ဒေါင်လိုက် အမြင့်အကွာအဝေး မီတာ ၃၀၀ ထက်မနည်း ထားရမည်ဟု ဆိုလိုနေသည်။ သို့သော် ဂျပန်က ဂျပန်-အမေရိကန် အနေအထား သဘောတူညီချက်အား အကောင်အထည်ဖော်ရန်အတွက် ချမှတ်ထားသော “လေကြောင်းကဏ္ဍ အထူးသတ်မှတ်ချက် ဥပဒေ” တွင်မူ အမေရိကန်စစ်တပ်၏ လေကြောင်းပျံသန်းမှုယာဉ်များကို အဆိုပါကန့်သတ်ချက်ထဲတွင် ထည့်သွင်းထားခြင်း မရှိပေ။

“တိုကျိုဝေဟင်အထက် မီတာ ၃၀၀” သည် အထက်ပါရှုထောင့်မှ တင်ဆက်ဖော်ပြထားပြီး အမေရိကန်စစ်တပ်ပုဂ္ဂိုလ်များ ပြစ်မှုကျူးလွန်မှု၊ ထိခိုက်နစ်နာသူ အခွင့်အရေး ကာကွယ်မှုနှင့် ဂျပန်အစိုးရ၏ ကိုင်တွယ်စီမံမှု စသည့် ပြဿနာများအား ခြေရာခံဖော်ပြထားသည်။

တူညီသော မိုးကောင်းကင်အောက်၌ အဘယ်ကြောင့် မတူညီသော ခံစားခွင့်များ ရှိနေသနည်း။ အဆိုပါမေးခွန်းသည် အောက်တိုဘာ ၁၀ ရက်တွင် ထုတ်လွှင့်ပြသပြီးနောက် ဖလှယ်မှုနေရာ၌ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုများ ပေါ်ထွက်လာစေခဲ့သည်။ ဂျပန်အစိုးရက မည်သူကို ကာကွယ်ပေးနေသနည်း။

ဂျပန်-အမေရိကန် အနေအထား သဘောတူညီချက်ကို ဂျပန်-အမေရိကန် နှစ်နိုင်ငံအစိုးရက ၁၉၆၀ ပြည့်နှစ်တွင် လက်မှတ်ရေးထိုးခဲ့သည်။ ၎င်းသဘောတူညီချက်တွင် အမေရိကန်စစ်တပ် တာဝန်ထမ်းဆောင်ချိန်အတွင်း ပြစ်မှုကျူးလွန်ပါက အမေရိကန်အနေဖြင့် ဦးစားပေး စီရင်ပိုင်ခွင့်ရှိကြောင်း၊ တာဝန်ထမ်းဆောင်ချိန်ပြင်ပ၌ ပြစ်မှုကျူးလွန်ပါက ယေဘုယျအားဖြင့် ဂျပန်ဘက်မှ ဦးစားပေး စီရင်ပိုင်ခွင့်ရှိကြောင်း၊ သို့သော် တာဝန်ထမ်းဆောင်ချိန်ပြင်ပ၌ ပြစ်မှုကျူးလွန်ကြောင်း သံသယရှိသူကို အမေရိကန်ဘက်က ထိန်းချုပ်ထားပြီးဖြစ်ပါက ဂျပန်ဘက်မှ တရားစွဲဆိုသည်အထိ မူအားဖြင့် အမေရိကန်ဘက်က ထိန်းသိမ်းထားရမည်ဖြစ်ကြောင်း သတ်မှတ်ထားသည်။

ယင်းမှာ အမေရိကန်စစ်တပ်၏ အမှုကျူးလွန်သူသည် ဂျပန်အခြေစိုက် အမေရိကန်စစ်တပ်စခန်းသို့ ပြန်ရောက်သွားသည်နှင့် ၎င်းအား ဂျပန်ရဲတပ်ဖွဲ့လက်သို့ လွှဲပြောင်းပေးခြင်း ရှိ၊ မရှိကို အမေရိကန်ဘက်ကသာ ဆုံးဖြတ်နိုင်သည်ဟု ဆိုလိုနေသည်။ သံသယရှိသူက အမေရိကန်၏ ကာကွယ်ပေးမှုအောက်တွင် အမှုသည် သာမန်အားဖြင့် ကြီးသည့်အမှု ငယ်စေ၊ ငယ်သည့်အမှု ပလပ်စေ ဖြစ်လေ့ရှိသည်။

ပြသပြီးနောက် အပြန်အလှန် ဖလှယ်ရာတွင် Hiroyuki Oba က လက်ရှိအခြေအနေမှာ ဂျပန်ရဲတပ်ဖွဲ့သည် သံသယရှိသူကို စစ်ဆေးမေးမြန်းမှုခံယူရန် တောင်းဆိုနိုင်သော်လည်း ၎င်း၏တစ်ကိုယ်ရေလွတ်လပ်မှုကို ဆက်လက်ထိန်းချုပ်နိုင်ခြင်း မရှိပါက စုံစမ်းစစ်ဆေးမှုတွင် အကန့်အသတ်ရှိနိုင်ကြောင်း၊ စစ်ဆေးမေးမြန်းမှုတိုင်းအတွက် ညှိနှိုင်းဆောင်ရွက်မှုများ လိုအပ်မည်ဖြစ်ပြီး အချိန်ကာလသည်လည်း ကန့်သတ်ခံရနိုင်ကြောင်း၊ သံသယရှိသူက အမေရိကန်စစ်တပ်စခန်းအတွင်း၌ မည်သို့သော စီမံခန့်ခွဲမှုနှင့် ခံစားခွင့်များ ရရှိသည်ကို ပြင်ပလောကက မသိရှိနိုင်ကြောင်း ပြောကြားခဲ့သည်။

အလားတူဖြစ်စဉ်များလည်း အဆက်မပြတ် ဖြစ်ပွားခဲ့သည်။ အောက်တိုဘာ ၃ ရက်တွင် ၃၉ နှစ်အရွယ် ဂျပန်အမျိုးသမီးတစ်ဦးက အိုကီနာဝါစီရင်စု နာဟာမြို့ ဟိုတယ်တစ်ခု၌ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရပြီး အမေရိကန်စစ်တပ် Futenma စခန်းလက်အောက်ရှိ အသက် ၂၀ အရွယ် မရိန်းတပ်ဖွဲ့ဝင် Devin Ballard က အဆိုပါ အမျိုးသမီးအား သတ်ဖြတ်ပြီး ပိုက်ဆံအိတ် စသည့်ပစ္စည်းများအား လုယူသွားသည်ဟု သံသယရှိရသည်။ အိုကီနာဝါစီရင်စု ရဲတပ်ဖွဲ့က အောက်တိုဘာ ၄ ရက်တွင် Devin Ballard အား ဖမ်းဆီးခဲ့သော်လည်း ၎င်းက ပြစ်မှုကျူးလွန်မှုကို ငြင်းဆိုခဲ့သည်။

အိုကီနာဝါစီရင်စုဘက်က ဆန့်ကျင်ကန့်ကွက်ကြောင်း ဆိုခဲ့ပြီး အလားတူအမှုများ ဖြစ်ပွားခြင်းကို ကြိုတင်ကာကွယ်ရန်အတွက် ထိရောက်သော အစီအမံများ လုပ်ဆောင်ရန်၊ ဂျပန်-အမေရိကန် အနေအထား သဘောတူညီချက်အား အရင်းခံမှ ပြင်ဆင်ရန် တောင်းဆိုခဲ့သည်။

သို့သော် ဗဟိုအစိုးရအလွှာတွင် ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ စသည့် အစိုးရအရာရှိများ၏ သဘောထားဖော်ပြချက်မှာ “အလွန်အမင်း ဝမ်းနည်းမိကြောင်း” ၊ “ဆန့်ကျင်ကန့်ကွက်ကြောင်း ဖော်ပြခြင်း” ၊ “စုံစမ်းစစ်ဆေးမှုတွင် ဘက်စုံတွဲဖက်လုပ်ဆောင်ရန်၊ ထပ်မံဖြစ်ပွားခြင်းမှ ကာကွယ်ရန် တောင်းဆိုခြင်း” စသည်တို့သာ ရှိပြီး ဂျပန်-အမေရိကန် အနေအထား သဘောတူညီချက် ပြင်ဆင်ခြင်း ပြဿနာကို ယနေ့တိုင် ထည့်သွင်းပြောဆိုမှု မရှိပေ။

အိုကီနာဝါစီရင်စု၏ စာရင်းကောက်ယူချက်များအရ ၁၉၇၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ အမေရိကန်စစ်တပ် စစ်သားနှင့် စစ်သားမိသားစုဝင်များ ကျူးလွန်သော ရာဇဝတ်မှု အမှုအရေအတွက်သည် ၆,၄၀၀ ကျော်ရှိပြီး လတ်တလောနှစ်ပိုင်းအတွင်း အမေရိကန်စစ်တပ် သက်ဆိုင်ရာ လူပုဂ္ဂိုလ်များနှင့် ပတ်သက်သည့် အမှုအရေအတွက်မှာ တိုးပွားလာသည့် အနေအထားရှိသည်။

အဆိုပါအမှုများတွင် ဂျပန်လူမှုအသိုက်အဝန်းအား တုန်လှုပ်သွားစေသည့် ပြင်းထန်သော အမှုများစွာလည်း ပါဝင်နေသည်။ ၁၉၉၅ ခုနှစ်တွင် အိုကီနာဝါစီရင်စု အခြေစိုက် အမေရိကန်စစ်တပ် လူပုဂ္ဂိုလ် ၃ ဦးက အသက် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦးအား ပြန်ပေးဆွဲ၍ အဓမ္မပြုကျင့်မှု၊ ၂၀၁၆ ခုနှစ်တွင် အမေရိကန်စစ်တပ် သက်ဆိုင်ရာ လူပုဂ္ဂိုလ်တစ်ဦးက အသက် ၂၀ နှစ်အရွယ် အိုကီနာဝါစီရင်စုမှ အမျိုးသမီးတစ်ဦးအား သတ်ဖြတ်၍ အလောင်းစွန့်ပစ်မှု၊ ၂၀၂၃ ခုနှစ်တွင် အိုကီနာဝါစီရင်စု အခြေစိုက် အမေရိကန်စစ်သားတစ်ဦးက အသက် ၁၆ နှစ် မပြည့်သေးသည့် မိန်းကလေးတစ်ဦးအား ဖြားယောင်းခေါ်ယူ၍ အဓမ္မပြုကျင့်မှု …

“ကျွန်မ တကယ် အလွန်ဒေါသဖြစ်မိပါတယ်။ ဘာလို့လဲဆိုတော့ ဒီလိုမျိုးကိစ္စတွေက ပပျောက်သွားတယ်ဆိုတာ မရှိလို့ပဲ” ဟု ကြည့်ရှုသူပရိသတ် Ai Takahashi က သတင်းထောက်ကို ပြောကြားခဲ့သည်။ ၎င်းသည် မကြာသေးမီက ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရှေ့တွင် အိုကီနာဝါ အမျိုးသမီး သေဆုံးမှုဖြစ်စဉ်နှင့် စပ်လျဉ်းသည့် ဆန့်ကျင်ဆန္ဒပြလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြောင်း၊ သို့သော် ထိုစဉ်က စုဝေးပွဲ ကျင်းပနေသည့် အမေရိကန်သံရုံးအတွင်းမှ စည်ကားသော ဂီတသံများ ပေါ်ထွက်လာခဲ့ကြောင်း ၎င်းကဆိုသည်။

“ဒီလိုမျိုး သိသာထင်ရှားတဲ့ ကွာခြားချက်တွေကြောင့် ကျွန်မအလွန် ကြိတ်မနိုင်ခဲမရဖြစ်ရတယ်” ဟု Ai Takahashi က ဆိုသည်။

မှတ်တမ်းရုပ်ရှင်ပါ “မည်သူက ပြစ်မှုကျူးလွန်သူကို လွတ်မြောက်ခွင့်ပြုနေသနည်း” ခေါင်းစဉ်ဖြင့် အပိုင်းတစ်ပိုင်းက အခြားအကဲဆတ်သော မေးခွန်းတစ်ခုကို လှစ်ဟပြသလိုက်သည်။ အမေရိကန်စစ်တပ် လူပုဂ္ဂိုလ်က ပြင်းထန်သော ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရပြီးနောက် ဂျပန်အစိုးရသည် အချိန်မီ သတင်းထုတ်ပြန်ခြင်းမရှိဘဲ မီဒီယာများက သတင်းဖော်ပြပြီးနောက်မှသာ အများပြည်သူက သိရှိနေရမှုပင်ဖြစ်သည်။  

“ဒီလောက်ပြဿနာတွေ အများကြီး ရင်ဆိုင်နေရတာတောင်မှ အမြဲဖုံးကွယ်ထားဖို့ ရွေးချယ်နေမှုဆိုတာကိုက ပြဿနာရှိနေတာပါ” ဟု အသက် ၆၀ နှစ်ကျော်အရွယ် အမျိုးသားပရိသတ်တစ်ဦးက ဖလှယ်မှုအခမ်းအနားတွင် သတင်းထောက်ကို ပြောကြားခဲ့သည်။

Hiroyuki Oba က ဖလှယ်မှုပြောဆိုရာတွင် အမေရိကန်စစ်တပ် ရဟတ်ယာဉ်အဆောက်အဦ အနီးတစ်ဝိုက် ဆူညံသံအရေးအား စုံစမ်းရာ၌ တရားဝင် သဘောထား ထုတ်ဖော်ပြောကြားရန် ဆန္ဒရှိသည့် ဂျပန်ဒေသခံပြည်သူအား ရှာဖွေရန် အလွန်ရှားပါးကြောင်း၊ ထိုဖြစ်စဉ်အပေါ် ပြင်းပြင်းထန်ထန် မကျေမနပ်ဖြစ်နေသူ ရှိသည့်တိုင် တွေ့ဆုံမေးမြန်းမှု လုပ်ဆောင်ရာတွင်လည်း “ကြောက်ရွံ့နေဆဲ” ဖြစ်ကြောင်း၊ အချို့က အမေရိကန်စစ်တပ်ကို ဝေဖန်ထုတ်ဖော်ပြောကြားပြီးနောက် စုံစမ်းစစ်ဆေးမှုခံရမည်ကို စိုးရိမ်ကြပြီး အချို့ကမူ ကလေးများ အနာဂတ် လုပ်ငန်းခွင်ဝင်မှုအပေါ် သက်ရောက်မှုရှိမည်ကို ပူပန်ကြကြောင်း ပြန်လည်အောက်မေ့လျက် ပြောကြားခဲ့သည်။

စစ်ပွဲအလွန် နှစ်ပေါင်း ၈၀ ကျော်ကြာ ယနေ့တွင် ဂျပန်နိုင်ငံအခြေစိုက် အမေရိကန်စစ်တပ်၏ “အခွင့်ထူးအာဏာ” သည် ဂျပန်ပြည်သူများ၏ နေ့စဉ်ဘဝအပေါ် လေးလေးနက်နက် သက်ရောက်မှု ရှိနေဆဲဖြစ်သည်။ လက်ရှိအခြေအနေကို ပြောင်းလဲလိုခြင်းတွင် ဂျပန်နိုင်ငံသည် ခရီးဝေး လျှောက်လှမ်းနေရဦးမည်သာဖြစ်ပေသည်။ (Xinhua)

ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြင်ပ၌ စုဝေး၍ ဂျပန်အစိုးရက အိုကီနာဝါ စီရင်စုအခြေစိုက် အမေရိကန်စစ်တပ် အဓမ္မပြုကျင့်မှုသတင်းအား ဖုံးကွယ်ထားမှုကို ဆန့်ကျင်ကန့်ကွက်နေသည့် ပြည်သူများအား ၂၀၂၄ ခုနှစ် ဇူလိုင် ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြင်ပ၌ စုဝေး၍ ဂျပန်အစိုးရက အိုကီနာဝါ စီရင်စုအခြေစိုက် အမေရိကန်စစ်တပ် အဓမ္မပြုကျင့်မှုသတင်းအား ဖုံးကွယ်ထားမှုကို ဆန့်ကျင်ကန့်ကွက်နေသည့် ပြည်သူများအား ၂၀၂၄ ခုနှစ် ဇူလိုင် ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

---------------------

(Chinese Version)

一部纪录片引发的追问:日本政府究竟保护谁?

新华社东京10月11日电 题:一部纪录片引发的追问:日本政府究竟保护谁?  新华社记者李子越 杨智翔  

“美国的利益,正被置于日本人的人权及日本国家主权之上。”  

10日,聚焦驻日美军直升机在东京市中心低空飞行等问题的纪录片《东京上空300米》上映后,参与影片采访与制作的日本《每日新闻》记者大场弘行,在东京接受新华社记者采访时如是说。  

片名中的“300米”,对应日本航空法规对人口稠密地区飞行安全高度的要求:原则上,航空器须与周边最高障碍物保持至少300米的垂直距离。然而,日本为实施日美地位协定而制定的“航空特例法”,却将美军航空器排除在该限制之外。  

《东京上空300米》从上述角度切入,追踪美军人员犯罪、受害者维权及日本政府的应对等问题。  

同一片天空下,为何有不同待遇?这一问题在10日的映后交流现场引发热议——日本政府究竟在保护谁?  

日美地位协定由日美两国政府1960年签订。其中规定,美军执行公务时犯罪,美方享有优先审判权;公务外犯罪一般由日方优先审判,但若公务外犯罪嫌疑人已被美方控制,原则上仍由美方羁押,直至日方起诉。这意味着,美军涉案人员一旦返回驻日美军基地,是否将其移交日本警方全由美方决定。嫌疑人在美方庇护下,案件往往大事化小、小事化了。  

大场在映后交流时说,当前现状是,日本警方虽然可以要求嫌疑人接受讯问,但若不能持续控制其人身自由,调查就会受到限制。每次讯问都需要协调,时间也受到限制,而嫌疑人在美军基地内受到怎样的管理和待遇,外界难以得知。  

此类事件不断发生。本月3日,一名39岁的日本女性在冲绳县那霸市一家酒店内遇害。隶属于美军普天间基地的20岁海军陆战队员德文·巴拉德涉嫌杀害该女子,并抢走钱包等物品。冲绳县警方4日将巴拉德逮捕,但他否认犯罪。  

冲绳县方面提出抗议,要求采取有效措施防止类似案件发生,以及从根本上修订日美地位协定。然而,在中央政府层面,首相高市早苗等官员的表态仅限于“极为遗憾”“表达抗议”“要求全面配合侦查、防止再发”等,至今未提及修改日美地位协定问题。  

冲绳县统计显示,从1972年到2025年,美军士兵和军属所犯刑事案件超过6400起,且近年来涉及美军相关人员的案件数呈上升趋势。这些案件中,不乏震动日本社会的严重案件:1995年,三名驻冲绳美军人员绑架、强奸一名12岁少女;2016年,一名美军相关人员杀害一名20岁的冲绳女子并抛尸;2023年,一名驻冲绳美军士兵诱拐并性侵一名未满16岁的少女……  “我真的非常愤怒,因为这类事件一直没有消失。”现场观众高桥爱告诉记者。她说,她近日在美国驻日本大使馆前参加了针对冲绳女性遇害事件的抗议活动,然而,当时正在举办聚会的美国使馆里却传出了热闹的音乐声。  

“这种鲜明的对比,真的让我感到非常难受。”高桥爱说。  

纪录片中的一章题为“谁在让犯人逃脱”,揭示了另一个尖锐问题:美军人员涉嫌严重犯罪后,日本政府未及时通报,公众直到媒体报道后才获知。  

“面对这么多问题,却总是选择掩盖,这本身就存在问题。”一名60多岁的男性观众在交流现场对记者说。  

大场在交流中还回忆道,他在调查美军直升机设施周边噪音问题时,发现寻找愿意公开表达意见的日本居民十分困难。即使有人对此强烈不满,面对采访仍会“感到害怕”,有人担心公开批评美军后会受到调查,有人忧虑孩子将来就业可能受到影响……  

战后80余年的今天,驻日美军“特权”仍深刻影响着日本民众的生活。要改变这种现状,日本或许还有很长的路要走。(完)

图说1:这是2023年11月25日在日本冲绳拍摄的美军普天间基地。新华社记者冯武勇摄

图说2:2024年7月2日,在日本东京,民众聚集在日本外务省外,抗议日本政府隐瞒冲绳美军性侵消息。新华社记者张笑宇摄