အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်ခရိုင်တွင် ယာဉ်မောင်းတစ်ဦး ဆီဆိုင်၌ ဆီဖြည့်နေသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်ခရိုင်တွင် ယာဉ်မောင်းတစ်ဦး ဆီဆိုင်၌ ဆီဖြည့်နေသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း/မော်စကို၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

အမေရိကန်အစိုးရသည် မကြာသေးမီရက်ပိုင်းက ရုရှားဒီဇယ်လောင်စာ တင်ပို့မှုအပေါ် ပိတ်ဆို့အရေးယူမှုများ ဖြေလျှော့ကြောင်း ကြေညာခဲ့ပြီး ၎င်း၏ နောက်ဆက်တွဲ သက်ရောက်မှုများမှာ ဆက်လက် ဖြစ်ပေါ်နေဆဲ ဖြစ်သည်။ အောက်တိုဘာ ၁၃ ရက်တွင် အမေရိကန် နှစ်ပါတီ အထက်လွှတ်တော်အမတ်များက သမ္မတ ထရမ့် ထံသို့ ပူးတွဲစာတစ်စောင် ပေးပို့ပြီး သက်ဆိုင်ရာ ဆုံးဖြတ်ချက်ကို ပြန်လည်ရုပ်သိမ်းရန် တောင်းဆိုခဲ့သည်။ ထိုနေ့တွင်ပင် ရုရှားဘက်က ထိုမတိုင်မီ အမေရိကန်နိုင်ငံ  ကြေညာခဲ့သည့် ရုရှား-ယူကရိန်း "စွမ်းအင်ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး" မှာ တိုးတက်မှုမရှိကြောင်း ပြောကြားခဲ့သည်။

သုံးသပ်သူများက ထရမ့်အစိုးရသည် ရုရှားဒီဇယ်လောင်စာ တင်ပို့မှုကို "ဖြေလျှော့ခြင်း" အားဖြင့် အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ ပြည်တွင်းဒီဇယ်လောင်စာဈေးနှုန်းကို နိမ့်ကျစေရန် ကြိုးပမ်းလျက်ရှိသည်ဟု ထောက်ပြကြသည်။ သို့သော် ရုရှားဒီဇယ်လောင်စာ ရောင်းလိုအားပမာဏ အကန့်အသတ်ကြောင့် အဆိုပါမူဝါဒ၏ အကျိုးသက်ရောက်မှုမှာ သံသယဖြစ်စရာဖြစ်ပြီး နှစ်ပါတီ လွှတ်တော်အမတ်များ၏ ဝေဖန်မှုကို ခံရကာ ရုရှား-ယူကရိန်း-ဥရောပ သုံးပွင့်ဆိုင်ပါဝင်မှုကို ပိုမို ရှုပ်ထွေးစေနိုင်ကြောင်း၊ ထရမ့်အနေဖြင့် ဖော်ဆောင်လိုသည့် ရွေးကောက်ပွဲဖိအား သက်သာစေခြင်း၊ ရုရှား-ယူကရိန်း "စွမ်းအင်ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး" ကို မြှင့်တင်ခြင်းသာမက ညှိနှိုင်းမှုများကိုလည်း ပြန်လည်စတင်စေလိုခြင်း ဆိုသည့် ရည်မှန်းချက်သုံးရပ်မှာ အောင်မြင်ရန် ခဲယဉ်းနိုင်ဖွယ်ရှိကြောင်း သိရသည်။


ရုရှားဒီဇယ်လောင်စာ “ဖြေလျှော့ခြင်း” ၏ လက်တွေ့အကျိုးသက်ရောက်မှု သံသယ ဖြစ်ဖွယ်ရှိ

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် သီတင်းပတ်သုံးပတ်ခန့်သာ လိုတော့သည့်အချိန်တွင် အမေရိကန်နိုင်ငံအတွင်း ဒီဇယ်ဆီဈေးနှုန်းမှာ မြင့်မားသောအနေအထားတွင် ရှိနေဆဲ ဖြစ်သည်။ ထရမ့်အစိုးရသည် မကြာသေးမီက ရုရှားဒီဇယ်လောင်စာ ကုန်သွယ်မှုအပေါ် ပိတ်ဆို့အရေးယူမှုများ ဖြေလျှော့ကြောင်း ကြေညာခဲ့ခြင်းမှာ ရုရှားနိုင်ငံ၏ ဒီဇယ်လောင်စာ ရောင်းလိုအားကို အသုံးချ၍ ဆီဈေးနှုန်းများကို တည်ငြိမ်စေရန်နှင့် မဲဆန္ဒရှင်များထံသို့ မိမိသည် လူနေမှုဘဝပြဿနာများအား ဖြေရှင်းနိုင်စွမ်းရှိကြောင်း "သက်သေပြ" ရန် ရည်ရွယ်ထားသည်ဟု လေ့လာသုံးသပ်သူများက ယူဆကြသည်။

သို့သော် ယင်းလုပ်ရပ်၏ လက်တွေ့အကျိုးသက်ရောက်မှုကို လူထုသဘောထားက ကျယ်ကျယ်ပြန့်ပြန့် မေးခွန်းထုတ်နေကြသည်။ တစ်ဖက်တွင် ရုရှားဘက်မှ မကြာမီကာလအတွင်း ထပ်တိုးရောင်းချနိုင်မည့် ဒီဇယ်လောင်စာပမာဏ ကြီးကြီးမားမား မရှိပေ။ ထိုမတိုင်မီ ရုရှားဘက်က အစောဆုံးအောက်တိုဘာလတွင် ဒီဇယ်လောင်စာ တန်ချိန် ၃ သိန်း (စည် ၂ သန်းခန့်) နိုင်ငံခြားသို့ တင်ပို့ရန် သဘောတူခဲ့ပြီး ယင်းမှာ အမေရိကန်နိုင်ငံ၏ လက်ရှိ တစ်ရက် ဒီဇယ်လောင်စာ တင်ပို့မှုပမာဏ စည် ၁.၅ သန်းထက် အနည်းငယ်မျှသာ ပိုများသည်။ ကမ္ဘာ့သန့်စင်ပြီးလောင်စာဆီ ကုန်သွယ်မှုပမာဏနှင့် နှိုင်းယှဉ်လျှင် ယင်းထပ်တိုးမှုပမာဏသည် ကမ္ဘာ့ရောင်းလိုအားရှားပါးမှုကို လျော့ပါးစေရန် ခက်ခဲသည်။

အခြားတစ်ဖက်တွင် ရုရှားဘက်၏ ကတိကဝတ်ဖော်ဆောင်နိုင်စွမ်းမှာလည်း မသေချာမရေရာမှုများ ရှိသည်။ ရုရှားနိုင်ငံ၏ ရေနံချက်စက်ရုံများနှင့် ထောက်ပံ့ပို့ဆောင်ရေး ဗဟိုချက်များမှာ မကြာသေးမီက ယူကရိန်း အဓိကထားတိုက်ခိုက်နေသည့် ပစ်မှတ်များဖြစ်ပြီး ယူကရိန်းက တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်ပါက ရုရှားအနေဖြင့် ဒီဇယ်လောင်စာ ရောင်းချပံ့ပိုးမှုကို တိုးမြှင့်နိုင်ရန်မှာ မသေချာလှပေ။

ရုရှားနိုင်ငံ၏ လက်ရှိ ဒီဇယ်လောင်စာ တင်ပို့နိုင်စွမ်းမှာ အကန့်အသတ်ရှိပြီး ဆီဈေးနှုန်းအပေါ် သက်ရောက်မှုမှာ အလွန်တရာ နည်းပါးကြောင်း၊ ထရမ့်က ဤအချိန်မှ "လောင်စာဆီဈေးနှုန်းနိမ့်ကျစေခြင်း" ဟူသည့် မဲဆွယ်စည်းရုံးမှုကို တွန်းအားပေးလုပ်ဆောင်ခြင်းမှာ အချိန်နှောင်းနေပြီဖြစ်ရာ ရွေးကောက်ပွဲရလဒ်ကို ထိန်းချုပ်လွှမ်းမိုးရန် ခက်ခဲကြောင်း အမေရိကန် The Atlantic လစဉ်မဂ္ဂဇင်း၏ ဆောင်းပါးသုံးသပ်ချက်တွင် ဖော်ပြထားသည်။

ထရမ့်အတွက် ပိုမိုအကျိုးမပြုသည့်အချက်မှာ ရီပက်ဘလစ်ကန်ပါတီအတွင်း ရုရှားအပေါ် ပိတ်ဆို့အရေးယူမှု ဖြေလျှော့ခြင်းနှင့်ပတ်သက်၍ ဝေဖန်မှုများ ဆက်လက် တိုးမြင့်လာနေခြင်းပင်ဖြစ်သည်။ အောက်တိုဘာ ၁၃ ရက်တွင် ရီပက်ဘလစ်ကန်ပါတီ အထက်လွှတ်တော်အမတ် ၆ ဦးနှင့် ဒီမိုကရက်တစ်ပါတီ အထက်လွှတ်တော်အမတ် ၆ ဦးတို့က ထရမ့်ထံသို့ ပူးတွဲစာတစ်စောင်ပေးပို့ပြီး ယင်းလုပ်ရပ်မှာ "ပြိုင်ဘက်အတွက် လက်ဆောင်၊ မဟာမိတ်များအတွက် သစ္စာဖောက်မှု" ဖြစ်သည်ဟု ပြောကြားကာ သက်ဆိုင်ရာမူဝါဒကို ပြန်လည်ရုပ်သိမ်းရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

ထိုမတိုင်မီတွင် ရီပက်ဘလစ်ကန် အောက်လွှတ်တော်အမတ် နှစ်ဦးက ရုရှားအပေါ်  ထရမ့်အစိုးရ၏ ပိတ်ဆို့အရေးယူမှု "ဖြေလျှော့ခြင်း" ကို တားဆီးမည့် ပါတီဖြတ်ကျော် အဆိုပြုဥပဒေမူကြမ်းတစ်ရပ်ကို တင်သွင်းမည်ဟု ပြောကြားခဲ့သည်။

လှုပ်ရှားမှုများစွာက "ရီပက်ဘလစ်ကန်ပါတီအတွင်း ထရမ့်၏ နိုင်ငံခြားရေးမူဝါဒကို တစ်ပြေးညီနီးပါး သဘောတူညီမှုရှိနေသည့် အခင်းအကျင်း" ကို ပျက်ပြယ်စေခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။   

ယူကရိန်းနိုင်ငံ ကိဗ်မြို့ Dniprovskyi ခရိုင်ရှိ အဆောက်အဦအား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၇ ရက် လျှပ်စစ်မီးပြတ်တောက်ချိန်တွင် တွေ့ရစဉ် (ဆင်ဟွာ)
ယူကရိန်းနိုင်ငံ ကိဗ်မြို့ Dniprovskyi ခရိုင်ရှိ အဆောက်အဦအား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၇ ရက် လျှပ်စစ်မီးပြတ်တောက်ချိန်တွင် တွေ့ရစဉ် (ဆင်ဟွာ)

“စွမ်းအင်ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး” ဝေဝေဝါးဝါး ဖြစ်နေ

ထရမ့်က ရုရှားနှင့် ယူကရိန်း နှစ်နိုင်ငံစလုံးသည် ၎င်းအဆိုပြုသည့် "စွမ်းအင်ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး" ကို သဘောတူသည်ဟု ယူဆကြောင်း အောက်တိုဘာ ၁၂ ရက်တွင် ပြောကြားခဲ့သော်လည်း "စွမ်းအင်ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး" နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကိုမူ ဖော်ပြထားခြင်းမရှိပေ။ အမေရိကန် အရာရှိတစ်ဦးက မီဒီယာများအား ထုတ်ဖော်ပြောကြားရာတွင် ယင်း၏အကြောင်းအရာများအနက် ရုရှား-ယူကရိန်း ရေနံချက်စက်ရုံများ အပြန်အလှန်တိုက်ခိုက်မှု ရပ်တန့်ရေးပါဝင်ပြီး ယင်းကို အကောင်အထည်ဖော်နိုင်ပါက အပစ်အခတ်ရပ်စဲမှုနယ်ပယ်ကို လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် လျှပ်စစ်ဓာတ်အားလိုင်းကွန်ရက်များအထိ ချဲ့ထွင်နိုင်မည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

သို့သော် နောက်ပိုင်းတွင် ရုရှားနှင့် ယူကရိန်းနှစ်ဘက်စလုံးက "စွမ်းအင်ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး" သဘောတူညီမှုရရှိသည်ဟု အတည်မပြုခဲ့ပေ။ "စွမ်းအင်ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး" နှင့်ပတ်သက်သည့် ထိတွေ့မှုများမှာ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး အောက်တိုဘာ ၁၂ ရက်ထက် တိုးတက်မှုအသစ်မရှိကြောင်း ရုရှားသမ္မတ၏ ပြန်ကြားရေးအတွင်းရေးမှူး Dmitry Peskov က အောက်တိုဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။ ယူကရိန်း သမ္မတ ဇယ်လန်းစကီးကလည်း ယူကရိန်း၏ အချက်အချာကျသော  စွမ်းအင်အခြေခံအဆောက်အအုံများကို ရုရှားက ဆက်လက် တိုက်ခိုက်နေဆဲဖြစ်ကြောင်း အောက်တိုဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။  

ရုရှားနှင့် ယူကရိန်းနှစ်ဘက်စလုံးက ထရမ့်၏ "စွမ်းအင်ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး" အဆိုပြုချက်ကို နှုတ်အားဖြင့် ကန့်ကွက်ခြင်းမရှိသည့်တိုင် ၎င်း၏ အကောင်အထည်ဖော်မှုတွင် မလွယ်ကူသော အခက်အခဲများစွာ ရှိနေသည်ဟု လေ့လာသုံးသပ်သူများက ယူဆကြသည်။

တစ်ဖက်တွင် "စွမ်းအင်ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး" သည် ရုရှားနှင့် ယူကရိန်း၏ အကျိုးစီးပွားတောင်းဆိုမှုများကို ဟန်ချက်ညီအောင် ထိန်းညှိရန် ခက်ခဲသည်။ တရုတ်နိုင်ငံ မျက်မှောက်ခေတ် နိုင်ငံတကာဆက်ဆံရေး သုတေသနဌာန (CICIR) ဥရောပနှင့် အာရှ သုတေသနဌာနခွဲ ဒုတိယအကြီးအကဲ ချန်ယွီက ယူကရိန်းနိုင်ငံတွင် လက်ရှိ ရေနံချက်စက်ရုံ တစ်ရုံတည်းသာ ရှိခြင်းကြောင့် "ရေနံချက်စက်ရုံချင်း လဲလှယ်ခြင်း" ဟူသည့် အညီအမျှ အပစ်အခတ်ရပ်စဲရေးအစီအစဉ်မှာ ယူကရိန်းအတွက် အဆင်မပြေကြောင်း ထောက်ပြခဲ့သည်။ ယူကရိန်း၏ စွမ်းအင်ထောက်ပံ့မှုသည် အဓိကအားဖြင့် လျှပ်စစ်ဓာတ်အားပေါ်တွင် မှီခိုနေပြီး အပစ်အခတ်ရပ်စဲမှုနယ်ပယ်ကို လျှပ်စစ်ဓာတ်အားအဆောက်အဦများအထိ ချဲ့ထွင်ပါက ရုရှားဘက်က လက်ခံနိုင်ခြေမှာလည်း နည်းပါးရာ နှစ်ဖက်၏ တောင်းဆိုချက်များကို တစ်ပြိုင်တည်း ထည့်သွင်းစဉ်းစားရန် ခက်ခဲကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရုရှား သိပ္ပံအကယ်ဒမီ၏ လုံခြုံရေးကဏ္ဍ သုတေသီ Konstantin Blokhin က ဇယ်လန်းစကီးအနေဖြင့် ထရမ့် အဆိုပြုသည့် "စွမ်းအင်ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး" အစီအစဉ်ကို လက်ခံပါက "နိုင်ငံရေးအရ မိမိကိုယ်ကိုယ် အဆုံးစီရင်ရာရောက်သည်" ဟု ယူဆသည်။

အခြားတစ်ဖက်တွင်လည်း စောင့်ကြည့်ကြပ်မတ်မှုယန္တရား အားနည်းခြင်းကြောင့် အပစ်အခတ်ရပ်စဲရေး ထိရောက်မှုရှိရန် ခဲယဉ်းနိုင်သည်။ ယင်းမှာ ထရမ့် က "စွမ်းအင်ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး" ကို ပထမဆုံး ဖော်ပြခြင်းမဟုတ်ကြောင်း၊ အမေရိကန်ဘက်က ယမန်နှစ် မတ်လတွင် ရုရှားနှင့် ယူကရိန်းတို့သည် စွမ်းအင်ကဏ္ဍတွင် ရက်ပေါင်း ၃၀ အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်မည်ဟု ကြေညာခဲ့သော်လည်း စောင့်ကြည့်ကြပ်မတ်မှုယန္တရား မရှိခြင်းနှင့် နှစ်ဖက်၏ အသေးစိတ်အစီအစဉ်များနှင့်ပတ်သက်၍ နားလည်မှု ကွဲလွဲခြင်းများကြောင့် အပစ်အခတ်ရပ်စဲရေးမှာ လျင်မြန်စွာ ပျက်ပြယ်သွားခဲ့ကြောင်း ယူကရိန်း Kyiv Post သတင်းစာ၏ သုံးသပ်ချက်ဆောင်းပါးတွင် ဖော်ပြထားသည်။

ရုရှားနှင့် ယူကရိန်း နှစ်ဖက်စလုံးက အပစ်အခတ်ရပ်စဲရေး နည်းလမ်းနှင့် စောင့်ကြည့်ကြပ်မတ်မှုယန္တရားကို အတိအလင်း သတ်မှတ်နိုင်ခြင်းမရှိပါက  "စွမ်းအင်ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး" ဆိုသည်ကို နှစ်ဖက်စလုံးက သဘောတူသည့်တိုင် ယင်းမှာ အကဲဆတ်၊ ပျက်လွယ်၍ ဆက်လက်ထိန်းသိမ်းရန် ခက်ခဲသည့် အပစ်အခတ်ရပ်စဲရေးတစ်ခုသာ ဖြစ်မည်ဟု လေ့လာသုံးသပ်သူများက ယူဆကြသည်။ 

ယူကရိန်းနိုင်ငံ မြို့တော် ကိဗ် Dniprovskyi ခရိုင်တွင် ဒုံးကျည်များဖြင့် တိုက်ခိုက်ခံရပြီးနောက် မီးခိုးများ တက်လာသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)
ယူကရိန်းနိုင်ငံ မြို့တော် ကိဗ် Dniprovskyi ခရိုင်တွင် ဒုံးကျည်များဖြင့် တိုက်ခိုက်ခံရပြီးနောက် မီးခိုးများ တက်လာသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)

ရုရှား-ယူကရိန်း ဆွေးနွေးမှု အပြောင်းအလဲဖြစ်ရန် ခဲယဉ်း

ထရမ့်က ရုရှားနှင့် ယူကရိန်းနှစ်ဖက်စလုံးသည် ဤ "အဓိပ္ပာယ်မဲ့သော စစ်ပွဲ" ကို အဆုံးသတ်ရန်အတွက် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ရမည်ဖြစ်ပြီး "မိမိတို့က ၎င်းတို့ချင်း သဘောတူညီချက်တစ်ရပ်ရရှိအောင် ဆောင်ရွက်ပေးမည်" ဟုမီဒီယာများထံ အောက်တိုဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။ ထို့အပြင်  ပူတင်က ဇယ်လန်းစကီး ထက် သဘောတူညီချက်တစ်ရပ် ရရှိရန် ပိုမို လိုလားနေကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ သို့သော် လေ့လာသုံးသပ်သူများကမူ ရုရှားနှင့် ယူကရိန်းတို့အကြား မကြာမီကာလအတွင်း လက်တွေ့ညှိနှိုင်းမှုများ စတင်နိုင်မည့် အလားအလာကို အကောင်းမြင်ခြင်း မရှိပေ။

အမေရိကန်က ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ ဖြေလျှော့ပြီး ယူကရိန်းကို ဖိအားပေးလာသည်နှင့်အမျှ ရုရှားနိုင်ငံသည် ပြိုင်ဆိုင်မှုတွင် အတော်အတန် အသာစီးရနေပြီး ညှိနှိုင်းမှုများ ပြန်လည်စတင်လိုစိတ် နည်းပါးနေသည်။  ရုရှားအနေဖြင့် လက်ရှိတွင် ဒီဇယ်လောင်စာ တင်ပို့မှု "ဖြေလျှော့ခြင်း" အားဖြင့် အမေရိကန်နှင့် အကျိုးစီးပွား ချိတ်ဆက်မှုကို အားကောင်းစေခြင်း၊ ပိတ်ဆို့အရေးယူမှု၏ "ဟာကွက်" ကို ဖောက်ထွင်းခြင်း၊ အမေရိကန်-ဥရောပနှင့် အမေရိကန်-ယူကရိန်းဆက်ဆံရေးကို ကွဲပြားစေခြင်းတို့အပြင် ယူကရိန်းအပေါ် စစ်ရေးဆောင်ရွက်မှုကို ထောက်ပံ့ရန် ကန်ဒေါ်လာငွေကြေး ရရှိခြင်းတို့ကိုလည်း ဆောင်ရွက်နိုင်သည်ဟု လေ့လာသုံးသပ်သူများက ယူဆကြသည်။ ဤအကျိုးအမြတ်များက ရုရှားဘက်၏ စေ့စပ်ဆွေးနွေးလိုမှုဆန္ဒကို ပိုမို လျော့နည်းသွားစေနိုင်သည်။

ဥရောပကမူ ရုရှားကို ထရမ့်အစိုးရက တစ်ဖက်သတ် အလျှော့ပေးခြင်းအပေါ်  စိုးရိမ်ကြောင်း ဖော်ပြနေပြီး ရုရှားအပေါ် ဖိအားပေးမှု ပိုမိုတိုးမြှင့်ခြင်း၊ ယူကရိန်းအား ကူညီမှု ပိုမိုမြှင့်တင်ခြင်းတို့ကို ဆောင်ရွက်လာနိုင်သည်။ ဤအခြေအနေမှာ အရိပ်အယောင် ပေါ်လွင်နေပြီဖြစ်သည်။ ဥရောပသမဂ္ဂသည် အောက်တိုဘာ ၁၂ ရက်တွင် ယင်းနေ့အထိ ရုရှားအပေါ် တစ်ကြိမ်တည်း ချမှတ်သည့် အကြီးဆုံး ပိတ်ဆို့အရေးယူမှုစာရင်းကို အတည်ပြုခဲ့ပြီး ပိတ်ဆို့အရေးယူမှုအသစ်ခံရသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း ၁,၆၀၀ ခန့် ပါဝင်ကာ ရုရှား စစ်လက်နက်စက်မှုလုပ်ငန်း၏ အလယ်ကွင်းဆက် ထောက်ပံ့ပေးသူများကို အဓိကထား ပစ်မှတ်ထားခဲ့သည်။

ထို့အပြင် Politico Europe သတင်းများအရ ဥရောပသမဂ္ဂ ခေါင်းဆောင်များသည် ယခုသီတင်းပတ်တွင် ကျင်းပမည့် ဥရောပသမဂ္ဂ ထိပ်သီးအစည်းအဝေးတွင် ရုရှား စွမ်းအင်ကဏ္ဍကို ပစ်မှတ်ထားသည့် ပိတ်ဆို့အရေးယူမှု အသစ်တစ်ရပ် ထုတ်ပြန်ရန် တွန်းအားပေးမည်ဟု စီစဉ်ထားကြောင်း သိရသည်။

ဥရောပ၏ သဘောထားသည် ယူကရိန်းနိုင်ငံအနေဖြင့် ရုရှားနိုင်ငံအပေါ် ဆက်လက်၍ သဘောထားတင်းမာသော ရပ်တည်ချက်ထားရှိရန် ပံ့ပိုးမှုပေးနေသည်။

အမေရိကန် Johns Hopkins တက္ကသိုလ် အကြီးတန်း သုတေသီ  Anne Applebaum က လက်ရှိတွင် ဥရောပက ယူကရိန်းထံသို့ ကြီးမားသော စီးပွားရေးအကူအညီများ၊ ထောက်လှမ်းရေးဆိုင်ရာ ပံ့ပိုးမှုများနှင့် လက်နက်ခဲယမ်းများ ထောက်ပံ့ပေးနေကြောင်း၊ ဥရောပ၏ ထောက်ခံမှုအောက်တွင် ယူကရိန်းက ရုရှားအပေါ် စစ်ရေးလှုပ်ရှားမှုများကို ဆက်လက် ပြုလုပ်သွားမည်ဖြစ်ပြီး ရုရှား၏ ရေနံချက်စက်ရုံများအပေါ် ဆက်လက် တိုက်ခိုက်မှုကို ထိန်းသိမ်းထားနိုင်သည့် ဖြစ်နိုင်ခြေများပြားကြောင်း ပြောကြားခဲ့သည်။

ချန်ယွီက အမေရိကန်က ရုရှားဒီဇယ်လောင်စာ ပိတ်ဆို့အရေးယူမှု "ဖြေလျှော့ခြင်း" ကြောင့် ရုရှား-ယူကရိန်း ပဋိပက္ခတွင် ပါဝင်သည့် ဘက်အသီးသီး၏ သဘောထားများ ပိုမိုသိမ်မွေ့လာပြီး အားပြိုင်မှုအနေအထား ပိုမို ရှုပ်ထွေးလာသည်ဟု ယူဆသည်။ သို့သော် ဤချက်ချင်းလုပ်ဆောင်သည့်၊ နည်းဗျူဟာဆိုင်ရာ အစီအမံများသည် ပဋိပက္ခဖြစ်စဉ်အပေါ် ရေရှည်သက်ရောက်မှုမှာ အကန့်အသတ်ရှိကြောင်း၊ ရုရှား-ယူကရိန်း ပဋိပက္ခ၏ အဓိကအကြောင်းရင်းများမှာ နယ်မြေနှင့် လုံခြုံရေးအာမခံချက် ကိစ္စရပ်နှစ်ရပ်ပေါ်တွင် ဆက်လက် စုစည်းနေဆဲဖြစ်ပြီး နှစ်ဖက်စလုံးတွင် အလျှော့ပေးစရာ မရှိခြင်း၊ စစ်မြေပြင်အခြေအနေ ဆက်လက် ပြင်းထန်နေခြင်းတို့ကြောင့် ပဋိပက္ခသည် ကာလတိုအတွင်း နိုင်ငံရေးအရ ဖြေရှင်းမည့် အခွင့်အလမ်းများ ရရှိရန် ခက်ခဲကြောင်း ၎င်းက ယူဆသည်။ (Xinhua)


-----------------------------

(Chinese Version)

国际观察|保选票、催停火、促谈判:美方三个算盘能成吗

新华社北京/莫斯科10月14日电 题:保选票、催停火、促谈判:美方三个算盘能成吗   新华社记者   

美国政府日前宣布放松对俄罗斯柴油出口制裁,其后续影响仍在发酵。13日,美国两党参议员联名致信总统特朗普,要求撤销相关决定。同日,俄方称美方此前宣布的俄乌“能源停火”并无进展。   

分析人士指出,特朗普政府试图通过“松绑”俄柴油出口,在美国中期选举前压低国内柴油价格。但受俄柴油供给规模所限,该政策收效存疑,反而招致两党议员批评并令俄乌欧三方博弈更加复杂化。特朗普想要实现的缓解选举压力、推动俄乌“能源停火”甚至重启谈判的三重目标恐难实现。       

“松绑”俄油实效存疑  

距离中期选举只有约三周时间,美国国内柴油价格仍处于高位。分析人士认为,特朗普政府日前宣布放松对俄柴油贸易制裁,意在借助俄罗斯来增加柴油供应平抑油价,并向选民“证明”其有能力解决民生问题。   

然而,舆论普遍质疑此举实效。一方面,俄方短期内新增柴油供应规模不大。俄方此前同意最早于10月对外供应30万吨柴油,折合约200万桶,这仅略高于美国目前150万桶的单日柴油出口量。相较于全球成品油贸易体量,这一增量难以缓解全球供应短缺。   

另一方面,俄方兑现能力存在变数。俄炼油设施和物流枢纽是乌方近期的重点打击目标,若乌方袭击持续,俄方未必能增加柴油供应。   

美国《大西洋》月刊文章分析说,俄罗斯目前柴油出口能力有限,对价格的影响微乎其微;特朗普此时才推出“压低油价”的拉票噱头为时已晚,很难左右选举结果。   

对特朗普更为不利的是,共和党内部围绕放松对俄制裁的批评持续升温。13日,6名共和党参议员和6名民主党参议员联名致信特朗普,称此举是“给对手的馈赠,对盟友的背叛”,要求撤销相关政策。   在此之前,已有两名共和党众议员表示将提出一项跨党派法案,阻止特朗普政府“松绑”对俄制裁。路透社报道说,一系列动向表明,“共和党内部几乎一致支持特朗普外交政策的局面”已被打破。       

能源停火扑朔迷离   

特朗普12日表示,他认为俄罗斯和乌克兰都同意他提出的“能源停火”,但并未提供关于“能源停火”的更多细节。有美方官员对媒体披露,其内容包括俄乌停止袭击对方炼油设施,若能实现,停火范围将扩大至发电厂和电网。   

然而,俄乌此后均未证实达成“能源停火”。俄总统新闻秘书佩斯科夫13日表示,有关“能源停火”的接触仍在进行中,与12日相比没有新的进展。乌总统泽连斯基13日则称,俄方仍在继续袭击乌能源关键基础设施。   

分析人士认为,即便俄乌口头上不反对特朗普的“能源停火”提议,其落地实施仍有不小难度。   

一方面,“能源停火”难以平衡俄乌利益诉求。中国现代国际关系研究院欧亚研究所副所长陈宇指出,乌克兰目前仅有一座炼油设施,“以炼油厂换炼油厂”的对等停火方案对乌方不利。乌能源供给主要依靠电力,如果将停火范围扩大至电力设施,俄罗斯接受的可能性也不大,双方诉求难以兼顾。   

俄罗斯科学院安全问题研究员康斯坦丁·布洛欣认为,泽连斯基若接受特朗普提出的“能源停火”方案,无异于“政治自杀”。   

另一方面,监督机制缺失或致停火难有成效。乌克兰《基辅邮报》分析文章指出,这并非特朗普首次提到“能源停火”。美方去年3月曾宣布俄乌在能源领域实施30天停火,但由于缺乏监督机制,且双方对具体安排的理解存在差异,停火很快破裂。分析人士认为,若俄乌无法明确停火方案以及监督机制,即便双方同意所谓“能源停火”,也将是脆弱、难以维系的停火。       

俄乌谈判难有转机   

特朗普12日对媒体说,俄乌双方必须坐下来谈判,结束这场“荒唐的战争”,“我们会促成他们达成协议”。他还称,普京比泽连斯基更希望达成协议。不过,分析人士并不看好俄乌近期展开实质性谈判的前景。   

随着美方放松对俄制裁并向乌方施压,俄罗斯在博弈中占据相对主动,缺少重启谈判的动力。分析人士认为,俄方当前既可借柴油出口“松绑”加强与美国的利益捆绑、撕开制裁的“口子”,也可分化美欧、美乌关系,还能赚取美元外汇支持对乌军事行动。这些收益或进一步降低俄方谈判意愿。   

欧洲则对特朗普政府单方面对俄妥协表示担忧,或进一步加大对俄施压、加码援乌。这一态势已有迹可循:欧盟12日通过迄今对俄单次最大规模制裁名单,新增制裁对象近1600名个人和实体,重点瞄准俄军工产业中游供应商。另据《政治报·欧洲版》报道,欧盟领导人计划在本周举行的欧盟峰会上推动出台针对俄能源行业的新一轮制裁。   

欧洲的态度为乌克兰继续采取强硬对俄立场提供了支撑。美国约翰斯·霍普金斯大学高级研究员安妮·艾普尔鲍姆表示,目前欧洲向乌方提供大量经济援助、情报支持和武器弹药。在欧洲支持下,乌方会继续对俄开展军事行动,并且大概率维持对俄炼油设施的打击。   

陈宇认为,美国对俄柴油制裁“松绑”,使得俄乌冲突各方心态更为微妙,博弈态势更趋复杂。不过,这一即时性、战术性举措对冲突进程的长期影响有限。俄乌冲突的核心症结仍集中于领土和安全保障两大问题,双方缺乏妥协空间,加之战场局势持续胶着,冲突短期内难以迎来政治解决的契机。(完)

图说1:2026年7月16日,在美国加利福尼亚州洛杉矶县,一名司机在加油站加油。新华社发(曾慧摄)

图说2:这是2025年12月27日拍摄的停电期间的乌克兰基辅市第聂伯区建筑。新华社记者李东旭摄

图说3:2026年9月17日凌晨,乌克兰首都基辅市第聂伯区遭多枚导弹袭击并升起浓烟。新华社记者李东旭摄