ယီမင်နိုင်ငံ မြို့တော် ဆန်နားရှိ ဆန်နားအပြည်ပြည်ဆိုင်ရာလေဆိပ် လေကြောင်းတိုက်ခိုက်ခံရသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - Houthi Media Center/Handout via Xinhua)
ယီမင်နိုင်ငံ မြို့တော် ဆန်နားရှိ ဆန်နားအပြည်ပြည်ဆိုင်ရာလေဆိပ် လေကြောင်းတိုက်ခိုက်ခံရသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - Houthi Media Center/Handout via Xinhua)

ပေကျင်း၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ) 

ဆော်ဒီနိုင်ငံ မြို့တော် ရီယတ်ရှိ King Khalid အပြည်ပြည်ဆိုင်ရာလေဆိပ်သည် အောက်တိုဘာ ၁၁ ရက်တွင် တစ်ဖန် တိုက်ခိုက်ခံခဲ့ရကြောင်း ဆော်ဒီအာရေဗျ ဦးဆောင်သော နိုင်ငံစုံ ညွန့်ပေါင်းတပ်ဖွဲ့က ယင်းနေ့တွင် အတည်ပြုပြောကြားခဲ့သည်။ အဆိုပါ လေဆိပ်သည် အောက်တိုဘာ ၁၀ ရက်တွင်လည်း တိုက်ခိုက်ခံခဲ့ရပြီး ပြင်းထန်သော လူထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။ ယီမင်နိုင်ငံ ဟူသီလက်နက်ကိုင်များက လွန်ခဲ့သည့် ၂၄ နာရီအတွင်း ၎င်းတို့အဖွဲ့သည် ဒုံးကျည်များနှင့် ဒရုန်းများကို အသုံးပြု၍ ဆော်ဒီနိုင်ငံအတွင်းရှိ လေဆိပ်များနှင့် စွမ်းအင်အဆောက်အအုံများကို စစ်ရေးလှုပ်ရှားမှု ၄ ကြိမ် ဆောင်ရွက်ခဲ့ကြောင်း အောက်တိုဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်။ နိုင်ငံစုံ ညွန့်ပေါင်းတပ်ဖွဲ့က တိုက်ခိုက်မှုများအား ပြတ်ပြတ်သားသား တုံ့ပြန်သွားမည်ဟု ဆိုသည်။

ဟူသီလက်နက်ကိုင်အဖွဲ့သည် မကြာသေးမီရက်ပိုင်းက ဆော်ဒီနိုင်ငံအတွင်းရှိ အရပ်ဘက်အဆောက်အအုံများကို တိုးမြှင့်တိုက်ခိုက်ခဲ့ခြင်းမှာ အဓိကအားဖြင့် ရှေ့တန်း စစ်ရေးဖိအားကြောင့်ဖြစ်ပြီး တစ်ချိန်တည်းတွင် ပြည်တွင်းနိုင်ငံရေးဆိုင်ရာ ထည့်သွင်းစဉ်းစားမှုများလည်း ပါဝင်သည်ဟု လေ့လာသုံးသပ်သူများက ယူဆကြသည်။ နှစ်ဖက် ထိပ်တိုက်ရင်ဆိုင်မှုများ ဆက်လက် မြင့်တက်လာပါက နိုင်ငံအများအပြား ပဋိပက္ခထဲသို့ ပါဝင်လာမည့် အန္တရာယ်မှာ မြင့်တက်လာနိုင်ပြီး ဒေသတွင်း အခြေအနေသည် ပိုမို ရှုပ်ထွေးလာနိုင်မည်ဖြစ်ကြောင်း ယူဆကြသည်။

တစ်ရက်အတွင်း ဆော်ဒီကို လေးကြိမ်တိုက်ခိုက်ခြင်း

နိုင်ငံစုံ ညွန့်ပေါင်းတပ်ဖွဲ့၊ ဆော်ဒီ အရပ်ဘက် လေကြောင်းအာဏာပိုင်နှင့် ဟူသီလက်နက်ကိုင်အဖွဲ့တို့၏ သတင်းများအရ အောက်တိုဘာ ၁၀ ရက်မှ ၁၁ ရက်အတွင်း ဟူသီလက်နက်ကိုင်အဖွဲ့သည် ဆော်ဒီနိုင်ငံအတွင်းရှိ လေဆိပ်များနှင့် စွမ်းအင်အဆောက်အအုံများကို စစ်ရေးလှုပ်ရှားမှုများစွာ လုပ်ဆောင်ခဲ့ပြီး King Khalid အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် အရှေ့ပိုင်းစီရင်စု Dammam မြို့ရှိ King Fahd အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့လည်း တိုက်ခိုက်ခံရကြောင်း သိရသည်။

ဆော်ဒီ အရပ်ဘက် လေကြောင်းအာဏာပိုင်က ထုတ်ပြန်သည့် သတင်းများအရ King Khalid အပြည်ပြည်ဆိုင်ရာ လေဆိပ် နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခံရမှုတွင် လူ ၁၄ ဦး သေဆုံးပြီး ၃၀၀ ကျော် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ ယင်းမှာ ဆော်ဒီနိုင်ငံ၏ ဆယ်စုနှစ်တစ်ခုကျော်အတွင်း အဆိုးရွားဆုံး ထိခိုက်သေဆုံးမှုရှိသည့် တိုက်ခိုက်မှုဖြစ်သည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။

ဟူသီလက်နက်ကိုင်အဖွဲ့က ထိုစစ်ရေးလှုပ်ရှားမှုများမှာ ဆော်ဒီက ယီမင်အား မကြာသေးမီက လေကြောင်းဖြင့် တိုး၍တိုက်ခိုက်လာခြင်းအပေါ် တုံ့ပြန်မှုဖြစ်ကြောင်း အောက်တိုဘာ ၁၁ ရက်တွင် ပြောကြားခဲ့ပြီး လေကြောင်းလိုင်းများအနေဖြင့် ဆော်ဒီနိုင်ငံအတွင်းရှိ လေဆိပ်များနှင့် ဝေဟင်ပိုင်နက်ကို အသုံးမပြုရန် သတိပေးခဲ့သည်။

တိုက်ခိုက်မှုများသည် နိုင်ငံတကာအသိုင်းအဝိုင်း၏ ကျယ်ကျယ်ပြန့်ပြန့် အာရုံစိုက်ခြင်း ခံခဲ့ရသည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်နှင့် ပင်လယ်ကွေ့ အာရပ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ (GCC)၊ အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ၊ အာရပ်နိုင်ငံများအဖွဲ့ချုပ် စသည့် ဒေသဆိုင်ရာ အဖွဲ့အစည်းများက အဆိုပါတိုက်ခိုက်မှုများကို ပြင်းထန်စွာ ရှုတ်ချသည့် ကြေညာချက်များ ဆက်တိုက်ဆိုသလို ထုတ်ပြန်ခဲ့ကြသည်။ ဆော်ဒီ၊ အီဂျစ်၊ ပါကစ္စတန်နှင့် တူကီယဲ တို့ကလည်း ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ကာ ဟူသီလက်နက်ကိုင်အဖွဲ့အား ယင်းကဲ့သို့ တိုက်ခိုက်မှုများကို ချက်ချင်း ခြွင်းချက်မရှိ ရပ်တန့်ရန် တောင်းဆိုခဲ့သည်။

ဆော်ဒီအာရေဗျနိုင်ငံ ဦးဆောင်သော နိုင်ငံစုံ ညွန့်ပေါင်းတပ်ဖွဲ့ကမူ တိုက်ခိုက်မှုများကို "အကြမ်းဖက်တိုက်ခိုက်မှု" ဟု ဆိုကာ ယင်းတို့ကို ပြတ်ပြတ်သားသား တုံ့ပြန်သွားမည်ဟု ပြောကြားခဲ့သည်။

ဆော်ဒီနိုင်ငံ လေဆိပ်ကို ဟူသီလက်နက်ကိုင်အဖွဲ့ တိုက်ခိုက်မှုမှာ "လက်မခံနိုင်စရာ" ဖြစ်ကြောင်း အမေရိကန် သမ္မတ ထရမ့် က အောက်တိုဘာ ၁၀ ရက်တွင် ပြောကြားခဲ့ပြီး ဟူသီလက်နက်ကိုင်အဖွဲ့အပေါ် ဆော်ဒီတိုက်ခိုက်မှုတွင်  အမေရိကန်က ပူးပေါင်းပါဝင်နိုင်ကြောင်း ဖော်ပြခဲ့သည်။

ထိုသို့ပြောဆိုချက်များကြောင့် တင်းမာမှုအခြေအနေ မြင့်တက်လာမည်ကို  ပြင်ပလောက ပို၍ စိုးရိမ်လာခဲ့သည်။ အမေရိကန် ThinkTank အဖွဲ့ဖြစ်သည့် Gulf International Forum ၏ အမှုဆောင်ဒါရိုက်တာ Dania Thafer က ဆော်ဒီနိုင်ငံအတွင်းရှိ ပစ်မှတ်များကို ဟူသီလက်နက်ကိုင်အဖွဲ့ ဆက်လက် တိုက်ခိုက်ခြင်းသည် ဆော်ဒီနိုင်ငံ၏ လုံခြုံရေးအတွက် ပြင်းထန်သော ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်ပြီး ဆော်ဒီအနေဖြင့် ပြင်းထန်စွာ တန်ပြန်တိုက်ခိုက်ဖွယ်ရှိကာ အခြေအနေက ပိုမို ဆိုးရွားလာမည့် အန္တရာယ်ရှိသည်ဟု ပြောကြားခဲ့သည်။

ဟူသီလက်နက်ကိုင်အဖွဲ့က အမည်မသိနေရာတစ်ခုမှ ဒုံးကျည်ပစ်လွှတ်လိုက်သည်ကို ဟူသီမီဒီယာစင်တာ၏ ၂၀၂၆ ခုနှစ် ဩဂုတ် ၉ ရက် ဓာတ်ပုံတွင် တွေ့ရစဉ်  (ဓာတ်ပုံ - Houthi Media Center/Handout via Xinhua)
ဟူသီလက်နက်ကိုင်အဖွဲ့က အမည်မသိနေရာတစ်ခုမှ ဒုံးကျည်ပစ်လွှတ်လိုက်သည်ကို ဟူသီမီဒီယာစင်တာ၏ ၂၀၂၆ ခုနှစ် ဩဂုတ် ၉ ရက် ဓာတ်ပုံတွင် တွေ့ရစဉ် (ဓာတ်ပုံ - Houthi Media Center/Handout via Xinhua)

ဟူသီ၏ တစ်ချက်ခုတ် နှစ်ချက်ပြတ် ရည်မှန်းချက်

အောက်တိုဘာလမှစ၍ ဟူသီလက်နက်ကိုင်အဖွဲ့သည် ဆော်ဒီအာရေဗျနိုင်ငံအတွင်းရှိ အရပ်ဘက်အဆောက်အအုံများကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့သည်။ ယင်းမှာ ယီမင်စစ်မြေပြင်အခြေအနေ အပြောင်းအလဲနှင့် ဆက်စပ်မှုရှိသည့်အပြင် နိုင်ငံရေးအရ အသာစီးရရှိရန် ထည့်သွင်းစဉ်းစားမှုများလည်း ပါဝင်သည်ဟု လေ့လာသုံးသပ်သူများက ယူဆကြသည်။

တစ်ဖက်တွင် ဟူသီလက်နက်ကိုင်အဖွဲ့သည် စစ်မြေပြင်ဖိအားကို ဆော်ဒီအာရေဗျနိုင်ငံအတွင်းသို့ ရွှေ့ပြောင်းရန် ကြိုးပမ်းလျက်ရှိသည်။ မကြာသေးမီက ဆော်ဒီ ထောက်ခံသည့် ယီမင်အစိုးရတပ်ဖွဲ့များသည် ဟူသီလက်နက်ကိုင်အဖွဲ့ကို တန်ပြန်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ဆော်ဒီ ဦးဆောင်သော နိုင်ငံစုံ ညွန့်ပေါင်းတပ်ဖွဲ့ကလည်း ဟူသီလက်နက်ကိုင်အဖွဲ့အပေါ် လေကြောင်းတိုက်ခိုက်မှုကို အရှိန်မြှင့်ဆောင်ခဲ့ရာ ဟူသီလက်နက်ကိုင်အဖွဲ့၏ ရှေ့တန်းတွင် ဖိအားများ သိသိသာသာ ခံစားနေရသည်။

ဥရောပ ငြိမ်းချမ်းရေးအင်စတီကျု၏ ယီမင်ရေးရာ အကြီးတန်းအကြံပေးပုဂ္ဂိုလ် Hisham Al-Omeisy  က ထိုကဲ့သို့သော အခြေအနေအောက်တွင် ဟူသီလက်နက်ကိုင်အဖွဲ့သည် ဆော်ဒီ လေဆိပ် စသည့် အရပ်ဘက်အဆောက်အအုံများကို တိုက်ခိုက်ခြင်းအားဖြင့် "အချိုးမညီ စစ်ပွဲ" ကို ဆင်နွှဲပြီး ဆော်ဒီ၏ စီးပွားရေးလုပ်ဆောင်ချက်များကို ရှုပ်ထွေးအောင် နှောင့်ယှက်လိုက်ကြောင်း၊ ထိုသို့အားဖြင့် ယီမင်ပဋိပက္ခတွင် ဆော်ဒီပါဝင်ပတ်သက်ရသည့် လုံခြုံရေးနှင့် စီးပွားရေးကုန်ကျစရိတ်များ မြှင့်မားလာပြီး ဆော်ဒီအာရေဗျနိုင်ငံက စစ်ရေးလှုပ်ရှားမှု ဆက်လက်ဆောင်ရွက်ခြင်းနှင့် မိမိနိုင်ငံလုံခြုံရေးကို ကာကွယ်ခြင်းကြားတွင် ရွေးချယ်မှု လုပ်ဆောင်ရန် အတင်းအကျပ် ဖိအားပေးနေကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

အခြားတစ်ဖက်တွင်လည်း ဟူသီလက်နက်ကိုင်အဖွဲ့က တိုက်ခိုက်မှုများကြောင့် ဖြစ်ပေါ်လာသည့် လုံခြုံရေးနှင့် စီးပွားရေးဆိုင်ရာ ရိုက်ခတ်မှုများကို စေ့စပ်ညှိနှိုင်းမှုအတွင်း အပေးအယူလုပ်ဆောင်ရန်အချက်ဖြစ် ပြောင်းလဲရန် ကြိုးပမ်းလျက်ရှိသည်။ ယီမင်နိုင်ငံ ဆန်နားမဟာဗျူဟာ လေ့လာရေးစင်တာ၏ အကြီးတန်းသုတေသီ Abdulghani Al-Iryani နှင့် အခြားသော ကျွမ်းကျင်ပညာရှင်များက ဆော်ဒီကို ဆက်တိုက်တိုက်ခိုက်ခြင်းအားဖြင့် ဟူသီလက်နက်ကိုင်အဖွဲ့သည် နောက်ဆက်တွဲ ယီမင်ပြည်တွင်း စေ့စပ်ညှိနှိုင်းမှုများတွင် တိုက်ခိုက်မှုရပ်တန့်ခြင်းကို အသုံးချကာ ပိုမို အကျိုးမြတ်ရှိစေသည့် အနေအထားကို  ရယူနိုင်သည်ဟု ယူဆကြသည်။

သို့သော် ဒေသတွင်း ကျွမ်းကျင်ပညာရှင်များက အရပ်ဘက်အဆောက်အအုံများကို တိုက်ခိုက်ခြင်းအားဖြင့် နိုင်ငံရေး ကစားကွက်များ ရယူသော နည်းဗျူဟာသည် ဆန့်ကျင်ဘက် ဆိုးကျိုးများလည်း ဖြစ်ပေါ်စေနိုင်သည်ဟု ထောက်ပြကြသည်။ ယီမင် နိုင်ငံရေးသုံးသပ်သူ Khalil Muthanna al-Omari  စသည့် ကျွမ်းကျင်ပညာရှင်များက ဟူသီလက်နက်ကိုင်အဖွဲ့သည် ဆော်ဒီနိုင်ငံ လေဆိပ်ကို တိုက်ခိုက်ပြီး အရပ်သားထိခိုက်သေဆုံးမှုများ ကြီးကြီးမားမား ဖြစ်ပေါ်စေခြင်းသည် ဆော်ဒီနိုင်ငံ၏ ပြေလည်အောင် အလျှော့ပေးမည့် အနေအထားကို ကျဉ်းမြောင်းစေနိုင်ကြောင်း၊ ထို့ပြင် ဆော်ဒီနှင့် ၎င်း၏ မဟာမိတ်များက စစ်ရေးလှုပ်ရှားမှုများ တိုးချဲ့လာစေရန် တွန်းအားပေးကာ နောက်ဆုံးတွင် ဟူသီလက်နက်ကိုင်အဖွဲ့အတွက် ပို၍ အကျိုးယုတ်စေနိုင်ကြောင်း ပြောကြားကြသည်။  

ဆော်ဒီအာရေဗျနိုင်ငံ ရီယတ်မြို့တွင်  ဆော်ဒီအာရေဗျ၊ ပါကစ္စတန်နှင့် တူကီယဲတို့ “မက္ကာကာကွယ်ရေးမဟာမိတ်အဖွဲ့” ၏ မဟာဗျူဟာနိုင်ငံရေးနှင့် ကာကွယ်ရေးကော်မတီ အရေးပေါ်အစည်းအဝေးကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - Saudi Ministry of Defense/Handout via Xinhua)
ဆော်ဒီအာရေဗျနိုင်ငံ ရီယတ်မြို့တွင် ဆော်ဒီအာရေဗျ၊ ပါကစ္စတန်နှင့် တူကီယဲတို့ “မက္ကာကာကွယ်ရေးမဟာမိတ်အဖွဲ့” ၏ မဟာဗျူဟာနိုင်ငံရေးနှင့် ကာကွယ်ရေးကော်မတီ အရေးပေါ်အစည်းအဝေးကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - Saudi Ministry of Defense/Handout via Xinhua)

ပြင်ပသို့ လျှံထွက်သက်ရောက်မည့် အန္တရာယ်များ မြင့်မားလာ

ဆော်ဒီအရပ်ဘက်အဆောက်အအုံများ မကြာခဏ တိုက်ခိုက်ခံရခြင်းကြောင့် ယီမင်စစ်ပွဲ ပြင်ပသို့ပျံ့နှံ့မှု ဖြစ်နိုင်ခြေမှာ မြင့်တက်နေပြီး ယင်းမှာ ပိုမို ကျယ်ပြန့်သော ဒေသတွင်း သက်ရောက်မှုများ ဖြစ်ပေါ်စေနိုင်သည်ဟု လေ့လာသုံးသပ်သူများက ယူဆကြသည်။

ပထမအနေဖြင့် စုပေါင်းလုံခြုံရေးယန္တရားသည် ပဋိပက္ခသက်ရောက်မှု အတိုင်းအတာကို ချဲ့ထွင်စေနိုင်သည်။ ဆော်ဒီ၊ တူကီယဲနှင့် ပါကစ္စတန် တို့သည် ဩဂုတ်လတွင် “မက္ကာဘုံကာကွယ်ရေး သဘောတူညီချက်” ကို လက်မှတ်ရေးထိုးခဲ့ပြီး ယင်းတွင် နိုင်ငံသုံးနိုင်ငံအနက် မည်သည့်နိုင်ငံ တစ်နိုင်ငံကိုမဆို လက်နက်ကိုင်တိုက်ခိုက်ပါက နိုင်ငံသုံးနိုင်ငံစလုံးကို တိုက်ခိုက်မှုအဖြစ် သတ်မှတ်ရန် ပြဋ္ဌာန်းထားသည်။ ယီမင် တင်းမာမှုအခြေအနေ မြင့်တက်လာသည့် နောက်ခံအခြေအနေတွင် ဆော်ဒီ-တူကီယဲ-ပါကစ္စတန် နိုင်ငံသုံးနိုင်ငံသည် အောက်တိုဘာ ၅ ရက်တွင် အရေးပေါ်အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ရာ တူကီယဲနှင့် ပါကစ္စတန်တို့က ဆော်ဒီအာရေဗျနိုင်ငံတွင် စစ်ရေးအင်အားစုများကို ချက်ချင်း ဖြန့်ကြက်ရန် သဘောတူခဲ့ကြသည်။

သတင်းများအရ ပါကစ္စတန်သည် မကြာသေးမီရက်ပိုင်းက ဆော်ဒီအာရေဗျနိုင်ငံတွင် စစ်ရေးအင်အားစုများ ဖြန့်ကြက်ထားကြောင်း အတည်ပြုခဲ့သော်လည်း မည်သည့်ပါဝင်ပတ်သက်မှုမဆို "ကာကွယ်ရေးသဘော" ဖြစ်မည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။ တူကီယဲကလည်း အဆိုပါ သဘောတူညီချက်၏ ကာကွယ်ရေးသဘောသဘာဝကို အလေးပေးဖော်ပြကာ အခြားနိုင်ငံသို့ စစ်တပ်စေလွှတ်ပြီး တိုက်ခိုက်မှု ပြုလုပ်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ပါကစ္စတန်နှင့် တူကီယဲနှစ်နိုင်ငံ၏ ပါဝင်ပတ်သက်မှု အတိုင်းအတာကို စောင့်ကြည့်ရန် လိုအပ်နေသေးသည်ဟု လေ့လာသုံးသပ်သူများက ယူဆသော်လည်း ဟူသီလက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှု အရှိန်မြင့်တက်လာသည်နှင့်အမျှ ဆော်ဒီ ရင်ဆိုင်နေရသော လုံခြုံရေးခြိမ်းခြောက်မှုများသည် အဆိုပါသဘောတူညီချက်မှတစ်ဆင့် နိုင်ငံသုံးနိုင်ငံ၏ ဘုံကာကွယ်ရေးတာဝန်အဖြစ် ပြောင်းလဲသွားနိုင်ပြီး ပဋိပက္ခ၏ သက်ရောက်မှုအတိုင်းအတာသည် ပိုမိုကျယ်ပြန့်လာနိုင်ကြောင်း သုံးသပ်သူများက ယူဆကြသည်။

ဒုတိယအနေဖြင့် အမေရိကန် စစ်ရေးပါဝင်ပတ်သက်မှုဖြစ်နိုင်ခြေသည် ဒေသတွင်းအခြေအနေကို ပိုမို ရှုပ်ထွေးစေနိုင်သည်။ ဆော်ဒီ အိမ်ရှေ့စံမင်းသား Mohammed bin Salman သည် စက်တင်ဘာလတွင် ဟူသီလက်နက်ကိုင်အဖွဲ့ကို လေကြောင်းတိုက်ခိုက်ရန် အမေရိကန်ထံ နှစ်ကြိမ် တောင်းဆိုခဲ့သော်လည်း နှစ်ကြိမ်စလုံး ငြင်းပယ်ခံခဲ့ရသည်။ ယခုတစ်ကြိမ် တိုက်ခိုက်မှုအပြီးတွင် ထရမ့်၏ သဘောထားပြောဆိုချက်များမှာ အပြောင်းအလဲဖြစ်ပေါ်လာခဲ့သည်။

ကူဝိတ် သတင်းထောက်အသင်း၏ မီဒီယာအကြံပေးပုဂ္ဂိုလ် Jarrah Al-Qazaa က ဟူသီလက်နက်ကိုင်အဖွဲ့၏ ဆော်ဒီလေဆိပ်ကို တိုက်ခိုက်မှု၌ အမေရိကန် နိုင်ငံသားတစ်ဦး သေဆုံးခဲ့ပြီးနောက် အမေရိကန်စစ်တပ်၏ ပဋိပက္ခအတွင်း ပါဝင်ပတ်သက်လာရန် ဖြစ်နိုင်ခြေမှာ ယခင်ကထက် မြင့်တက်လာသော်လည်း တိုက်ရိုက်စစ်ရေးအရ ပါဝင်ပတ်သက်မည်လော ဆိုသည်မှာ အဓိကအားဖြင့် ဆော်ဒီအာရေဗျနိုင်ငံ၏ အကူအညီတောင်းခံမှု မည်မျှ အရေးတကြီးရှိခြင်း၊ အမေရိကန်နိုင်ငံအနေဖြင့် ထိရောက်ပြီး လွယ်ကူစွာ ရှောင်ထွက်နိုင်သော စစ်ရေးတိုက်ခိုက်မှု အစီအစဉ်တစ်ခု ရှာဖွေနိုင်ခြင်းရှိ၊ မရှိနှင့် အမေရိကန်-အီရန် အကြား လက်ရှိ "ထိပ်တိုက်ရင်ဆိုင်မှု နည်းပါးသော" အခြေအနေကို မပြောင်းလဲဘဲ ထားနိုင်ခြင်းရှိ၊ မရှိ ဆိုသည်တို့အပေါ်တွင် မူတည်နေကြောင်း ပြောကြားခဲ့သည်။

ဆော်ဒီအာရေဗျနိုင်ငံနှင့် ဟူသီလက်နက်ကိုင်အဖွဲ့တို့အကြား ပဋိပက္ခအရှိန် မြင့်တက်လာခြင်းနှင့် ပြင်ပအင်အားစုများ ပါဝင်ပတ်သက်လာမည့် ဖြစ်နိုင်ခြေ တိုးမြင့်လာခြင်းတို့နှင့်အတူ ယီမင်အခြေအနေသည်လည်း ပိုမို ရှုပ်ထွေးလာမည်ဟု လေ့လာသုံးသပ်သူများက ထောက်ပြကြသည်။ Omeisy စသည့် ကျွမ်းကျင်ပညာရှင်များက ပြင်ပပါဝင်ပတ်သက်မှုနှင့် ပဋိပက္ခ အရှိန်မြင့်တက်လာမှုတို့သည် ဆိုးဝါးသော သံသရာတစ်ခု ဖြစ်ပေါ်စေနိုင်ပြီး ယီမင်နိုင်ငံ၏ ရေရှည်ငြိမ်းချမ်းရေး ဖော်ဆောင်ရန်အတွက်မှာ နိုင်ငံ့အာဏာ ပိုင်ဆိုင်မှုဆိုင်ရာ အခြေခံပြဿနာကို နိုင်ငံရေး စေ့စပ်ညှိနှိုင်းမှုဖြင့် ဖြေရှင်းခြင်းဖြင့်သာ လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

----------------------

(Chinese Version)

国际观察|也门战事何以来到重大升级与外溢的危险边缘

新华社科威特城10月12日电 题:也门战事何以来到重大升级与外溢的危险边缘   新华社记者尹炣   

沙特阿拉伯主导的多国联军11日证实,沙特首都利雅得哈立德国王国际机场当日再度遭袭。该机场10日曾遭袭击,造成重大人员伤亡。也门胡塞武装11日表示,过去24小时内,该组织使用导弹和无人机对沙特境内机场和能源设施实施4次军事行动。多国联军表示将对袭击予以坚决回应。   

分析人士认为,胡塞武装日前加大对沙特境内民用设施的袭击力度,主要是迫于前线军事压力,同时也有国内政治考量。若双方对抗持续升级,更多国家卷入冲突的风险将上升,地区局势或更趋复杂化。       

一日四袭沙特

据多国联军、沙特民航总局和胡塞武装等方面消息,10日至11日,胡塞武装对沙特境内机场和能源设施实施多次军事行动,哈立德国王国际机场、东部省达曼市的法赫德国王国际机场等遭到袭击。   

据沙特民航总局等方面的消息,连续两日针对哈立德国王国际机场的袭击共造成14人死亡,超过300人受伤。路透社称这是沙特十多年来伤亡最惨重的袭击事件。   

胡塞武装11日称相关军事行动是对沙特近期加大空袭也门力度的回应,并警告各航空公司不要使用沙特境内机场和领空。   

袭击事件引发国际社会广泛关注。联合国秘书长古特雷斯以及海湾阿拉伯国家合作委员会、伊斯兰合作组织、阿拉伯国家联盟等地区组织相继发声予以谴责。沙特、埃及、巴基斯坦和土耳其也发表联合声明,要求胡塞武装立即无条件停止此类袭击。   

沙特主导的多国联军将袭击称为“恐怖袭击”,表示多国联军将对此予以坚决回应。美国总统特朗普10日表示,胡塞武装袭击沙特机场“不可接受”,美国可能会加入沙特对胡塞武装的打击行动。   

相关表态加剧了外界对局势升级的担忧。美国智库海湾国际论坛执行主任达尼娅·萨菲尔表示,胡塞武装持续袭击沙特境内目标,对后者安全构成严重威胁,沙特很可能进行猛烈反击,局势有进一步恶化的风险。       

胡塞双重动机  

10月以来,胡塞武装多次袭击沙特境内民用设施。分析人士认为,此举既与也门战场形势变化有关,也有争取政治主动的考量。   

一方面,胡塞武装试图将战场压力转移至沙特境内。近期,沙特支持的也门政府军向胡塞武装发动反击,沙特主导的多国联军也加大对胡塞武装的空袭力度,胡塞武装前线承压明显。欧洲和平学会也门问题高级顾问希沙姆·乌迈西认为,在此背景下,胡塞武装试图通过袭击沙特机场等民用设施进行“非对称战争”,扰乱沙特经济活动,提高沙特介入也门冲突的安全和经济成本,迫使其在继续军事行动与保护本国安全之间进行选择。   

另一方面,胡塞武装试图将袭击造成的安全和经济冲击转化为谈判筹码。也门萨那战略研究中心高级研究员阿卜杜勒-加尼·埃里亚尼等专家认为,通过持续袭击沙特,胡塞武装可在后续也门国内谈判中将停止袭击作为条件,获取更加有利的地位。   

不过,地区专家指出,通过袭击民用设施换取政治筹码的策略也可能适得其反。也门政治分析人士哈利勒·奥马里等专家表示,胡塞武装袭击沙特机场并造成重大平民伤亡,或压缩沙特的妥协空间,并促使沙特及其盟友扩大军事行动,最终反倒不利于胡塞武装自身。       

外溢风险上升   

分析人士认为,沙特民用设施频繁遭袭,也门战事外溢的可能性正在升高,或将带来更广泛的地区影响。   

首先,集体安全机制可能扩大冲突影响范围。沙特、土耳其和巴基斯坦8月签署《麦加共同防务协议》,其中规定对三国中任何一国的武装攻击将被视为对三国全体的攻击。在也门局势升级的背景下,沙土巴三国于本月5日召开紧急会议,同意土巴立即在沙特部署军事力量。   

据报道,巴基斯坦近日确认已在沙特部署军事力量,但表示任何介入都将是“防御性的”;土耳其也强调该协议的防御性质,表示不会向他国派兵并实施攻击。分析人士认为,巴土两国的介入程度有待观察,但随着胡塞武装袭击升级,沙特面临的安全威胁或通过该协议转化为三国共同承担的防御责任,冲突影响范围可能进一步扩大。   

其次,美国军事介入的可能性或加剧地区局势复杂化。沙特王储穆罕默德9月曾两次请求美方空袭胡塞武装,均遭到拒绝。此次袭击后,特朗普口风出现变化。   

科威特记者协会媒体顾问杰拉赫·卡扎认为,胡塞武装袭击沙特机场并造成美国公民身亡后,美军介入冲突的可能性较之前有所上升,但会否直接军事介入,主要取决于沙特求援的迫切程度,以及美国能否找到有效且易于脱身的军事打击方案,并且不改变美国目前与伊朗“低调对峙”的局面。   

分析人士指出,随着沙特与胡塞武装冲突升级,以及外部力量介入的可能性增加,也门局势将更趋复杂。乌迈西等专家说,外部介入与冲突升级会形成恶性循环,要实现也门持久和平,唯有依靠政治谈判来解决国家权力归属这一根本问题。(完)

图说1: 7月13日,在也门首都萨那,萨那国际机场遭到空袭。新华社发(胡塞媒体中心供图)

图说2:这张胡塞媒体中心8月9日提供的照片显示,胡塞武装在一未知地点发射导弹。新华社发(胡塞媒体中心供图)

图说3:10月5日,沙特阿拉伯、巴基斯坦和土耳其在沙特首都利雅得召开“麦加防务联盟”战略政治与防务委员会紧急会议,商讨沙特面临的安全形势变化与威胁,同意立即在沙特部署军事力量。新华社发(沙特国防部供图)