
ပဲရစ်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)
ပဲရစ်မြို့ စိန်းမြစ်ကမ်းဘေးရှိ မြေကွက်လပ်တစ်ခုတွင် အငြိမ်းစားယူထားသူ အချို့က Ballroom Dance စုံတွဲအက ကနေပုံနှင့် ကင်မရာရိုက်ချက်ကိုဘေးတိုက်ဆွဲလိုက်ပြီး အဝေးတစ်နေရာမှ မည်းနက်သည့်မီးခိုးလုံးများ လိမ့်တက်လာပုံကိုပြသနေရာ ဆန္ဒပြလှုပ်ရှားမှုများက အကြမ်းဖက် ဆူပူသောင်းကျန်းမှုအဖြစ်သို့ အသွင်ကူးပြောင်းသွားပုံကို ပုံဖော်ရိုက်ကူးထားသော ဗီဒီယိုအတိုတစ်ပုဒ်က ယခုရက်ပိုင်း ပြင်သစ်လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့လျက်ရှိသည်။ ဤကဲ့သို့ အတိုင်းသားထင်ရှားသည့် နှိုင်းယှဉ်ချက် ပုံရိပ်များကို ပြင်သစ် သုတေသနပညာရှင် အီမန်နျူရယ် တော့ဒ် ၏ စကားဖြင့် အဓိပ္ပာယ်ဖွင့်ဆိုရလျှင် မျိုးဆက်ကွာဟမှု ပဋိပက္ခ၏ သရုပ်မှန် ပုံရိပ်လွှာပင် ဖြစ်သည်။
မကြာမီရက်ပိုင်းက ပြင်သစ်နိုင်ငံနေရာအများအပြား၌ ဆန္ဒပြမှုများ ဖြစ်ပွားရာမှ အကြမ်းဖက် ဆူပူသောင်းကျန်းမှုအဖြစ်သို့ ကူးပြောင်းသွားခဲ့ရာ ပဲရစ် ရီပက်ဘလစ်ရင်ပြင်၏ ဗဟိုရှိ မာရီယန်နတ်သမီး ရုပ်တုကို ဆန္ဒပြသူများက "အဝါရောင် အင်္ကျီလက်ပြတ်" ဝတ်ဆင်ပေးခြင်း၊ စည်ပင်သာယာရေး အဆောက်အအုံ အချို့ရိုက်ခွဲဖျက်ဆီးခံရရုံသာမက မီးရှို့ဖျက်ဆီးခံရခြင်း၊ တစ်နိုင်ငံလုံးရှိ ဆိုင်ခန်းပေါင်း ၃,၀၀၀ ခန့် လုယက်ဖျက်ဆီးခြင်းခံရခြင်းများ ဖြစ်ပွားခဲ့သည်။ အဆိုပါဆန္ဒပြမှု ဒီရေလှိုင်းသည် အီတလီ၊ ပေါ်တူဂီနှင့် ဘယ်လ်ဂျီယမ် စသည့် ဥရောပ နိုင်ငံအများအပြားသို့လည်း ကူးစက်ပျံ့နှံ့သွားခဲ့သည်။
ဤဆန္ဒပြမှုဒီရေလှိုင်း၏မီးစမှာ ပဲရစ်မြို့ တောင်ဘက်ဆင်ခြေဖုံးရှိ အထက်တန်းကျောင်းတစ်ကျောင်းမှ ကျောင်းသားများက ပညာရေးအရင်းအမြစ် နည်းပါးမှုကြောင့် ကျောင်းမတက် သပိတ်မှောက်ကြရာမှ အစပျိုးခဲ့ခြင်း ဖြစ်သည်။
ထို့နောက် ပဲရစ်မြို့ ဆင်ခြေဖုံးမှ မြို့ထဲသို့လည်းကောင်း၊ ထိုမှတစ်ဆင့် တစ်နိုင်ငံလုံးရှိ နေရာအများအပြားသို့လည်းကောင်း ကူးစက်သွားခဲ့ပြီး ကျောင်းမတက် သပိတ်မှောက်သည့် အထက်တန်းကျောင်းသားများသည် စည်ပင် အမှိုက်ပုံးများဖြင့် ကျောင်းတံခါးများကို ပိတ်ဆို့ကာ အစိုးရထံမှ ပညာရေးထောက်ပံ့ငွေ ယူရို ၁၀ ဘီလီယံ ပံ့ပိုးပေးရန် တောင်းဆိုခဲ့ကြသည်။ ထို့နောက် တက္ကသိုလ်ကျောင်းသား အချို့၊ အလုပ်သမားသမဂ္ဂများနှင့် ယခင် "အဝါရောင် အင်္ကျီလက်ပြတ်" လှုပ်ရှားမှုတွင် ပါဝင်သူများကပါ ဆန္ဒပြပွဲတွင် ပူးပေါင်းပါဝင်လာခဲ့ပြီး စွမ်းအင်ဈေးနှုန်း မြင့်တက်မှု၊ လူနေမှုစရိတ် မြင့်မားမှုနှင့် ပြည်သူ့ဝန်ဆောင်မှု အဆင့်အတန်း ကျဆင်းမှု စသည့် ပြဿနာများအပေါ် မကျေနပ်မှုကို ဖော်ထုတ်ခဲ့ကြသည်။ ပြင်သစ် မီဒီယာများက ယင်းဖြစ်ရပ်ကို လူမှုအဖွဲ့အစည်း လူအုပ်စုအသီးသီး၏ "ဒေါသမီးလျှံ စုပြုံလာမှု " ဟု ခေါ်ဆိုကြသည်။
"ငွေကြေး ပုံအောလိုက်ရုံနဲ့ ဒီအကျပ်အတည်းကို ဖြေရှင်းဖို့မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ (အစိုးရမှာ) ငွေကြေး လုံးဝမရှိလို့ပါပဲ" ဟု ပြင်သစ် လူမှုဗေဒပညာရှင် Jérôme Fourquet က မီဒီယာများနှင့် တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။ ပြင်သစ် အမျိုးသား စာရင်းအင်းနှင့် စီးပွားရေး သုတေသန အင်စတီကျု၏ အချက်အလက်များတွင် ယခုနှစ် ဒုတိယ သုံးလပတ်အကုန်အထိ ပြင်သစ်၏ ပြည်သူ့ကြွေးမြီမှာ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) ၏ ၁၁၉ ရာခိုင်နှုန်းလောက်နှင့် ညီမျှသည်ဟု ဖော်ပြထားသည်။ တစ်ချိန်တည်းတွင်ပင် နိုင်ငံတော်ကြွေးမြီ စာချုပ်၏ အကျိုးအမြတ်ရာခိုင်နှုန်းမှာလည်း ဆက်လက် မြင့်တက်လျက်ရှိသည်။ အကယ်၍ အစိုးရအနေဖြင့် အသုံးစရိတ်များ တိုးမြှင့်ခြင်းမှတစ်ဆင့် အကျပ်အတည်းမှ ရုန်းထွက်ရန် ကြိုးပမ်းပါက ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်ပြီး ငွေတိုက်စာချုပ် ရောင်းထုတ်မှုများ အသစ်တစ်ဖန် ဖြစ်ပေါ်စေကာ ချေးငွေစရိတ်များကို ပိုမို မြင့်တက်လာစေနိုင်ကြောင်း ဗြိတိန် Financial Times က ထောက်ပြခဲ့သည်။
ပြင်သစ်သည် လက်ရှိတွင် ဝင်ငွေထက် ထွက်ငွေက ပိုမိုများပြားနေပြီး ကြွေးမြီမှာတောင်လိုပုံလျက်ရှိသည်။ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ (OECD) ၏ အချက်အလက်များအရ ပြင်သစ်၏ အများပြည်သူအသုံးစရိတ်သည် GDP ၏ ၅၇ ရာခိုင်နှုန်းခန့် ရှိပြီး OECD နိုင်ငံများအနက် နှစ်စဉ် ထိပ်ဆုံးတွင် ရပ်တည်နေသည်။ သို့သော် ယနေ့ ပြင်သစ်သည် စစ်ပြီးခေတ် စီးပွားရေး အရှိန်အဟုန်မပျက် တိုးတက်ခဲ့သည့် ပြင်သစ် မဟုတ်တော့ပေ။ စီးပွားရေး တိုးတက်မှုမှာ ရေရှည် လျော့ရဲလျက်ရှိပြီး သိပ္ပံနည်းပညာ တော်လှန်ရေးနှင့် စက်မှုလုပ်ငန်း ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများကို လွဲချော်ခဲ့ကာ ပြည်သူ့ကျန်းမာရေး အကျပ်အတည်းနှင့် ပထဝီဝင် နိုင်ငံရေး ပဋိပက္ခများ၏ ရိုက်ခတ်မှုကိုလည်း ခံရသဖြင့် ပြင်သစ်အစိုးရ၏ ဘဏ္ဍာရေး လိုငွေပြမှုမှာ ရေရှည် ပိုမိုမထိန်းသိမ်းနိုင်သော အခြေအနေသို့ ရောက်ရှိလာခဲ့သည်။

သက်ကြီးရွယ်အို လူဦးရေများပြားလာခြင်းသည် ပြင်သစ်၏ အများပြည်သူအသုံးစရိတ်များကို လျှော့ချရန် ခက်ခဲစေသည့် အရေးကြီးသော အကြောင်းရင်းတစ်ရပ်လည်း ဖြစ်သည်။ ပြင်သစ် စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ Bruno Le Maire က ပင်စင်လစာ အသုံးစရိတ်မှာ ပြင်သစ်၏ "ကြွေးမြီ ပေါက်ကွဲမှုအသွင် ဖြစ်ပွားလာခြင်း၏ ထိပ်ဆုံး အကြောင်းရင်း" ဖြစ်ပြီး ပင်စင်လစာ စနစ်ကို ပြုပြင်ပြောင်းလဲရန် မဖြစ်မနေ လိုအပ်ကြောင်း ပြောကြားခဲ့သည်။
လူငယ်များသည် ရန်ပုံငွေ လုံလောက်မှုမရှိသည့်အပြင် မညီမျှသော ပညာရေးစနစ်အပေါ် စိတ်ပျက်နေကြပြီး ဉာဏ်ရည်တုနှင့် ရာသီဥတု အကျပ်အတည်း၏ အနာဂတ် သက်ရောက်မှုများကို ကြောက်ရွံ့နေကြရာ ၎င်းတို့၏ မကျေနပ်မှုများသည် အစွန်အဖျားရောက်နေသည့် မြို့ငယ်လေးများနှင့် မြို့ဆင်ခြေဖုံးနေ ပြည်သူများ၏ မကျေနပ်မှုများနှင့် ပေါင်းစပ်သွားခဲ့သည်ဟု ဗြိတိန် The Guardian ၏ ဆောင်းပါးတစ်ပုဒ်တွင် ရေးသားထားသည်။
မကြာသေးမီက ပြင်သစ်၏ ဆန္ဒပြမှုဒီရေလှိုင်းသည် ပြင်သစ်က စစ်ပြီးခေတ်တွင် ထူထောင်ခဲ့သည့် "မြင့်မားသော လူမှုဖူလုံရေး၊ ကြီးမားသော အစိုးရ" ပုံစံမှာ လမ်းဆုံးသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း၊ နိုင်ငံအင်အား ဆုတ်ယုတ်ကျဆင်းလာမှုနှင့် အသားကျကိုက်ညီသော လူမှုရေးပုံစံအသစ်ကို ပြန်လည် ထူထောင်ရမည်ဖြစ်ကြောင်းကို အကြိုပြသနေသည်ဟု အမေရိကန် ယေးလ်တက္ကသိုလ် ဥပဒေကျောင်းမှ သုတေသီ Nicholas Bequelin က Time မဂ္ဂဇင်းတွင် ရေးသားဖော်ပြသော ဆောင်းပါး၌ ထောက်ပြထားသည်။
လက်ရှိ ပြင်သစ်၏ အခြေအနေမှာ "ဥရောပတစ်ခွင် ကျပ်တည်းမှု၏ ပုံရိပ်ငယ်" ဖြစ်ကြောင်း ပြင်သစ် SKEMA စီးပွားရေးကျောင်း ဘောဂဗေဒ ပါမောက္ခ Rodolphe Desbordes က သုံးသပ်ထားသည်။ အီတလီ၊ စပိန်၊ ဂရိ စသည့် နိုင်ငံများတွင်လည်း လူနေအိမ်၊ ကုန်ဈေးနှုန်း စသည့် ပြည်သူ့လူနေမှုဘဝ ပြဿနာများကြောင့် ဖြစ်ပွားသော ဆန္ဒပြပွဲများ တစ်ချိန်တည်းတွင် ပေါ်ပေါက်ခဲ့သည်။ ၎င်းတို့မှာ စံထားရလောက်သည့် သက်ကြီးရွယ်အို များပြားလာသောနိုင်ငံများ ဖြစ်ကြပြီး ကြွေးမြီနှုန်းမှာ ယူရိုဇုန်တွင် ထိပ်ဆုံး၌ ရောက်ရှိနေသည်။
၂၀၀၄ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ဆယ်စုနှစ် နှစ်ခုကြာကာလအတွင်း ဥရောပသမဂ္ဂ၏ ကမ္ဘာ့ GDP ၌ ပါဝင်မှုနှုန်းမှာ ၃၀.၉၆ ရာခိုင်နှုန်းမှ ၁၇.၄၁ ရာခိုင်နှုန်းသို့ ထက်ဝက်နီးပါး ကျဆင်းသွားကြောင်း ပြင်သစ် Le Grand Continent မဂ္ဂဇင်းက အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ အချက်အလက်များကို ကိုးကား၍ သုံးသပ်ထားသည်။ ဥရောပကော်မရှင်က ယခုနှစ် ဇူလိုင်လတွင် ထုတ်ပြန်ခဲ့သည့် လူဦးရေဆိုင်ရာ အစီရင်ခံစာ၌ ဥရောပသမဂ္ဂ၏ လူဦးရေသည် ၂၀၂၉ ခုနှစ်တွင် အမြင့်ဆုံးသို့ ရောက်ရှိပြီးနောက် နှစ်စဉ် လျော့နည်းသွားမည်ဟု ခန့်မှန်းထားရာ ထိုအချိန်တွင် "ဥရောပသမဂ္ဂ၏ စီးပွားရေး တိုးတက်မှုသည် လူဦးရေ တိုးတက်မှု၏ ထောက်ပံ့မှုကို ပထမဆုံးအကြိမ် ဆုံးရှုံးရမည် ဖြစ်ကြောင်း" ဖော်ပြထားသည်။ အမှန်စင်စစ်တွင်မူ ၂၀၁၂ ခုနှစ်မှစ၍ ဥရောပသမဂ္ဂ၏ အသားတင် လူဦးရေ တိုးတက်မှုမှာ ပြင်ပမှ ရွှေ့ပြောင်းအခြေချသူများကို ဝင်ရောက်လာခြင်းအပေါ်၌သာ အမှီပြုနိုင်ခဲ့သည်။
တစ်ဖက်တွင် မြင့်မားသော လူမှုဖူလုံရေး အာမခံချက်များတွင် အသားကျနေသည့် စစ်ပြီးခေတ် မျိုးဆက်များ၊ အခြားတစ်ဖက်တွင်မူ အနာဂတ်အတွက် စိုးရိမ်ပူပန်ပြီး အားကိုးရာမဲ့ ဖြစ်နေကြသည့် လက်ရှိ လူငယ်မျိုးဆက်များ ရှိနေရာ အကန့်အသတ်ရှိနေသည့် အရင်းအမြစ်များဖြင့် မတူညီသော အကျိုးစီးပွား အသိုက်အဝန်းများ၏ တောင်းဆိုချက်များကို မည်သို့ ဟန်ချက်ညီအောင် ထိန်းကျောင်းပေးရမည်နည်း ဆိုသည်မှာ ဥရောပ ခေါင်းဆောင်များ၏ နိုင်ငံရေးဉာဏ်ပညာနှင့် သတ္တိ ကို စိန်ခေါ်လျက်ရှိသည်။ (Xinhua)
-----------------------------
(Chinese Version)
国际随笔丨“老去”的欧洲如何面对年轻人的愤怒
新华社巴黎10月21日电(记者乔本孝)近日,一则短视频在法国社交媒体上热传:巴黎塞纳河岸一处空地上,一些退休人士在跳交谊舞;镜头平移,远处升起黑烟,那里的抗议活动已经演变为暴力骚乱。这一对比强烈的画面,用法国学者埃马纽埃尔·托德的话解读,正是代际分配冲突的写照。
日前,法国多地爆发抗议示威并演变为骚乱,巴黎共和国广场中央的玛丽安娜女神雕像被示威者套上了“黄马甲”,一些市政建筑被打砸乃至焚毁,全国约3000家商铺遭洗劫。这场抗议潮也蔓延至意大利、葡萄牙、比利时等欧洲多国。
这场抗议潮的导火索,是巴黎南郊一所高中的学生们因教育资源匮乏罢课。此后,从巴黎郊区到市区,再到全国多地,罢课的高中生用市政垃圾桶堵住学校大门,要求政府提供100亿欧元用于支持教育。随后,部分大学生、工会以及前“黄马甲”运动人士加入抗议,表达对能源价格上涨、生活成本高企、公共服务水平下降等一系列问题的不满。法国媒体称之为不同社会群体“愤怒的合流”。
“不可能靠砸钱解决这场危机,因为(政府)根本没钱。”法国社会学家热罗姆·富尔凯接受媒体采访时说。法国国家统计和经济研究所的数据显示,截至今年第二季度末,法国公共债务相当于国内生产总值(GDP)的119%。与此同时,国债收益率持续走高。英国《金融时报》指出,如果政府试图通过增加支出来摆脱困境,可能会适得其反,引发新一轮的债券抛售,并导致借贷成本进一步上升。
法国当前入不敷出,债台高筑。据经合组织数据,法国公共支出占GDP比重约为57%,常年居经合组织国家前列。但今天的法国已不是战后经济腾飞的法国。经济增长长期乏力,错失科技革命和产业变革的发展风口,又受到公共卫生危机和地缘冲突影响,法国政府财政赤字越来越不可持续。
人口老龄化是法国公共开支难以削减的重要原因。曾任法国经济与财政部长的布鲁诺·勒梅尔说,养老金支出是法国“债务爆炸的首要原因”,改革养老金制度势在必行。
英国《卫报》刊文说,年轻人对资金不足且不平等的教育体系感到失望,并对人工智能和气候危机的未来影响感到恐惧,他们的不满情绪与那些被边缘化的小城镇及郊区民众的不满融在了一起。美国耶鲁大学法学院研究员尼古拉斯·贝克林在《时代》杂志撰文指出,近期法国抗议浪潮预示着,法国战后所建立的“高福利、大政府”模式已走向末路,须重建与国力衰退既定趋势相适应的新的社会模式。
当前法国局势是“欧洲整体困境的缩影”,法国SKEMA商学院经济学教授鲁道夫·德博尔德如此分析。意大利、西班牙、希腊等也同步出现了因住房、物价等民生问题而起的示威活动。它们无不是典型的老龄化国家,负债率在欧元区居前列。
法国《大洲》杂志援引国际货币基金组织数据分析,2004年至2024年的20年间,欧盟占世界GDP比重从30.96%降至17.41%,几乎腰斩。欧盟委员会今年7月发布的人口报告预计,欧盟人口将于2029年达峰后逐年减少,届时“欧盟经济增长将首次失去人口增长的支撑”。实际上,从2012年开始,欧盟人口净增长就只能依靠引进外来移民。
一边是已经习惯高福利保障的战后一代,一边是对未来感到焦虑和无力的当下年青一代,如何以有限的资源平衡不同利益群体诉求,考验着欧洲领导人的政治智慧和勇气。
图说:8月14日,在法国巴黎,人们在塞纳河畔一处泳区游泳消暑。新华社记者邬惠我摄








