အမေရိကန်နိုင်ငံ မိန်းပြည်နယ် ဘန်ဂွါမြို့ရှိ ဆန္ဒမဲပေးရာစခန်းတစ်ခုတွင် မဲဆန္ဒရှင်များက ကြိုတင်မဲပေးနေကြသည်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ မိန်းပြည်နယ် ဘန်ဂွါမြို့ရှိ ဆန္ဒမဲပေးရာစခန်းတစ်ခုတွင် မဲဆန္ဒရှင်များက ကြိုတင်မဲပေးနေကြသည်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)

အမေရိကန် ထရမ့်အစိုးရသည် မကြာသေးမီက ရုရှားစွမ်းအင်တင်ပို့မှုအပေါ်  ပိတ်ဆို့အရေးယူမှုများ ဖြေလျှော့ပေးခဲ့ရာ အချို့သော ရီပက်ဘလစ်ကန်ပါတီဝင်များသည် ကြားဖြတ်ရွေးကောက်ပွဲကို ရှေးရှု၍ အစိုးရ၏ ရုရှားအပေါ်လိုလားသော သဘောထားပြသမှုကို ကန့်ကွက်ကြောင်း ဆက်တိုက် ထုတ်ဖော်ပြောကြားခဲ့ကြသည်။ ဒီမိုကရက်တစ်ပါတီ၏ ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ အသာစီးရရှိမှုမှာ မြင့်တက်လာကြောင်း အောက်တိုဘာ ၁၈ ရက်က ထုတ်ပြန်ခဲ့သည့် နောက်ဆုံး ပြည်သူ့စစ်တမ်းကောက်ယူချက်တွင် ဖော်ပြထားသည်။

ရီပက်ဘလစ်ကန်ပါတီ ကိုယ်စားလှယ်လောင်းများ ကန့်ကွက်ကြ

ယခုလ အစောပိုင်းတွင် ထရမ့်အစိုးရက ရုရှား၏ ဒီဇယ်ဆီ ကုန်သွယ်မှုအပေါ်  ပိတ်ဆို့မှုများ ဖြေလျှော့ပေးကြောင်း ကြေညာခဲ့ပြီး ရုရှားမှ အမေရိကန်နှင့် ကမ္ဘာ့ဈေးကွက်သို့ ဒီဇယ်ဆီထောက်ပံ့ပေးရန် ရုရှားနိုင်ငံနှင့် သဘောတူညီမှု ရရှိခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ထရမ့်အစိုးရ၏ ရုရှားအပေါ် ပိတ်ဆို့မှု "ဖြေလျှော့ပေးခြင်း" မှာ နိုဝင်ဘာ ၃ ရက် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ စွမ်းအင်ဈေးနှုန်းများကို ထိန်းညှိပေးရန်နှင့် မဲဆန္ဒရှင်များ၏ ထောက်ခံမှုကိုရယူရန် အဓိကဖြစ်သော်လည်း ၎င်းသည် မကြာမီနှစ်များအတွင်း အမေရိကန်နိုင်ငံရေးလောက၏ ရုရှားဆန့်ကျင်ရေးနှင့် ယူကရိန်းအား ထောက်ခံရေးဟူသော "နိုင်ငံရေးအရ မှန်ကန်မှု" နှင့် ဆန့်ကျင်နေရုံသာမက ရေနံထွက်ကုန်ဈေးနှုန်း လျှော့ချရေး ထိရောက်မှုရလဒ်အပေါ်တွင်လည်း မေးခွန်းထုတ်ဖွယ် ရှိနေသည်။

အမေရိကန် Wall Street Journal ၏ အောက်တိုဘာ ၁၈ ရက် သတင်းများအရ မီချီဂန်ပြည်နယ်တွင် အထက်လွှတ်တော်အမတ်နေရာအတွက် ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်း Abdul El-Sayed နှင့် အကြိတ်အနယ် ယှဉ်ပြိုင်နေရသော ရီပက်ဘလစ်ကန် ပါတီဝင် Mike Rogers က ရုရှားဒီဇယ်ဆီ ဝယ်ယူမှုကို လူသိရှင်ကြား ကန့်ကွက်ခဲ့သည်။ Mike Rogers က ထိုနေ့တွင် အမေရိကန် မီဒီယာများနှင့် တွေ့ဆုံမေးမြန်းမှု၌ ထရမ့်၏ ရုရှားအပေါ်  ပိတ်ဆို့အရေးယူမှု အများအပြားအား ကင်းလွတ်ခွင့်ပေးခြင်းကို ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်။

အောက်တိုဘာ ၁၇ ရက်တွင် ဆက်လက်တာဝန်ထမ်းဆောင်ရန် ပြန်လည်ရွေးချယ်ခံရရေးအတွက် ပြင်းထန်သော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည့် အလက်စကာပြည်နယ်မှ ရီပက်ဘလစ်ကန် ဖက်ဒရယ် အထက်လွှတ်တော်အမတ် Dan Sullivan ကလည်း ၎င်းအနေဖြင့် ရုရှားဒီဇယ်ဆီ မဝယ်ယူရန် ထရမ့်ကို တိုက်တွန်းလိုကြောင်း ပြောကြားခဲ့သည်။ Dan Sullivan ၏ အမြင်အရ စွမ်းအင်ဈေးနှုန်းများကို ထိန်းညှိရန် အလက်စကာပြည်နယ်၏ စွမ်းအင်ထုတ်လုပ်မှုကို တိုးမြှင့်သင့်ပြီး ရုရှားမူဝါဒနှင့်ပတ်သက်၍ အမေရိကန်၏ စစ်ရေးအင်အားကို ပိုမို အားကောင်းအောင် လုပ်ဆောင်သင့်သည်ဟု ယူဆသည်။

အိုင်အိုဝါပြည်နယ်မှ ရီပက်ဘလစ်ကန်ပါတီ ဖက်ဒရယ်အထက်လွှတ်တော်ကိုယ်စားလှယ်လောင်း Ashley Hinson ကလည်း မကြာသေးမီက စကားစစ်ထိုးပွဲတွင် ထရမ့်အနေဖြင့် စွမ်းအင်ဈေးနှုန်းများကို ထိန်းညှိရန်အတွက် "ရုရှားနှင့် အရောင်းအဝယ်လုပ်ခြင်း" မဟုတ်သည့် အခြားသော အစီအမံများကို စဉ်းစားသင့်ကြောင်း အကြံပြုခဲ့သည်။

အထက်ပါ သဘောထား ဖော်ပြချက်များအပေါ် ထရမ့်က ၎င်းအနေဖြင့် "ရုရှား-ယူကရိန်း စစ်ပွဲ ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆောင်ရွက်နေခြင်း" ဖြစ်ပြီး "ရုရှားကို ဆွေးနွေးပွဲ စကားဝိုင်းမှ ထွက်ခွာသွားစေမည့် မိုက်မဲသော လုပ်ရပ်" မည်သည့်အရာကိုမျှ မလုပ်လိုကြောင်း အောက်တိုဘာ ၁၈ ရက်တွင် လူမှုကွန်ရက်၌ ရေးသားခဲ့သည်။ ထို့အပြင် သက်ဆိုင်ရာ ညှိနှိုင်းမှုများမှာ "ကြီးမားသော တိုးတက်မှုများ ရရှိနေပြီဖြစ်ကြောင်း" လည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ လွှတ်တော်အဆောက်အဦအား ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ လွှတ်တော်အဆောက်အဦအား ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒီမိုကရက်တစ်ပါတီ၏ ဆန္ဒမဲရရှိမှုအခြေအနေ အသာစီးရှိနေ

လက်ရှိတွင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန် သီတင်းပတ် နှစ်ပတ်ကျော်ခန့်သာ လိုတော့သည့်အချိန်တွင် အမေရိကန် ပြည်သူ့စစ်တမ်း ကောက်ယူချက် အများအပြား၌ ရီပက်ဘလစ်ကန်ပါတီအနေဖြင့် အောက်လွှတ်တော်တွင် အရေးနိမ့်နိုင်ခြေရှိပြီး အထက်လွှတ်တော်ကိုပင် ထိန်းသိမ်းထားနိုင်ရန် ခက်ခဲနိုင်ကြောင်း ဖော်ပြထားသည်။ အမေရိကန် The Washington Post သတင်းစာက ABC သတင်းဌာန၊ Ipsos စစ်တမ်းအဖွဲ့တို့နှင့် ပူးတွဲကောက်ယူခဲ့သည့် စစ်တမ်းရလဒ်များကို အောက်တိုဘာ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့ရာ အမေရိကန် အရွယ်ရောက်ပြီးသူများအကြား ထရမ့်အား ထောက်ခံမှုနှုန်းမှာ ၃၃ ရာခိုင်နှုန်းသို့ ကျဆင်းသွားပြီး ဇူလိုင်လထက် ၄ ရာခိုင်နှုန်းပွိုင့် လျော့နည်းသွားကြောင်း၊ မဲပေးနိုင်ဖွယ်ရှိသည့် မဲဆန္ဒရှင်များအကြား ၎င်းအား ထောက်ခံမှုနှုန်းမှာ ၃၈ ရာခိုင်နှုန်း ရှိကြောင်း ဖော်ပြထားသည်။

အောက်တိုဘာ ၉ ရက်မှ ၁၃ ရက်အထိ အမေရိကန် အရွယ်ရောက်ပြီးသူ ၂,၅၄၅ ဦးကို ကောက်ယူခဲ့သည့် အဆိုပါ စစ်တမ်း၌ ဒီမိုကရက်တစ်ပါတီ၏ အောက်လွှတ်တော် မဲဆန္ဒရရှိမှု အခြေအနေသည် ဇူလိုင်လနှင့် ယှဉ်ပါက ပိုမိုကောင်းမွန်လာကြောင်းလည်း ဖော်ပြထားသည်။

ထို့ပြင် ဗြိတိန် Financial Times ၏ အောက်တိုဘာ ၁၈ ရက် သတင်းဖော်ပြချက်အရ အောက်လွှတ်တော်ဥက္ကဋ္ဌ Mike Johnson အပါအဝင် အချို့သော ရီပက်ဘလစ်ကန် ပါတီဝင်များက ဒီမိုကရက်တစ်ပါတီ၏ လက်ရှိ ဆန္ဒမဲရရှိမှုအခြေအနေမှာ အသာစီးရှိနေခြင်းကို ပိုပိုသာသာ တွက်ချက်ထားခြင်းဖြစ်သည်ဟု ယူဆကြကြောင်း သိရသည်။ ဒီမိုကရက်တစ်ပါတီအနေဖြင့် အထက်လွှတ်တော်ကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် အချို့သော ပြည်နယ်များတွင် အနိုင်ရရှိရန် လိုအပ်သော်လည်း လက်ရှိတွင် အဆိုပါ ပြည်နယ်များ၌ ၎င်းတို့၏ အသာစီးရရှိမှုမှာ ၃ ရာခိုင်နှုန်းပွိုင့်ထက် မပိုကြောင်း စစ်တမ်းများတွင် ဖော်ပြထားသည်။

ရီပက်ဘလစ်ကန်ပါတီ ရွေးကောက်ပွဲအခြေအနေ လေ့လာသုံးသပ်သူ Ford O'Connell က ရီပက်ဘလစ်ကန် မဲဆန္ဒရှင်များသည် သာမန်အားဖြင့် စစ်တမ်းကောက်ယူမေးမြန်းခြင်းကို လက်ခံရန်နှင့် မဲပေးမည့် ဆန္ဒကို ထုတ်ဖော်လိုခြင်း မရှိကြကြောင်း၊ နယူးဟမ်ရှိုင်းယား နှင့် မင်နီဆိုးတား ကဲ့သို့သော အစဉ်အလာအရ ဒီမိုကရက်တစ်ပါတီကို ထောက်ခံအားပေးသည့် "အပြာရောင်" ပြည်နယ်များတွင် ဖက်ဒရယ် အထက်လွှတ်တော်အမတ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကြသည့် အချို့သော ရီပက်ဘလစ်ကန် ကိုယ်စားလှယ်လောင်းများ၏ မဲဆန္ဒရရှိမှု အခြေအနေမှာ မျှော်မှန်းထားသည်ထက် ပိုမိုကောင်းမွန်ကြောင်း ထောက်ပြပြောဆိုခဲ့သည်။ (Xinhua)

-----------------------------

(Chinese Version)

着眼中期选举 部分共和党人与白宫对俄政策切割

新华社北京10月19日电 美国特朗普政府近期放松针对俄罗斯能源出口的制裁,一些共和党人着眼国会中期选举接连发声,反对政府对俄展露友好姿态。18日公布的一项最新民调显示,民主党的中期选举优势有所上升。

共和党候选人反对

本月早些时候,特朗普政府宣布放松对俄柴油贸易制裁,并称已与俄方达成由俄向美及全球市场供应柴油的协议。分析人士认为,特朗普政府“松绑”对俄制裁主要是为了在11月3日中期选举前平抑能源价格、争取选民支持,但这与美国政界近些年来反俄挺乌的“政治正确”相悖,且抑制油价效果存疑。

据美国《华尔街日报》18日报道,在密歇根州与民主党候选人阿卜杜勒·赛义德就参议院议席陷入苦战的共和党人迈克·罗杰斯公开反对购买俄柴油。罗杰斯当天接受美媒采访时说,反对特朗普豁免对俄多项制裁措施。

17日,面临竞选连任激战的阿拉斯加州共和党籍联邦参议员丹·沙利文也表示,他愿劝特朗普别购买俄柴油。在沙利文看来,应推动阿拉斯加州能源增产以平抑价格,在对俄政策方面应强化美国军事力量。

艾奥瓦州共和党籍联邦参议员候选人阿什莉·欣森近期在参加辩论时也建议,特朗普应考虑“与俄罗斯做交易”以外的平抑能源价格措施。

对于上述表态,特朗普18日在社交媒体上说,他“正协商俄乌战争的和平问题”,不想做任何“让俄罗斯离开谈判桌的愚蠢行为”。他还表示,相关协商“已取得重大进展”。

民主党选情占优

眼下距离中期选举仅两周多,多项美国民调显示,共和党恐在众议院溃败,甚至难保参议院。美国《华盛顿邮报》18日公布其与美国广播公司和益普索集团联合展开的民调结果,显示特朗普在美国成年人中的支持率跌至33%,比7月时低4个百分点;在可能参加投票的选民中,他的支持率为38%。

这项本月9日至13日对2545名美国成年人的民调还显示,民主党的众议院选情相比7月进一步向好。

另据英国《金融时报》18日报道,众议院议长迈克·约翰逊等一些共和党人认为,民主党当前的选情优势被高估。民调显示,民主党重夺参议院需依赖在一些州获胜,而该党当前在这些州的优势不超过3个百分点。

共和党选情分析师福特·奥康奈尔指出,共和党选民一般不愿接受民调采访、表露投票意向,在新罕布什尔和明尼苏达等传统民主党“蓝”州,部分竞选联邦参议员的共和党人选情好于预期。(海洋)

图说1:10月16日,在美国缅因州班戈一处投票站,选民进行提前投票。新华社记者李睿摄

图说2:这是9月21日在美国华盛顿拍摄的国会大厦。新华社记者郝昭摄