တောင်ကိုရီးယား EverLand ဥယျာဉ်က ၂၀၂၆ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ပေးအပ်သည့် ဓာတ်ပုံ၌ “ရွှေ့ပေါင်”နှင့် “ဟွေးပေါင်” ပန်ဒါဝက်ဝံအမြွှာနှစ်ကောင်အား တွေ့ရစဉ် (ဆင်ဟွာ)
တောင်ကိုရီးယား EverLand ဥယျာဉ်က ၂၀၂၆ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ပေးအပ်သည့် ဓာတ်ပုံ၌ “ရွှေ့ပေါင်”နှင့် “ဟွေးပေါင်” ပန်ဒါဝက်ဝံအမြွှာနှစ်ကောင်အား တွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)

တောင်ကိုရီးယား EverLand ဥယျာဉ်က စက်တင်ဘာ ၃၀ ရက်တွင် တောင်ကိုရီးယား၌ မွေးဖွားခဲ့သည့် တရုတ်ပန်ဒါဝက်ဝံအမြွှာနှစ်ကောင်ဖြစ်သော  “ရွှေ့ပေါင်” နှင့် “ဟွေးပေါင်” တို့သည် ဒီဇင်ဘာလတွင် တရုတ်နိုင်ငံသို့ ပြန်လည်ရောက်ရှိမည်ဖြစ်သည်။

“ရွှေ့ပေါင်” နှင့် “ဟွေးပေါင်” တို့သည် ၂၀၂၃ ခုနှစ် ဇူလိုင် ၇ ရက်တွင် မွေးဖွားခဲ့ပြီး တောင်ကိုရီးယားသို့ ခရီးရောက်ရှိနေသော ပန်ဒါဝက်ဝံ ဇနီးမောင်နှံ “လဲ့ပေါင်” နှင့် “အိုက်ပေါင်” တို့က တောင်ကိုရီးယား၌ မွေးဖွားခဲ့သည့် ပထမဆုံး ပန်ဒါဝက်ဝံ အမြွှာများ ဖြစ်သည်။

သက်ဆိုင်ရာ စည်းမျဉ်းများအရ “ရွှေ့ပေါင်”နှင့် “ဟွေးပေါင်” တို့သည် အသက် ၄ နှစ် မပြည့်မီ တရုတ်နိုင်ငံသို့ ပြန်လည်ရောက်ရှိရမည်ဖြစ်သည်။ (Xinhua)

………………………………………..

(Chinese Version)

旅韩双胞胎大熊猫将于12月回国

新华社照片,首尔,2026年9月30日

韩国爱宝乐园9月30日表示,在韩国诞生的双胞胎中国大熊猫“睿宝”和“辉宝”将于12月回国。“睿宝”和“辉宝”于2023年7月7日出生,是旅韩大熊猫夫妇“乐宝”和“爱宝”在韩国诞下的首对双胞胎大熊猫。根据相关规定,“睿宝”和“辉宝”须在年满4周岁前回到中国。

图说:这张韩国爱宝乐园9月30日提供的照片显示的是双胞胎大熊猫“睿宝”和“辉宝”。 新华社发