တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းအား ၂၀၂၆ ခုနှစ် စက်တင်ဘာ ၃၀ ရက်က ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ- Ministry of Foreign Affairs of the People’s Republic of China)
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းအား ၂၀၂၆ ခုနှစ် စက်တင်ဘာ ၃၀ ရက်က ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ- Ministry of Foreign Affairs of the People’s Republic of China)

ပေကျင်း၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် နျူကလီးယားလက်နက်ကင်းစင်ရေး မူဝါဒ ၃ ရပ်ကို လိုက်နာကျင့်သုံးရန်၊ နျူကလီးယားလက်နက် မပြန့်ပွားရေး သဘောတူစာချုပ် (NPT) ပါ တာဝန်ဝတ္တရားများကို တိတိကျကျ ဖြည့်ဆည်းဆောင်ရွက်ရန် ဂျပန်နိုင်ငံအား တိုက်တွန်းသင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက စက်တင်ဘာ ၃၀ ရက်၌ ပြောကြားခဲ့သည်။

ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန၏ လက်ရှိအကြီးအကဲဖြစ်သူက ဂျပန်နိုင်ငံအနေဖြင့် နျူကလီးယားလက်နက်များနှင့် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများ ပိုင်ဆိုင်ရေးဟူသော ကိစ္စရပ်များနှင့် ပတ်သက်၍ "တားမြစ်ကန့်သတ်ချက် တစ်စုံတစ်ရာမရှိဘဲ" ဆွေးနွေးမှုများ ပြုလုပ်သင့်သည်ဟု ပြောကြားခဲ့ပြီးနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

နျူကလီးယားလက်နက် ပိုင်ဆိုင်ရေးဟူသည်မှာ ဂျပန်နိုင်ငံအနေဖြင့် ၎င်းတို့ဆန္ဒရှိလျှင်ပင် "ဆွေးနွေးခွင့်ပြုနိုင်သည့်" ကိစ္စရပ်တစ်ခု မဟုတ်ကြောင်း၊ ဂျပန်နိုင်ငံသည် နျူကလီးယားလက်နက် မပြန့်ပွားရေး သဘောတူစာချုပ် (NPT) တွင် ပါဝင်လက်မှတ်ရေးထိုးထားသည့်နိုင်ငံ တစ်နိုင်ငံ ဖြစ်သည့်အလျောက် နိုင်ငံတကာဥပဒေအရ နျူကလီးယားလက်နက်များကို လက်ခံရယူခြင်း၊ ထုတ်လုပ်ခြင်း၊ ရယူပိုင်ဆိုင်ခြင်း သို့မဟုတ် လွှဲပြောင်းပေးခြင်းတို့ မပြုလုပ်ရန် တာဝန်ရှိခြင်းကြောင့် ယင်းကိစ္စရပ်ကို ဆွေးနွေးစရာမရှိကြောင်း ကောက ပြောကြားခဲ့သည်။

ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိက နျူကလီးယားလက်နက်ကင်းစင်ရေး မူဝါဒ ၃ ရပ်နှင့် ပတ်သက်၍ ဂျပန်နိုင်ငံ၏ ကတိကဝတ်ကို ဖေဖော်ဝါရီလ၌ ထပ်လောင်းအတည်ပြုခဲ့ပြီးဖြစ်ကြောင်း၊ ယခုနှစ် NPT စာချုပ်ဝင်နိုင်ငံများ၏ ပြန်လည်ဆွေးနွေးသုံးသပ်ရေး ညီလာခံတွင်လည်း ဂျပန်နိုင်ငံ ကိုယ်စားလှယ်က နျူကလီးယားကင်းစင်ရေးမူဝါဒ ၃ ရပ်မှာ ပြောင်းလဲမည်မဟုတ်ဟု အကြိမ်ကြိမ် အတည်ပြုပြောကြားခဲ့ဖူးကြောင်း ကောက ထောက်ပြပြောဆိုခဲ့သည်။

"လက်ရှိ ဂျပန်ကာကွယ်ရေးအဖွဲ့အစည်း အကြီးအကဲရဲ့ 'နျူကလီးယားနဲ့ပတ်သက်ပြီး တားမြစ်ကန့်သတ်ချက်မရှိ' ဆိုတဲ့ ပြောဆိုချက်ဟာ NPT စာချုပ်နဲ့ စစ်ပြီးခေတ် နိုင်ငံတကာစည်းစနစ်ကို ပေါ်ပေါ်ထင်ထင် ရန်စပြီး အကြီးအကျယ် နင်းခြေလိုက်တာပါပဲ။ ဒါဟာ ဂျပန်နိုင်ငံက လိုက်နာကျင့်သုံးပါတယ်လို့ အခိုင်အမာပြောထားတဲ့ နျူကလီးယားကင်းစင်ရေးမူဝါဒ ၃ ရပ်နဲ့လည်း လုံးဝဆန့်ကျင်နေပါတယ်။ သူ့ရဲ့ပြောကြားချက်ဟာ ဂျပန်လက်ယာဝါဒီ အုပ်စုတွေရဲ့ နျူကလီးယားလက်နက် ပိုင်ဆိုင်လိုတဲ့ ရည်မှန်းချက်ကို နောက်တစ်ကြိမ် ဖော်ပြလိုက်တာပါပဲ" ဟု ကောက ပြောသည်။

မကြာသေးမီ နှစ်များအတွင်း ဂျပန်နိုင်ငံသည် "အဟန့်အတားစွမ်းရည် တိုးမြှင့်မှု" ဟုဆိုသော အစီအမံများကို အခိုင်အမာလုပ်ဆောင်ခြင်း၊ ဂျပန်နိုင်ငံအတွင်း နျူကလီးယားလက်နက်များ ဖြန့်ကြက်ချထားရန် ကြိုးပမ်းခြင်း၊ နျူကလီးယားဆိုင်ရာ ကန့်သတ်ချက်များကို တစ်ဆင့်ပြီးတစ်ဆင့် လျှော့ချရန် ကြိုးပမ်းလုပ်ဆောင်ခြင်း၊  နိုင်ငံတကာအသိုက်အဝန်းက သတ်မှတ်ထားသည့် အနီရောင်စည်းကို သွေးတိုးစမ်း စိန်ခေါ်ခြင်းတို့ဖြင့် ပြန်လည်စစ်ပုံသွင်းမှုကို အရှိန်မြှင့်လုပ်ဆောင်လျက် နျူကလီးယားလက်နက်ကင်းစင်ရေး မူဝါဒ ၃ ရပ်ကို ပြင်ဆင်ရန် ကြိုးပမ်းလျက်ရှိကြောင်း ကောက ထပ်လောင်းပြောကြားခဲ့သည်။

ယခုနှစ်သည် တိုကျိုစစ်ခုံရုံး စတင်ဖွင့်လှစ်မှု နှစ် ၈၀ ပြည့် အထိမ်းအမှတ်နှစ်ဖြစ်ကြောင်း ကောက ထောက်ပြပြောဆိုခဲ့ပြီး ဂျပန်စစ်ဝါဒကြောင့် အာရှနှင့် အခြားကမ္ဘာ့နေရာဒေသများရှိ ပြည်သူများအပေါ် ကျရောက်ခဲ့သည့် ဘေးဒုက္ခများကို သမိုင်းက မေ့ပျောက်ခဲ့ခြင်းမရှိသလို နောင်တွင်လည်း မေ့ပျောက်မည်မဟုတ်ကြောင်း ကောက ပြောကြားခဲ့သည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20260930/614d6d71c627469389b119d26c92346f/c.html

..................................

(English Version)

Japan should be urged to abide by Three Non-Nuclear Principles: Chinese spokesperson

BEIJING, Sept. 30 (Xinhua) -- The international community should urge Japan to abide by the Three Non-Nuclear Principles, faithfully fulfill its obligations under the Treaty on the Non-Proliferation of Nuclear Weapons (NPT), and completely abandon its attempts at "remilitarization" and nuclear possession, a Chinese foreign ministry spokesperson said on Wednesday.

Spokesperson Guo Jiakun made the remarks at a daily press briefing after the incumbent head of Japan's defense department said that discussions on Japan's possession of nuclear weapons and nuclear submarines should be made "without taboo."

The possession of nuclear weapons is not an issue that Japan can "allow discussion" if it wants to, Guo said, adding that Japan is a non-nuclear-weapon state party to the NPT and therefore has a bounden duty under international law to not receive, manufacture, acquire or transfer nuclear weapons, and there is no room for negotiation.

Guo pointed put that in February, Japanese Prime Minister Sanae Takaichi reiterated Japan's commitment to the three non-nuclear principles, and Japan's representative reaffirmed multiple times at the Review Conference of the Parties to the NPT this year that the three non-nuclear principles would not be changed.

"The 'no-nuclear-taboo' remark by the incumbent head of Japan's defense establishment is a blatant provocation and serious stomp on the NPT and the postwar international order. It is diametrically opposed to the three non-nuclear principles that Japan claims to uphold. His remark once again revealed the Japanese right-wing pursuit of a nuclear Japan," Guo said.

In recent years, Japan has been accelerating remilitarization and attempting to revise the three non-nuclear principles by strengthening the so-called "extended deterrence" arrangement, seeking nuclear weapon deployment in Japan, attempting to progressively ease nuclear restrictions, and challenging the red line drawn by the international community, Guo added.

Noting that this year marks 80 years of the opening of the Tokyo Trials, Guo said that history has not and will not forget the calamities brought by Japanese militarism onto the people in Asia and elsewhere in the world.

https://english.news.cn/20260930/614d6d71c627469389b119d26c92346f/c.html