အီတလီနိုင်ငံ မြို့တော် ရောမရှိ အင်ပါယာရင်ပြင်လမ်းမကြီးပေါ်တွင် သွားလာနေကြသူများကို၂၀၂၆ ခုနှစ် ဧပြီ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အီတလီနိုင်ငံ မြို့တော် ရောမရှိ အင်ပါယာရင်ပြင်လမ်းမကြီးပေါ်တွင် သွားလာနေကြသူများကို၂၀၂၆ ခုနှစ် ဧပြီ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရောမ၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)

အီတလီနိုင်ငံအနေဖြင့် ကမ္ဘာ့အင်အားကြီးနိုင်ငံအဖြစ် ရပ်တည်နိုင်သည့် တရုတ်နိုင်ငံ၏ အဆင့်အတန်းကို အထူးအလေးထားကြောင်း၊ အီတလီ-တရုတ် နှစ်နိုင်ငံ အစဉ်အလာချစ်ကြည်ရင်းနှီးမှုကို တန်ဖိုးထားကာ တရုတ်နိုင်ငံနှင့် ပူးပေါင်းဖလှယ်မှုများကို နက်ရှိုင်းစေလျက် နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုဝါဒနှင့် နိုင်ငံတကာစည်းစနစ်ကို အတူတကွ ကာကွယ်စောင့်ရှောက်ရန်၊ ကမ္ဘာ့ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် စည်ပင်ဝပြောမှုအတွက် အပြုသဘော အကျိုးဆောင်ကြဉ်းသွားလိုကြောင်း အီတလီသမ္မတ Sergio Mattarella က စက်တင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။

ရောမမြို့၌ အီတလီနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီးအသစ် ဟိုယွဲ့၏ သံအမတ်ခန့်အပ်လွှာကို လက်ခံသည့်အချိန်တွင် Mattarella က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ ၎င်းက ဟိုယွဲ့အား သမ္မတ ရှီကျင့်ဖိန်ထံ ရင်းနှီးနွေးထွေးသော နှုတ်ခွန်းဆက်စကား ထပ်ဆင့်ပြောကြားပေးရန် ပြောကြားခဲ့သည်။

ဟိုယွဲ့ က Mattarella ထံသို့ သမ္မတ ရှီကျင့်ဖိန်၏ ရင်းနှီးစွာ နှုတ်ခွန်းဆက်စကားအား တစ်ဆင့်ပြောကြားခဲ့သည်။

မိမိ၏တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကာ နှစ်နိုင်ငံအကြီးအကဲများ၏ အရေးကြီး သဘောတူညီချက်များကို တက်ကြွစွာ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း၊ တရုတ်-အီတလီ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုတည်ငြိမ်ပြီး ပိုမိုခံနိုင်ရည်ရှိကာ ပိုမိုအကျိုးဖြစ်ထွန်းစေရန် တွန်းအားပေးသွားမည် ဖြစ်ကြောင်း၊ တရုတ်-ဥရောပ ဆက်ဆံရေး ကောင်းမွန်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုကာ အပြောင်းအလဲများဖြင့် ရောထွေးနေသည့် ကမ္ဘာကြီးကို ပိုမိုများပြားသော တည်ငြိမ်မှုနှင့် အပြုသဘောဆောင်သော စွမ်းအင်များ ဖြည့်တင်းပေးမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဟိုယွဲ့သည် စက်တင်ဘာ ၁၂ ရက်တွင် အီတလီသို့ ရောက်ရှိပြီး စတင်တာဝန်ထမ်းဆောင်ခြင်း ဖြစ်သည်။ (Xinhua)

-----------------------------

(Chinese Version)

意大利总统:愿同中方深化合作共同维护世界和平稳定

新华社罗马9月30日电(记者刁泽 任耀庭)意大利总统马塔雷拉9月29日表示,意方高度重视中国的大国地位,珍视意中传统友好,愿同中方深化交流合作,共同维护多边主义和国际秩序,为世界和平、稳定与繁荣作出积极贡献。   

马塔雷拉当天在罗马接受中国新任驻意大利大使侯悦递交国书时作出上述表示。他请侯悦转达对习近平主席的诚挚问候。   

侯悦转达习近平主席对马塔雷拉的亲切问候。她表示,将恪尽使命,积极落实两国领导人重要共识,推动中意全面战略伙伴关系更加稳定、更具韧性、更富成果,助力中欧关系健康稳定发展,为变乱交织的世界注入更多稳定性和正能量。   

侯悦于9月12日抵达意大利履新。(完)

图说:4月4日,人们走在意大利首都罗马的帝国广场大道上。 新华社记者 王楷焱 摄