
ဗီယင်ကျန်း၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)
တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ ထျယ်နင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံ အမျိုးသားလွှတ်တော်၏ ဖိတ်ကြားချက်အရ နိုဝင်ဘာ ၂၅ ရက်မှ ၂၆ ရက်အထိ လာအိုနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါခရီးစဉ်အတွင်း ထျယ်သည် လာအိုအမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဆွန်ဆေး ဆီဖန်ဒွန်အပြင် အမျိုးသားလွှတ်တော်နှင့် လာအိုပြည်သူ့တော်လှန်ရေးပါတီမှ အခြားအဆင့်မြင့်အရာရှိကြီးများနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။
နှစ်နိုင်ငံခေါင်းဆောင်များအနေဖြင့် ယခုနှစ်အတွင်း ခေတ်သစ်အချိန်အခါမရွေး တရုတ်-လာအို အေးအတူပူအမျှအသိုက်အဝန်း ထူထောင်ကြောင်း ပူးတွဲကြေညာခဲ့ကြပြီး နှစ်နိုင်ငံဆက်ဆံရေးကို အဆင့်သစ်ဆီသို့ ဦးဆောင်လမ်းပြပေးနိုင်ခဲ့ကြောင်း ထျယ်က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် ခေါင်းဆောင်များအကြား ရရှိထားသော ဘုံသဘောတူညီချက်များကို အကောင်အထည်ဖော်ရေး၊ မဟာဗျူဟာမြောက် ဆက်သွယ်ဆောင်ရွက်မှုများ ခိုင်မာအားကောင်းရေး၊ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ရေး၊ တရုတ်-လာအို အေးအတူပူအမျှအသိုက်အဝန်း ဖော်ဆောင်မှု ပိုမိုနက်နက်ရှိုင်းရှိုင်း ရှိရေးအတွက် လာအိုနိုင်ငံနှင့် လက်တွဲဆောင်ရွက်ရန် အသင့်ရှိသည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
လာအိုနိုင်ငံဘက်ကလည်း တရုတ်ကွန်မြူနစ်ပါတီ ၂၀ ကြိမ်မြောက် ဗဟိုကော်မတီ ပဉ္စမအကြိမ် မျက်နှာစုံညီအစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့်အပေါ် ဂုဏ်ပြုပြောကြားခဲ့သလို တရုတ်နိုင်ငံ၏ ကာလကြာရှည် အကူအညီပေးမှုများအတွက်လည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် လာအိုနိုင်ငံအနေဖြင့် ပါတီနှင့် နိုင်ငံ့ရေးရာ စီမံခန့်ခွဲရေးကိစ္စရပ်များတွင် တရုတ်နိုင်ငံနှင့် ပိုမိုနီးကပ်စွာ အပြန်အလှန် ကူးလူးဖလှယ်ရန်၊ ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းစေရန်နှင့် ခေတ်သစ် အချိန်အခါမရွေး လာအို-တရုတ် အေးအတူပူအမျှအသိုက်အဝန်း ထူထောင်မှု မြှင့်တင်ရန် မျှော်လင့်ကြောင်းလည်း ပြောကြားခဲ့သည်။ (Xinhua)
..................................
(English Version)
Senior Chinese legislator visit Laos
VIENTIANE, Nov. 26 (Xinhua) -- Tie Ning, vice chairperson of the National People's Congress Standing Committee, led a delegation to visit Laos from Wednesday to Thursday at the invitation of the Lao National Assembly.
During the visit, Tie held talks with Sonexay Siphandone, president of the Lao National Assembly, as well as other senior officials of the national assembly and the Lao People's Revolutionary Party.
Tie said the leaders of the two countries jointly announced the building of an all-weather China-Laos community with a shared future in the new era this year, steering bilateral relations to a new level. China stands ready to work with Laos to implement the consensus reached by the leaders, strengthen strategic communication, expand practical cooperation, and deepen the development of the China-Laos community with a shared future.
The Lao side congratulated the successful convening of the fifth plenary session of the 20th Central Committee of the Communist Party of China, and expressed gratitude for China's long-term assistance. Laos looks forward to closer exchanges with China on party and state governance, strengthening cooperation in various fields, and advancing the all-weather Laos-China community with a shared future in the new era.








