
ပေကျင်း၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံနှင့် ဆက်စပ်သည့် ပို့ကုန်ထိန်းချုပ်မှုစာရင်းမှ တရုတ်ကုမ္ပဏီတစ်ခုကို ဖယ်ရှားပေးရန် ဥရောပသမဂ္ဂ (EU) ၏ ဆုံးဖြတ်ချက်အပေါ် တရုတ်နိုင်ငံက ကြိုဆိုကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက နိုဝင်ဘာ ၂၆ ရက်၌ ပြောကြားလိုက်သည်။
Yusha Group Co., Ltd. ကုမ္ပဏီကို အဆိုပါစာရင်းမှ ပယ်ဖျက်လိုက်ကြောင်း EU ၏ ယင်းနေ့အစောပိုင်းက ကြေညာချက်နှင့်စပ်လျဉ်း၍ မီဒီယာမေးမြန်းချက်အား ဖြေကြားရာ၌ အဆိုပါပြောရေးဆိုခွင့်ရှိသူက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုတရုတ်ကုမ္ပဏီအပေါ် ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းလိုက်ခြင်းက နှစ်ဖက်စီးပွားရေးလုပ်ငန်းများအကြား ပုံမှန်ပူးပေါင်းဆောင်ရွက်မှုများအတွက် အဆင်ပြေကောင်းမွန်သော ပတ်ဝန်းကျင်ကို ဖန်တီးပေးမည်ဟုဆိုလျက် အဆိုပါပြောရေးဆိုခွင့်ရှိသူက EU အနေဖြင့် အခြားသော တရုတ်ကုမ္ပဏီများကိုလည်း ပိတ်ဆို့အရေးယူမှုစာရင်းမှ ဆက်လက်ပယ်ဖျက်ပေးမည်ဟု မျှော်မှန်းကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့်လည်း တရုတ်နိုင်ငံ၏ ပို့ကုန်ထိန်းချုပ်မှုစာရင်းမှ ၎င်းတို့အား ပယ်ဖျက်ပေးရန် တောင်းဆိုထားသည့် သက်ဆိုင်ရာ EU ကုမ္ပဏီများထံမှ စာဖြင့်ရေးသားထားသော လျှောက်လွှာများကို မကြာသေးမီကပင် လက်ခံရရှိထားကြောင်း၊ လက်ရှိတွင် ၎င်းလျှောက်လွှာများအား အကဲဖြတ်ခြင်းနှင့် ပြန်လည်သုံးသပ်ခြင်း လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိသည်ဟုလည်း ပြောရေးဆိုခွင့်ရှိသူက ဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
.............................
(English Version)
China welcomes EU's removal of Chinese firm from sanctions list
BEIJING, Nov. 26 (Xinhua) -- China welcomes the European Union (EU)'s decision to remove a Chinese company from its Russia-related export control list, a spokesperson for the Ministry of Commerce said on Thursday.
The spokesperson made the remarks in response to a media question concerning the EU's announcement earlier in the day that it had removed Yusha Group Co., Ltd. from the list.
The lifting of sanctions on the Chinese company will help create a favorable environment for normal cooperation between enterprises of the two sides, the spokesperson said, expressing hope that the EU will remove more Chinese companies from its sanctions list.
China has recently received written applications from relevant EU enterprises seeking removal from China's export control list, and is currently assessing these applications and carrying out review procedures, the spokesperson added. ■
Photo caption: Photo taken on May 23, 2025 shows European Union flags at the European Commission headquarters in Brussels, Belgium. (Xinhua/Zhao Dingzhe)








