
ကျီနန်၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)
မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ကျီနင်မြို့ ကျားရှန်ခရိုင်သည် ရေခဲဆီးနှင်းလုပ်ငန်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများကို အမိအရ ဆုပ်ကိုင်ကာ ရေခဲဆီးနှင်း အားကစားဝတ်စုံ ထုတ်လုပ်မှုလုပ်ငန်းကို နက်ရှိုင်းစွာ ဆောင်ရွက်ခဲ့သည်။ သုတေသနနှင့် ဒီဇိုင်းရေးဆွဲခြင်း၊ အရန်ပစ္စည်း ဝယ်ယူခြင်း၊ ညှိနှိုင်းပူးပေါင်း ထုတ်လုပ်ခြင်း၊ တင်ပို့ပြသရောင်းချခြင်း စသည်တို့ကို တစ်စုတစ်စည်းတည်း ပေါင်းစပ်ထားသော ထုတ်လုပ်မှု ကွင်းဆက်တစ်ခုကို တည်ဆောက်ခဲ့သည်။
ထုတ်လုပ်မှုကွင်းဆက်ကိုလည်း တစ်မျိုးတည်းသော ဆီးနှင်းစကိတ် လက်အိတ်မှသည် ဆီးနှင်းစကိတ်ဝတ်စုံ၊ လေကာမိုးကာအင်္ကျီ အစရှိသည့် ရေခဲဆီးနှင်း အားကစားဝတ်စုံ အမျိုးအစားအားလုံးအထိ တိုးချဲ့ခဲ့ပြီး ထုတ်ကုန်များကို အမေရိကန်၊ အီတလီ၊ ဂျပန်၊ တောင်ကိုရီးယားစသည့် နိုင်ငံနှင့် ဒေသ ၆၀ ကျော်သို့ တင်ပို့ရောင်းချနိုင်ခဲ့သည်။ ထုတ်လုပ်မှုလုပ်ငန်း၏ နှစ်စဉ် တန်ဖိုးမှာ ယွမ် ၂.၅ ဘီလီယံသို့ ရောက်ရှိပြီး လူဦးရေ ၅၀,၀၀၀ နီးပါးအတွက် အလုပ်အကိုင်ပံ့ပိုးပေးခဲ့သည်။ ရေခဲဆီးနှင်း အားကစားဝတ်စုံ ထုတ်လုပ်မှုလုပ်ငန်းသည် ဒေသခံ ခရိုင်အဆင့် စီးပွားရေး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးသည့် ထူးခြားသော ဦးဆောင်လုပ်ငန်းကဏ္ဍများအနက် တစ်ခု ဖြစ်လာခဲ့သည်။ (Xinhua)
………………………….
(Chinese Version)
山东嘉祥:聚力发展冰雪运动服饰产业
新华社照片,济南,2026年11月26日
近年来,山东省济宁市嘉祥县抢抓冰雪经济发展机遇,深耕冰雪运动服饰产业,构建起集研发设计、辅料采购、协同加工、出口展销于一体的产业闭环。产业链也从单一滑雪手套,拓展至滑雪服、冲锋衣等全品类冰雪服饰,产品远销美国、意大利、日本、韩国等60多个国家和地区,产业年产值达25亿元,带动近5万人就业。冰雪运动服饰产业已成为当地助推县域经济高质量发展的特色主导产业之一。
图说1:11月25日,在山东建华中兴手套股份有限公司,企业负责人(右)在介绍滑雪手套。 新华社记者 郭绪雷 摄
图说2:11月25日,在济宁易成服饰有限公司展厅,企业负责人(左)在介绍滑雪服。新华社记者 郭绪雷 摄








