
တိုကျို၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံ တိုကျိုခရိုင်တရားရုံးက အောက်တိုဘာ ၁ ရက်တွင် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ (SDF) အရာရှိ Kodai Murata ၏ ဂျပန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးအတွင်းသို့ အတင်းအဓမ္မ ဝင်ရောက်ခြင်း အမှုအတွက် ပထမအကြိမ် လူသိရှင်ကြား ကြားနာစစ်ဆေးမှု ပြုလုပ်ခဲ့သည်။
ဂျပန် အစိုးရရှေ့နေဘက်က ပိုင်နက်ကျူးကျော်ဝင်ရောက်မှုနှင့် သံရုံးဝန်ထမ်းများကို ခြိမ်းခြောက်မှု စသည့် စွဲချက်များဖြင့် ၎င်းအား အမှုဖွင့် တရားစွဲဆိုခဲ့သည်။
ဂျပန် ကျိုဒိုသတင်းဌာန၏ သတင်းအရ Kodai Murata သည် ကြားနာစစ်ဆေးမှုတွင် အဆောက်အအုံအတွင်းသို့ ကျူးကျော်ဝင်ရောက်မှုနှင့် သေနတ်၊ ဓားဆိုင်ရာ ဥပဒေချိုးဖောက်မှု စွဲချက်များကို ဝန်ခံခဲ့သော်လည်း သံရုံးဝန်ထမ်းများကို ခြိမ်းခြောက်မှုဟူသော စွဲချက်နှင့်ပတ်သက်၍မူ “ပြစ်မှုမြောက်ခြင်းမရှိ” ဟု ၎င်း၏ ရှေ့နေအဖွဲ့က ယူဆသည်။
ယခုနှစ် မတ် ၂၄ ရက်တွင် ဂျပန် ကြည်းတပ်ကိုယ်တိုင်ကာကွယ်ရေးတပ်ဖွဲ့၌ တာဝန်ထမ်းဆောင်နေသည့် ဒုတိယဗိုလ် အဆင့်ရှိသူ Kodai Murata သည် ဓားယူဆောင်ကာ နံရံကိုကျော်၍ ဂျပန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးအတွင်းသို့ အတင်းအဓမ္မ ဝင်ရောက်ပြီး တရုတ် သံတမန်ဝန်ထမ်းများကို သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ခဲ့ရာ နောက်ပိုင်းတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ဩဂုတ်လတွင် ဂျပန် ကြည်းတပ်ကာကွယ်ရေးတပ်ဖွဲ့သည် Kodai Murata အား ရာထူးမှ ပယ်ထုတ် အရေးယူခဲ့သည်။
ဂျပန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးက သံရုံးအတွင်းသို့ ကျူးကျော်ဝင်ရောက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ဂျပန်ဘက်အား လေးနက်သော သဘောထားဖော်ပြချက်များ ပေးပို့ကာ ပြင်းထန်စွာ ကန့်ကွက်ကြောင်း ဖော်ပြခဲ့ပြီး ဂျပန်ဘက်အနေဖြင့် တာဝန်ယူမှုရှိသော ရှင်းလင်းဖြေရှင်းမှု ပြုလုပ်ရန် တောင်းဆိုခဲ့သည်။
ဂျပန်ဘက်အနေဖြင့် အမှန်တကယ် တာဝန်ယူရန်၊ ကျူးလွန်သူကို ပြင်းထန်စွာ အရေးယူရန်နှင့် အပြည့်အဝ စုံစမ်းစစ်ဆေးကာ ပြုပြင်ပြောင်းလဲရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ သို့သော် ယခုအချိန်အထိ ဂျပန်ဘက်က “စိတ်မကောင်းဖြစ်ရကြောင်း” ဟုသာ ဖော်ပြခဲ့ပြီး တောင်းပန်ခြင်း မပြုခဲ့ပေ။ (Xinhua)
……………………
(Chinese Version)
村田晃大强闯中国驻日使馆案在日首次公开庭审
新华社东京10月1日电(记者陈泽安 蓝建中)日本东京地方法院10月1日对日本自卫队官员村田晃大强闯中国驻日本大使馆案举行首次公开庭审。
日本检方以闯入建筑物、威胁使馆工作人员等罪名对其提起公诉。据日本共同社报道,村田晃大在庭审中承认了闯入建筑物和违反枪支刀具法的罪名,但对于威胁使馆工作人员的指控,其辩方认为“不构成犯罪”。
今年3月24日,日本陆上自卫队现役三等陆尉村田晃大携刀翻墙强行闯入中国驻日大使馆,威胁杀害中国外交人员,随后被警方逮捕。8月,日本陆上自卫队对村田晃大作出免职处分。
中国驻日使馆就闯馆事件向日方提出严正交涉并表示强烈抗议,要求日方作出负责任的交代。中国外交部表示,中方敦促日方切实负起责任,严惩凶犯、彻查整改。然而,截至目前,日方仅表示“遗憾”,并未道歉。(完)
图说:这是1月19日在日本东京拍摄的国会外景。新华社记者 贾浩成 摄






