
ပေကျင်း၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)
တရုတ်-ရုရှား နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး တည်ထောင်ခြင်း ၇၇ နှစ်မြောက် အထိမ်းအမှတ်နေ့ မကြာမီကျရောက်တော့မည်ဖြစ်သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက စက်တင်ဘာ ၃၀ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ မေးခွန်းတစ်ခုကို ဖြေကြားရာ၌ နှစ်နိုင်ငံအကြီးအကဲများ၏ ဦးဆောင်ပဲ့ကိုင်မှုအောက်တွင် တရုတ်-ရုရှား နှစ်နိုင်ငံ အနာဂတ်ဆက်ဆံရေးကို ပိုမိုကျယ်ပြန့်ကောင်းမွန်အောင်စဉ်ဆက်မပြတ် ဖန်တီးသွားနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
ရုရှားသတင်းထောက်တစ်ဦးက ယခုနှစ် အောက်တိုဘာ ၂ ရက်သည် ရုရှား-တရုတ် သံတမန်ဆက်ဆံရေး တည်ထောင်သည့် ၇၇ နှစ်မြောက် အထိမ်းအမှတ်နေ့ဖြစ်ကြောင်း၊ ၇၇ နှစ်ကြာ တိုးတက်ပြီးနောက် ရုရှား-တရုတ်ဆက်ဆံရေးသည် ခေတ်သစ်ဘက်စုံ မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးအဖြစ် အဆင့်မြင့်တက်လာပြီဖြစ်ကြောင်း၊ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၇၇ နှစ်မြောက် ဟူသည့် သမိုင်းအဆင့်အသစ်တွင် တရုတ်နိုင်ငံက နှစ်နိုင်ငံဆက်ဆံရေး၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအပေါ် မည်သည့်မျှော်မှန်းချက်များရှိသနည်းဟု မေးမြန်းခဲ့သည်။
ကောကျားခွန်းက တရုတ်-ရုရှားဆက်ဆံရေးသည် ၇၇ နှစ်ကြာ မိုးဒဏ်လေဒဏ်များကို ကျော်ဖြတ်လာရာ ရာသက်ပန် အိမ်နီးချင်းများအဖြစ် ချစ်ကြည်ရင်းနှီးမှု၊ ဘက်စုံမဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှု၊ အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်မှုကို ပိုမိုခိုင်မြဲစေခဲ့ပြီး နိုင်ငံတကာဆက်ဆံရေးပုံစံအသစ်ကို စံနမူနာပြနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ယခုနှစ် မေလနှင့် ဩဂုတ်လတွင် သမ္မတ ရှီကျင့်ဖိန်နှင့် သမ္မတ ပူတင်တို့သည် တရုတ်နိုင်ငံ ပေကျင်းမြို့နှင့် ကာဂျစ္စတန်နိုင်ငံ ဘစ်ရှ်ကက်မြို့တို့၌ နှစ်ကြိမ်တိုင်တွေ့ဆုံခဲ့ပြီး တရုတ်-ရုရှားဆက်ဆံရေးကို ပိုမိုအရည်အသွေး မြင့်မားသော၊ ဖွံ့ဖြိုးတိုးတက်မှု ပိုမိုမြန်ဆန်သော အဆင့်အသစ်သို့ ဝင်ရောက်ရန် ဦးဆောင်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“နှစ်နိုင်ငံအကြီးအကဲရဲ့ ဦးဆောင်ပဲ့ကိုင်မှုအောက်မှာ တရုတ်-ရုရှား နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး တည်ထောင်သည့် မူလရည်ရွယ်ချက်ကို ဆက်လက်အရင်းခံပြီး ဘက်စုံမဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းအောင်ဆောင်ရွက်ရင်း မိမိနိုင်ငံဖွံ့ဖြိုးတိုးရေးကို အရေးကြီးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ကာ အင်အားကြီးနိုင်ငံများဖြစ်ကြသည့်အလျောက် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုများကို တိုးတက်ကောင်းမွန်အောင် တာဝန်ယူခြင်းဖြင့် နှစ်နိုင်ငံဆက်ဆံရေးရဲ့ ပိုမိုကျယ်ပြန့်သောအနာဂတ်ကို အဆက်မပြတ် ဖန်တီးသွားမယ်လို့ ယုံကြည်ပါတယ်” ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။ (Xinhua)
---------------------
(Chinese Version)
外交部:中俄将不断开创两国关系更加广阔的未来
新华社北京9月30日电(记者伍岳、吴梦桐)中俄两国即将迎来建交77周年纪念日。外交部发言人郭嘉昆30日在例行记者会上答问时表示,相信在两国元首领航掌舵下,中俄将不断开创两国关系更加广阔的未来。
俄罗斯记者问:今年10月2日是俄中建交77周年纪念日。经过77年的发展,俄中关系已提升为新时代全面战略协作伙伴关系。站在建交77周年这一新历史节点上,中方对两国关系未来发展有何期待?
郭嘉昆说,中俄关系走过77年风雨历程,愈发坚定了永久睦邻友好、全面战略协作、互利合作共赢的相处之道,树立了新型国际关系的典范。
他说,今年5月和8月,习近平主席和普京总统在北京和比什凯克两度会晤,引领中俄关系进入更高质量、更快发展的新阶段。
“相信在两国元首领航掌舵下,中俄双方将秉持建交初心,深化全面战略协作,以促进各自国家发展振兴为重要使命,以改革完善全球治理为大国担当,不断开创两国关系更加广阔的未来。”郭嘉昆说。(完)








