ဂျပန်နိုင်ငံ အိုဆာကာမြို့တွင် ၂၀၂၆ ခုနှစ် စက်တင်ဘာ ၃၀ ရက်က တရုတ်အသင်းနှင့် တောင်ကိုရီးယားအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ အိုင်ချိ-နာဂိုယာ ၂၀၂၆ အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်၌ တရုတ်အသင်းမှ ဝမ်ယွိတုန့် ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)
ဂျပန်နိုင်ငံ အိုဆာကာမြို့တွင် ၂၀၂၆ ခုနှစ် စက်တင်ဘာ ၃၀ ရက်က တရုတ်အသင်းနှင့် တောင်ကိုရီးယားအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ အိုင်ချိ-နာဂိုယာ ၂၀၂၆ အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်၌ တရုတ်အသင်းမှ ဝမ်ယွိတုန့် ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

အိုဆာကာ၊ ဂျပန်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)

အိုင်ချိ-နာဂိုယာ အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်၌ တောင်ကိုရီးယားအသင်းမှ ဥရောပအခြေစိုက် ကစားသမားများနှင့် ရင်ဆိုင်ကစားခဲ့ပြီးနောက် တရုတ်အသင်း လူငယ်တိုက်စစ်ကစားသမား ဝမ်ယွိတုန့်က ၎င်း၏ကစားသမားဘဝ နောက်တစ်ဆင့်တက်လှမ်းနိုင်ရန် ဥရောပလိဂ်များတွင် သွားရောက်ကစားလိုကြောင်း စက်တင်ဘာ ၃၀ ရက်၌ ဖွင့်ဟပြောဆိုခဲ့သည်။

အာရှအားကစားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်၌ တရုတ်အသင်းက တောင်ကိုရီးယားအသင်းကို ဝမ်၏သွင်းဂိုးဖြင့် စောစောစီးစီး ဦးဆောင်နိုင်ခဲ့သော်လည်း ပွဲအပြီးတွင် ၁-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

"ကျွန်တော်တို့နဲ့ အာရှထိပ်တန်းအသင်းတွေကြားက ကွာဟချက်ဟာ တဖြည်းဖြည်း ကျဉ်းမြောင်းလာပြီလို့ ထင်ပါတယ်" ဟု အသက် ၂၀ အရွယ် အဆိုပါကစားသမားက ပွဲအပြီးတွင် ပြောကြားခဲ့သည်။ "ခန္ဓာကိုယ် ကြံ့ခိုင်မှုပိုင်းမှာဆိုရင် တောင်ကိုရီးယားနဲ့ ယှဉ်နိုင်စွမ်းရှိတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ နည်းစနစ်ပိုင်းအရလည်း ဒီပွဲမှာ ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ခဲ့ပြီး သူတို့အတွက် အပိုင်ဂိုးသွင်းခွင့်တွေ အများကြီးမပေးခဲ့ရပါဘူး" ဟုလည်း ၎င်းက ဆိုသည်။

အင်္ဂလန်ဒုတိယတန်း ချန်ပီယံရှစ်ကလပ် ဆွမ်ဆီးစီးတီးအသင်းတွင် ကစားနေပြီး ၎င်းနည်းတူ တိုက်စစ်နေရာတွင် ကစားနေသည့် တောင်ကိုရီးယားအသင်းမှ အွမ်ဂျီဆန်အကြောင်းကိုလည်း ဝမ်က ထည့်သွင်းပြောကြားခဲ့သည်။

"တောင်ကိုရီးယားအသင်းက နံပါတ် ၇ ကစားသမားဟာ ကျွန်တော်နဲ့ ကစားတဲ့နေရာချင်း တူသလို ကစားဟန်လည်းတူပါတယ်။ သူ့ရဲ့ နေရာယူလှုပ်ရှားပုံနဲ့ ခြေထဲမှာဘောလုံးရှိနေချိန် ဆုံးဖြတ်ချက်ချပုံတွေက သိပ်ကိုအထင်ကြီးစရာကောင်းပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူက အင်္ဂလန်ချန်ပီယံရှစ်မှာ ကစားနေတဲ့သူဆိုတော့ ကျွန်တော် သူ့ဆီကနေ သင်ယူစရာတွေ အများကြီးရှိပါတယ်" ဟု ဝမ်က ဆိုသည်။

အဆိုပါအတွေ့အကြုံက ဥရောပဘောလုံးလောကတွင် သွားရောက်ကစားလိုသည့် ဝမ်၏ဆန္ဒကို ပိုမိုခိုင်မာစေခဲ့သည်။

"ပထမဆုံးလုပ်ရမှာက အဲဒီခြေလှမ်းကို စလှမ်းပြီး ကြိုးစားကြည့်ဖို့ပဲလို့ ထင်ပါတယ်" ဟု ၎င်းက ဆိုသည်။ "ဘာပဲဖြစ်ဖြစ် ပြည်ပကိုထွက်ပြီး ဘောလုံးလောကရဲ့ လှုပ်ရှားမှုပုံစံနဲ့ ဘဝအတွေ့အကြုံတွေကို ခံစားကြည့်ချင်ပါတယ်။ ပြည်ပထွက်ကစားမယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရမှာပါ" ဟု ၎င်း၏ အနာဂတ်နှင့်ပတ်သက်၍ မေးမြန်းမှုကို ဝမ်က ပြန်လည်ဖြေကြားခဲ့သည်။

ယခုနှစ်မှာ ပြည်ပသို့ထွက်ကစားရန် အချိန်အခါကောင်းဟုတ်မဟုတ်ကို မေးမြန်းရာတွင် ဝမ်က ထည့်သွင်းစဉ်းစားရမည့် အကြောင်းရင်းများစွာ ရှိနေသေးသည်ဟု ပြန်လည်ဖြေကြားခဲ့သည်။

"စဉ်းစားစရာတွေ အများကြီးရှိနေတာမို့လို့ အစစအရာရာကို အလုံးစုံသုံးသပ်ရမှာပါ။ အခွင့်အရေးတစ်ခု ပေါ်လာမယ်ဆိုရင်တော့ အဲဒီခြေလှမ်းကို ကျွန်တော် ကျိန်းသေပေါက်လှမ်းမှာပါ။ အဲဒီလိုခြေတစ်လှမ်း လှမ်းလိုက်ပြီဆိုတာနဲ့ အရာရာက ပိုမိုကောင်းမွန်လာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်" ဟု ၎င်းက ဆိုသည်။

တရုတ်အသင်းအနေဖြင့် ဂျပန်နှင့် ဥဇဘက်ကစ္စတန်အသင်းတို့၏ ဆီမီးဖိုင်နယ်ပွဲစဉ်မှ ရှုံးနိမ့်သည့်အသင်းနှင့် အောက်တိုဘာ ၃ ရက်တွင် တတိယနေရာလုပွဲ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ဝမ်ကမူ အသင်းအနေဖြင့် ယခုပြိုင်ပွဲကို ဆုတံဆိပ်တစ်ခုဖြင့် အဆုံးသတ်နိုင်မည်ဟု ယုံကြည်ထားဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

ဂျပန်နိုင်ငံ အိုဆာကာမြို့တွင် ၂၀၂၆ ခုနှစ် စက်တင်ဘာ ၃၀ ရက်က တရုတ်အသင်းနှင့် တောင်ကိုရီးယားအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ အိုင်ချိ-နာဂိုယာ ၂၀၂၆ အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်၌ တရုတ်အသင်းမှ ဝမ်ယွိတုန့် (ယာ) ဂိုးသွင်းယူနေစဉ် (ဆင်ဟွာ)
ဂျပန်နိုင်ငံ အိုဆာကာမြို့တွင် ၂၀၂၆ ခုနှစ် စက်တင်ဘာ ၃၀ ရက်က တရုတ်အသင်းနှင့် တောင်ကိုရီးယားအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ အိုင်ချိ-နာဂိုယာ ၂၀၂၆ အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်၌ တရုတ်အသင်းမှ ဝမ်ယွိတုန့် (ယာ) ဂိုးသွင်းယူနေစဉ် (ဆင်ဟွာ)

..................................

(English Version)

China's forward Wang Yudong keen to step into European football

OSAKA, Japan, Sept. 30 (Xinhua) -- China's young forward Wang Yudong said Wednesday that he hopes to take the next step in his career by playing in Europe after testing himself against South Korea's European-based players in the men's football semifinal at the Aichi-Nagoya Asian Games.

China lost 2-1 to South Korea in the semifinal despite taking an early lead through Wang.

"I feel the gap between us and the top Asian teams is narrowing," the 20-year-old said after the match. "Physically, I believe we are comparable to South Korea. Tactically, we performed well in this game and did not give them many clear chances."

Wang also highlighted South Korea's Eom Ji-sung, who plays for Swansea City in the English second-tier Championship and operates in a similar position.

"South Korea's No. 7 plays in the same position as me and has a similar style," Wang said. "His movement and decision-making on the ball are really impressive. After all, he is playing in the English Championship, and there is still a lot I can learn from him."

The experience has strengthened Wang's desire to try in European football.

"I think the first thing is to take that step and give it a try," Wang said when asked about his future. "No matter what, I want to experience life and the rhythm of football outside China. Once you go abroad, you have to rely on your own."

Asked whether this year would be the right time for him to move overseas, Wang said there were many factors to consider.

"There are many things that need to be taken into consideration, so we have to look at everything as a whole," he said. "If there is an opportunity, I will definitely take that step. Once you take that step, I think things will become much better."

China will play the loser of the other semifinal between Japan and Uzbekistan in the bronze-medal match on Saturday. Wang remains confident that the team can finish the tournament with a medal.

Photo caption 1: Wang Yudong of China celebrates scoring during the semifinals of men's football between China and South Korea at 20th Asian Games Aichi-Nagoya 2026 in Osaka, Japan, Sept. 30, 2026. (Xinhua/Lui Siu Wai)

Photo caption 2: Wang Yudong (R) of China takes a scoring shot during the men's semifinals of football between China and South Korea at 20th Asian Games Aichi-Nagoya 2026 in Osaka, Japan, Sept. 30, 2026. (Xinhua/Lui Siu Wai)