
နာဂိုယာ၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)
စက်တင်ဘာ ၂၈ ရက်က ယှဉ်ပြိုင်ခဲ့သည့် ၂၀၂၆ အာရှအားကစားပြိုင်ပွဲ စားပွဲတင်တင်းနစ် အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲတွင် တရုတ်နိုင်ငံမှ လျင်ရှီးတုန်းက တစ်နိုင်ငံတည်းသားဖြစ်သူ ဝမ်ချူချင်းကို ၄ ပွဲပြတ် အနိုင်ရရှိကာ ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ပြီး ယခုပြိုင်ပွဲတွင် ၎င်းအတွက် တတိယမြောက် ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့ခြင်းနှင့်အတူ စားပွဲတင်တင်းနစ် အားကစားပြိုင်ပွဲမှာလည်း ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။
ထို့ပြင် အမျိုးသမီးနှစ်ယောက်တွဲ ဗိုလ်လုပွဲတွင်လည်း တရုတ်နိုင်ငံမှ ခွိုင်မန့်နှင့် ဝမ်မန့်ယွိတို့အတွဲက ဂျပန်နိုင်ငံမှ မိဝါ ဟာရိမိုတိုနှင့် ဟိနာ ဟာယာတာတို့အတွဲကို ၄ ပွဲပြတ် အနိုင်ယူကာ ရွှေတံဆိပ်ဆွတ်ခူးနိုင်ခဲ့သည်။
အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲ၌ လျင်က ပွဲကိုအကောင်းဆုံးစတင်နိုင်ခဲ့ပြီး ပထမပွဲငယ်နှင့် ဒုတိယပွဲငယ်တို့တွင် ၁၁-၅၊ ၁၁-၈ မှတ်ဖြင့် အနိုင်ရရှိခဲ့သည်။ တတိယပွဲငယ်တွင် ၁၁-၁၀ ဖြင့် နောက်ကောက်ကျနေသော်လည်း လျင်က သုံးမှတ်ဆက်တိုက်ယူကာ ၁၃-၁၁ မှတ်ဖြင့် အနိုင်ရရှိခဲ့သလို စတုတ္ထပွဲငယ်တွင်လည်း ၁၁-၅ မှတ်ဖြင့် ထပ်မံအနိုင်ရရှိခဲ့သဖြင့် အာရှအားကစားပြိုင်ပွဲ တစ်ဦးချင်းရွှေတံဆိပ်ကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့သည်။
ယခုဗိုလ်လုပွဲမှာ ၎င်းအနေဖြင့် အမျိုးသားအသင်းလိုက်၊ အမျိုးသားနှစ်ယောက်တွဲနှင့် အမျိုးသား၊အမျိုးသမီး နှစ်ယောက်တွဲ ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးနောက် အာရှအားကစားပြိုင်ပွဲတွင် ယှဉ်ပြိုင်ကစားသည့် ပွဲ ၂၀ မြောက် ပွဲစဉ်လည်းဖြစ်သည်။ စက်တင်ဘာ ၂၈ ရက် ဗိုလ်လုပွဲမတိုင်မီကပင် ၎င်းအနေဖြင့် အမျိုးသား၊ အမျိုးသမီး နှစ်ယောက်တွဲနှင့် အမျိုးသားနှစ်ယောက်တွဲ ပြိုင်ပွဲတို့တွင် ရွှေတံဆိပ်နှစ်ခုနှင့် အမျိုးသား အသင်းလိုက်ပြိုင်ပွဲတွင် ငွေတံဆိပ်တစ်ခု ရရှိထားပြီးဖြစ်သည်။
"ဒါက ကျွန်တော့်ရဲ့ ပထမဆုံး အာရှအားကစားပြိုင်ပွဲဖြစ်လို့ မသေချာမရေရာမှုတွေ အများကြီးရှိခဲ့တာပေါ့" ဟု လျင်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။ "ပြိုင်ဆိုင်မှု သိပ်ပြင်းထန်သလို ဖိအားတွေလည်း တော်တော်များပြီး ပြိုင်ဘက်တွေအားလုံးကလည်း သိပ်ကိုလက်စွမ်းကောင်းကြတယ်။ ကျွန်တော်လုပ်နိုင်တာကတော့ ကိုယ့်ကိုယ်ကိုယ် အာရုံစိုက်ပြီး ရမှတ်တစ်မှတ်ချင်းစီကို အရယူဖို့ပါပဲ" ဟု ၎င်းက ဆက်လက်ပြောသည်။
တရုတ် (ထိုင်ပေ) မှ လျင်ယွင်ရူ နှင့် အီရန်နိုင်ငံမှ နိုရှက် အလာမီယန်တို့က ကြေးတံဆိပ် ဆွတ်ခူးနိုင်ခဲ့သည်။
အမျိုးသမီးနှစ်ယောက်တွဲ ဗိုလ်လုပွဲတွင် ခွိုင်နှင့် ဝမ်တို့အတွဲက ပထမပွဲငယ်၌ ၁၁-၀ မှတ်ဖြင့် အပြတ်အသတ် အနိုင်ယူကာ တာထွက်ကောင်းမွန်ခဲ့သလို ဒုတိယပွဲငယ်၌လည်း ၁၂-၁၀ မှတ်ဖြင့် အကြိတ်အနယ်ကစားကာ အနိုင်ယူခဲ့သည်။
၎င်းတို့အတွဲက ကျန်ပွဲငယ်များကိုလည်း ၁၁-၄၊ ၁၁-၉ မှတ်ဖြင့် ထပ်မံအနိုင်ရရှိခဲ့ကာ ပွဲကစားချိန် ၃၆ မိနစ်အတွင်း အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
တရုတ် (ဟောင်ကောင်) မှ သုခိုင်ချင် နှင့် ဝူရုန်လျင် ၊ ထိုင်းနိုင်ငံမှ Suthasini Sawettabut နှင့် Orawan Paranang တို့က ကြေးတံဆိပ် ဆွတ်ခူးနိုင်ခဲ့ကြသည်။
ယခုကဲ့သို့ အနိုင်ရရှိမှုကြောင့် ခွိုင်နှင့် ဝမ်တို့နှစ်ဦးစလုံးသည် ယခုအကြိမ် အာရှအားကစားပြိုင်ပွဲတွင် တတိယမြောက် ရွှေတံဆိပ်ဆုများ ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။ တရုတ်အသင်းအနေဖြင့် အစောပိုင်းတွင် အမျိုးသမီးအသင်းလိုက် ချန်ပီယံဆု ဆွတ်ခူးထားနိုင်ခဲ့သလို ဝမ်ကလည်း စက်တင်ဘာ ၂၇ ရက်က ယှဉ်ပြိုင်ခဲ့သည့် အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲတွင် တစ်နိုင်ငံတည်းသူ စွန်းရင်ဆားကို ၄-၂ ပွဲဖြင့် အနိုင်ယူကာ ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့ပြီးဖြစ်သည်။
တရုတ်နိုင်ငံအနေဖြင့် အာရှအားကစားပြိုင်ပွဲ စားပွဲတင်တင်းနစ် အားကစားတွင် ရွှေတံဆိပ်ခုနစ်ခုအနက် ခြောက်ခုအထိ ဆွတ်ခူးနိုင်ခဲ့ပြီး အမျိုးသားအသင်းလိုက် ချန်ပီယံဆုကိုသာ လွဲချော်ခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံက ငွေတံဆိပ်လေးခုနှင့် ကြေးတံဆိပ်တစ်ခုကိုလည်း ဆွတ်ခူးနိုင်ခဲ့ကာ ဂျပန်နိုင်ငံကမူ ရွှေတံဆိပ် တစ်ခု၊ ငွေတံဆိပ်သုံးခုနှင့် ကြေးတံဆိပ်သုံးခု အသီးသီးဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)
.................................
(English Version)
Asian Games | Lin wins men's singles for third gold as China takes six table tennis titles
NAGOYA, Japan, Sept. 28 (Xinhua) -- China's Lin Shidong swept compatriot Wang Chuqin 4-0 to win the men's singles title and also his third gold here as table tennis competition concluded at the 2026 Asian Games on Monday.
China also took the women's doubles title, with Kuai Man and Wang Manyu beating Japan's Miwa Harimoto and Hina Hayata 4-0.
Lin made a strong start in the men's singles final, taking the first two games 11-5, 11-8. He trailed 11-10 in the third but reeled off three straight points to win 13-11 before taking the fourth 11-5 to capture his first Asian Games singles gold.
The final was Lin's 20th match of the Games after he also competed in men's team, men's doubles and mixed doubles events. He had already won two gold medals in mixed and men's doubles and a silver in men's team before Monday's final.
"This is my first Asian Games, so there was a lot of uncertainty," Lin said. "The intensity was very high, the pressure was huge, and the opponents were all very strong. All I could do was focus on myself and take it one point at a time."
Chinese Taipei's Lin Yun-ju and Iran's Noshad Alamiyan took bronze.
In the women's doubles final, Kuai and Wang made a blistering start by winning the opening game 11-0 before edging a tighter second 12-10.
The Chinese pair took the next two games 11-4, 11-9 to complete the victory in 36 minutes.
Doo Hoi Kem and Ng Wing Lam from Hong Kong, China and Thailand's Suthasini Sawettabut and Orawan Paranang took bronze.
The victory gave both Kuai and Wang their third gold medals of the Games. China had earlier won the women's team title, while Wang defeated compatriot Sun Yingsha 4-2 in Sunday's women's singles final.
China finished the table tennis competition with six of the seven gold medals available, missing out only the men's team title. China also collected four silvers and one bronze, while Japan finished with one gold, three silvers and three bronzes.
Photo caption 1: Lin Shidong of China hits a return to Wang Chuqin of China during the men's singles final match of table tennis at the 20th Asian Games Aichi-Nagoya 2026 in Toyota of Aichi Prefecture, Japan, Sept. 28, 2026. (Xinhua/Wang Fei)
Photo caption 2: Gold medalist Lin Shidong of China poses during the awarding ceremony for the men's singles of table tennis at the 20th Asian Games Aichi-Nagoya 2026 in Toyota of Aichi Prefecture, Japan, Sept. 28, 2026. (Xinhua/Cheong Kam Ka)








