အမေရိကန်နိုင်ငံ ဒယ်လက်စ်မြို့ရှိ ဒယ်လက်စ်ကွင်း၌ ကစားခဲ့သည့် ပြင်သစ်နှင့် စပိန်အသင်းတို့၏ ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲအပြီးတွင် အောင်ပွဲခံနေကြသည့် စပိန်အသင်းမှ ကစားသမားများကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၄ ရက်က တွေ့ရစဥ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ ဒယ်လက်စ်မြို့ရှိ ဒယ်လက်စ်ကွင်း၌ ကစားခဲ့သည့် ပြင်သစ်နှင့် စပိန်အသင်းတို့၏ ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲအပြီးတွင် အောင်ပွဲခံနေကြသည့် စပိန်အသင်းမှ ကစားသမားများကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၄ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

မက်ဒရစ်၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)

နိုင်ငံတကာပွဲစဉ်ကာလအတွင်း စပိန်အသင်းသည် ယူအီးအက်ဖ်အေနေးရှင်းလိဂ် ဒုတိယမြောက်ပွဲစဥ်အဖြစ် စက်တင်ဘာ ၂၉ ရက် ညပိုင်းတွင် ခရိုအေးရှားအသင်းကို ဆီဗီးလ်မြို့ရှိ Sanchez Pizjuan ကွင်း၌  ဧည့်ခံကစားရမည်ဖြစ်သည်။

စပိန်အသင်းသည် စက်တင်ဘာ ၂၆ ရက် ညပိုင်းက အင်္ဂလန်အသင်းကို ဝင်ဘလေကွင်းတွင်  ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ယခုပွဲကို ကစားရခြင်းဖြစ်ပြီး အနိုင်ပွဲထပ်မံရရှိခဲ့ပါက အောက်တိုဘာ ၁ ရက်၌ ချက်နိုင်ငံအသင်းနှင့် ကစားရမည့် အိမ်ကွင်းပွဲစဉ်မတိုင်မီ နေးရှင်းလိဂ်ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ရေးအတွက် ခိုင်မာသောအနေအထားတစ်ခုကို ရရှိမည်ဖြစ်သည်။

ခရိုအေးရှားအသင်းကလည်း ချက်နိုင်ငံပရက်ဂ်မြို့တွင်  လူကာမိုဒရစ်၊ မာကိုပါဆာလစ်တို့၏သွင်းဂိုးများဖြင့် ချက်အသင်းကိုအနိုင်ရခဲ့သည့် ၎င်းတို့၏အဖွင့်ပွဲအနိုင်ရလဒ်အပေါ် အခြေခံကာ အောင်မြင်မှုဆက်လက်ရယူနိုင်ရန် ရည်မှန်းနေသည်။

အဲရစ်ဂါဆီယာက အသေးစားဒူးဒဏ် ရာပြဿနာကြောင့် အသင်းမှနုတ်ထွက်သွားခဲ့ရပြီးနောက် စပိန်အသင်းနည်းပြလူးဝစ်ဒယ်လာဖွန်တေးက အက်သလက်တီကိုမက်ဒရစ်အသင်းနောက်ခံလူ ရော်ဘင်လီနော်မန်ကို အသင်းလူစာရင်းသို့ စက်တင်ဘာ ၂၈ ရက်က ခေါ်ယူခဲ့သည်။ နှစ်ပတ်အတွင်းကစားရမည့် ပွဲစဥ် ၄ ပွဲနှင့်အတူ စပိန်အသင်းနည်းပြ လူးဝစ်ဒယ်လာဖွန်တေးကလည်း စက်တင်ဘာ ၂၉ ရက်ညတွင် ကစားရမည့်ပွဲ၌ လူစာရင်းအပြောင်းအလဲများ ထပ်မံပြုလုပ်ဖွယ်ရှိနေသည်။

ဂိုးသမားနေရာတွင် အူနိုင်းဆိုင်မွန်အစား ဒေးဗစ်ရာယာက ပွဲထွက်ကစားခွင့်ရဖွယ်ရှိနေသလို ခံစစ်ပိုင်းတွင်လည်း မာ့စ်ကူကူရယ်လာနှင့် အမ်မာရစ်လာပေါ့တို့၏နေရာများ၌ အဲလက်စ်ဂရင်မယ်ဒိုနှင့် ဒင်းဟွေဆန်တို့ ဝင်ရောက် အစားထိုးကစားဖွယ် ရှိနေသည်။

အင်္ဂလန်အသင်းနှင့်ကစားခဲ့သည့်ပွဲတွင် မိနစ် ၂၀ ကြာ ကစားခွင့်ရရှိခဲ့ပြီး ခြေစွမ်းကောင်းပြသနိုင်ခဲ့သည့် ပက်ဒရီက ဖေဘီယန်ရုဇ်၏နေရာတွင် ဝင်ရောက်ကစားဖွယ်ရှိနေသလို ရိုဒရီဟာနန်ဒက်ဇ်၏နေရာတွင် မာတင်ဇူဘီမန်ဒီ၊ ဒါနီအိုလ်မို၏နေရာတွင် ဖာမင်းလိုပက်ဇ် သို့မဟုတ် မီခေးလ်မာရီနိုတို့ ကစားနိုင်ခြေလည်း ရှိနေသည်။

ခရိုအေးရှားအသင်းနှင့်ကစားရမည့်ပွဲမှာ နွေရာသီကာလအတွင်းက ကမ္ဘာ့ဖလားချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီးနောက် စပိန်အသင်း၏ ပထမဆုံးအိမ်ကွင်းပွဲစဉ်လည်းဖြစ်ရာ ဆီဗီးလ်မြို့ရှိ Sanchez Pizjuan ကွင်းတွင် ပရိသတ်ကွင်းလုံးပြည့်ဖြစ်နေမည်ဖြစ်သည်။ အလားတူ စပိန်အသင်းနည်းပြ ဒယ်လာဖွန်တေးနှင့် ကစားသမားများကလည်း လက်ရှိ အရှိန်အဟုန်ပုံစံကောင်းကို ဆက်လက်ထိန်းသိမ်းကာ ၎င်းတို့၏ ရှုံးပွဲမရှိစံချိန်ကိုလည်း ပွဲ ၄၀ အထိ တိုးမြှင့်နိုင်ရန် ရည်မှန်းနေကြသည်။ (Xinhua)

...................................

(English version)

Spain looks to extend unbeaten run to 40 matches against Croatia in Nations League

MADRID, Sept. 28 (Xinhua)

Spain plays its second UEFA Nations League match of the international break on Tuesday night when Croatia visits the Sanchez Pizjuan Stadium in Seville.

Spain goes into the match following its 3-2 win over England at Wembley on Saturday night, knowing that another victory would put it firmly on course to qualify for the quarterfinals ahead of Saturday's home match against the Czech Republic.

Croatia, meanwhile, will look to build on its opening victory in Prague, secured with goals from Luka Modric and Marco Pasalic.

Spain coach Luis de la Fuente called Atletico Madrid defender Robin Le Normand into his squad on Sunday after Eric Garcia withdrew with a minor knee problem. With four matches in under two weeks, De la Fuente is expected to make further changes on Tuesday night.

David Raya has a chance of starting in goal ahead of Unai Simon, while Alex Grimaldo and Dean Huijsen could replace Marc Cucurella and Aymeric Laporte in defense.

Pedri, who impressed during his 20 minutes against England, could replace Fabian Ruiz, with Martin Zubimendi coming in for Rodri Hernandez and either Fermin Lopez or Mikel Merino replacing Dani Olmo.

There will be a full house in Seville for Spain's first match on home soil since winning the World Cup in the summer, and De la Fuente and his players will look to maintain the momentum as they seek to extend their unbeaten run to 40 matches. ■

Photo caption: Players of team Spain celebrate victory after the semifinal match between France and Spain at the 2026 FIFA World Cup at Dallas Stadium in Dallas, the United States, July 14, 2026. (Xinhua/Hu Xingyu)