
ရီယိုဒီဂျနေရိုး၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)
ဖလာမင်ဂိုအသင်း ကွင်းလယ်ကစားသမား ဂျော်ဂျီယန်ဒယ်အာရက်စ်ဆီတာ ဘယ်ဘက်လက်ကောက်ဝတ် အရိုးကျိုးသွားသည့်အတွက် ခွဲစိတ်မှုခံယူရမည်ဖြစ်ကြောင်း ဘရာဇီးကလပ်အသင်းက စက်တင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။
အသက် ၃၂ နှစ်အရွယ် ကစားသမားသည် ဆိုးလ်မြို့တွင် စက်တင်ဘာ ၂၈ ရက်က တောင်ကိုရီးယားအသင်းကို ၄-၁ ဂိုးနဲ့ အနိုင်ရခဲ့သည့် ဥရုဂွေးအသင်း၏ခြေစမ်းပွဲ၌ ပါဝင်ကစားရင်း အဆိုပါဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။
“ဂျော်ဂျီယန် သည် ဘရာဇီးနိုင်ငံသို့ ပြန်လာမည်ဖြစ်ပြီး ခွဲစိတ်မှုမပြုလုပ်မီ ၎င်း၏အခြေအနေကို ပြန်လည်စစ်ဆေးမှုများပြုလုပ်ကာ သက်သာကောင်းမွန်လာရန် ကုသမှုဆက်လက်ခံယူသွားမည်ဖြစ်ကြောင်း” ဖလာမင်ဂိုအသင်း၏ တရားဝင်ဝက်ဘ်ဆိုက်ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောကြားခဲ့သည်။
ရီယိုဒီဂျနေးရိုးအခြေစိုက်ကလပ်အသင်းက အဆိုပါထူးချွန်သည့်ကစားသမား မည်မျှကြာအနားယူရမည်ဆိုသည်ကို ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း ၎င်းသည် အောက်တိုဘာ ၁၅ ရက်နဲ့ ၂၂ ရက်တို့တွင် နှစ်ကျော့ကစားမည့် Estudiantes အသင်းနှင့် ဖလာမင်ဂိုအသင်းတို့၏ ဆီမီးဖိုင်နယ်ပွဲစဉ်များ လွဲချော်နိုင်သည့်အခြေအနေရှိကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သည်။
ဒယ်အာရက်စ်ဆီတာသည် ၂၀၁၉ ခုနှစ်တွင် ခရူဇီယိုအသင်းမှ ပြောင်းရွှေ့လာခဲ့ပြီးနောက် ဖလာမင်ဂိုအသင်းအတွက် ပွဲပေါင်း ၃၈၉ ပွဲ ပါဝင်ကစားထားပြီး ၁၀၇ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၁၁၉ ကြိမ် ပြုလုပ်ထားသူဖြစ်ကြောင်းသိရသည်။ (Xinhua)
…………….
(English Version)
De Arrascaeta to undergo surgery on broken wrist
RIO DE JANEIRO, Sept. 28 (Xinhua) -- Flamengo midfielder Giorgian de Arrascaeta will undergo surgery to repair a fracture in his left wrist, the Brazilian club said on Monday.
The 32-year-old sustained the injury while playing for Uruguay in its 4-1 friendly win over South Korea in Seoul on Monday.
"[Giorgian] will return to Brazil, where he will be re-evaluated before the procedure and continue his recovery," Flamengo said in a statement on its official website.
The Rio de Janeiro club did not say how long the playmaker would be sidelined, but local media said he was in danger of missing Flamengo's Copa Libertadores semifinal against Estudiantes, to be played over two legs on October 15 and 22.
De Arrascaeta has made 389 appearances for Flamengo, scoring 107 goals and providing 119 assists, following his 2019 move from Cruzeiro.
Photo caption: Matheus Bidu (L) of Corinthians challenges Giorgian de Arrascaeta of Flamengo for the ball during the 2026 Supercopa do Brasil final match between Corinthians and Flamengo in Brasilia, Brazil, Feb. 1, 2026. (Photo by Lucio Tavora/Xinhua)








