
ဒိုဟာ၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)
ကာတာနိုင်ငံ၌ ကျင်းပနေသည့် ဖီဖာယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု H ၏ ဒုတိယမြောက်ပွဲစဉ်ဖြစ်သော နိုဝင်ဘာ ၂၃ ရက် ပွဲစဉ်တွင် တရုတ်အသင်းသည် နှစ်ဂိုးဖြင့် ဦးဆောင်ခဲ့သော်လည်း အချိန်ပိုတွင် ချေပဂိုးပေးလိုက်ရခြင်းကြောင့် မော်ရိုကိုအသင်း၂ ဂိုးစီ သရေကျခဲ့သည်။
၂၁ နှစ်အကြာမှ ဤပြိုင်ပွဲကို ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခွင့်ရခဲ့သည့် တရုတ်အသင်းသည် နိုဝင်ဘာ ၂၀ ရက် အဖွင့်ပွဲစဉ်တွင် စပိန်အသင်းအား ၅ ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ရာမှ ပြန်လည်ရုန်းထွက်နိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး မော်ရိုကိုအသင်းကမူ ဖီဂျီအသင်းကို ၆ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိထားသည်။
တရုတ်အသင်းသည် ပွဲစကတည်းက ပြိုင်ဘက်ကို ခြေစွမ်းအသာစီးဖြင့် ဖိအားပေးသည့် ကစားကွက်ဖော်နိုင်ခဲ့ပြီး ပွဲချိန် ၂ မိနစ်တွင် ဦးဆောင်ဂိုး ရရှိခဲ့သည်။ ကျောက် သည် တိုက်စစ်ဇုန်အတွင်း၌ ဘောလုံးကို ကြားဖြတ်ရယူကာ ပင်နယ်တီဧရိယာအတွင်းသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာပြီး ဘယ်ခြေဖြင့် တည်တည်ငြိမ်ငြိမ် အဆုံးသတ်ကာ တရုတ်အသင်းအတွက် ပထမဆုံးသွင်းဂိုးကို သွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။
စောစီးစွာ ဦးဆောင်ဂိုး ရရှိခဲ့ခြင်းက တရုတ်အသင်းကို ယုံကြည်မှု ပိုမိုအားကောင်းစေခဲ့ပြီး ပထမပိုင်းအတွင်း ကျောက် ၊ ဝမ့်ရှန့် နှင့် ခွမ့်ကျောက်လေ တို့သည် တန်ပြန်တိုက်စစ်ဆင်မှုများမှတစ်ဆင့် ပြိုင်ဘက်အသင်းကို ခြိမ်းခြောက်မှုများ ပြုလုပ်နိုင်ခဲ့သည်။
အသင်းလိုက် ချိတ်ဆက်မှု ကောင်းမွန်သည့် ကစားပုံမှတစ်ဆင့် ပွဲချိန် ၅၇ မိနစ်တွင် တရုတ်အသင်းက ဒုတိယမြောက် ဦးဆောင်ဂိုးကို ရရှိခဲ့သည်။ ညာဘက်အခြမ်းမှ ဟယ်စီးဖန် ၏ အနိမ့်ဘော ပေးပို့မှုကို ကျောက် က အနီးကပ် ပိတ်သွင်းယူခဲ့ခြင်း ဖြစ်သည်။
ထို့နောက် ၇ မိနစ်အကြာတွင် မော်ရိုကိုအသင်းက ချေပဂိုးတစ်ဂိုး ပြန်လည်ရရှိခဲ့ပြီး ပယ်နယ်တီဧရိယာအတွင်း နန်ကျစ်ရွှင်း က ပြိုင်ဘက်ကို ဆွဲထားခဲ့သောကြောင့် ရရှိသည့် ပယ်နယ်တီကို Ziyad Baha က အမှားအယွင်းမရှိ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့သည်။
တရုတ်အသင်း ကစားသမားများ ပင်ပန်းနွမ်းနယ်လာသည့်အတွက် မော်ရိုကိုအသင်းသည် ချေပဂိုး ထပ်မံသွင်းယူနိုင်ရန် ဖိအားများ ပိုမိုပေးလာခဲ့သည်။
ထပ်ဆောင်းအချိန်ပို ၉ မိနစ်အရောက်တွင် Rami Lougmani က ဂိုးဧရိယာအတွင်း ဘောလုံးကို အရယူကာ ပိတ်ဆို့ထားသည့် တရုတ်အသင်း ခံစစ်ကစားသမားများ ကြားထဲမှ ထိုးဖောက်၍ ဂိုးတိုင်အနီးထောင့်သို့ ကန်သွင်းကာ အသင်းအတွက် အဖိုးတန် သရေတစ်မှတ်ကို ရယူပေးနိုင်ခဲ့သည်။ (Xinhua)
…………………
(English version)
China squanders two-goal lead in U17 World Cup draw with Morocco
DOHA, Nov. 23 (Xinhua) -- China squandered a two-goal lead to draw 2-2 with Morocco in its second Group H match at the FIFA U17 World Cup in Qatar on Monday, as Zhao Songyuan's double was canceled out by a stoppage-time equalizer.
China, making its first appearance at the tournament in 21 years, was looking to bounce back from a 5-0 defeat to Spain in its opening match on Friday, while Morocco had beaten Fiji 6-0.
China adopted a high-pressing approach from the outset and took the lead after just two minutes when Zhao intercepted the ball in the attacking half, surged into the penalty area and finished calmly with his left foot for China's first goal of the tournament.
The early breakthrough boosted China's confidence, with Zhao, Wan Xiang and Kuang Zhaolei all threatening on counterattacks during the first half.
China doubled its advantage in the 57th minute when Zhao finished from close range after He Sifan delivered a low cross from the right following a flowing team move.
Morocco pulled a goal back seven minutes later when Ziyad Baha converted a penalty after Nan Zixun was penalized for holding inside the box.
As China's players began to tire, Morocco increased the pressure in search of an equalizer.
The breakthrough came in the ninth minute of stoppage time when Rami Lougmani pounced inside the area and squeezed the ball past the Chinese defense at the near post to salvage a point.
Photo caption: Zhou Yunuo (R) of China vies with Ibrahim Rabbaj of Morocco during their 2-2 draw at the 2026 FIFA U17 World Cup in Doha, Qatar, on Nov. 23, 2026. (Xinhua/Wang Zecong)








