ဒါကာ၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)
နိုင်ငံတကာအားကစားခုံရုံး (CAS) က ဆီနီဂေါဘောလုံးအဖွဲ့ချုပ် (FSF) ၏ အယူခံကို နိုဝင်ဘာ ၂၄ ရက်၌ အနိုင်ပေးလိုက်ပြီး ၂၀၂၅ အာဖရိကနိုင်ငံများဖလား (AFCON) ချန်ပီယံဆုကို ဆီနီဂေါအသင်းအား ပြန်လည်ပေးအပ်ခဲ့ကာ ဗိုလ်လုပွဲတွင် မော်ရိုကိုအသင်းအား ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့် ရလဒ်ကိုလည်း ပြန်လည်အတည်ပြုခဲ့သည်။
ပွဲကိုပြန်လည်စတင်ရန် သို့မဟုတ် အပြီးသတ်ရပ်နားရန် ဆုံးဖြတ်ရာတွင် "ကွင်းလယ်ဒိုင်၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်သာ အတည်ဖြစ်သည်" ဟု CAS က ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ကွင်းလယ်ဒိုင်က ပွဲကို ပြန်လည်စတင်ချိန်တွင် နှစ်သင်းစလုံး ကွင်းအတွင်း ပြန်လည်ရောက်ရှိနေခဲ့ကြပြီး ဆက်လက်ကစားရန် ဆန္ဒရှိနေခဲ့ကြသည်ဟုလည်း ကြေညာချက်၌ ဖော်ပြထားသည်။
အသင်းတစ်သင်း၏ အပြုအမူကြောင့် ကွင်းလယ်ဒိုင်က ပွဲကိုအပြီးသတ်ရပ်နားလိုက်သည့် အခြေအနေမျိုး၌သာ AFCON ၏ ပြစ်ဒဏ်အဖြစ် ပွဲရလဒ်ပြောင်းလဲသတ်မှတ်ခြင်း စည်းမျဉ်းများနှင့် အကျုံးဝင်ကြောင်း အားကစားခုံရုံးက ဆိုသည်။ ဤဖြစ်ရပ်တွင် အဆိုပါ စည်းမျဉ်းများနှင့် အကျုံးမဝင်ကြောင်း၊ ကွင်းလယ်ဒိုင်အနေဖြင့်လည်း "လုပ်ထုံးလုပ်နည်းအရ မှားယွင်းမှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း" ခုံအဖွဲ့က တညီတညွတ်တည်း ဆုံးဖြတ်ခဲ့သည်။
ရာဘတ်မြို့တွင် ဇန်နဝါရီ ၁၈ ရက်က ကျင်းပခဲ့သည့် အဆိုပါဗိုလ်လုပွဲ၌ ထပ်ဆောင်းအချိန်ပိုတွင် အိမ်ရှင် မော်ရိုကိုအသင်းအား ပင်နယ်တီကန်ခွင့်ပြုလိုက်ပြီးနောက် ဆီနီဂေါကစားသမားအချို့က ယင်းအား ကန့်ကွက်သည့်အနေဖြင့် ကွင်းအတွင်းမှ ထွက်ခွာသွားခဲ့ကြသည်။
နောက်ပိုင်းတွင် ကစားသမားများက ကွင်းအတွင်း ပြန်လည်ဝင်ရောက်လာခဲ့ကြပြီး ပွဲကိုပြန်လည်စတင်ခဲ့ရာ မော်ရိုကိုအသင်းက ပင်နယ်တီလွဲချော်ခဲ့ပြီး ဆီနီဂေါအသင်းက အချိန်ပိုတွင် အနိုင်ဂိုးသွင်းယူနိုင်ခဲ့သည့်အတွက် ၁-၀ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
ပွဲအပြီးတွင် တော်ဝင်မော်ရိုကို ဘောလုံးအဖွဲ့ချုပ်က အာဖရိကဘောလုံးအဖွဲ့ချုပ် (CAF) ထံ ကန့်ကွက်လွှာ တင်သွင်းခဲ့ပြီး ဆီနီဂေါအသင်းအနေဖြင့် စည်းမျဉ်းချိုးဖောက်မှုကြောင့် ဗိုလ်လုပွဲတွင် ရှုံးနိမ့်ကြောင်း သတ်မှတ်ကြေညာပေးရန် တောင်းဆိုခဲ့သည်။
CAF စည်းကမ်းထိန်းသိမ်းရေးဘုတ်အဖွဲ့က ဇန်နဝါရီ ၂၈ ရက်တွင် အဆိုပါကန့်ကွက်လွှာကို ပယ်ချခဲ့သော်လည်း CAF အယူခံဘုတ်အဖွဲ့က မတ် ၁၇ ရက်တွင် ထိုဆုံးဖြတ်ချက်ကို ပြန်လည်ပယ်ဖျက်ခဲ့ပြီး ဆီနီဂေါအသင်း ရှုံးနိမ့်ကြောင်း ဆုံးဖြတ်ကာ မော်ရိုကိုအသင်းအား ၃-၀ ဂိုးဖြင့် အနိုင်ပေးခဲ့သည်။
ထို့နောက် ဆီနီဂေါဘောလုံးအဖွဲ့ချုပ်က CAS ထံ အယူခံဝင်ခဲ့ရာ ဆွစ်ဇာလန်နိုင်ငံ လူဆန်းမြို့တွင် အောက်တိုဘာ ၈ ရက်၌ ကြားနာစစ်ဆေးမှု ပြုလုပ်ခဲ့ပြီးနောက် နိုဝင်ဘာ ၂၄ ရက်၌ အပြီးသတ်ဆုံးဖြတ်ချက် အပြည့်အစုံကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ထိုဆုံးဖြတ်ချက် ထွက်ပေါ်လာပြီးနောက် ဆီနီဂေါဘောလုံးအဖွဲ့ချုပ်က "ယခုလည်း ချန်ပီယံ၊ အမြဲတမ်းလည်း အာဖရိကချန်ပီယံပါပဲ" ဟု ဆိုရှယ်မီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။ ဆီနီဂေါအသင်းခေါင်းဆောင် ကာလီဒူ ကူလီဘာလီကလည်း အဆိုပါပို့စ်ကို အင်စတာဂရမ်တွင် ပြန်လည်မျှဝေခဲ့ပြီး "အိမ်ကနေ ပြန်လည်ကြိုဆိုပါတယ်" ဟု ရေးသားခဲ့သည်။ (Xinhua)
..................................
(English Version)
CAS reinstates Senegal as 2025 Africa Cup of Nations champions
DAKAR, Nov. 24 (Xinhua) -- The Court of Arbitration for Sport (CAS) upheld an appeal by the Senegalese Football Federation (FSF) on Tuesday, restoring Senegal's 2025 Africa Cup of Nations (AFCON) title and reinstating its 1-0 victory over Morocco in the final.
CAS said in a statement that the decision to resume or definitively abandon the match was "at the sole discretion of the referee." Both teams were back on the pitch and willing to continue when the referee restarted play.
The court said AFCON's forfeiture rules apply only when a team's conduct leads the referee to definitively abandon a match. The panel unanimously concluded that those rules did not apply in this case and that the referee had made "no error of law."
Several Senegalese players walked off the pitch in protest after host Morocco was awarded a penalty in stoppage time in the Jan. 18 final in Rabat.
The players later returned to the pitch. Morocco missed the penalty, and Senegal scored in extra time to win 1-0.
The Royal Moroccan Football Federation lodged a protest with the Confederation of African Football (CAF) after the match, asking it to declare that Senegal had forfeited the final.
The CAF Disciplinary Board rejected the protest on Jan. 28, but the CAF Appeal Board overturned that decision on March 17, ruling that Senegal had forfeited the match and awarding Morocco a 3-0 win.
The FSF then appealed to CAS, which held a hearing in Lausanne, Switzerland, on Oct. 8 and issued its full ruling on Tuesday.
"Still and always African champions," the FSF wrote on social media after the ruling. Senegal captain Kalidou Koulibaly shared the post on Instagram, adding the caption "Welcome back home."








