ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမြို့ရှိ မာရာကာနာအားကစားကွင်း၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် ဘရာဇီးစီးရီးအေ ပွဲစဉ် ၂၀ အဖြစ် ဖလာမင်ဂိုအသင်းနှင့် ဆော်ပေါ်လိုအသင်းတို့ပွဲစဉ်တွင် ဆော်ပေါ်လိုအသင်းမှ ကယ်လာရီ(ဝဲ) နှင့် ဖလာမင်ဂိုအသင်းမှ ဗီတို ဘောလုံးယှဉ်ပြိုင်ကစားနေသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမြို့ရှိ မာရာကာနာအားကစားကွင်း၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် ဘရာဇီးစီးရီးအေ ပွဲစဉ် ၂၀ အဖြစ် ဖလာမင်ဂိုအသင်းနှင့် ဆော်ပေါ်လိုအသင်းတို့ပွဲစဉ်တွင် ဆော်ပေါ်လိုအသင်းမှ ကယ်လာရီ(ဝဲ) နှင့် ဖလာမင်ဂိုအသင်းမှ ဗီတို ဘောလုံးယှဉ်ပြိုင်ကစားနေသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရီယိုဒီဂျနေးရိုး၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)

ဗစ်တိုးရီးယားအသင်းသည် နိုဝင်ဘာ ၂၃ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဘရာဇီးစီးရီးအေ ပွဲစဉ်တွင် အင်တာနာစီယွန်နယ်အသင်းကို ဒုတိယပိုင်းသွင်းဂိုး ၃ ဂိုးအပါအဝင် ၅-၂ ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး တန်းဆင်းအန္တရာယ် စိုးရိမ်ရမှုများ လျှော့ချနိုင်ခဲ့သည်။

ပွဲချိန်ပထမပိုင်း ဗီတင်ဟို၏ သွင်းဂိုးမတိုင်မီနှင့် အပြီးတွင် ရီနေးနှင့်ဒီယေဂိုတာဇီယာတို့က ဂိုးသွင်းယူခဲ့ကြပြီး နောက် ပွဲချိန် ၅၇ မိနစ်တွင် ရာမွန်က အဝေးမှအပြင်းကန်သွင်းချက်ဖြင့် ၃-၁ ဂိုး ရလဒ်ဖြစ်စေခဲ့သည်။

ပွဲကစားချိန် မိနစ် ၇၀ တွင် ဗီတင်ဟို၏ဖြတ်တင်ပေးပို့မှုမှတစ်ဆင့် အလာရန်ဒရိုက အနီးကပ်ပိတ်သွင်းကာ ဂိုးကွာဟချက်ကို လျှော့ချနိုင်ခဲ့သဖြင့် ပွဲပြီးခါနီးအချိန်အထိ အကြိတ်အနယ် ဖြစ်စေခဲ့သည်။

သို့သော် နောက်ဆုံးမိနစ်များတွင် ဂါဘရီရယ်လ်ဘာရားယက်စ်နှင့် ရီနာတိုကိုင်ဇာတို့၏ သွင်းဂိုးများဖြင့် ဧည့်သည် ဗစ်တိုးရီးယားအသင်း၏အနိုင်ရလဒ်ကို ပိုမိုခိုင်မာစေခဲ့သည်။

ရာသီကုန်ရန် ပွဲစဉ် ၂ ပွဲသာ ကျန်ရှိတော့ချိန်တွင် ဗစ်တိုးရီးယားအသင်းသည် အသင်း ၂၀ ပါဝင်သည့် အမှတ်ပေး ဇယား၌ ရမှတ် ၄၄ မှတ်ဖြင့် အဆင့် ၁၃ နေရာတွင် ရပ်တည်နေပြီး အင်တာနာစီယွန်နယ်အသင်းမှာမူ ဗစ်တိုးရီးယားအသင်းထက် ၆ မှတ်လျော့နည်းကာ အဆင့် ၁၈ နေရာတွင် ရှိနေသည်။

ရီယိုဒီဂျနေရိုးမြို့ရှိ  Nilton Santos အားကစားကွင်းတွင် အစောပိုင်း ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်တွင် အိမ်ရှင် ဘိုတာဖိုဂိုအသင်းက ဆော်ပေါ်လိုအသင်းကို ၁-၁ ဂိုးဖြင့် သရေကျခဲ့သည်။ ဆော်ပေါ်လိုအသင်းအတွက် ပက်ဒရိုလီမာက ပထမဆုံးဂိုးသွင်းယူခဲ့သော်လည်း ဘိုတာဖိုဂိုတိုက်စစ်မှူး တီကွင်ညိုဆွာရစ်က ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ (Xinhua)

…………….

(English Version)

Vitoria routs Internacional to boost survival hopes

RIO DE JANEIRO, Nov. 23 (Xinhua) -- Vitoria eased relegation fears with three second-half goals en route to a 5-2 win at Internacional in Brazil's Serie A on Monday.

Rene and Diego Tarzia scored either side of Vitinho's first-half strike before Ramon made it 3-1 with a 57th-minute drive.

Alerrandro reduced the deficit in the 70th minute by bundling home from close range after Vitinho's cross to ensure a tense finish.

The visitors pulled away in the final minutes with goals from Gabriel Baralhas and Renato Kayzer.

Vitoria is now 13th in the 20-team standings with 44 points with two matchdays remaining in the season. Internacional is 18th, six points further back.

Earlier, Botafogo drew 1-1 at home to Sao Paulo after Tiquinho Soares canceled out Pedro Lima's opener at the Nilton Santos stadium in Rio de Janeiro.

Photo caption: Calleri (L) of Sao Paulo vies with Vitao of Flamengo during the 2026 Brazilian Serie A 20th round match between Flamengo and Sao Paulo at the Maracana Stadium in Rio de Janeiro, Brazil, July 26, 2026. (Photo by Daniel Ramalho/Xinhua)