ဂျပန်နိုင်ငံ နာဂိုယာမြို့တွင် ကျင်းပခဲ့သည့် အိုင်ချိ-နာဂိုယာ ၂၀၂၆ ခုနှစ်၊ ၂၀ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ၌ အမျိုးသမီး ၆၉ ကီလိုဂရမ်တန်း အလေးမပြိုင်ပွဲ၏ ဗိုလ်လုပွဲစဥ်အပြီး ဆုပေးပွဲအခမ်းအနားတွင် ရွှေတံဆိပ်ဆွတ်ခူးခဲ့သည့် မြောက်ကိုရီးယားနိုင်ငံမှ Song Kuk Hyang (အလယ်)ကို ငွေတံဆိပ်ဆုရှင်ဖြစ်သည့် တရုတ်-ထိုင်ပေမှ ချန်ဝန်ဟွေ့ (ဝဲ)၊ ကြေးတံဆိပ်ဆုရှင်ဖြစ်သည့် ဘာရိန်းနိုင်ငံမှ Ingrid Grueso (ယာ) တို့နှင့်အတူ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နာဂိုယာ၊ ဂျပန်နိုင်ငံ၊  စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

၂၀ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် စက်တင်ဘာ ၂၇ ရက်က ကျင်းပပြုလုပ်ခဲ့သည့် အမျိုးသမီး ၆၉ ကီလိုဂရမ်တန်း အလေးမပြိုင်ပွဲ၌ မြောက်ကိုရီးယားနိုင်ငံမှ Song Kuk Hyang က ကမ္ဘာ့စံချိန်သုံးခုကိုချိုးဖျက်နိုင်ခဲ့ကြောင်း သိရသည်။

Song သည် တစ်ဆင့်မပုံစံတွင် ၁၂၁ ကီလိုဂရမ်ဖြင့် ကမ္ဘာ့စံချိန်သစ်တင်နိုင်ခဲ့သလို နှစ်ဆင့်မပုံစံတွင်လည်း ၁၅၂ ကီလိုဂရမ်ဖြင့် ကမ္ဘာ့စံချိန်သစ်တင်နိုင်ခဲ့ကာ နှစ်ခုပေါင်း မတင်မှုအလေးချိန် ၂၇၃ ကီလိုဂရမ်ဖြင့် ကမ္ဘာ့စံချိန်သစ်များ တင်နိုင်ခဲ့ခြင်းဖြစ်သည်။ (Xinhua)

.....................

(English version)

Asian Games | DPRK's Song breaks 3 world records in women's 69kg weightlifting

NAGOYA, Japan, Sept. 27 (Xinhua)

Song Kuk Hyang of the Democratic People's Republic of Korea smashed three world records on her way to winning the women's 69kg weightlifting title at the 20th Asian Games on Sunday.

Song set a new world mark in the snatch with 121kg, then broke records in the clean and jerk with 152kg and in the combined total with 273kg. ■

Photo caption: Gold medalist Song Kuk Hyang (C) of the Democratic People's Republic of Korea (DPRK), silver medalist Chen Wen-huei (L) of Chinese Taipei and bronze medalist Ingrid Grueso of Bahrain pose during the awarding ceremony after the women's 69kg final of weightlifting at the 20th Asian Games Aichi-Nagoya 2026 in Nagoya, Japan, Sept. 27, 2026. (Xinhua/Yu Yang)