ဂျပန်နိုင်ငံ အိုင်ချိစီရင်စု တိုကိုနာမဲမြို့၌ ကျင်းပသော ၂၀ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ အိုင်ချိ-နာဂိုယာ (၂၀၂၆) ၏ Identity V အာရှအားကစားပြိုင်ပွဲဗားရှင်း 1v4 asymmetrical survival game ပြိုင်ပွဲအပြီးတွင် အသင်းဖော်များနှင့်အတူ အောင်ပွဲခံနေသည့် တရုတ်အသင်းမှ မုရှင်းယွဲ့ (အလယ်) အား ၂၀၂၆ ခုနှစ် စက်တင်ဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဂျပန်နိုင်ငံ အိုင်ချိစီရင်စု တိုကိုနာမဲမြို့၌ ကျင်းပသော ၂၀ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ အိုင်ချိ-နာဂိုယာ (၂၀၂၆) ၏ Identity V အာရှအားကစားပြိုင်ပွဲဗားရှင်း 1v4 asymmetrical survival game ပြိုင်ပွဲအပြီးတွင် အသင်းဖော်များနှင့်အတူ အောင်ပွဲခံနေသည့် တရုတ်အသင်းမှ မုရှင်းယွဲ့ (အလယ်) အား ၂၀၂၆ ခုနှစ် စက်တင်ဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နာဂိုယာ၊ ဂျပန်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)

စက်တင်ဘာ ၃၀ ရက်က ယှဉ်ပြိုင်ခဲ့သည့် အိုင်ချိ-နာဂိုယာ အာရှအားကစားပြိုင်ပွဲ၏ Identity V အာရှအားကစားပြိုင်ပွဲဗားရှင်း ဗိုလ်လုပွဲ၌ တရုတ်အသင်းက ဂျပန်အသင်းကို အနိုင်ရရှိပြီးနောက် တရုတ်နိုင်ငံမှ မုရှင်းယွဲ့က အာရှအားကစားပြိုင်ပွဲ Esports ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆွတ်ခူးနိုင်ခဲ့သည့် ပထမဆုံး အမျိုးသမီးပြိုင်ပွဲဝင် ဖြစ်လာခဲ့သည်။

အာရှအားကစားပြိုင်ပွဲ Esports ပြိုင်ပွဲများတွင် အမျိုးသားများကိုရော အမျိုးသမီးများကိုပါ ယှဉ်ပြိုင်ခွင့်ပြုထားသော်လည်း အမည်စာရင်းသွင်းထားသည့် အားကစားသမားများအနက် အမျိုးသားများသာ အများစု ပါဝင်နေဆဲဖြစ်သည်။ အိုင်ချိ-နာဂိုယာ အာရှအားကစားပြိုင်ပွဲ၏ စာရင်းသွင်းမှု အချက်အလက်များအရ Esports ပြိုင်ပွဲအတွက် အားကစားသမား ၅၀၀ ကျော် စာရင်းပေးသွင်းခဲ့ရာ အမျိုးသမီး ၁၄ ဦးသာ ပါဝင်ခဲ့သည်။

"ကျွန်မ စစချင်းယှဉ်ပြိုင်တုန်းက အာရှအားကစားပြိုင်ပွဲ စင်မြင့်ပေါ်မှာ ရွှေတံဆိပ်ဆု ရယူနိုင်လိမ့်မယ်လို့ လုံးဝတွေးမထားခဲ့ပါဘူး" ဟု မုက ပွဲအပြီးတွင် ပြောကြားခဲ့သည်။ "နိုင်ငံတော်သီချင်း တီးခတ်နေတဲ့အချိန်နဲ့ ရွှေတံဆိပ်ဆုကို ကျွန်မရဲ့လည်ပင်းမှာ ဆွဲပေးတဲ့အချိန်မှာ အင်မတန်စိတ်လှုပ်ရှားပြီး ပျော်ရွှင်ခဲ့ရပါတယ်။ ဒါက ကျွန်မဘဝရဲ့ အပျော်ရွှင်ရဆုံးအချိန် ဖြစ်မယ်လို့တောင် တွေးမိပါတယ်" ဟုလည်း ၎င်းက ဆိုသည်။

အဆိုပါ ဗိုလ်လုပွဲမှာ အကြိတ်အနယ်ရှိခဲ့ပြီး အဖွင့်ပွဲနှစ်ပွဲတွင် ၄-၄ ၊ ၅-၅ စီဖြင့် နှစ်ဖက် သရေကျနေခဲ့သည်။ ထို့နောက် တရုတ်အသင်းက တတိယပွဲတွင် ၇-၂ ဖြင့် အနိုင်ရကာ အသာစီးယူနိုင်ခဲ့သည်။ စတုတ္ထပွဲတွင်မူ ၄-၄ ဖြင့် ထပ်မံသရေကျခဲ့သည့်အတွက် အဆုံးအဖြတ်အနေဖြင့် ပဉ္စမပွဲ ဆက်လက်ကစားခဲ့ရသည်။ အဆိုပါပဉ္စမပွဲ ပထမပိုင်းတွင် တရုတ်အသင်းက ၃-၁ ဖြင့် ဦးဆောင်ထားနိုင်ခဲ့ပြီး ထိုရလဒ်မှာ အနိုင်ရဗိုလ်စွဲရန် လုံလောက်ခဲ့သည်။

အာရှအားကစားပြိုင်ပွဲများတွင် Esports အားကစားနည်းကို ၂၀၁၈ ဂျကာတာ အာရှအားကစားပြိုင်ပွဲတွင် စတင်စမ်းသပ်ထည့်သွင်းခဲ့ပြီးနောက် ၂၀၂၃ ဟန်ကျိုး အာရှအားကစားပြိုင်ပွဲတွင် တရားဝင် ဆုချီးမြှင့်သည့် အားကစားနည်းတစ်ခုအဖြစ် ထည့်သွင်းခဲ့ခြင်းဖြစ်သည်။ ဆုတံဆိပ်ချီးမြှင့်သည့် ပြိုင်ပွဲအမျိုးအစားမှာ ဟန်ကျိုးပြိုင်ပွဲတွင် ၇ မျိုး ရှိခဲ့ရာမှ အိုင်ချိ-နာဂိုယာ ပြိုင်ပွဲတွင် ၁၁ မျိုးအထိ တိုးလာခဲ့ပြီး Identity V အာရှအားကစားပြိုင်ပွဲ ဗားရှင်းမှာလည်း အာရှအားကစားပြိုင်ပွဲသမိုင်းတွင် ပထမဆုံးအကြိမ် ပါဝင်လာခဲ့ခြင်းဖြစ်သည်။

အိုင်ချိ-နာဂိုယာ အာရှအားကစားပြိုင်ပွဲတွင် ယှဉ်ပြိုင်ခဲ့သည့် Esports ပြိုင်ပွဲအမျိုးအစား ၁၁ မျိုးအနက် တရုတ်အသင်းက Naraka: Bladepoint ၊ Honor of Kings ၊ Game for Peace အာရှအားကစားပြိုင်ပွဲ ဗားရှင်းနှင့် Identity V အာရှအားကစားပြိုင်ပွဲဗားရှင်း စသည့် ပြိုင်ပွဲ ၄ မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ တရုတ်အသင်းအနေဖြင့် Naraka: Bladepoint နှင့် Honor of Kings ပြိုင်ပွဲတို့တွင် ရွှေတံဆိပ်ဆု၊ Game for Peace အာရှအားကစားပြိုင်ပွဲ ဗားရှင်းတွင် ငွေတံဆိပ်ဆု ဆွတ်ခူးခဲ့ပြီးနောက် စက်တင်ဘာ ၃၀ ရက်တွင် ယှဉ်ပြိုင်ခဲ့သည့် Identity V ပြိုင်ပွဲတွင်လည်း ရွှေတံဆိပ်ဆု ထပ်မံဆွတ်ခူးနိုင်ခဲ့သဖြင့် Esports အားကစားနည်းတွင် စုစုပေါင်း ရွှေတံဆိပ် ၃ ခုနှင့် ငွေတံဆိပ် ၁ ခု ရယူနိုင်ခဲ့သည်။ (Xinhua)

ဂျပန်နိုင်ငံ အိုင်ချိစီရင်စု တိုကိုနာမဲမြို့၌ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၃၀ ရက်က တရုတ်အသင်းနှင့် ဂျပန်အသင်းတို့ ယှဉ်ပြိုင်ခဲ့သည့် ၂၀ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ အိုင်ချိ-နာဂိုယာ (၂၀၂၆) ၏ Identity V အာရှအားကစားပြိုင်ပွဲဗားရှင်း 1v4 asymmetrical survival game ဗိုလ်လုပွဲအပြီးတွင် တရုတ်အသင်းမှ ကစားသမားများ အောင်ပွဲခံနေစဉ် (ဆင်ဟွာ)
ဂျပန်နိုင်ငံ အိုင်ချိစီရင်စု တိုကိုနာမဲမြို့၌ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၃၀ ရက်က တရုတ်အသင်းနှင့် ဂျပန်အသင်းတို့ ယှဉ်ပြိုင်ခဲ့သည့် ၂၀ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ အိုင်ချိ-နာဂိုယာ (၂၀၂၆) ၏ Identity V အာရှအားကစားပြိုင်ပွဲဗားရှင်း 1v4 asymmetrical survival game ဗိုလ်လုပွဲအပြီးတွင် တရုတ်အသင်းမှ ကစားသမားများ အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

..................................

(English Version)

Mu Xinyue becomes first female Asian Games esports gold medalist

NAGOYA, Japan, Sept. 30 (Xinhua) -- China's Mu Xinyue became the first female athlete to win an Asian Games esports gold medal after China defeated Japan in the Identity V Asian Games Version final at the Aichi-Nagoya Asian Games on Wednesday.

Asian Games esports events are open to both male and female athletes, but men continue to make up the overwhelming majority of registered athletes. According to registration data for the Aichi-Nagoya Asian Games, more than 500 athletes were registered for esports, with only 14 of them women.

"When I first started competing, I never imagined that I would be able to win a gold medal on the Asian Games stage," Mu said. "When the national anthem was played and the gold medal was around my neck, I was so excited and happy. I think this may be the happiest moment of my life."

The final was tightly contested. The two sides tied the opening two rounds 4-4 and 5-5 before China took the third round 7-2 to gain the upper hand. The fourth round ended in another 4-4 tie, sending the match into a decisive fifth round. China took a 3-1 lead in the first half of the fifth round, which was enough to secure the victory.

Esports made its Asian Games debut as a demonstration sport at Jakarta 2018 before becoming an official medal sport at Hangzhou in 2023. The number of medal events has increased from seven in Hangzhou to 11 at Aichi-Nagoya, with Identity V Asian Games Version making its Asian Games debut.

China entered four of the 11 esports events at Aichi-Nagoya -- Naraka: Bladepoint, Honor of Kings, Game for Peace Asian Games Version and Identity V Asian Games Version. China won gold in Naraka: Bladepoint and Honor of Kings and silver in Game for Peace Asian Games Version before adding the Identity V gold on Wednesday, concluding its esports campaign with three gold medals and one silver.

Photo caption 1: Mu Xinyue (C) of team China celebrates with her teammates after the 1v4 asymmetrical survival game [Identity V - Asian Games Version] final of Esports between team China and team Japan at the 20th Asian Games Aichi-Nagoya 2026 in Tokoname of Aichi Prefecture, Japan, Sept. 30, 2026. (Xinhua/Wang Fei)

Photo caption 2: Members of team China celebrate after the 1v4 asymmetrical survival game [Identity V - Asian Games Version] final of Esports between team China and team Japan at the 20th Asian Games Aichi-Nagoya 2026 in Tokoname of Aichi Prefecture, Japan, Sept. 30, 2026. (Xinhua/Wang Fei)