ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ပြုလုပ်သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၆၃ ကြိမ်မြောက် အစည်းအဝေးအခမ်းအနားမြင်ကွင်းကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ပြုလုပ်သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၆၃ ကြိမ်မြောက် အစည်းအဝေးအခမ်းအနားမြင်ကွင်းကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)

ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံကို လမ်းညွှန်ချက်အဖြစ် ထားရှိကာ တရားမျှတ၍ ကျိုးကြောင်းဆီလျော်မှု၊ အားလုံးပါဝင်နိုင်မှုရှိသော ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး စီမံခန့်ခွဲမှုစနစ်ကို အတူတကွ တည်ဆောက်ရန် တိုက်တွန်းကြောင်း ကုလသမဂ္ဂဆိုင်ရာ (ဂျီနီဗာရုံး) တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ်နှင့် ဆွစ်ဇာလန် အခြေစိုက် အခြား နိုင်ငံတကာအဖွဲ့အစည်းများ ကိုယ်စားလှယ် ကျာကွေ့တယ်က စက်တင်ဘာ ၃၀ ရက်တွင် ပြုလုပ်သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ၆၃ ကြိမ်မြောက် အစည်းအဝေး၌ နိုင်ငံ ၇၁ နိုင်ငံကို ကိုယ်စားပြုကာ နိုင်ငံတကာ လူ့အခွင့်အရေး စီမံခန့်ခွဲမှု ချိန်ညှိတည့်မတ်ရေးနှင့်စပ်လျဉ်း၍ အတူဆွေးနွေးစဉ် ပြောကြားခဲ့သည်။

ကျာကွေ့တယ်က ယနေ့ခေတ် နိုင်ငံတကာအခြေအနေသည် အပြောင်းအလဲများနှင့်ရှုပ်ထွေးလျက်ရှိရာ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး စီမံခန့်ခွဲမှုသည် နက်ရှိုင်းသော ပြုပြင်ပြောင်းလဲမှုများကို ရင်ဆိုင်နေရကြောင်း ထောက်ပြပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် အဆိုပြုချက် လေးရပ် တင်သွင်းခဲ့သည်။

ပထမအချက်မှာ ပြည်သူကို ဗဟိုပြုခြင်းအား အခိုင်အမာ လက်ကိုင်ထားပြီး နိုင်ငံအသီးသီးရှိ ပြည်သူများက ၎င်းတို့နိုင်ငံ၏ လူ့အခွင့်အရေးကို အကဲဖြတ်ကာ တိုးတက်ကောင်းမွန်စေရန်လုပ်ဆောင်၍ ပြည်သူများ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးပြီး လူ့အခွင့်အရေး စီမံခန့်ခွဲမှု၏ မူလရည်ရွယ်ချက်ကို စောင့်ထိန်းရန် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဒုတိယအချက်မှာ အချုပ်အခြာအာဏာ တန်းတူညီမျှမှုကို ကျင့်သုံးပြီး နိုင်ငံအသီးသီး တန်းတူညီမျှ ပါဝင်ဆောင်ရွက်ခြင်း၊ ဆုံးဖြတ်ချက်ချခြင်း၊ အကျိုးခံစားခွင့်ရှိခြင်းကို အခိုင်အမာ လက်ကိုင်ထားကာ ကမ္ဘာ့တောင်ဘက်ခြမ်း၏ တိုက်တွန်းသံများကို ပိုမိုနားထောင်ပေးရန်၊ တရားမျှတမှု၊ ဓမ္မဓိဋ္ဌာန်ကျမှုရှိပြီး ရွေးချယ်ခြင်းမဟုတ်၊ နိုင်ငံရေးအသွင်ပြောင်းခြင်း မဟုတ်သော အခြေခံမူများကို ထောက်ခံအားပေးရန်၊ အပြန်အလှန် လေးစားမှုအပေါ် အခြေခံသည့် တွေ့ဆုံဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်ရန် ဖြစ်ကြောင်း ကျာကွေ့တယ်က ပြောကြားခဲ့သည်။

တတိယအချက်မှာ တရားမျှတမှုနှင့် သမာသမတ်ကျမှုကို အခိုင်အမာ စောင့်ထိန်းကာ  လူ့အခွင့်အရေးကို နိုင်ငံရေးအသွင်၊ ကိရိယာအသွင် ပြောင်းခြင်းကို ဆန့်ကျင်ရမည်ဖြစ်ကြောင်း၊ လူ့အခွင့်အရေး အမျိုးအစားအားလုံးကို စုစည်းစီမံကာ လူ့အခွင့်အရေးနယ်ပယ် ပြုပြင်ပြောင်းလဲမှုများကို တည်ငြိမ်စွာ တွန်းအားပေးပြီး လူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် ကျွမ်းကျင်သူများ၏ ဓမ္မဓိဋ္ဌာန်ကျမှုနှင့် တရားမျှတစွာ တာဝန်ထမ်းဆောင်နိုင်ရန် ပံ့ပိုးပေးရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။  

စတုတ္ထအချက်မှာ နိုင်ငံတကာ တရားဥပဒေစိုးမိုးရေးကို လေးစားလိုက်နာပြီး ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၏ ရည်ရွယ်ချက်နှင့် အခြေခံမူများကို ကာကွယ်ထိန်းသိမ်းကာ နိုင်ငံတကာဥပဒေနှင့် နိုင်ငံတကာစည်းမျဉ်းများ တန်းတူညီမျှ တစ်ပြေးညီ အသုံးပြုနိုင်ရေးကို အာမခံရန်၊ စံနှုန်းနှစ်မျိုးထားရှိခြင်းကို ဆန့်ကျင်ကာ လူ့အခွင့်အရေးကို အကြောင်းပြ၍ အခြားနိုင်ငံ၏ ပြည်တွင်းရေးကိစ္စ ဝင်ရောက်စွက်ဖက်ခြင်း၊ မိမိ၏ကိုယ်ပိုင်စံနှုန်းများကို အခြားသူများအပေါ် အတင်းအကျပ်ချမှတ်ခြင်းတို့ကို ဆန့်ကျင်ရန် ဖြစ်ကြောင်း ကျာကွေ့တယ်က ပြောကြားခဲ့သည်။

သမ္မတ ရှီကျင့်ဖိန်က ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံအား အဆိုပြုခဲ့သည့် တစ်နှစ်ကျော်ကြာကာလအတွင်း နိုင်ငံအများအပြားနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ထောက်ခံအားပေးမှု ရရှိခဲ့သည်။ ယခုအကြိမ် ပူးတွဲဆွေးနွေးပြောကြားခြင်းသည် ဂျီနီဗာရှိ "ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု မိတ်ဆွေအဖွဲ့ငယ်" အနေဖြင့်  လူ့အခွင့်အရေးနယ်ပယ်တွင် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံကို တွန်းအားပေးအကောင်အထည်ဖော်ရာတွင် တက်ကြွစွာ အကျိုးဆောင်ရန် ဖြစ်ကြောင်း သိရသည်။ (Xinhua)

ကုလသမဂ္ဂဆိုင်ရာ (ဂျီနီဗာရုံး) တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ်နှင့် ဆွစ်ဇာလန် အခြေစိုက် အခြား နိုင်ငံတကာအဖွဲ့အစည်းများ ကိုယ်စားလှယ် ကျာကွေ့တယ်က ၂၀၂၆ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ပြုလုပ်သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ၆၃ ကြိမ်မြောက် အစည်းအဝေး၌ နိုင်ငံ ၇၁ နိုင်ငံကို ကိုယ်စားပြုကာ နိုင်ငံတကာ လူ့အခွင့်အရေး စီမံခန့်ခွဲမှု ချိန်ညှိတည့်မတ်ရေးနှင့်စပ်လျဉ်း၍ အတူဆွေးနွေးနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)
ကုလသမဂ္ဂဆိုင်ရာ (ဂျီနီဗာရုံး) တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ်နှင့် ဆွစ်ဇာလန် အခြေစိုက် အခြား နိုင်ငံတကာအဖွဲ့အစည်းများ ကိုယ်စားလှယ် ကျာကွေ့တယ်က ၂၀၂၆ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ပြုလုပ်သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ၆၃ ကြိမ်မြောက် အစည်းအဝေး၌ နိုင်ငံ ၇၁ နိုင်ငံကို ကိုယ်စားပြုကာ နိုင်ငံတကာ လူ့အခွင့်အရေး စီမံခန့်ခွဲမှု ချိန်ညှိတည့်မတ်ရေးနှင့်စပ်လျဉ်း၍ အတူဆွေးနွေးနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ပြုလုပ်သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၆၃ ကြိမ်မြောက် အစည်းအဝေးအခမ်းအနားမြင်ကွင်းကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ပြုလုပ်သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၆၃ ကြိမ်မြောက် အစည်းအဝေးအခမ်းအနားမြင်ကွင်းကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

-----------------------------

(Chinese Version)

中国代表71国呼吁以全球治理倡议为引领校正国际人权治理

新华社日内瓦9月30日电 中国常驻联合国日内瓦办事处和瑞士其他国际组织代表贾桂德9月30日在联合国人权理事会第63届会议代表71国作校正国际人权治理共同发言,呼吁以全球治理倡议为引领,共建公正合理包容的全球人权治理体系。   

贾桂德指出,当今国际形势变乱交织,全球人权治理面临深刻调整。中方提出四点主张:一是坚持以人为本,由各国人民来判断和改善本国人权,以满足人民需求,守护人权治理初心;二是奉行主权平等,坚持各国平等参与、决策、受益,更多倾听全球南方的呼声,倡导公正、客观、非选择性、非政治化原则,在相互尊重基础上对话合作;三是坚守公道正义,反对将人权政治化、工具化,统筹兼顾各类人权,稳妥推进人权领域改革,支持人权机构和人权专家客观公正履职;四是遵守国际法治,维护联合国宪章宗旨和原则,确保国际法和国际规则平等统一适用,反对双重标准,反对借人权问题干涉别国内政,反对将自身标准强加于人。   

习近平主席提出全球治理倡议一年多以来,得到多个国家和国际组织支持响应。本次共同发言依托日内瓦“全球治理之友小组”,为推动在人权领域落实全球治理倡议积极贡献力量。(完)

图说1,3:这是9月30日在瑞士日内瓦拍摄的联合国人权理事会第63届会议现场。新华社记者 连漪 摄

图说2:9月30日,在瑞士日内瓦,中国常驻联合国日内瓦办事处和瑞士其他国际组织代表贾桂德在联合国人权理事会第63届会议代表71国作校正国际人权治理共同发言。新华社记者 连漪 摄