
ပေကျင်း၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)
၇၇ နှစ်မြောက်တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်းကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် အခြေစိုက်သည့် တရုတ်သံရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများစွာသည် ဧည့်ခံပွဲများနှင့် ဂုဏ်ပြုအခမ်းအနားများကို ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့ကြသည်။ အခမ်းအနားတက်ရောက်လာသော နိုင်ငံများစွာမှ ဂုဏ်သရေရှိ ပုဂ္ဂိုလ်များက တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက် အောင်မြင်မှုများကို များစွာဂုဏ်ပြုစကားပြောကြားခဲ့ကြပြီး တရုတ်နိုင်ငံနှင့်အတူ အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစွာဆောင်ရွက်ရန် မျှော်လင့်လျက်ရှိကြောင်း ပြောကြားခဲ့ကြသည်။
မြောက်ကိုရီးယားနိုင်ငံ အဆင့်မြင့်ပြည်သူ့လွှတ်တော် အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ Kim Hyung-sik က ၇၇ နှစ်တာကာလအတွင်း အပတ်တကုတ်ကြိုးပမ်း၍ ရဲရင့်သော တရုတ်ပြည်သူများသည် အခက်အခဲ စိန်ခေါ်မှု များစွာကို အောင်နိုင်ပြီး အများအာရုံစိုက်ဖွယ် ဖွံ့ဖြိုးတိုးတက် အောင်မြင်မှုများကို ဖန်တီးခဲ့ကြောင်း၊ မြောက်ကိုရီးယားအနေဖြင့် တရုတ်နိုင်ငံနှင့်အတူကြိုးပမ်း၍ နှစ်နိုင်ငံပြည်သူများ၏ ဘုံအကျိုးစီးပွားအတွက် မြောက်ကိုရီးယား-တရုတ် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုဆက်ဆံရေး စဉ်ဆက်မပြတ် နက်ရှိုင်းတိုးတက်လာစေရန် တွန်းအားပေးသွားလိုကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက အမှာစကားပြောကြားရာ၌ တရုတ်နိုင်ငံက အဆိုပြုသော ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီးလေးရပ်အား များစွာချီးကျူးပါကြောင်း၊ တရုတ်နိုင်ငံက ရရှိထားသော ဖွံ့ဖြိုးတိုးတက်အောင်မြင်မှုများကို လေးစားပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒအား အခိုင်အမာလက်ခံကျင့်သုံးပါကြောင်းနှင့် မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး သံယောဇဉ် အဓွန့်ရှည်ပါစေကြောင်း ဆုမွန်ကောင်း တောင်းခဲ့သည်။
အီတလီနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ အခြေခံအဆောက်အဦနှင့် ပို့ဆောင်ရေးဝန်ကြီး Matteo Salvini က အီတလီ-တရုတ် ဆက်ဆံရေးသည် အပြုသဘောဆောင်၍ ရှင်သန်စွမ်းအားများဖြင့် ပြည့်ဝလျက်ရှိကြောင်း၊ ဉာဏ်ရည်တု (AI) ကဏ္ဍတွင် တရုတ်နိုင်ငံက ရှေ့ပြေးနေရာ၌ လျှောက်လှမ်းနေပြီဖြစ်ရာ နှစ်နိုင်ငံအနေဖြင့် အဆိုပါကဏ္ဍနှင့်စပ်လျဉ်း၍ ဖလှယ်မှုများ လုပ်ဆောင်ခြင်းသည် များစွာအရေးကြီးကြောင်း၊ တရုတ်နိုင်ငံသို့ ထပ်မံခရီးစဉ်လာရောက်နိုင်ပြီး တရုတ်နိုင်ငံအတွေ့အကြုံများအား အီတလီနိုင်ငံသို့ ပြန်လည်သယ်ဆောင်သွားနိုင်ရန် မျှော်လင့်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ဇင်ဘာဘွေနိုင်ငံ အဆင့်မြင့်ပညာရေး၊ ဆန်းသစ်တီထွင်မှု၊ သိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး Dr. Fredrick Shava က ဇင်ဘာဘွေ-တရုတ် ချစ်ကြည်ရင်းနှီးမှုသည် စမ်းသပ်မှုများကို ကျော်ဖြတ်ပြီး ကြံ့ကြံ့ခံနိုင်ရည် အားကောင်းကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေးသည် အချုပ်အခြာအာဏာ တန်းတူညီမျှမှု၊ အပြန်အလှန်လေးစားမှု အခြေခံပေါ်တွင် တည်ဆောက်ထားကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုသည် ဇင်ဘာဘွေနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲမှုအသွင် တွန်းအားပေးသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပြီး ပြည်သူများလူနေမှုဘဝကို တိုးတက်ကောင်းမွန် လာစေခဲ့ကြောင်း၊ ဇင်ဘာဘွေနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒအား ဆက်လက်ခိုင်မာစွာ လိုက်နာကျင့်သုံးသွားမည်ဖြစ်ပြီး နိုင်ငံစုံအခမ်းအနားများတွင် တရုတ်နိုင်ငံနှင့်အတူ အနီးကပ် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တောင်အာဖရိကနိုင်ငံ ခရီးသွားလာရေးဝန်ကြီး Patricia de Lille က တောင်အာဖရိကနိုင်ငံအစိုးရကိုယ်စား တရုတ်နိုင်ငံအစိုးရနှင့် ပြည်သူများထံသို့ စိတ်ရင်းစေတနာအမှန်ဖြင့် ဂုဏ်ပြုကြောင်း၊ တရုတ်နိုင်ငံ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင်မြင်မှုများကို များစွာ တန်ဖိုးထားသုံးသပ်ပြောကြားခဲ့သည်။ တရုတ်နိုင်ငံက တောင်အာဖရိကနိုင်ငံအပေါ် ပံ့ပိုးမှုနှင့် ကူညီမှုများကို ကျေးဇူးတင်ရှိကြောင်း၊ တောင်အာဖရိကနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ပူးပေါင်းဖလှယ်မှုများကို တစ်ဆင့်တိုးနီးကပ်စွာဆောင်ရွက်ပြီး နှစ်နိုင်ငံဆက်ဆံရေး အဆင့်အတန်းအား အဆက်မပြတ် မြှင့်တင်သွားလိုကြောင်း ပြောကြားခဲ့သည်။
ဘော့စနီးယားနှင့် ဟာဇီဂိုဗီနားနိုင်ငံ အောက်လွှတ်တော်အစည်းအဝေး ဥက္ကဋ္ဌ Marinko Cavara က ဘော့စနီးယားနှင့် ဟာဇီဂိုဗီနားနိုင်ငံသည် “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတကွ တည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်မှုမှ အကျိုးများစွာရရှိခဲ့ပြီး တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ဘော့စနီးယားနှင့် ဟာဇီဂိုဗီနားနိုင်ငံအတွက် လေ့လာသင်ယူစရာများ ပံ့ပိုးပေးကြောင်း၊ ၎င်းအနေဖြင့် တရုတ်ပြည်သူများအား ပွဲတော်ရက်အချိန်အခါ ဂုဏ်ပြုစကားဆိုရာ တရုတ်နိုင်ငံ ပိုမိုသာယာလှပပါစေ၊ ပိုမိုစည်ပင်ဝပြောပါစေ၊ ကမ္ဘာပေါ်တွင် ပိုမိုအရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါကြောင်း ဆိုခဲ့သည်။
ပီရူးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Eric Anderson က ပီရူးနိုင်ငံအစိုးရကိုယ်စား တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း ၇၇ နှစ်ပြည့် အထိမ်းအမှတ်နှင့် ပီရူး-တရုတ် သံတမန်ဆက်ဆံရေး တည်ထောင်ခြင်း ၅၅ နှစ်ပြည့်အား ဂုဏ်ပြုခဲ့ပြီး နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး တည်ထောင်လာပြီးနောက် နိုင်ငံရေး၊ ကုန်သွယ်စီးပွားရေး၊ လူမှုယဉ်ကျေးမှု စသည့် ကဏ္ဍများ၌ ရရှိထားသော ပူးပေါင်းဆောင်ရွက်မှု ရလဒ်များကို များစွာတန်ဖိုးထားချီးကျူး ပြောကြားခဲ့သည်။
၎င်းက ပီရူးနိုင်ငံနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ဆက်လက်ပြီး အဆင့်မြင့်အလွှာ တွေ့ဆုံဆွေးနွေးမှု မြှင့်တင်ကာ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ အပြန်အလှန် ချိတ်ဆက်မှု စသည့် ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့သွားလိုကြောင်း၊ ပိုမိုများပြားသည့် ပူးပေါင်းဆောင်ရွက်မှုရလဒ်များကို ဖွံ့ဖြိုးတိုးတက်မှု၊ လုပ်ငန်းခွင်ဝင်မှု၊ နည်းပညာတိုးတက်မှုနှင့် ပြည်သူလူနေမှုဘဝ အကျိုးစီးပွားများအဖြစ် အသွင်ပြောင်းလာရန် တွန်းအားပေးပြီး ပီရူး-တရုတ် ချစ်ကြည်ရင်းနှီးသောဆက်ဆံရေး အဆက်မပြတ် ခိုင်မြဲလာစေရန် လုပ်ဆောင်သွားလိုကြောင်း ပြောကြားခဲ့သည်။
သီရိလင်္ကာနိုင်ငံ ဆိပ်ကမ်း၊ အရပ်ဘက်လေကြောင်းပို့ဆောင်ရေးနှင့် စွမ်းအင်ဝန်ကြီး Anura Karunathilaka က တရုတ်အသွင်ပုံစံ ခေတ်မီအသွင်ပြောင်းမှုက ရရှိထားသော ဖွံ့ဖြိုးတိုးတက်အောင်မြင်မှုနှင့် သီရိလင်္ကာ-တရုတ် ပူးပေါင်းဆောင်ရွက်မှုကို များစွာတန်ဖိုးထား ချီးကျူးပြောကြားခဲ့ပြီး သီရိလင်္ကာနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒအား ခိုင်မြဲစွာ လိုက်နာကျင့်သုံးမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
တရုတ်နိုင်ငံက ကာလကြာရှည်စွာ သီရိလင်္ကာနိုင်ငံအပေါ် အဖိုးတန်သည့် ပံ့ပိုးကူညီမှုများ ပေးအပ်ခဲ့ခြင်းကို ကျေးဇူးတင်ရှိကြောင်း၊ နှစ်ဖက်အနေဖြင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်နက်ရှိုင်းစေပြီး ငြိမ်းချမ်းသော၊ စည်ပင်ဝပြောသော အနာဂတ်အား အတူတကွတည်ဆောက်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ဂျာမနီနိုင်ငံ Lower Saxony ပြည်နယ် အုပ်ချုပ်ရေးမှူး Olaf Lies က တရုတ်နိုင်ငံက ဖော်ပြထားသော အရှိန်အဟုန်မြင့် ရှင်သန်စွမ်းအားနှင့် ဆန်းသစ်တီထွင်မှုစွမ်းရည်များသည် လူကိုများစွာအမှတ်ရစေကြောင်း၊ Lower Saxony ပြည်နယ်သည် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သော အစဉ်အလာရှိကြောင်း၊ နှစ်ဖက်က ပို့ဆောင်ရေး၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ စမတ်ထုတ်လုပ်မှု၊ မော်တော်ယာဉ် စက်မှုလုပ်ငန်း၊ ဆိပ်ကမ်း စသည့် အရေးကြီးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ဖော်ဆောင်သွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ဩစတြေးလျနိုင်ငံ New South Wales ပြည်နယ် အုပ်ချုပ်ရေးမှူး ကိုယ်စားလှယ်၊ ပြည်နယ်အစိုးရ အတွင်းရေးမှူး Michael Miller က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ၇၇ နှစ်တာ သာမန်မဟုတ်သောဖြစ်စဉ်သည် အများအာရုံစိုက်ဖွယ် ဖွံ့ဖြိုးတိုးတက်အောင်မြင်မှုများကို သက်သေထူခဲ့ကြောင်း၊ လတ်တလောနှစ် ၂၀ အတွင်း တရုတ်နိုင်ငံသည် အစဉ်အမြဲ New South Wales ပြည်နယ်၏ အကြီးဆုံး ကုန်သွယ်မှုမိတ်ဖက်ဖြစ်ခဲ့ကြောင်း၊ နှစ်ဖက်က ကုန်သွယ်ရေး၊ ဆေးကုသမှုနှင့် ဇီဝသိပ္ပံ၊ ကာဗွန်စွန့်ထုတ်မှု သုညဖြစ်ခြင်း စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ အဆက်မပြတ် တိုးတက်လာရန် မျှော်လင့်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ကာဇက်စတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အယ်လ်မာတီမြို့အခြေစိုက် ကိုယ်စားလှယ်ရုံး တာဝန်ခံ Zhanibek Abdrashov က တရုတ်နိုင်ငံသည် ကမ္ဘာကြီးအတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအား အခိုင်အမာ တွန်းအားပေးဖော်ဆောင်သော စံနမူနာပြလိုက်ကြောင်း၊ လာမည့်နှစ်တွင် ကာဇက်စတန်-တရုတ် သံတမန်ဆက်ဆံရေး တည်ထောင်မှု ၃၅ နှစ်ပြည့်ဖြစ်မည်ဖြစ်ကြောင်း၊ အဆိုပါအရေးကြီးကာလသည် ကာဇက်စတန်-တရုတ်ပူးပေါင်းဆောင်ရွက်မှုအတွက် အနှစ်သာအရအသစ် ဖြည့်တင်းပေးသွားပြီး နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှု အလားအလာများအား တစ်ဆင့်တိုး ထုတ်လွှတ်သွားမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

---------------------
(Chinese Version)
综合消息|祝贺新中国成立77周年 多国人士盛赞中国发展成就
新华社北京10月1日电 综合新华社驻外记者报道:近日,我驻外使领馆在全球多地举办招待会等活动,隆重庆祝中华人民共和国成立77周年。出席活动的多国政要高度评价中国发展成就,期待与中国加深互利合作。
朝鲜最高人民会议常任委员会副委员长金亨植表示,77年来,勤劳勇敢的中国人民战胜种种困难挑战,创造了令人瞩目的发展成就。朝方愿同中方共同努力,为了两国人民的共同利益,推动朝中友好合作关系不断深化发展。
缅甸副总统南尼尼埃在致辞时高度评价中方提出的四大全球倡议,钦佩中国取得的发展成就,重申缅甸坚定奉行一个中国政策,愿缅中胞波友谊万古长青。
意大利副总理兼基础设施与交通部部长马泰奥·萨尔维尼说,意中关系富有建设性且充满活力。在人工智能领域,中国已走在前列,两国围绕此领域开展交流十分重要。期盼能再次访华,将中国经验带回意大利。
津巴布韦高等教育、创新、科学与技术发展部部长弗雷德里克·沙瓦表示,津中友谊历经考验、韧性强大,两国关系建立在主权平等、相互尊重基础之上。同中国的合作对津经济发展起到变革性推动作用,显著改善了民众生活。津方将继续坚定恪守一个中国原则,并在多边场合同中方保持紧密协作。
南非旅游部部长帕特里夏·德利莱代表南非政府向中国政府和人民致以诚挚祝贺,高度评价中国经济社会发展成就,感谢中方对南非提供的支持和帮助,表示南非愿进一步密切对华交流合作,不断提升两国关系水平。
波黑议会代表院副主席马林科·查瓦拉表示,波黑从共建“一带一路”合作中获益良多,中国的发展经验为波黑提供了借鉴。他向中国人民致以节日祝贺,祝愿中国更加美好、更加繁荣,在世界上发挥更重要影响力。
秘鲁外交部副部长埃里克·安德森代表秘鲁政府祝贺新中国成立77周年和秘中建交55周年,高度评价两国建交以来在政治、经贸、人文等领域取得的合作成果。他表示,秘方愿继续同中方加强高层对话,拓展贸易、投资、互联互通等领域发展合作,推动更多合作成果转化为发展、就业、技术进步和民生福祉,不断巩固秘中友好关系。
斯里兰卡港口和民航部长兼能源部长阿努拉·卡鲁纳蒂拉卡高度评价中国式现代化取得的发展成就和斯中合作,重申斯方坚定奉行一个中国政策,感谢中国长期以来给予斯里兰卡的宝贵支持,期待双方继续深化各领域合作,共同建设和平、繁荣的未来。
德国下萨克森州州长奥拉夫·利斯说,中国展现出的蓬勃活力和创新能力令人印象深刻。下萨克森州有对华合作传统,希望双方在交通、数字经济、智能制造、汽车工业、港口等重点领域继续开展合作。
澳大利亚新南威尔士州州督代表、州督官方秘书迈克尔·米勒表示,中华人民共和国77年的非凡历程,见证了令人瞩目的发展成就。近20年来,中国一直是新南威尔士州最大的贸易伙伴,期待双方在贸易、医疗和生命科学以及净零排放等领域的合作不断发展。
哈萨克斯坦外交部驻阿拉木图代表处负责人阿布德拉绍夫说,中国为世界树立了坚持可持续发展的典范。明年将迎来哈中建交35周年,相信这一重要节点将赋予哈中合作新的内涵,进一步释放双方合作潜力。(完)
图说1:10月1日清晨,隆重的升国旗仪式在北京天安门广场举行,庆祝中华人民共和国成立77周年。 新华社记者 谢晗 摄
图说2:9月30日晚,庆祝中华人民共和国成立77周年招待会在北京人民大会堂举行。习近平、李强、赵乐际、王沪宁、蔡奇、丁薛祥、李希、韩正等党和国家领导人与中外人士欢聚一堂,共庆中华人民共和国华诞。 新华社记者 燕雁 摄







