
တာ့လျန်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)
Hengli Heavy Industry Industrial Park သည် တရုတ်နိုင်ငံ လျောင်နင်ပြည်နယ်၊ တာ့လျန်မြို့ ချန်ရှင်းကျွန်း စီးပွားရေးဇုန်တွင် တည်ရှိသည်။ ၂၀၂၃ ခုနှစ် အစောပိုင်းတွင် ပထမအဆင့် “ပင်လယ်ရေကြောင်း စက်ရုံ” စတင်လည်ပတ်ခဲ့ပြီး သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီသော သင်္ဘောတည်ဆောက်ရေး အခြေစိုက်စခန်းတစ်ခုဖြစ်လာစေရန် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ၂၀၂၅ ခုနှစ်အစောပိုင်းတွင် ဒုတိယအဆင့် 'အနာဂတ်စက်ရုံ' ကို စတင်လည်ပတ်ခဲ့ပြီး ၎င်း၏ ထုတ်လုပ်မှုပမာဏ၊ ထုတ်လုပ်မှုစွမ်းအားနှင့် တွဲဖက်အထောက်အကူပြုနိုင်စွမ်းတို့မှာ ကမ္ဘာ့ရှေ့တန်းမှ ရပ်တည်လျက်ရှိသည်။ ၎င်း “အနာဂတ်စက်ရုံ” သည် အကြီးစား ရေနံတင်သင်္ဘောများ၊ အကြီးစား ဓာတ်ငွေ့ရည် သယ်ယူပို့ဆောင်ရေးသင်္ဘောများ၊ အကြီးစား ကွန်တိန်နာသင်္ဘောများ စသည့် တန်ဖိုးမြင့် သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီသော သင်္ဘောများနှင့် အဆင့်မြင့် ပင်လယ်ရေကြောင်းအင်ဂျင်နီယာ ပစ္စည်းကိရိယာ ထုတ်လုပ်ရေးလုပ်ငန်းများကို အဓိကထား အာရုံစိုက်ဆောင်ရွက်လျက်ရှိသည်။
Hengli Heavy Industry Industrial Park တွင် အလိုအလျောက် ဂဟေဆက်သည့်စက်ရုပ်များ၊ အလိုအလျောက် ဖြတ်တောက်ခြင်း၊ သံမဏိပြားများပေါ်သို့ ရွေ့လျားစနစ်ဖြင့် အလိုအလျောက် စာလုံးရိုက်နှိပ်ခြင်းစသည့် ထိပ်တန်းနည်းပညာများကို ကျယ်ကျယ်ပြန့်ပြန့် တွင်တွင်ကျယ်ကျယ် အသုံးပြုလျက် ရှိသည်။ သင်္ဘောကျင်းများ၊ အလုပ်ရုံများနှင့် ဆိပ်ကမ်းများတွင် စက်မှုကဏ္ဍဆိုင်ရာ အချက်အလက် စုဆောင်းရေး ဂိတ်အများအပြားကို ဖြန့်ကြက်ထားရှိပြီး စက်မှုဒေတာ စုဆောင်းခြင်း၊ အင်တာနက်ချိတ်ဆက် အာရုံခံစနစ် (IoT) နှင့် စက်ရုံတွင်း 5G သီးသန့်ကွန်ရက်စသည့် ခေတ်မီနည်းပညာများကို အခြေခံကာ သင်္ဘောကျင်း တစ်ခုလုံးအနေဖြင့် ထုတ်လုပ်မှု အရင်းအမြစ်များကို ဒစ်ဂျစ်တယ်စနစ်ဖြင့် စုဆောင်းခြင်းနှင့် အသေးစိတ် တိကျသေချာသော စီမံခန့်ခွဲကွပ်ကဲမှုတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ (Xinhua)
------------------------------------------
(Chinese Version)
探访船舶建造的“未来工厂”——大连恒力重工产业园
恒力重工产业园坐落于辽宁省大连长兴岛经济区。2023年初,一期“海洋工厂”投入运营,致力打造绿色船舶建造基地。2025年初,二期“未来工厂”投产,单体规模、生产效率以及配套能力均居全球前列。这座“未来工厂”重点聚焦超大型油船、超大型液化气运输船、超大型集装箱船等高附加值绿色船舶和高端海工装备制造业务。
在恒力重工产业园,自动焊接机器人、自动切割、钢板动态自动化印字等前沿技术得到大规模应用。大量工业数据采集终端分布在船坞、车间和码头,依托工业数据采集、物联网感知、厂区5G专网等先进技术,整座船厂实现了生产要素的数字化采集与精细化管控。
新华社记者 潘昱龙 摄
图说 1 :这是9月29日在恒力重工产业园拍摄的发动机总装车间。新华社记者 潘昱龙 摄
图说 2 :这是9月29日在恒力重工产业园联合车间拍摄的机械手臂。新华社记者 潘昱龙







