တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ရှမန်မြို့ ဟူလီခရိုင်ရှိ ဝူယွမ်ပင်လယ်အော် ရွက်လှေဆိပ်ကမ်းတစ်နေရာကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ရှမန်မြို့ ဟူလီခရိုင်ရှိ ဝူယွမ်ပင်လယ်အော် ရွက်လှေဆိပ်ကမ်းတစ်နေရာကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှမန်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

ပင်လယ်ကို အမှီပြုရှင်သန်ပြီး ပင်လယ်ဆီသို့ ဦးတည်ဖွံ့ဖြိုးတိုးတက်လာသည်။

နှစ်ပေါင်းများစွာအတွင်း တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ရှမန်မြို့သည် ဂေဟယဉ်ကျေးမှုဆိုင်ရာ အယူအဆကို စဉ်ဆက်မပြတ် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ကုန်းမြေနှင့် ပင်လယ် ပူးပေါင်းစီမံခန့်ခွဲမှုကို ဘက်စုံညှိနှိုင်းဆောင်ရွက်ခဲ့သည်။ ထို့ပြင် သာယာလှပသော ပင်လယ်အော်များ တည်ဆောက်ရေးကို အရှိန်အဟုန်ဖြင့် ဆက်လက်တွန်းအားပေးဆောင်ရွက်ခဲ့သည့်အပြင် ကမ်းရိုးတန်း ရွှံ့နွံစိမ့်မြေများကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ကမ်းရိုးတန်း ဂေဟစနစ်ကို ပြန်လည်ထူထောင်ခြင်းတို့ဖြင့် ပင်လယ်ပြာနှင့် စိမ်းလန်းသော သဘာဝပတ်ဝန်းကျင်တို့ ယှက်နွှယ်ပေါင်းစပ်နေကာ ရေကြည်လင်ပြီး ကမ်းရိုးတန်းသန့်ရှင်းသာယာသော ငှက်ဖြူကျွန်း (ရှမန်မြို့) ၏ လှပသည့် ပုံရိပ်ကို ပုံဖော်ခဲ့သည်။

၎င်းပင်လယ်အော်မြို့တော်သည် မြို့တစ်မြို့လုံး၏ စိမ်းလန်းစိုပြည်မှုဖြင့် ကျယ်ပြန့်လှသည့် ပင်လယ်ပြာကြီးကို ကာကွယ်စောင့်ရှောက်လျက် မြို့ပြနှင့် ပင်လယ် အပြန်အလှန် မှီခိုဆက်နွှယ်ပြီး လူသားနှင့် ပင်လယ် သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်ရေးကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်မှုများမှတစ်ဆင့် လူသားနှင့် သဘာဝ သဟဇာတဖြစ်စွာ အတူယှဉ်တွဲရှင်သန်ရေးဆိုင်ရာ ခေတ်သစ်ကာလ၏ အောင်မြင်မှုမှတ်တမ်းသစ်ကို ရေးထိုးလျက်ရှိသည်။ (Xinhua)

------------------------------------------

(Chinese Version)

城海相融 生态厦门

依海而生、向海而兴。

多年来,福建省厦门市持续践行生态文明理念,统筹陆海协同治理,持续推进美丽海湾建设,守护滩涂湿地、修复滨海生态,绘就蓝绿交织、水清滩净的鹭岛图景。

这座海湾之城,以一城青绿护万顷蔚蓝,在城海相依、人海和谐的生动实践中,书写人与自然和谐共生的新时代答卷。

图说 1 :10月26日拍摄的厦门市湖里区五缘湾游艇港一角。新华社记者 林善传 摄

图说 2 :10月26日,人们在厦门市湖里区五缘湾湿地公园天鹅湖观赏黑天鹅。新华社记者 林善传 摄