
ချန်ရှား၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)
မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ချန်ရှားမြို့ ဝမ့်ချိန်ခရိုင်ရှိ မသန်စွမ်းသူများ အဖွဲ့ချုပ်သည် မသန်စွမ်းသူများကို ပြုစုစောင့်ရှောက်သည့် အဖွဲ့အစည်းများကို အခြေခံ၍ မသန်စွမ်းသူများ၏ ပညာရေးနှင့် အလုပ်အကိုင်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများကို တက်ကြွစွာ လုပ်ဆောင်လျက်ရှိသည်။
ထိုအဖွဲ့အစည်းအတွင်း၌ ရပ်ရွာလူနေမှုဘဝကို ပေါင်းစပ်ပေးသည့်အနေနှင့် စူပါမားကတ်၊ အဆောင်၊ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းသင်တန်း၊ ဥယျာဉ်ခြံစိုက်ပျိုးရေးကုထုံး၊ ယဉ်ကျေးမှုနှင့် ဆန်းသစ်ဖန်တီးမှု ထုတ်ကုန်ပစ္စည်းပြခန်း စသည်တို့၏ ပုံစံတူများ ဖန်တီးတည်ဆောက်ကာ လက်မှုပစ္စည်းထုတ်လုပ်မှုသင်တန်း၊ အသက်မွေးပညာကျွမ်းကျင်မှုသင်တန်းများကို ဖွင့်လှစ်ပေးထားသည်။ လူနေမှုဘဝအတွက် စွမ်းရည်လေ့ကျင့်မှုနှင့် အထောက်အကူပြုအလုပ်အကိုင်ကျွမ်းကျင်မှု သင်တန်းများကို ပေါင်းစပ်ကာ မသန်စွမ်းသူများ၏ မိမိကိုယ်တိုင်စီမံနိုင်စွမ်းကို မြှင့်တင်ပေးသည်။ ယခုနှစ်မှစ၍ ဒေသအတွင်း မသန်စွမ်းသူဦးရေ ၂၆၀ ကျော်ကို ပြုစုစောင့်ရှောက်ဝန်ဆောင်မှုပေးခဲ့ပြီး မသန်စွမ်းသူဦးရေ ၃၂၀ ကျော်အတွက် အလုပ်အကိုင် ဝန်ဆောင်မှုများပေးခဲ့သည်။ (Xinhua)
.......................
(Chinese Version)
场景化教育就业服务让助残更有温度
新华社照片,长沙,2026年10月29日
近年来,湖南省长沙市望城区残联依托残疾人托养机构,积极做好残疾人教育与就业服务工作。把社区生活搬进机构,打造了模拟超市、宿舍、交通规则训练、农疗种植、文创展销等场景,开展手工制作、技能实训等课程,将生活能力训练与辅助性就业培训融为一体,提升残疾人的自理能力。今年以来,当地共托养服务残疾人260余人,提供320余人次残疾人就业服务。
图说1:10月29日,在望城区星羽残疾人托养中心农疗区,工作人员(右一)指导学员翻土。 新华社记者 陈思汗 摄
图说2:10月29日,在望城区星羽残疾人托养中心交通规则训练区,工作人员(右二)带领学员学习交通规则。新华社记者 陈思汗 摄


dd7749fec0799d20bf49a404e5d0f6744d1e1f03.article_card.avif)





