
မုန်ကျစ်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ဟုန်ဟယ် ဟားနီလူမျိုး၊ ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ မုန်ကျစ်မြို့သည် မကြာသေးမီနှစ်များအတွင်း ဒေသ၏ သဘာဝအရင်းအမြစ်ဆိုင်ရာ အားသာချက်များကို အခြေခံကာ ဘလူးဘယ်ရီသီးနှင့် သလဲသီးစသည့် ဒေသထွက်သစ်သီးလုပ်ငန်းကဏ္ဍကို ပြည်သူများ၏ ဝင်ငွေတိုးပွားစေရန် အရေးပါသော နည်းလမ်းတစ်ရပ်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။ ထို့ပြင် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော စိုက်ပျိုးရေး၊ နည်းပညာပံ့ပိုးမှုနှင့် အမှတ်တံဆိပ်မြှင့်တင်ရေးစသည့် ကဏ္ဍများတွင် အရည်အသွေးမြှင့်တင်ပြီး ထိရောက်မှုတိုးမြှင့်ရေးကို အလေးထားဆောင်ရွက်ကာ ဒေသထွက်ထူးခြားသည့် သစ်သီးလုပ်ငန်းကဏ္ဍကို အကြီးစားအဆင့်၊ စံချိန်စံညွှန်းနှင့်အညီ ထုတ်လုပ်မှုအဆင့်နှင့် အမှတ်တံဆိပ်ဖော်ဆောင်မှုအဆင့်များသို့ ဖွံ့ဖြိုးတိုးတက်စေလျက်ရှိသည်။
လက်ရှိတွင် မုန်ကျစ်မြို့၌ ဘလူးဘယ်ရီသီး စိုက်ပျိုးဧရိယာမှာ မူ (Mu) ၈၀,၀၀၀ ကျော်ရှိပြီး နှစ်စဉ်ထုတ်လုပ်မှုတန်ဖိုး ယွမ် ၇.၆၅၇ ဘီလီယံခန့် ရှိကာ လူဦးရေ ၁၆၅,၀၀၀ အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့သည်။ သလဲသီး စိုက်ပျိုးဧရိယာမှာ မူ (Mu) ၇၇,၇၀၀ ရှိပြီး နှစ်စဉ်ထုတ်လုပ်မှုတန်ဖိုး ယွမ် ၈၈၀ သန်းခန့် ရှိကာ လူဦးရေ ၅၆,၀၀၀ ကျော်၏ ဝင်ငွေတိုးပွားရေးကို အထောက်အကူပြုလျက်ရှိသည်။ ဒေသထွက်သစ်သီးလုပ်ငန်းကဏ္ဍသည် မုန်ကျစ်မြို့၏ ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် တောင်သူလယ်သမားများ၏ ဝင်ငွေတိုးပွားရေးအတွက် အရေးပါသော အဓိကထောက်တိုင်တစ်ရပ် ဖြစ်လာခဲ့သည်။ (Xinhua)
------------------------------------------
(Chinese Version)
云南蒙自:特色水果“串”起富民增收产业链
近年来,云南省红河哈尼族彝族自治州蒙自市立足资源禀赋,把蓝莓、石榴等特色水果产业作为富民增收的重要抓手,围绕绿色种植、科技赋能、品牌提升等环节提质增效,推动特色水果产业规模化、标准化、品牌化发展。
目前,全市蓝莓种植面积突破8万亩,年产值约76.57亿元,带动就业16.5万人;石榴种植面积达7.77万亩,年产值约8.8亿元,带动5.6万余人增收。特色水果产业已成为蒙自县域经济发展和农民增收的重要支柱。
图说 1 :10月29日,石榴企业工作人员在百年古树石榴园里摘石榴。新华社记者 彭奕凯 摄
图说 2 :10月29日,工人在蒙自市一处蓝莓生产基地采摘蓝莓。新华社记者 彭奕凯 摄



dd7749fec0799d20bf49a404e5d0f6744d1e1f03.article_card.avif)




