
ပေကျင်း၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)
ဂျပန်အရုပ်ကုမ္ပဏီ Sanrio သည် တရုတ်လူမှုမီဒီယာတွင် ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ခြင်းခံရမှုကြောင့် ဂျပန်သူလျှိုဇာတ်လမ်းတွဲတစ်ခုနှင့် ပူးပေါင်းဆောင်ရွက်မှုအား ပယ်ဖျက်လိုက်သည်ဟု သတင်းများအရ သိရသည်။ ယင်းနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းက အောက်တိုဘာ ၂၉ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းမှုကို ဖြေကြားရာ၌ အဆိုပါဇာတ်လမ်းတွဲသည် ဂျပန်နိုင်ငံပြည်တွင်း၌ တရုတ်နိုင်ငံအား ယဉ်ကျေးမှုထုတ်ကုန်မှတစ်ဆင့် ပုံဖျက်ရန်၊ အမည်ဖျက်ရန်၊ တရုတ်မုန်းတီးရေးခံစားချက်များ ဖြန့်ချိရန် ကြိုးပမ်းနေသော အင်အားစုတစ်စု အစဉ်အမြဲရှိနေသည်ကို ထပ်မံဖော်ပြနေသဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ဂျပန်နိုင်ငံ ပြည်တွင်း အမြော်အမြင်ရှိပုဂ္ဂိုလ်များ၏ သတိပြုမှုခံရသင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
---------------------
(Chinese Version)
外交部:日本始终存在一股势力企图丑化、抹黑中国
新华社北京10月29日电(记者冯歆然、曹嘉玥)有报道称,由于中国社交媒体上的强烈反对,日本玩具公司三丽鸥取消了与一部日本谍战电视剧的合作。对此,外交部发言人郭嘉昆29日在例行记者会上答问时表示,这部电视剧再次暴露出日本国内始终存在一股势力企图通过文化产品丑化、抹黑中国,散播仇华情绪,应当引起国际社会和日本国内有识之士的警惕。(完)



dd7749fec0799d20bf49a404e5d0f6744d1e1f03.article_card.avif)




