တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ကွမ်ကျိုးမြို့၌ ကျင်းပသည့် ကွမ်ကျိုးကုန်စည်ပြပွဲအတွင်း ဝန်ထမ်းတစ်ဦးက စမတ်ဘီးတပ်ကုလားထိုင်ဖြင့်‌ လှေကားထစ်ဆင်းခြင်းအား ထိန်းချုပ်လုပ်ဆောင်ပြနေပုံကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ကွမ်ကျိုးမြို့၌ ကျင်းပသည့် ကွမ်ကျိုးကုန်စည်ပြပွဲအတွင်း ဝန်ထမ်းတစ်ဦးက စမတ်ဘီးတပ်ကုလားထိုင်ဖြင့်‌ လှေကားထစ်ဆင်းခြင်းအား ထိန်းချုပ်လုပ်ဆောင်ပြနေပုံကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကွမ်ကျိုး၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

ကွမ်ကျိုးကုန်စည်ပြပွဲဟုလည်း လူသိများသည့် ၁၄၀ ကြိမ်မြောက် တရုတ်သွင်းကုန်ပို့ကုန်ပြပွဲ၌ ခေတ်မီ၍  သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်ကာ ဝန်ဆောင်မှုအသားပေးသော ထုတ်ကုန်များကို ပြသလျက်ရှိရာ နည်းပညာမြင့်မား၍ ဝယ်သူစိတ်တိုင်းကျ ဖန်တီးထုတ်လုပ်ထားသော ကာဗွန်ထုတ်လွှတ်မှုနည်းပါးသည့် ထုတ်ကုန်သစ်များ မိတ်ဆက်ပြသခြင်းက ကမ္ဘာတစ်ဝန်းမှ ဝယ်ယူသူများကို ဆွဲဆောင်လျက်ရှိပြီး တရုတ်ကုန်ထုတ်လုပ်ငန်းများအတွက် အခွင့်အလမ်းသစ်များကို မီးမောင်းထိုးပြလျက်ရှိသည်။

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် မြို့တော်ကွမ်ကျိုး၌ အောက်တိုဘာ ၁၅ ရက်မှ နိုဝင်ဘာ ၄ ရက်အထိ ကျင်းပလျက်ရှိသော အဆိုပါပြပွဲ၏ ဉာဏ်ရည်ရှိစက်ရုပ် ပြပွဲဧရိယာ၌ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး စက်ရုပ်များ၊ အဖျော်ယမကာဖျော်စပ်သည့် စက်ရုပ်များနှင့် အိမ်မွေးတိရစ္ဆာန်အဖော်ပြု စက်ရုပ်များဖြင့် စည်ကားသက်ဝင်လျက်ရှိသည်။

Hangzhou Taixi Intelligent Technology ကုမ္ပဏီလီမိတက်၏ ပြခန်း၌ ခါးလှုပ်ရှားမှုအထောက်အကူပြု ခန္ဓာကိုယ်အားကူ ဖရိန်စက်ရုပ်ဝတ်စုံကို စမ်းသပ်ရန် ဝယ်သူများက တန်းစီစောင့်ဆိုင်းနေခဲ့ကြသည်။ အဆိုပါကိရိယာက ခန္ဓာကိုယ်အောက်ပိုင်းမှ ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းများအပေါ် သက်ရောက်သည့် ဖိအားကို မည်သို့ပြေလျော့စေကြောင်း သိရှိနိုင်ရန် ပြည်ပမှ ဝယ်ယူသူအများအပြားသည် လက်ရန်းကိုကိုင်ကာ ဖြည်းဖြည်းချင်း သွားလာလှုပ်ရှား၍ စမ်းသပ်ခဲ့ကြသည်။

ယင်းစက်ပစ္စည်းသည် ကုမ္ပဏီ၏ လူသားဗဟိုပြု ရုပ်ပိုင်းဆိုင်ရာ AI နည်းပညာ လမ်းပြမြေပုံကို ပထမဆုံး ပေါင်းစပ်ထည့်သွင်းထားသည့် အဓိက ထုတ်ကုန်သစ်ဖြစ်ကြောင်း ကုမ္ပဏီတည်ထောင်သူ လျန်လိချောင်း က ပြောကြားခဲ့သည်။ အဆိုပါကိရိယာသည် လှုပ်ရှားမှုကို ခန့်မှန်းသိရှိနိုင်ရန်နှင့် ခန္ဓာကိုယ်အောက်ပိုင်း လှုပ်ရှားမှုကို အထောက်အကူဖြစ်စေရန် ခါးအောက်ပိုင်း မော်တာများနှင့် အာရုံခံကိရိယာများ အသုံးပြုထားသည်။ ထိုကိရိယာ၏ အလေးချိန်ကို နှစ်ကီလိုဂရမ်ခန့် လျှော့ချထားပြီး ပိုမိုကောင်းမွန်သော အသွင်သဏ္ဌာန်နှင့်အတူ သက်ကြီးရွယ်အိုများနှင့် လေဖြတ်ဝေဒနာရှင်များအတွက် အထူးတလည် ဖန်တီးထားသည့် အယ်လ်ဂိုရစ်သမ်များနှင့် လမ်းလျှောက်ဟန်များကိုပါ ပေါင်းစပ်ထည့်သွင်းထားခြင်း ဖြစ်သည်။

အဆင့်မြင့် စမတ်အသုံးအဆောင်ပစ္စည်းများ စုစည်းပြသခြင်းက စက်မှုလုပ်ငန်း ဆန်းသစ်တီထွင်မှုဆီသို့ ပိုမိုကျယ်ပြန့်စွာ တွန်းအားပေးဆောင်ရွက်နေမှုကို ထင်ဟပ်ပြသနေသည်။ ယခုကုန်စည်ပြပွဲတွင် ပြပွဲပြသသူ ၆၄ ရာခိုင်နှုန်းက စက်မှုလုပ်ငန်းသုံး အင်တာနက်နှင့် ဉာဏ်ရည်တုနည်းပညာများကို သုတေသန၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍများတွင် ပေါင်းစပ်အသုံးပြုထားပြီး ထုတ်ကုန်သစ်များမှာ ခင်းကျင်းပြသမှု စုစုပေါင်း၏ ၂၃.၂ ရာခိုင်နှုန်းရှိခဲ့ကာ စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။

"ဒီနေ့ ကွမ်ကျိုးကုန်စည်ပြပွဲမှာ အီလက်ထရောနစ် လူသုံးကုန်ပစ္စည်းတွေ အဓိကပါဝင်ပြီး စွမ်းအင်သစ်သိုလှောင်မှု၊ embodied intelligence နဲ့ စမတ်နည်းပညာသုံး ကျန်းမာရေးစောင့်ရှောက်မှုလို နည်းပညာထုတ်ကုန်တွေကလည်း ဆွဲဆောင်နိုင်စွမ်းရှိတာမို့ တရုတ်နိုင်ငံထုတ် အဆင့်မြင့် ထုတ်ကုန်အများအပြားကိုလည်း ပွဲဦးထွက်မိတ်ဆက်ပြသနေပါတယ်" ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ ကျန်းလိ က ပြောကြားခဲ့သည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20261029/22caaeb8d3b449cf81962570e101d1f6/c.html

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ကွမ်ကျိုးမြို့၌ ကျင်းပသည့် ကွမ်ကျိုးကုန်စည်ပြပွဲဟုလည်း လူသိများသော ၁၄၀ ကြိမ်မြောက် တရုတ်သွင်းကုန်ပို့ကုန်ပြပွဲတွင် စက်ရုပ်တစ်ရုပ်က လှေကားထစ်တက်သည့်စွမ်းရည် ပြသနေပုံကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ကွမ်ကျိုးမြို့၌ ကျင်းပသည့် ကွမ်ကျိုးကုန်စည်ပြပွဲဟုလည်း လူသိများသော ၁၄၀ ကြိမ်မြောက် တရုတ်သွင်းကုန်ပို့ကုန်ပြပွဲတွင် စက်ရုပ်တစ်ရုပ်က လှေကားထစ်တက်သည့်စွမ်းရည် ပြသနေပုံကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

.................................

(English Version)

Smart, green and service-oriented: Canton Fair mirrors new momentum in China's foreign trade

GUANGZHOU, Oct. 29 (Xinhua) -- The 140th edition of the China Import and Export Fair, also known as the Canton Fair, is showcasing smart, green and service-oriented products, with high-tech, customized and low-carbon debuts drawing global buyers and highlighting new opportunities for Chinese manufacturing.

Logistics robots, drink-making robots and pet-companion robots crowded the intelligent robotics area at the fair, which is being held from Oct. 15 to Nov. 4 in Guangzhou, capital of south China's Guangdong Province.

At the booth of Hangzhou Taixi Intelligent Technology Co., Ltd., buyers lined up to try out a consumer waist-assist exoskeleton. Many overseas buyers held the handrail and shuffled forward, step by step, to feel how the device relieves pressure on their lower limbs.

It is the first flagship product to integrate its human-oriented physical AI technology roadmap, said company founder Liang Linchao. The device uses waist motors and sensors to detect movement and assist lower-limb mobility. Its weight has been cut to about 2 kg, and alongside a refined appearance, algorithms and gait plans tailored to elderly people and hemiplegic patients have been added.

The cluster of cutting-edge smart equipment reflects a broader push toward industrial innovation. At this fair, 64 percent of exhibitors have integrated the industrial internet and artificial intelligence into R&D and production, and new products accounted for 23.2 percent of exhibits, marking a record high.

"At today's Canton Fair, consumer electronics are the dominant category, and tech products such as new energy storage, embodied intelligence and smart healthcare are eye-catching, with many cutting-edge Chinese-made products making their debut," said Zhang Li, an official with the Ministry of Commerce.

https://english.news.cn/20261029/22caaeb8d3b449cf81962570e101d1f6/c.html

Photo caption 1: A staff member controls a smart wheelchair to go down the stairs during the Canton Fair in Guangzhou, south China's Guangdong Province, Oct. 15, 2026. (Xinhua/Deng Hua)

Photo caption 2: A robot demonstrates stair climbing skills at the 140th China Import and Export Fair, also known as the Canton Fair, in Guangzhou, south China's Guangdong Province, Oct. 15, 2026. (Xinhua/Deng Hua)