
ကျင်းဟွာ၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ကျင်းဟွာမြို့ ကျင်းတုန်းခရိုင် လျင်ရှမြို့နယ် ရှီးဟို့ဆန်းကျေးရွာတွင် တည်ရှိသော လျန်အန့် စိုက်ပျိုးရေးသိပ္ပံနှင့် နည်းပညာစက်မှုဇုန်သည် ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် ကျင်းတုန်းခရိုင် ကျီးတောက်ဆန်းတောင်ဝန်းကျင် ဘုံသာယာဝပြောရေးဇုန်၏ အဓိကဒေသ၌ အခြေစိုက်တည်ထောင်ခဲ့သည်။ ၎င်းသည် ၂၀၂၃ ခုနှစ် ကျဲ့ကျန်း-ထိုင်ဝမ် ပူးပေါင်းဆောင်ရွက်ရေး ရက်သတ္တပတ်တွင် အဓိက သဘောတူစာချုပ်ချုပ်ဆိုခဲ့သည့် စီမံကိန်းတစ်ခုဖြစ်သကဲ့သို့ ကျင်းဟွာမြို့ ကျင်းတုန်းခရိုင်၏ ခေတ်မီစိုက်ပျိုးရေး စံပြစီမံကိန်းတစ်ခုလည်း ဖြစ်သည်။
စက်မှုဇုန်သည် စုစုပေါင်း မြေဧရိယာ ၁၉၈.၂ မူ(mu) ကျယ်ဝန်းပြီး ခေတ်မီစမတ်စိုက်ပျိုးရေး ဖန်လုံအိမ် ၇၀ မူ (mu)၊ လေဟာပြင်စံချိန်မီ စိုက်ပျိုးရေးဧရိယာ ၆၀ မူ (mu) နှင့် ရေအရင်းအမြစ်၊ ကားရပ်နားရန်နေရာ စသည့် အထောက်အကူပြု အဆောက်အအုံများကို တည်ဆောက်ထားသည်။ ထို့ပြင် မျိုးစေ့နှင့် ပျိုးပင်သုတေသန၊ ဂေဟစနစ်နှင့် သဟဇာတဖြစ်သော စိုက်ပျိုးရေး၊ အဆင့်မြင့်ကုန်ချောထုတ်လုပ်ရေး၊ အမှတ်တံဆိပ်ဖြင့် ရောင်းချရေး၊ စိုက်ပျိုးရေးနှင့် ခရီးသွားလုပ်ငန်း ပေါင်းစပ်ဖွံ့ဖြိုးရေး၊ စိုက်ပျိုးရေးနည်းပညာ သရုပ်ပြရေးတို့ကို တစ်စုတစ်စည်းတည်း ပေါင်းစပ်ထားသည့် ကွင်းဆက်ပြည့်ဝသော စမတ်စိုက်ပျိုးရေး ဘက်စုံစက်မှုဇုန်တစ်ခုအဖြစ် ဖော်ဆောင်ထားသည်။
အဆိုပါစက်မှုဇုန်သည် ဒစ်ဂျစ်တယ်အသွင် ဉာဏ်ရည်မြင့်နည်းပညာကို အသုံးပြုသည့် စိုက်ပျိုးရေးစနစ်ကို အဓိကထားကာ ထိုင်ဝမ်နာနတ်သီး၊ နဂါးမောက်အဝါမျိုး၊ အနီရောင်အသားရှိ နဂါးမောက်သီးနှင့် ရတနာကျွန်း(ပေါက်သောင်)အမှတ် (၁) မျိုးကွဲဝင် အသီးလုံးကြီး ဘလူးဘယ်ရီသီးများ အပါအဝင် ထူးခြားသော သစ်သီးနှင့် ဟင်းသီးဟင်းရွက်မျိုးကွဲများကို အဓိကထား တင်သွင်းစိုက်ပျိုးလျက်ရှိသည်။ ထို့ပြင် ထူးခြားသော သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်မျိုးစေ့၊ ပျိုးပင်များ မျိုးပွားထုတ်လုပ်၍ ပြင်ပသို့ ဖြန့်ဖြူးပေးသည့် အခြေစိုက်စခန်းနှင့် အဆင့်မြင့် အပူပိုင်းဒေသထွက် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးရေး စံပြစခန်းတစ်ခုကို ဖော်ဆောင်လျက်ရှိသည်။
အဆိုပါစက်မှုဇုန်သည် ဒေသအတွင်း အသုံးမပြုဘဲ လျစ်လျူရှုထားသော မြေယာအရင်းအမြစ်များကို ထိရောက်စွာ ပြန်လည်အသုံးချခြင်း၊ ဒေသတွင်း စိုက်ပျိုးရေးလုပ်ငန်း ဖွဲ့စည်းပုံကို အကောင်းဆုံးဖြစ်အောင် ပြုပြင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် စိုက်ပျိုးရေးကို ပေါင်းကူးတံတားအဖြစ် အသုံးပြု၍ ထိုင်ဝမ်ရေလက်ကြား နှစ်ဖက်ကမ်းဒေသ အပြန်အလှန်ဖလှယ်မှုများကို ပိုမိုနက်ရှိုင်းစေကာ ကျေးလက်ဒေသ ပြန်လည်ရှင်သန်ဖွံ့ဖြိုးရေးနှင့် ဘုံသာယာဝပြောရေးတို့ကို အထောက်အကူပြုလျက်ရှိသည်။ ယင်းသည် တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ်နှင့် တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသအကြား စိုက်ပျိုးရေးကဏ္ဍ ပေါင်းစည်းဖွံ့ဖြိုးတိုးတက်ရေး၏ လက်တွေ့ထင်ရှားသော သာဓကတစ်ရပ်ဖြစ်သည်။ (Xinhua)
---------------------
(Chinese Version)
浙江金华:特色智能农业产业园打造共富样板
位于浙江省金华市金东区岭下镇诗后山村的两岸农业科技产业园2023年9月落地金东区环积道山共富带核心区域,是2023浙台合作周重点签约项目和金华市金东区现代化农业标杆项目。园区总占地198.2亩,建设70亩现代农业智能大棚、60亩户外标准化种植区及水源、停车场等配套设施,打造集种苗研发、生态种植、精深加工、品牌销售、农旅融合、农技示范于一体的全链条智能农业综合产业园。
园区以数字化智能种植为核心,重点引进台湾凤梨、燕窝果、红心火龙果、宝岛1号系列大颗粒蓝莓等特色果蔬品种,打造特色果蔬种苗繁育输出基地与高端热带果蔬种植示范样板。该产业园盘活片区闲置土地资源,优化区域农业产业结构,以农业为桥深化两岸交流,带动乡村振兴与共同富裕,是浙台农业融合发展的生动实践。
图说 1 :10月27日,在金华市金东区两岸农业科技产业园的智能大棚里,数千盏智能补光灯为植株生长提供充足光照(无人机照片)。新华社记者 徐昱 摄
图说 2 :10月27日,工作人员在金华市金东区两岸农业科技产业园的智能大棚里巡查。新华社记者 徐昱 摄








