ကန်ဘာရာ၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အမျိုးသားယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲရေးဌာနသည် ကန်ဘာရာမြို့တွင် ဩစတြေးလျ အမျိုးသားအနုပညာပြတိုက် (NGA) က တရုတ်နိုင်ငံထံ ပြန်လည်လွှဲပြောင်းပေးအပ်သော တရုတ်နိုင်ငံမှ ပျောက်ဆုံးခဲ့သည့် ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်း နှစ်ခုကို ဒေသစံတော်ချိန် အောက်တိုဘာလ ၂၈ ရက် မွန်းလွဲ ၂ နာရီ ၅၂ မိနစ် (ပေကျင်းစံတော်ချိန် ၁၁ နာရီ ၅၂ မိနစ်) ခန့်တွင် လက်ခံရယူခဲ့သည်။

ယခုအကြိမ် ဩစတြေးလျဘက်မှ ပြန်လည်ပေးအပ်သော ယဉ်ကျေးမှု အမွေအနှစ်ပစ္စည်း နှစ်ခုမှာ တရုတ်နိုင်ငံ မြောက်ပိုင်းစုန့်မင်းဆက်၏ ဘုရင့်ဂူဗိမာန် ဖြစ်သည့် ယုံယွိဂူဗိမာန်မှ စစ်သည်အရာရှိရုပ်တု၏ ဦးခေါင်းပိုင်းနှင့် ယုံချန်းဂူဗိမာန်မှ မှူးမတ်အရာရှိရုပ်တု၏ ဦးခေါင်းပိုင်းတို့ ဖြစ်သည်။ ယင်းပြတိုက်၏ ယင်းမတိုင်မီ ထုတ်ပြန်ခဲ့သော စုဆောင်းမှုမှတ်တမ်းများအရ ဤယဉ်ကျေးမှု အမွေအနှစ်ပစ္စည်း နှစ်ခုလုံးမှာ တရုတ်နိုင်ငံ ဟဲနန်ပြည်နယ်မှ ဖြစ်ကြပြီး ထုံးကျောက် (limestone) ဖြင့် ပြုလုပ်ထားကြောင်း သိရသည်။ စစ်သည်အရာရှိနှင့် မှူးမတ်အရာရှိရုပ်တု ဦးခေါင်းများမှာ အမြင့် ၆၈ စင်တီမီတာနှင့် ၇၀ စင်တီမီတာ၊ အလေးချိန်မှာ ၁၃၂ ကီလိုဂရမ်နှင့် ၂၂၃ ကီလိုဂရမ် အသီးသီးရှိကြသည်။ (Xinhua)

.....................................

(Chinese Version)

澳大利亚向中方返还两件北宋皇陵流失文物

新华社照片,堪培拉,2026年10月28日

当地时间10月28日14时52分(北京时间11时52分)许,中国国家文物局在堪培拉接收澳大利亚国家美术馆向我国返还的两件中国流失文物。此次澳方返还的两件文物为,中国北宋皇陵永裕陵武官像头部和永昌陵文官像头部。据该馆此前公布的馆藏记录,两件文物均来自中国河南省,材质为石灰岩。武、文官像头部分别高68厘米、70厘米,重132公斤、223公斤。