ဝူးလူမုချီ (ရှင်းကျန်း)၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)
လတ်တလောရက်ပိုင်းတွင် ရှင်းကျန်းဒေသ အားအယ်ထိုက်တောင် နိုင်ငံပိုင်သစ်တောဦးစီးဌာန ဖုယွင့်သစ်တော ဦးစီးဌာနခွဲ ဟားလားဆာ့မု သစ်တော စောင့်ရှောက်ရေးစခန်းသည် အနီအောက်ရောင်ခြည်ကင်မရာမှ အချက်အလက်များ သိမ်းဆည်းချိန်တွင် နှင်းကျားသစ် ၃ ကောင် အုပ်စုဖွဲ့၍ တောင်တန်းကျောက်တုံးများပေါ်၌ လှုပ်ရှားသွားလာနေသည့် ရှားပါးမြင်ကွင်းကို တွေ့မြင်ခဲ့ရသည်။ မြင်ကွင်းထဲတွင် နှင်းကျားသစ်များက တည်ငြိမ်စွာ သွားလာကျက်စားနေပြီး ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြောင်း တွေ့ရသည်။
နှင်းကျားသစ်သည် “နှင်းတောင် တောဘုရင်” ဟု တင်စားခေါ်ဝေါ်ခံရပြီး တရုတ်နိုင်ငံ အမျိုးသား ပထမအဆင့် ကာကွယ်စောင့်ရှောက်သော တောရိုင်းတိရစ္ဆာန်ဖြစ်သည်။ ဟားလားဆာ့မု သစ်တောစောင့်ရှောက်ရေးစခန်းသည် ၂၀၂၂ ခုနှစ်တွင် နှင်းကျားသစ်ကို ပထမဆုံးအကြိမ် မှတ်တမ်းတင် ရိုက်ကူးရရှိခဲ့ကာ ထိုမတိုင်မီ နှင်းကျားသစ် ၄ ကောင် အတူရှိသည့် မြင်ကွင်းကိုလည်း ရိုက်ကူးရရှိခဲ့သေးကြောင်း သိရသည်။ (Xinhua)
---------------------
(Chinese Version)
新疆阿尔泰山再次拍到多只雪豹结伴活动
【解说】近日,新疆阿尔泰山国有林管理局富蕴林管分局哈拉萨木森管护站在回收红外相机数据时,拍到3只雪豹结伴在高山岩壁活动的珍贵影像,画面中雪豹步履从容,身体状况良好。
雪豹被称为“雪山之王”,属于国家一级保护野生动物。哈拉萨木森管护站2022年首次记录到雪豹,此前还拍到过4只雪豹同框画面。
作者宿传义、叶尔多斯·胡尔曼尼亚孜,摄制董发勇 新疆富蕴县报道。(完)








