
နန်ကျင်း၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)
မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် ချန်ကျိုးမြို့သည် သမားရိုးကျစက်မှုလုပ်ငန်းကို အခြေခံ၍ နှစ်ဘီးတပ်လျှပ်စစ်ယာဉ် တစ်စီးလုံးနှင့် အပိုပစ္စည်းကိရိယာထုတ်လုပ်သည့် ကုမ္ပဏီလုပ်ငန်းများကို အရှိန်မြှင့်စုစည်းကာ စက်မှုလုပ်ငန်းကို စမတ်အသွင်နှင့် အဆင့်မြင့်အသွင်ဆီသို့ ဦးတည်ရန် တွန်းအားပေးလျက်ရှိသည်။
ချန်ကျိုးမြို့တွင် Segway-Ninebot ၊ NIU ၊ Lvneng စသည့် နှစ်ဘီးတပ်လျှပ်စစ်ယာဉ် ကုမ္ပဏီလုပ်ငန်းအဖွဲ့တစ်ခု ပေါင်းစုတည်ထောင်ကာ စမတ်လျှပ်စစ်မော်တော်ဆိုင်ကယ်၊ လျှပ်စစ်စက်ဘီး၊ လျှပ်စစ်စကူတာဘီး စသည်တို့ကို ထုတ်လုပ်လျက်ရှိရာ နှစ်ဘီးတပ်လျှပ်စစ်ယာဉ် ထုတ်လုပ်မှုပမာဏသည် တစ်နိုင်ငံလုံး စုစုပေါင်းထုတ်လုပ်မှု၏ ၁၀ ရာခိုင်နှုန်းခန့်ရှိပြီး ယင်းဒေသတွင် အစိတ်အပိုင်းများမှသည် တစ်စီးလုံးအထိ ပြည့်စုံသော ထုတ်လုပ်မှုကွင်းဆက်ကို ဖွဲ့စည်းထားပြီးဖြစ်သည်။
ချန်ကျိုးမြို့သည် ကုမ္ပဏီလုပ်ငန်းများ၏ သိပ္ပံနှင့်နည်းပညာဆန်းသစ်တီထွင်မှု အဓိကအခန်းကဏ္ဍကို တက်ကြွစွာ အားဖြည့်ပေးလျက်ရှိသည်။ ဒေသတွင်း နှစ်ဘီးတပ်လျှပ်စစ်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းများသည် သုတေသနနှင့် ဖွံ့ဖြိုးရေးတွင် ရင်းနှီးမြှုပ်နှံမှုများကို စဉ်ဆက်မပြတ် တိုးမြှင့်လုပ်ဆောင်ခြင်းဖြင့် အဝေးထိန်းသော့ဖြင့်စက်နှိုးခြင်း၊ အသံဖြင့်ထိန်းချုပ်၍ အပြန်အလှန်ဆက်သွယ်ခြင်း၊ ဘေးကင်းရေးကြိုတင်သတိပေးခြင်း၊ အလိုအလျောက် ဟန်ချက်ညီထိန်းနိုင်ရန် အယ်လ်ဂိုရီသမ် ညှိနှိုင်းလုပ်ဆောင်ခြင်း စသည့် လုပ်ဆောင်ချက်များကို လက်တွေ့အသုံးချနိုင်ရန် တွန်းအားပေးလျက်ရှိသည်။ အဆိုပါတိုးတက်မှုများသည် အသုံးပြုသူများအတွက် ပိုမိုအဆင်ပြေလွယ်ကူစေရုံသာမက စီးနင်းရာတွင် ဘေးကင်းလုံခြုံကိုပါ မြှင့်တင်ပေးခြင်းဖြင့် အသုံးပြုမှု အတွေ့အကြုံကို တိုးတက်ကောင်းမွန်စေသည်။ (Xinhua)
............................
(Chinese Version)
江苏常州:打造两轮电动车产业高地
新华社照片,南京,2026年10月28日
近年来,江苏常州依托传统制造业基础,加速集聚两轮电动车整车与配套企业,推动产业向智能化、高端化升级。 常州集聚了九号、小牛、绿能等一批两轮电动车企业,产品覆盖智能电动摩托车、电动自行车、平衡车等,两轮电动车产量约占全国总产量的10%,当地已形成从零部件到整车组装的完整产业链。 常州积极强化企业科技创新主体地位,当地两轮电动车企业持续加大研发投入,推动无感解锁、语音交互、安全预警、动态平衡算法协同等功能落地应用,从操作便捷与骑行安全两端提升群众出行体验。
图说1:10月14日,在常州一家智能电动车企业的测试实验室,工程师在对车辆进行调试。 新华社记者 李博 摄
图说2:10月14日,工人在常州一家智能电动车企业的轮胎组装流水线上作业。新华社记者 李博 摄








