
ပေကျင်း၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)
အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီးဌာနက တရုတ်ကုမ္ပဏီလုပ်ငန်းအဖွဲ့အစည်း ၃ ခုကို “ဝေဂါ အတင်းအကျပ်အလုပ်စေခိုင်းမှု တားဆီးကာကွယ်ရေး အက်ဥပဒေ” ဆိုင်ရာ အဖွဲ့အစည်းစာရင်းတွင် ထပ်တိုးထည့်သွင်းကြောင်း ကြေညာခဲ့ခြင်းနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက တရုတ်နိုင်ငံတွင် အတင်းအကျပ်လုပ်အားခိုင်းစေမှု မရှိကြောင်း၊ ရှင်းကျန်းဒေသရှိ တိုင်းရင်းသားအားလုံး၏ လုပ်အားနှင့် အလုပ်အကိုင်သည် လွတ်လပ်၍ တန်းတူညီမျှရှိပြီး အလုပ်သမားအခွင့်အရေးများကို ဥပဒေနှင့်အညီ ထိရောက်စွာ အာမခံထားကြောင်း၊ အမေရိကန်ဘက်၏ သက်ဆိုင်ရာ အစီအမံများသည် အချက်အလက်အခြေအမြစ်မရှိကြောင်း၊ အမေရိကန်နိုင်ငံသည် “လူ့အခွင့်အရေး” ကိစ္စကို အစဉ်ကြိုးကိုင်ခြယ်လှယ်၍ “လူ့အခွင့်အရေး” အကြောင်းပြကာ တစ်ဖက်သတ် ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒနှင့် ဗိုလ်ကျကြီးစိုးမှုဝါဒတို့ကို ကျင့်သုံးလျက်ရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ယင်းကို ပြင်းထန်စွာ ရှုတ်ချပြီး ပြတ်သားစွာ ကန့်ကွက်ကြောင်း အောက်တိုဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံသည် မကြာမီကာလကပင် တရုတ်ကုမ္ပဏီလုပ်ငန်းအဖွဲ့အစည်း အများအပြားကို ရှင်းကျန်းဒေသ အက်ဥပဒေဆိုင်ရာ အဖွဲ့အစည်းစာရင်း ဆိုသည် ထဲသို့ ထည့်သွင်းခဲ့ရာ တရုတ်ဘက်မှ အမေရိကန်အား လေးနက်ပြင်းထန်သောသဘောထားများ ပြန်လည်ပြသခဲ့ပြီး ခိုင်မာပြတ်သားစွာ တုံ့ပြန်ဆောင်ရွက်မှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
သို့သော် အမေရိကန်သည် အမှားကို ပြင်ဆင်ရကောင်းမှန်းမသိ၊ တရုတ်ဘက်၏ ပြတ်သားသော ကန့်ကွက်မှုကို မထီမဲ့မြင်ပြုကာ ပိတ်ဆို့အရေးယူမှု အစီအမံအသစ်များကို ဆက်လက်ကျင့်သုံးပြီး တရုတ်နိုင်ငံ၏ ဇီဝဆေးဝါးနည်းပညာလုပ်ငန်းများကို ပိတ်ဆို့အရေးယူစာရင်းတွင် ထည့်သွင်းခဲ့ကြောင်း၊ အမေရိကန်၏ စာရင်းသွင်းခြင်းလုပ်ရပ်မှာ နှစ်နိုင်ငံခေါင်းဆောင်များ ရရှိခဲ့သော သဘောတူညီချက်များနှင့် သွေဖည်သွားပြီး တရုတ်-အမေရိကန် စီးပွားရေးနှင့်ကုန်သွယ်ရေး ဆက်ဆံရေး တည်ငြိမ်မှုကို ပြင်းထန်စွာ ပျက်စီးစေကာ လူသားချင်းစာနာထောက်ထားသည့် စိတ်ဓာတ်နှင့်လည်း ဆန့်ကျင်လျက်ရှိကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် နိုင်ငံရေးခြယ်လှယ်မှုနှင့် အမည်ဖျက်တိုက်ခိုက်မှုကို ချက်ချင်းရပ်တန့်သင့်ပြီး တရုတ်ကုမ္ပဏီလုပ်ငန်းများအပေါ် အကြောင်းမဲ့ ဖိနှိပ်ခြင်းကို ရပ်တန့်သင့်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် လိုအပ်သော အစီအမံများကို ကျင့်သုံးကာ ကိုယ်ပိုင်အကျိုးစီးပွားကို ခိုင်မာစွာ ထိန်းသိမ်းကာကွယ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
......................
(Chinese Version)
商务部:坚决反对美将中国企业列入所谓涉疆法案实体清单
新华社北京10月29日电(记者王聿昊、谢希瑶)针对美国国土安全部宣布将3家中国实体增列至“维吾尔强迫劳动预防法”实体清单,商务部新闻发言人29日表示,中国不存在强迫劳动,新疆各族群众劳动就业自由平等,劳动权益依法得到有效保障。美方相关措施毫无事实依据,美方持续操弄“人权”议题,打着“人权”的幌子行单边保护主义和霸凌主义之实。中方对此强烈谴责,坚决反对。
发言人说,美方不久前已将大量中国实体列入所谓涉疆法案实体清单,中方向美方提出严正交涉,并坚决予以反制。但美方不知悔改,不顾中方坚决反对,继续实施新的制裁措施,将中国生物医药技术企业列入制裁清单。美方列单做法背离两国元首达成的共识,严重破坏中美经贸关系稳定,也有违人道主义精神。美方应立即停止政治操弄和抹黑攻击,停止对中国企业的无理打压。中方将采取必要措施,坚定维护自身利益。(完)








